ဒုသမ္မတဟောင်း မိုက်ခ်ပန့်စ်ရဲ့ သစ္စာဖောက်မှု

အိမ်ဖြူတော်သတင်းထောက်နဲ့ ဂျာနယ်လစ်တဦးဖြစ်တဲ့ အမ်မရယ်လ် ရော်ဘင်ဆန်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ သမ္မတထရမ့်ရဲ့ လူထုဟောပြောပွဲမှာ မိုက်ခ်ပန့်စ်အနေနဲ့ မသမာမှုတွေ များပြားထင်ရှားနေတဲ့ ရွေးကောက်ပွဲရလာဒ်အပေါ် စောဒကမတက်ခဲ့တာနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်ခဲ့တဲ့အပေါ်မှာ စာတပုဒ်ရေးသားခဲ့ပါတယ်။

အဲဒီလို ဝေဖန်ခဲ့အပြီး နောက်တနေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ထရမ့်က အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

“မသမာမှုနဲ့ ပုံမှန်မဟုတ်တာတွေ အများကြီး ရှိနေတာတောင် ဗီပီမှာ ရွေးကောက်ပွဲရလာဒ်တွေကို ဆီးနိတ်မှာ ပြောင်းလဲဖို့ လုပ်ပိုင်ခွင့် လုံးဝမရှိခဲ့ဘူးဆိုရင် ဘာဖြစ်လို့ ဒီမိုကရက်တွေနဲ့ ဆူစန်ကောလင်းစ်တို့လို အနီကြောင်တွေက ဒု-သမ္မတက ရွေးကောက်ပွဲရလာဒ်တွေကို စောဒကတက်ပြီး ပြောင်းလဲအောင်လုပ်ပိုင်ခွင့်မပြုတော့ဖို့ ဥပဒေကို ထုတ်ချင်နေရတာလဲ။ သူတို့အဲဒီလို ကြိုးစားနေတာကိုယ်၌က ဗီပီမှာ အဲဒီလိုလုပ်နိုင်တဲ့ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို ပြနေတာ မဟုတ်ဘူးလား။ အဲဒါကြောင့်လည်း အဲဒီလုပ်ပိုင်ခွင့်ကို ပယ်ရှားဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။ ကံဆိုးချင်တော့ ပန့်စ်ကလည်း ဒီလုပ်ပိုင်ခွင့်ကို မသုံးခဲ့ဘူး။ သုံးခဲ့ရင် ရလာဒ်က တမျိုးဖြစ်သွားနိုင်တယ်။”

ထရမ့်ရဲ့ ကြေငြာချက်အပေါ်မှာ ရော်ဘင်ဆန်က အိမ်ဖြူတော်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ သူမရဲ့ အတွေ့အကြုံတွေနဲ့ အခုလို သုံးသပ်ပြထားပါတယ်။

            ပန့်စ်က ဥပဒေနဲ့ညီတဲ့ အဲဒီလုပ်ပိုင်ခွင့်ကို မသုံးခဲ့တဲ့အကြောင်းက ပန့်စ်က ဘယ်တုန်းကမှ ထရမ့်ကို သစ္စာခံသူမဟုတ်ခဲ့လို့ပါပဲ။ သူက သမားရိုးကျ နေမြဲ မလုပ်မရှုပ်မပြုတ် နိုင်ငံရေးနဲ့ အသက်မွေးတဲ့ ရီပါဘလစ်ကန်တွေကို သစ္စာခံတာဖြစ်ပါတယ်။ ထရမ့်အစိုးရအဖွဲ့ထဲမှာ ပြဿနာတွေ အများကြီးရှိတယ်၊ အဲဒီထဲမှာမှ ပန့်စ်က ပြဿနာတွေအားလုံးရဲ့ ဗဟိုချက်လို ဖြစ်နေတာပါ။​ တကယ်တမ်းကျတော့ ပန့်စ်နဲ့ သူ့ဝန်ထမ်းတွေက ထရမ့်ကို ရာထူးက ပထုတ်ဖို့လုပ်ကြတာတိုင်းမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတာပါ။

            စကားစမည်ပြောကြလို့ ပန့်စ်အကြောင်း ရောက်လာတဲ့အခါတိုင်းမှာ ငါအမြဲမေးတာ တခုရှိတယ်၊ အိုလီဗီယာ ထရွိုင်းကိုသိလား၊ ဂျနီဖာ ဝီလီယံကိုရော သိလား၊ ကက်သရင်း ဆီမန်နဲ့ ဂျောရှ် ပစ်ကော့တို့ကိုရော သိသလားလို့။ သင်က အဲဒီနာမည်တွေကို မသိဘူးဆိုရင်တော့ သင်က ထရမ့်တက်နေတုန်းက နိုင်ငံရေးတွေကို သေချာမလေ့လာထားဘူးလို့ပဲ ပြောရပါမယ်။ ငါ့တွဒ်တာဖိဒ်ကိုလည်း မဖတ်ကြဘူးပေါ့။ ငါက ထရမ့်လက်ထက်က ဒီအကြောင်းတွေကို အမြဲတင်နေခဲ့တာလေ။ ကဲပါလေ၊ ပန့်စ်သစ္စာဖောက်တဲ့အကြောင်း သက်သေလေးတွေ ကြည့်ကြရအောင်၊ သက်သေတွေက အများကြီးဆိုတာ ငါ့ကို ယုံလိုက်။ (ထရမ့်လိုပဲ သူမကို တွဒ်တာက ရာသက်ပန်ဘန်းထားလိုက်ပါပြီ။)

၁။ ဗိုလ်ချုပ်ကြီး မိုက်ခ်ဖလင်းကို ဘယ်သူက အလုပ်ဖြုတ်လိုက်တာလဲ။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပန့်စ်ရဲ့ မကြိုက်ဆုံးမေးခွန်းနဲ့ စလိုက်ရအောင်၊ “ထရမ့်အစိုးရ စတက်လာပြီး မကြာခင်မှာပဲ ထရမ့်ခန့်ထားတဲ့ အမျိုးသားလုံခြုံရေးအတိုင်ပင်ခံ မိုက်ခ်ဖလင်းကို ဘာဖြစ်လို့ ဖြုတ်ချဖို့ ဇွတ်အတင်းပြောနေခဲ့တာလဲ” တရားဝင်အနေနဲ့ သိနေကြတဲ့ ဇတ်လမ်းကတော့ ဖလင်းက သူ့ရဲ့ ရုရှားသံတမန်တွေနဲ့ ဆက်သွယ်မှုအကြောင်း ပန့်စ်ကို လိမ်ခဲ့တာကြောင့်လို့ သတင်းလွှင့်ထားခဲ့ပါတယ်။ ဘယ်သူမှ မမေးခဲ့ကြတာက ဖလင်းသူ့ဖာသာသူ အပြင်မှာပြောတဲ့ကိစ္စတွေအကြောင်း ပန့်စ်ကို ဘယ်သူက နားသွင်းနေတာလဲဆိုတာပါ။

စဥ်းစားကြည့်စမ်းပါ၊ တယောက်ယောက်က ဖလင်းရဲ့ ဖုံးပြောတဲ့ စကားမှတ်တမ်းတွေယူပြီး ပန့်စ်ကို ဖလင်းက နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပါလို့ သွားပြောတယ်ဆိုရင် အဲဒီလို ဖုံးမှတ်တမ်းတွေကို ဝင်ကြည့်လို့ရတာ ဘယ်သူဖြစ်မလဲ၊ ဘယ်သူက အဲဒီလိုကိစ္စမျိုးကို လိမ်လည်ပြီး ဖလင်းအဖြုတ်ခံရအောင် လုပ်မလဲ။ အဖြေကတော့ နာမည်ပျက်အက်ဖ်ဘီအိုင်အေးဂျင့် Peter Strozk ပဲ ဖြစ်မှာပေါ့။

            ဖလင်းကို အလုပ်ဖြုတ်ဖို့ ပန့်စ်ကို တွန်းခဲ့တာ Strozk ဖြစ်နိုင်တယ်ဆိုတာက ဘာလို့လဲဆိုတော့ ပီတာရဲ့လက်ထောက်က ကက်သရင်းဆီမန်၊ သူမကပန့်စ်ရဲ့ ဝန်ထမ်းချုပ်ဂျော့ရှ်ပစ်ကော့ရဲ့ ဇနီး။ ငါတို့မှာ ထရမ့်အစိုးရထဲစိမ့်ဝင်ပူးသတ်ဖို့ ပီတာနဲ့ ပေ့ဂျ်ကြား အပြန်အလှန် ဆွေးနွေး text ပို့ထားတာတွေ ရှိတယ်။ (အဲဒါက ဆီနိတ်တာ ဂရပ်စ်လီနဲ့ ဆီနိတ်တာ ဂျွန်ဆင်တို့က ရှေ့နေချုပ် ဘေလ်ဘားကို ထူးခြားတဲ့စာပို့ရတဲ့ အဓိကအကြောင်းရင်းပါပဲ။)

            ပန့်စ်က အက်ဖ်ဘီအိုင်က ထရမ့်ရဲ့အိမ်ဖြူတော်ကို စပိုင်လုပ်ဖို့ ကြိုးစားနေခဲ့တာကို ပန့်စ်က ဘယ်လောက်သိထားသလဲ၊ ပန့်စ်အနေနဲ့ သူ့ဝန်ထမ်းချုပ်ရဲ့ဇနီးက အက်ဖ်ဘီအိုင်ရဲ့ တန်ပြန်ထောက်လှမ်းရေးခေါင်းဆောင်အတွက် အလုပ်လုပ်ပေးနေတာကို တကယ်ပဲ မသိခဲ့ဘူးဆိုတာ ဖြစ်ရော ဖြစ်နိုင်ရဲ့လား။

            ငါတို့သိထားသလောက် အိုဘားမားက ထရမ့်ကို မခန့်ဖို့ ၂၀၁၆တုန်းက သတိပေးခဲ့တယ်လေ။ နောက်ပြီး ဖလင်းကိုယ်တိုင်ကလည်း အိုဘားမားက ထရမ့်သူ့ကိုခန့်မှာကို ကန့်ကွက်တယ်ဆိုတာက အိုဘားမားအစိုးရက ထရမ့်ကမ်ပိန်းကို တရားမဝင် စပိုင်လုပ်ခဲ့တာကို ဖလင်းက သိနေတာကြောင့်လို့ ယုံကြည်နေတာကို သိထားတာပါ။ ဖလင်းကို ဖယ်ရှားပစ်ဖို့ဆိုတာ ခြအုံကြီးရဲ့ ထိပ်ဆုံးဦးစားပေးကိစ္စပါပဲ။ တနည်းပြောရရင် ပန့်စ်က ရုရှားအလိမ်အညာဇတ်လမ်းကြီးကို စတင်အသက်သွင်းခဲ့သူလို့ ပြောလို့ရပါတယ်။

၂။ ယူကရိန်းကိစ္စနဲ့ပတ်သက်ပြီး ထရမ့်ကို အယုံအကြည်မရှိအဆိုနဲ့ စွပ်စွဲပြစ်တင်ကြခြင်း။

            သမ္မတထရမ့်ကို ယူကရိန်းကိစ္စနဲ့ စွပ်စွဲပြီး ဖြုတ်ချဖို့ ကြိုးစားခဲ့ကြတုန်းက နိုင်ငံခြားရေးဌာနနဲ့ အမျိုးသားလုံခြုံရေးကောင်စီက ခြတွေက ထရမ့်နဲ့ ယူကရိန်းသမ္မတဇယ်လန်းစကီး ဖုံးပြောခဲ့တယ် ဆိုတဲ့ ဇတ်လမ်းကို အားဖြည့်စွပ်စွဲဖို့ မြေအောက်က အလျိုအလျိုထွက်လာကြပါတယ်။ အဲဒီလို စွပ်စွဲခဲ့တဲ့ထဲမှာ အဓိကပါဝင်နေတဲ့တယောက်က ပန့်စ်ခန့်ထားတဲ့ နိုင်ငံတော်လုံခြုံရေးအရာရှိတဦး ဖြစ်နေတယ်ဆိုတာ သင်သတိထားမိသလား။

            နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိ ဂျနီဖာဝီလီယံကို ပန့်စ်ရဲ့ ဒုသမ္မတဝန်ထမ်းတဦးအဖြစ် ၂၀၁၉ ဧပြီမှာ ခန့်ထားလိုက်တာက ယူကရိန်းနဲ့ ဖုံးကောလ်ကိစ္စထဲမှာ ပါဝင်နိုင်ဖို့နဲ့ နောက်ထပ် impeachment တွေအတွက် အချိန်ကိုက် လုပ်ဆောင်မှုတခုဖြစ်ပါတယ်။ (သူမက အဲဒီဖုံးကောလ် မဖြစ်ခင် ရက်သတ္တပတ်အနည်းငယ်ကမှ ကပ်ရောက်လာတာလေ၊ အဆင်မသင့်ဘူးလား။) ပြီးတော့ အိမ်ဖြူမှာ အလုပ်စလုပ်ပြီး လအနည်းငယ်အတွင်းမှာပဲ သမ္မတကို ဆန့်ကျင်ပြီး အစစ်ခံဖို့ လိုလိုလားလား ဗော်လန်တီယာလုပ်ခဲ့တာ၊ အဲဒီလုပ်ရပ်ကလည်း သူမကြိုက်တဲ့ ဖုံးကောလ်တွေကြောင့် သမ္မတကို ဖြုတ်ချဖို့စွဲချက်တင်တာကို သွားကူညီခဲ့တာ။

            အဲဒီလိုလုပ်တာက ဘာအဓိပ္ပါယ်မှ မရှိဘူးလို့ သင်မြင်သလား၊ အဲဒီလိုမြင်တာ သင်တယောက်ထဲတော့ မဟုတ်ဘူး။ ကွန်ဂရက်စ်မှာ သူမအစစ်ခံတုန်းက ယူကရိန်းကိစ္စမှာ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေက အဲလက်စ်ဗင်ဒ်မန်၊ ဖီယိုနာဟေးလ်နဲ့ ဂျောဂျ်ကန့်တ်တို့လို့ ပြောသွားတယ်။ ပြီးတော့ သူမက သမ္မတထရမ့်ရဲ့ ဖုံးကောလ်က ပုံမှန်မဟုတ်၊ သင့်တော်လျောက်ပတ်မှုလည်း မရှိဘူးလို့ ထွက်ဆိုသွားပေမယ့် ဘယ်လိုပုံမှန်မဟုတ်ဘူးဆိုတာနဲ့ ဘာကြောင့် မသင့်တော်ဘူးလို့ ပြောတယ်ဆိုတာ ရှင်းပြမသွားပါဘူး။ (တကယ်တော့ အဲဒါက သိပ်မဆန်းဘူး၊ ဘာလို့လဲဆိုတော့ သူမဟာ အိမ်ဖြူက သူမထွက်ဆိုသွားတာကို ရှင်းပြဖို့ ဆင့်ခေါ်တာကို မလာရောက်ခဲ့လို့ပါ။) အဲဒီယူကရိန်းစွဲချက်ပြီးတာနဲ့ သူမကို ကာကွယ်ရေးဝန်ကြီးဌာနအောက်က Central Command ကို ချက်ချင်း ပို့လိုက်ကြပါတယ်။

            သူမရဲ့ သမ္မတထရမ့်ကို ဖြုတ်ချဖို့ကြိုးစားတဲ့ ထွက်ချက်ကြောင့် သူမရဲ့အထက်က ဆူပါဗိုက်ဇာဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးကိသ်ကဲလော့ဂ်ကတောင် ကြေငြာချက် ထုတ်ခဲ့ရပါတယ်။ “သူမ ဂျနီဖာဝီလီယမ်ကလည်း အဲဒီဖုံးကောလ်ထဲမှာ ပါပါတယ်၊ သူမထွက်ဆိုခဲ့သလိုပဲ သူမက ပုဂ္ဂိုလ်ရေးအရရော ပရော်ဖက်ရှင်နယ်အနေနဲ့ပါ ဘာစိုးရိမ်စရာတခုရှိတယ်လို့မှ​ အစီရင်ခံခဲ့တာ မရှိကြောင်း၊ သူ့ကိုတင်မဟုတ်ပဲ ပန့်စ်ရဲ့ ဘယ်ဝန်ထမ်းကိုမှရော ပန့်စ်ကိုရောပါ သတိပေးခြင်း အစီရင်ခံခဲ့ခြင်း မရှိခဲ့ပါကြောင်း ဒုဗိုလ်မှူးကြီးက ရှင်းချက်ထုတ်ခဲ့ပါတယ်။

            ဆိုတော့ သိသာထင်ရှားနေတာကြီးတွေကိုပဲ မေးသင့်လို့ မေးပါဦးမယ်၊ သူမက ပန့်စ်ဆီကရော ထရမ့်ကို ဆန့်ကျင်ထွက်ဆိုဖို့ ခွင့်တောင်းခဲ့သေးသလား၊ ပန့်စ်ကရော သူမနဲ့ သူမက ဘာလို့ ရုတ်တရက်ကြီး သမ္မတကို ဖြုတ်ချဖို့ကြိုးပမ်းတဲ့ကိစ္စမှာ ဝင်ထွက်ဆိုဖို့ ဘာလို့ စိတ်ကူးရသွားတာလဲ၊ ဘာဖြစ်လို့ ပန့်စ်က သူမအဲဒီလို မထွက်ဆိုအောင် မဖျောင်းဖြခဲ့တာလဲ။

            အဲဒီတကြိမ်က ပန့်စ်နဲ့ သူ့ရုံးကလူတွေက အမျိုးသားလုံခြုံရေးအရာရှိတွေ ပုံစံချပေးတဲ့အတိုင်း ထရမ့်ကိုဖြုတ်ချဖို့လုပ်တဲ့ထဲ ဝင်ပါတာ နှစ်ကြိမ်မြောက်ပါ။ တပုံစံထဲဖြစ်နေတာ မြင်ကြပြီလား။

၃။ အိုလီဗီယာထရွိုင်းနဲ့ ကိုဗစ်ဗက်ဆင်းများ

ထရမ့်အိမ်ဖြူမှာတုန်းက လုပ်မိခဲ့တဲ့ အဆိုးရွားဆုံးအမှားတခုက ကိုဗစ်ကို ကိုင်တွယ်မယ့်တပ်ဖွဲ့ကို ပန့်စ်လက်ထဲ ထည့်ပေးခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပန့်စ်က အဲဒီတာဝန်ကို သူ့ရဲ့ ဝန်ထမ်းချုပ် မာခ်ရှော့ကို လွဲပေးလိုက်ပြီး မာ့ခ်ကတဖန် ဆေးအကြောင်း ဝါးအကြောင်း ဘာမှမသိတဲ့ လူမသိသူမသိ နိုင်ငံတော်လုံခြုံရေးအရာရှိတဦးထံကို ထပ်မံလွှဲပြောင်းလိုက်ပြန်ပါတယ်။​ အဲဒီအရာရှိကတော့ ဒေါက်တာဖောက်ချီရဲ့ ဗက်ဆင်းအိပ်မက်ဆိုးငရဲခွေးကြီးကို ကြိုးဖြေလွှတ်ပေးလိုက်တဲ့ ပန့်စ်ရဲ့ ကိုဗစ်အကြံပေး အိုလီဗီယာထရွိုင်းပါပဲ။

EcoHealth Alliance လို့ နာမည်တပ်ထားပြီး အမေရိကန်အစိုးရက ထောက်ပံ့ထားတဲ့ ဝူဟန်လက်ဘ်က ထွက်လာတဲ့ပိုးကို Defense Advanced Research Projects Agency (DAPRA) က အထောက်အပံ့နဲ့ ထုတ်လုပ်တဲ့ အစမ်းသပ်ခံဗက်ဆင်းတွေနဲ့ ကုသဖို့ပဲ ဇောင်းပေးနေပြီး ရောဂါပျောက်နိုင်တဲ့ ကုထုံးတွေနဲ့ ဘာလို့ မကုချင်ရတာလဲ။ ဖြစ်နိုင်တာက ပန့်စ်က တီဗီမှာ ခဏခဏလာနေတဲ့ ဖောက်ချီပုံအိမ်မှာ ချိတ်ထားတဲ့ နိုင်ငံတော်လုံခြုံရေးအရာရှိကို သူ့ရဲ့ ကိုဗစ်အကြံပေးအနေနဲ့ ခန့်ချင်လို့ထင်ပါတယ်။  

(အဲဒီ EcoHealth Alliance တို့ ဝူဟန်လက်ဘ်တို့နဲ့ ပေါင်းလုပ်နေတဲ့ Metabiota ဆိုတဲ့ ပန်ဒဲမစ်ကုမ္ပဏီမှာ ဟန်းတားဘိုင်ဒန် ခေါင်းဆောင်ပါဝင်တဲ့ Rosemont Seneca Technology Partners (RSTP) ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု ပြုထားတာပါ။ အဲဒီ RSTP က ဘိုင်ဒန်နဲ့ ဂျွန်ကယ်ရီရဲ့ သားတို့ တွဲထောင်ထားတဲ့ Rosemont Capital ရဲ့ အခွဲပါ။)

အိုလီဗီယာတွိုင်းကလဲ ဂျနီဖာဝီလီယံလိုပဲ ထရမ့်အစိုးရကို ချေမှုန်းဖျက်ဆီးပစ်ချင်နေတာပါ။ ဒါပေမဲ့ အိုလီဗီယာက ပန့်စ်ဒုက္ခမရောက်အောင် ကာကွယ်ပေးဖို့ကိုတော့ ဂျနီဖာလောက် စိတ်မဝင်စားပါဘူး။ (အဲဒါကို ပန့်စ်လူတွေက အိုလီဗီယာက တီဗီကြော်ငြာထဲမှာ သူမက ဘိုင်ဒန်ကို မဲပေးမယ့်အကြောင်း သွားပြောတာ တွေ့တဲ့နေ့ကျမှ သိပုံရပါတယ်။)

ဒီတကြိမ်မှာလည်း ဒုဗိုလ်ချုပ်ကြီးကိသ်ကဲလော့ဂ်က အိုလီဗီယာက ပန့်စ်ရုံးအဖွဲ့ထဲကို ထည့်လွှတ်လိုက်တဲ့ နောက်ထပ် သိုးမဲတကောင်သာဖြစ်ကြောင်း ထွက်ပြီး ရှင်းရပြန်ပါတယ်။ ကဲလော့ဂ်က သူမကို အလုပ်ထုတ်ပြီးနောက်မှာ သူကိုယ်တိုင် သူမကိုစောင့်ကြပ်ပြီး အပြင်ကို ပို့ခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။) အလုပ်ထုပ်ခံရအပြီးမှာတော့ အိုလီဗီယာက မရိုးမသားပိုက်ဆံရှာဖို့ Republican Accountability Project ဆိုတာကို စလုပ်ခဲ့ခြင်းဖြင့် သူမက ဒီမိုကရက်ပါတီရဲ့ လှုပ်ရှားလက်တံတခုအနေနဲ့ အချိန်ပြည့်ပေါ်ပေါ်ထင်ထင် စထွက်လာပါတော့တယ်။

အဲဒါတွေကတော့ ပန့်စ်ရဲ့ ရုံးအဖွဲ့က ၃ဦးက အလုပ်ထဲမှာကို ထရမ့်ကိုဆန့်ကျင်တဲ့အလုပ်တွေကို လုပ်နေခဲ့ကြတာဖြစ်ပါတယ်။ အဲဒါက သစ္စာဖောက်မှုတွေ အများကြီးပါပဲ။ ဒီနေရာမှာ သူတို့ရဲ့ခေါင်းဆောင်က ဘယ်သူဆိုတာကို မျက်ခြေမပြတ်သွားကြနဲ့ဦး။ အဲဒီလူက ပန့်စ်ရဲ့ ဝန်ထမ်းချုပ် မာ့ခ်ရှော့။

၄။ ပန့်စ်ရဲ့ ဝန်ထမ်းချုပ်ကို အိမ်ဖြူတော်ထဲ ဝင်လို့မရအောင် ထရမ့်က ပိတ်ထားလိုက်တယ်။

သင်က ခုထိ ပန့်စ်သစ္စာဖောက်တာကို သံသယရှိနေသေးတယ်ဆိုရင် ပန့်စ်ရဲ့ ဝန်ထမ်းချုပ်ရဲ့ လုပ်ရပ်/ဖြစ်ရပ်တွေနဲ့ တိုက်ပြီး ကြည့်ကြတာပေါ့။ ဇန်နဝါရီ ၆ရက်တုန်းက ရှော့က အိမ်ဖြူကို ဝင်လို့မရခဲ့ဘူး။ အဲဒါကို သတင်းထောက်တယောက်က ဘာဖြစ်လို့လဲလို့မေးတော့ (ထရမ့်)က ပန့်စ်ကို အကြံပေးလို့ဆိုပြီး ငါ့ကို အပြစ်တင်နေတယ် လို့ အံ့ဩဖွယ်ကောင်းလောက်အောင် အမှန်အတိုင်း ဖြေခဲ့ပါတယ်။​

ငါ့ရဲ့ အိမ်ဖြူထဲက အဆက်အသွယ်တွေကတော့ ရှော့က ထရမ့်ကို အခိုးခံခဲ့ရတဲ့ ရွေးကောက်ပွဲရလာဒ်ကို လက်ခံပြီး ဘိုင်ဒန်ကို အာဏာလွှဲပြောင်းပေးဖို့ ပထမဆုံး တိုက်တွန်းတဲ့လူပါလို့ ဆိုပါတယ်။ ငါအစထဲက ပြောခဲ့သလိုပဲ ပန့်စ်ကသစ္စာဖောက်တာ အထောက်အထားတွေ အများကြီး ရှိပါတယ်လို့။

ဇန်နဝါရီ ၆ ရက်နေ့က ပန့်စ်သတ္တိကြောင်တာကို ရီပါဘလစ်ကန်မဲပေးသူတွေက တအံ့တဩဖြစ်ကုန်တာမတိုင်ခင် အဝေးကြီးထဲက ငါက ငါ့ဆိုရှယ်မီဒီယာတွေကနေ ငါ့ဖော်လိုဝါတွေကို ပန့်စ်အပေါ်မှာ ထားတဲ့ ယုံကြည်မှုတွေအားလုံးက ပျောက်ဆုံးသွားပြီလို့ သတိပေးခဲ့ပါတယ်။ အိမ်ဖြူထဲက ငါ့မိတ်ဆွေတွေက ၂၀၂၀ ရွေးကောက်ပွဲပြီးထဲက ပန့်စ်ပျောက်သွားတယ်လို့ ပြောကြတယ်။ (ပန့်စ်က ရွေးကောက်ပွဲရလာဒ်ကို စောဒကတက်ဖို့ လုပ်ရမယ့်အစား Vail မှာသွားပြီး စကီးစီးနေခဲ့တာ။) အဲဒီတုန်းက ငါက တွဒ်တာမှာ “နို့ပုံးတွေအားလုံးမှာ ပန့်စ်ရဲ့ပုံ ကပ်ပေးရမယ်၊ သူပျောက်နေလို့။ နိုဝင်ဘာ ၈ရက် ၂၀၂၀” လို့ ရေးခဲ့တယ်။

ဘာဖြစ်လို့ ပန့်စ်က ၄နှစ်လုံးလုံး ထရမ့်အစိုးရကို ခြေထိုးနေခဲ့တာလဲ။ လူတွေကရော GOP က ထရမ့်ကို impeach လုပ်ရင် ပန့်စ်တက်လာနိုင်တယ်ဆိုတာ ဘာလို့ မယုံကြတာလဲ။ ရီပါဘလစ်ကန်မဲပေးသူတွေ တော်တော်များများက GOP ကို လှူတန်းနေတဲ့ လက်ကြီးအလှူရှင်တွေနဲ့ မဆုံဖူးကြသလို ရတဲ့ပိုက်ဆံတွေ ဘယ်လိုသုံးတယ်ဆိုတာလည်း လုံးဝ မသိကြပါဘူး။

အလှူရှင်ကြီးတွေက ၂၀၂၄မှာ ပန့်စ်နဲ့ နစ်ကီဟေလီတို့ကို တက်စေချင်တာပါ။ သူတို့က GOP မဲပေးသူတွေ ဘာလိုချင်တယ်ဆိုတာ ဂရုကို မစိုက်ပါဘူး၊ ဘယ်တုန်းကမှလဲ မစိုက်ခဲ့ပါဘူး။ အဲဒီလူတွေပဲ ၂၀၁၆တုန်းက ဂျက်ဘ်ဘုရှ်ကို တက်စေချင်လို့ တွန်းခဲ့ကြတာလေ။ အဲဒီမတိုင်ခင်ကတော့ ပေါလ်ရိုင်ယန်ပေါ့။ အဲဒီအရင်က ဒန်ကွေးလ်။

ပန့်စ်က အဲဒီအလှူရှင်တွေရဲ့ ရုပ်သေး၊ အမေရိကန်ကို တကယ်ကောင်းစားစေချင်တဲ့ ပြည်ချစ်မဟုတ်ဘူး။ ခုတော့ သိသာလာရောပေါ့။ ပန့်စ်ကို ထရမ့်နဲ့အတူ တွဲထည့်တာကလည်း ထရမ့်က လူများစုအတွက်စဥ်းစားပေးလို့ လူကြိုက်များလာတာကို ထိန်းဖို့။ အဲဒါပဲ ပန့်စ်က ၄နှစ်လုံး လုပ်လာတာ။ အိမ်ဖြူမှာ ထရမ့်ကို လိုလားတဲ့ အိမ်ဖြူဝန်ထမ်းတွေက ဘေးအဖယ်ခံရတယ်။ သူတို့အားလုံး တလေသံထဲ ပြောကြတာက သူတို့ကို ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်ထိုင်ဖို့ ပြောတယ်၊ အဲဒီလိုနေရင် ၂၀၂၄မှာ ပန့်စ်နဲ့ နစ်ကီဟေလီတို့တက်ရင် ဆက်လုပ်ခွင့်ပေးမယ်လို့ ဆိုပါတယ်။

ခုအချိန်မှာ ရီပါဘလစ်ကန်မဲပေးသူတွေက သူတို့မိုက်ခ်ပန့်စ်ဆိုတာ ဘယ်သူဆိုတာ လုံးဝ မသိခဲ့ပါဘူးလို့ ဝန်ခံဖို့ အချိန်ရောက်ပါပြီ။ သိပ်တော့ စိတ်မပျက်ပါနဲ့။ သူက လူတွေအများကြီးကို အရူးလုပ်သွားတာပါ။ သူ့ကို ပုံဖော်ထားတဲ့ဂုဏ်ပုဒ်တွေနဲ့လူက အပြင်မှာရှိတဲ့သူ မဟုတ်ပါဘူး။ သင်က သင်နိုင်ငံ ချောက်ထဲမကျစေချင်ရင် သင့်အကြိုက်ဆုံးနိုင်ငံရေးသမားကို သေချာသာ စောင့်ကြည့်ကြပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: