ဇန်နဝါရီ ၁၄ ရက် ၂၀၂၂

အမေရိကန်ပြည်နယ်တချို့က ကျန်းမာရေးဌာနတွေဟာ ၂၀၂၁ အတွင်းမှာ အသက် ၁၈နဲ့ ၄၉ကြား လူတွေမှာ သေဆုံးမှု ထောင်တက်လာနေတာ တွေ့ရတယ်လို့ အတည်ပြုကြပါတယ်။ အဲဒီလို သေဆုံးသူတွေထဲက အများစုက ကပ်ပိုးကြောင့် မဟုတ်ဘူးလို့လည်း သိရပါတယ်။ ၂၀၂၁ အောက်တိုဘာမတိုင်ခင် ၁၂လ အတွင်း ၁၈-၄၉ကြား သေဆုံးသူက ၂၀၁၈-၁၉ခုနှစ်နဲ့စာရင် ၄၀ရာနှုန်းကျော် တက်ခဲ့တာဖြစ်ပါတယ်။ ဒီနံပါတ်တွေကိုတော့ စီဒီစီက သေစာရင်းတွေကနေ ခွဲခြမ်းစိတ်ဖြာထားတာပဲ ဖြစ်ပါတယ်။ ၂၀၂၁ ပြက္ခဒိန်နှစ်ကို ပြဖို့ကျတော့ သေဆုံးဒေတာတွေက ၈ပတ်လောက်အထိ နောက်ကျပြီးမှ ရတာကြောင့် ပြဖို့ ဒေတာ မစုံနေတာဖြစ်ပါတယ်။​

ဒေတာတွေက ပြည်နယ်အလိုက် ကြီးကြီးမားမား ပြောင်းလဲမှုတွေရှိနေပြီး တောင်ပိုင်း၊ အနောက်ပိုင်းကမ်းရိုးတန်းနဲ့ အနောက်အလယ်ပိုင်းတွေမှာ အများဆုံး မြင့်တက်ခဲ့ပြီး အရှေ့မြောက်ပိုင်းပြည်နယ်တွေမှာတော့ နဲနဲပဲ တက်ခဲ့ပါတယ်။ တက္ကဆက်စ်မှာ ၆၁ရာနှုန်း တက်ခဲ့ပြီး အဲဒီထဲက ကပ်ပိုးကြောင့် သေတာက ၅၈ရာနှုန်းထက် နဲပါတယ်။ ဖလော်ရီဒါမှာက ၅၁ရာနှုန်း တက်ခဲ့ပြီး ၄၈ရာနှုန်းက ကပ်ပိုးကြောင့် သေခဲ့တာပါ။ အမြင့်ဆုံးက နီဗားဒါးဖြစ်ပြီး တက်သွားတဲ့ ၆၅ရာနှုန်းထဲက ၃၆ရာနှုန်းကသာ ကပ်ပိုးကြောင့် သေတာဖြစ်ပါတယ်။ ဒီစီမှာတက်သွားတဲ့ ၇၂ရာနှုန်းထဲမှာ တဦးကမှ ကပ်ပိုးကြောင့် သေတာမဟုတ်ပါဘူး။ ကယ်လီဖိုးနီးယားမှာ ၅၅ ရာနှုန်းတိုးသွားပြီး ၄၂ရာနှုန်းကသာ ကပ်ပိုးကြောင့် သေဆုံးခဲ့ကြတာပါ။

အဲဒီလိုမြင့်တက်ရတဲ့အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပေမယ့် တခုသိထားတာက ၁၈-၄၉ကြား သေဆုံးသူတွေထဲမှာ နမိုးနီးယားနဲ့ တုပ်ကွေးကြောင့်သေတာက ကပ်ပိုးထက် ၆၀၀၀ ကျော် ပိုနေတာပါ။ အဲဒီအုပ်စုထဲမှာ တုပ်ကွေးကြောင့်သေတာက ၅၀သာပါပြီး ပန်ဒဲမစ်မတိုင်ခင်နှစ်ကက တုပ်ကွေးကြောင့်သေတာက ၅၅၀ဆိုတော့ တခုခုကတော့ လွဲနေတာ ဖြစ်နိုင်ပါတယ်။ အမြင့်ဆုံးတက်ခဲ့တဲ့ ပြည်နယ်တွေရဲ့ ကျန်းမာရေးအရာရှိတွေက တက်ရတဲ့အကြောင်းရင်းကို စစ်ဆေးဆဲ ဖြစ်ပါတယ်။

နောက်တခုဖြစ်နိုင်တာက ဆေးလွန်သေကြတာပါ၊ ပန်ဒဲမစ်မတိုင်ခင်က ဆေးလွန်သေတာက ၇၂,၀၀၀ လောက်ဖြစ်ပြီး ၂၀၂၁ဇွန်အထိ ၁၂အတွင်းမှာ တသိန်းတထောင်ကျော်ဖြစ်ပါတယ်။

အသက်အုပ်စု ၅၀-၈၄အတွင်းမှာတော့ သေဆုံးမှုက ၄၇၀,၀၀၀ကျော် ပိုလာတဲ့အတွက် ၂၇ရာနှုန်းတက်လာတာ ဖြစ်ပါတယ်။ အဲဒီထဲက ၇၇ရာနှုန်းလောက်မှာ သေရတဲ့အကြောင်းရင်းကို ကိုဗစ်ကြောင့်(သို့)ကိုဗစ်နဲ့နှီးနွှယ်တယ်လို့ ဖော်ပြထားပါတယ်။ အသက် ၈၅အထက် အုပ်စုမှာတော့ သေဆုံးမှုက တသိန်းကျော် တက်လာတဲ့အတွက် ၁၂ရာနှုန်းတက်တာဖြစ်ပါတယ်။​ ၈၅အထက် သေဆုံးသူတွေထဲက ၁၃၀,၀၀၀ကျော်က ကပ်ပိုးကြောင့် သေတယ်လို့ ဆိုထားတော့ သက်ကြီးရွယ်အိုတွေက အရင်နှစ်တွေနဲ့စာရင် ကိုဗစ်ကလွဲလို့ တခြားအကြောင်းနဲ့ သေဖို့ နည်းသလိုဖြစ်နေတာပါ။ ၁၈နှစ်အောက်တွေမှာတော့ သေနှုန်းက ၂၀၂၀ မှာ ၀.၄ရာနှုန်းပဲ တိုးလာပြီး ၂၀၂၁မှာ ၂၀၁၈-၁၉နဲ့ယှဥ်ရင် ၃.၃ရာနှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

(တခုရှိတာက သေသွားပြီးမှ ရောဂါပြရတဲ့အခါ အကြောင်းရင်း ၂ခုနဲ့အထက်ဖြစ်နေရင် ဘယ်ဟာကို ပြမလဲဆိုတာ ဂိုက်လိုင်းရှိပုံမရသလို ရှိရင်လည်း တိတိကျကျ လိုက်စစ်ဖို့ မဖြစ်နိုင်တာကြောင့် ဘယ်ဒေတာက ဘယ်လောက်မှန်မလဲဆိုတာက စဥ်းစားစရာဖြစ်ပါတယ်။)

ဆိုရော့စ်ထောက်ခံပေးထားတဲ့ ဘာလ်တီမိုးမြို့က ထိပ်တန်းအစိုးရရှေ့နေ မေရီလင် မော့်စဘီကို ရုံးတော်ကို လိမ်လည်မှုနဲ့ အပန်းဖြေအိမ်နှစ်လုံးဝယ်ဖို့ ငွေချေးတဲ့လျောက်လွှာတွေမှာ မမှန်မကန်ဖြည့်သွင်းထားမှု တွေအပါအဝင် စွဲချက် ၄ခုနဲ့ ဖက်ဒရယ် ဂရန်းဂျူရီက အရေးယူဖို့ စွဲချက်တင်ထားပါတယ်။ သူမကို လူတွေသတိထားမိလာတာက ဖရက်ဒီဂရေးသေဆုံးခဲ့တာကို အကြောင်းပြုပြီး ဖြစ်ခဲ့တဲ့ ၂၀၁၅ ဘာလ်တီမိုအဓိကရုဏ်းတွေမှာ ရဲအရာရှိ ၆ဦးကို တရားစွဲခဲ့လို့ဖြစ်ပါတယ်။ အဲဒီအရာရှိ ၆ဦးလုံးက အပြစ်မရှိလို့ ပြစ်ဒဏ်မကျခံခဲ့ရပေမယ့် သူမရဲ့ လက်ဝဲစွန်းဆန်တဲ့ ကိုင်တွယ်ပုံကတော့ ပြောစမှတ်ပြု ကျန်ခဲ့တာပါ။

သူမ အစိုးရရှေ့နေ လုပ်နေစဥ်မှာ ဘာလ်တီမိုးမှာ လူသတ်မှု၊ မုဒိမ်းမှု၊ ကြမ်းတမ်းစော်ကားမှု၊ ဖောက်ထွင်းခိုးယူမှု၊ ဓါးပြမှု အားလုံး မြင့်တက်လာတာဖြစ်ပါတယ်။​ မကြာသေးမီကလည်း Kyle Rittenhouse အမှုမှာ Kyle ကိုသတ်ဖို့ခြိမ်းခြောက်ခဲ့ရာမှ Kyle က ခုခံပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တဲ့ ရာဇဝတ်နောက်ကြောင်းရှိတဲ့ Joseph Rosenbaum ကို ကာကွယ်ပြောဆိုခဲ့လို့ လူတွေဝိုင်းဝေဖန်တာ ခံခဲ့ရပါတယ်။ မေရီလင့်ခင်ပွန်း နစ်ခ်ကလည်း မြို့တော်ကောင်စီရဲ့ ဥက္ကဌဖြစ်ပြီး သူတို့နှစ်ဦးလုံးက ကမ်ပိန်းရံပုံငွေတွေကို အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲတာကို ရင်ဆိုင်နေရပါတယ်။ ဆိုရော့စ်ကပဲ အဲဒီလိုလူတွေ ရွေးတင်ပေးသလား၊ အဲဒီလို စရိုက်တွေကပဲ ဆိုရော့စ်တို့လိုလူတွေရဲ့ အဝယ်ခံတာလားဆိုတာကတော့ အနာနဲ့လောက်လိုပဲ ဖြစ်မယ်ထင်ပါတယ်။​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: