ဖေဖေါ်ဝါရီ ၅ ရက် ၂၀၂၂

Fox News မှာ တူတူတန်တန် နေရာကို ရထားပါလျက်နဲ့ CNN က နှုတ်ထွက်သွားတဲ့ Jeff Zucker ရဲ့ စကားကြောင့် CNN ကို ရုတ်တရက် ခုန်ကူးသွားခဲ့တဲ့ လက်ဝဲယိမ်း Chris Wallace ဟာ CNN ရောက်ပြီး ဖျင်တောင် မနွေးသေးချိန်မှာ သူအားကိုးပြီးလာခဲ့တဲ့ ဥက္ကဌကြီးထွက်သွားတော့ ဝန်ထမ်းလဲမရှိ၊ ထုတ်လုပ်သူလည်းမရှိ၊ တခုခုဆို ကာဗာပေးမယ့် ဘော့စ်လဲမရှိနဲ့ နောင်တများ ရနေမလားပါပဲ။

ဘက်လိုက်၊ အမုန်းဇတ်ကြီး၊ သွေးခွဲ၊ မှိုင်းတိုက်ခဲ့ကြတဲ့ CNN ကလူတွေ အသီးသီး ကမ္မနိယာမကို သက်သေထူကုန်ကြပါပြီ။ CNN က မဟုတ်ပေမယ့်လည်း ထရမ့်ကို စွပ်စွဲခဲ့တဲ့ အပြာမယ် စတော်မီ ဒန်နီယလ်ရဲ့ ရှေ့နေ Michael Avenatti က စတော်မီက သူ့အတွေ့အကြုံတွေကို စာအုပ်ထုတ်မယ့် ကြိုတင်ငွေ ၈သိန်းထဲက ရှေ့နေမိုက်ကယ်က ၃သိန်းကို စတော်မီအနေနဲ့ လက်မှတ်တုထိုးပြီး ဖြတ်ခုတ်ခဲ့ပါတယ်။ အဲဒီအတွက် တရားစွဲခံခဲ့ရပြီး အပြစ်ရှိကြောင်း အမိန့်ချခံခဲ့ရလို့ ထောင် ၂၂နှစ် ကျနိုင်ခြေရှိနေတာပါ။ မိုက်ကယ်က တရားရုံးက သူ့အတွက် ခန့်ပေးတဲ့ရှေ့နေတွေကို ဖြုတ်ပစ်ပြီး သူကိုယ်တိုင် ရှေ့နေလုပ် ကာကွယ်ခဲ့ပါတယ်။

ဒါက သူ့အတွက် ပထမဆုံးပြစ်မှုတော့ မဟုတ်ပါဘူး။ အဲဒီမတိုင်ခင်ကလည်း Nike ကနေ ၂၅သန်း ခြိမ်းခြောက်ရယူမှုနဲ့ ထောင်ဒဏ် ကျခံနေခဲ့တာက ကပ်ပိုးအကြောင်းပြချက်နဲ့ အစောကြီး ပြန်လွတ်လာတာဖြစ်ပါတယ်။​ သူက ထရမ့်ကို နာမည်ပျက်အောင် လုပ်မယ့်အမှုကို ဦးဆောင်သူဖြစ်တော့ ဒီမိုကရက်တွေရဲ့ အချစ်တော်ဖြစ်ခဲ့တာကြောင့် ၂၀၂၀ မှာ သမ္မတရွေးကောက်ပွဲဝင်ဖို့အထိပါ မှန်းခဲ့တာပါ။ သူ့ရဲ့ကိုယ်ကျင့်တရားကတော့ စံပါပဲ။

 လူ၉၀၀နီးပါးကို စမ်းသပ်ခဲ့တဲ့ ရီဆပ်ချ်တခုရဲ့ တွေ့ရှိချက်အရ ပိုးဝင်ခံခဲ့ရသူတွေအများစုမှာ ကျန်ခဲ့တဲ့ သဘာဝခုခံအားက လနှစ်ဆယ်ကြာသည့်တိုင်အောင် လျော့နည်းပျောက်ပျက်မသွားဘူးလို့ ဆိုပါတယ်။​ ဘဒင်တို့တွန်းနေတဲ့ ဆေးက ခြောက်လလောက်ဆို ဘာမှမကျန်တော့သလောက်လို့ဆိုကြတော့

ဥမ္မာခင်နဲ့ ဖူးစာဆုံသွားသူတွေအတွက် သတင်းကောင်းပါပဲ။ ဥမ္မာခင်မတိုင်ခင်ကဟာတွေအတွက်လည်း အကျုံးဝင်တယ်ဆိုတာ ရီဆာ့ချ်တွေတော်တော်များများက ပြဆိုပြီးသားပါ။ သိပ္ပံပညာကို လိုတမျိုး မလိုတမျိုးလုပ်တတ်တဲ့သူတွေကသာ ပစ်ပယ်နေကြတာပါ။ သူတို့တွန်းနေတဲ့ဆေးက တကယ်မကျန်တာလား၊ ထပ်ရောင်းရအောင် တွန်းနေတာလားဆိုတာ အတိအကျတော့ သိဖို့ မလွယ်ပါဘူး။

ကာ/ဝန်ဌာနအတွင်းက သတင်းပေးသူ စစ်/ဆေး ဆရာဝန်များရဲ့ ဖောက်ထုတ်ချက်အရ ကာ/ဝန်ဌာနမှာ ပြီးခဲ့တဲ့နှစ် ပထမ ၁၀လအတွင်း ရောဂါပေါင်းစုံဖြစ်နှုန်းက အဆပေါင်းများစွာ ခုန်တက်သွားတယ်လို့ ဆိုပါတယ်။​ စိတ်သောကရောက်ကြတာက ၃သောင်း၇ထောင်လောက်ကနေ ၉သိန်းလောက်ကို တက်သွားပါတယ်။ ရင်သားကင်ဆာက အရင်က ၅ရာကနေ ၉ရာကြား ရှိရာက မနှစ်က ပထမဆယ်လမှာ ၄ထောင်ကျော်သွားတာပါ။ အမျိုးသမီးမျိုးမပွားနိုင်တာက အရင်က တနှစ်ကို အဆိုးဆုံးနှစ်မှ ၂ထောင့်၃ရာလောက်ရှိတာကနေ ၁သောင်း၇ရာကျော်သွားခဲ့ပါတယ်။ ကိုယ်ဝန်ပျက်ကျတာဆိုရင် ၂၀၂၀ ပထမ၉လလောက်က ၁ထောင့်၄-၅ရာပဲရှိပြီး မနှစ်က ၁၀လအတွင်း ၄ထောင်ကျော်သွားပါတယ်။ အေကိုက်တဲ့ရောဂါလည်း အရင်ပျှမ်းမျှ တနှစ်ကို ၄ရာလောက်ရှိပြီး ခုတော့ ၂ထောင့်၄ရာကျော်ဖြစ်သွားပါတယ်။

တခြားရောဂါတွေလည်း ပါပေမယ့် စာရှည်မှာစိုးလို့ ချန်ခဲ့ပါမယ်။ အဓိကပြချင်တာက ဆေးမစားမီနဲ့ ဆေးစားပြီးကွာသလိုဖြစ်နေလို့ စိတ်ပူကြတာပါ။ စားတာတော့မဟုတ်ဘူးပေါ့၊ ထိုးတာဆိုပါတော့။ အဲဒါကို ပဥ်စဂံဌာနချုပ်ကလူတွေက မနှစ်ကမတိုင်ခင်က ဒေတာတွေက မှားနေလို့ပါတဲ့။ တနှစ်တနှစ်ကို သန်းချီအကုန်ခံပြီး လိတ်တက်စ်နဲ့ဂရိတ်တက်စ်တွေ သုံးထားတဲ့ဌာနက အဲဒီလိုပြောတာဆိုတော့ ရီစရာတော့ ကောင်းသားပေါ့။​ ခက်တာက ခေါင်က မဖြောင့်မတ်သ၍ ဟုတ်တိုင်းမှန်ရာ သိရဖို့က မလွယ်ရေးချ မလွယ်နေတာပါ။

ကနေဒါက ဆန္ဒပြထြပ်ကာတွေအတွက် GoFundMe မှာသွားလှူကြတဲ့ အလှူငွေ ၁၀သန်းကျော်ကို GoFundMe က ထြပ်ကာတွေဆီ တသန်းကျော်လွှဲအပြီးမှာ နောက်ထပ်မလွှဲတော့ပဲ ရပ်ထားလိုက်ပါတယ်။ ဖလော်ရီဒါဂါဗာနာ ဒီဆန်းတစ်စ်က လိမ်လည်မှုနဲ့ စစ်ဆေးမယ်လဲပြော အားလုံးလဲဝိုင်းအော်ကြတော့မှ ၇ရက်ကနေ ၁၀ရက်အတွင်း အလှူရှင်တွေဆီ ပြန်လွဲပေးပါမယ်လို့ ပြောပါတယ်။

GoFundMeက CRPH ကိုလည်း အဲဒီလိုပဲ လုပ်ခဲ့တာ စာဖတ်သူများ မမေ့လောက်သေးဘူးထင်ပါတယ်။​ တူနေတာက သာမာန်ပြည်သူအလှူရှင်အများကြီးက ရက်အနည်းငယ်အတွင်းမှာ တော်တော်များတဲ့ ငွေကို လှူဒါန်းခဲ့ကြတာဖြစ်ပြီး သူတို့လှူကြတာက သူတို့ကိုယ်စား လွတ်လပ်မှုအတွက် ရှေ့တန်းက တိုက်ပွဲဝင်နေကြသူများကိုဖြစ်ပါတယ်။​ အမေရိကန်ထြပ်ကာတွေ စုစည်းတာကိုလည်း ဖဘက လိုက်ပိတ်သလို မိခင်တိုင်းပြည်က လှုပ်ရှားတက်ကြွသူများကိုလည်း အသေနှိပ်ကွပ်နေတာ ဇူဇူတို့တွေပါပဲ။ အဲဒါကိုကြည့်ရင် နှစ်နေရာလုံးမှာ လွတ်လပ်မှုကို မလိုလားသူတွေနဲ့ အဲဒီနောက်ကွယ်က ငပွကြီးကို မြင်နိုင်ကြမယ်ထင်ပါတယ်။ (စကားလုံးတွေပေါင်းတာ တမင်လုပ်ထားတာပါ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: