ဖေဖေါ်ဝါရီ ၆ ရက် ၂၀၂၂

Memphis က ဘီအယ်လ်အမ်ချက်ပ်တာဖောင်ဒါ Pamela Moses က တန်နက်စီပြည်နယ်မှာ မဲပေးဖို့ တရားမဝင်လိမ်လည် မှတ်ပုံတင်ခဲ့တဲ့အတွက် ထောင် ၆နှစ် အချခံခဲ့ရပါတယ်။​ သူက ထောင်ကနေ ခံဝန်နဲ့ ထွက်လာအပြီးမှာ ရာဇဝတ်သားတွေ မဲပေးလို့မရတာကို ရတယ်ထင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မဲပေးခဲ့တယ်လို့ ဆိုပါတယ်။​ အဲဒီလို မဲပေးနိုင်ဖို့ သူမက စာရွက်စာတမ်း သက်သေခံအတုတွေသုံးပြီး လျောက်ထားခဲ့တာပါ။ တရားရုံးက သူမဆင်ခြေကို မယုံတဲ့အတွက် ပြစ်ဒဏ်ချလိုက်တာဖြစ်ပါတယ်။

ဘီအယ်လ်အမ်အဖွဲ့ကြီးကို ပူးတွဲတည်ထောင်သူ Patrisse Cullors ကိုတော့ မရှင်းလင်းတဲ့ မသင်္ကာစရာကောင်းတဲ့ အသုံးစရိတ်တွေရှိနေတဲ့ တခြားအုပ်စုတွေနဲ့ ပတ်သက်နေတာ ပေါ်သွားတဲ့အတွက် နှုတ်ထွက်သွားခဲ့ပါတယ်။၊ အဲဒီထဲက တအုပ်စုက Reform LA Jails ဖြစ်ပြီး ၂၀၁၉တုန်းက အလှုငွေ ၁.၄သန်း ရခဲ့ပါတယ်။ အဲဒီထဲက ၂၀၅,၀၀၀ ကို သူမနဲ့ သူ့ခင်ပွန်းပူးတွဲပိုင်ဆိုင်တဲ့ အတိုင်ပင်ခံကုမ္ပဏီ၊ နောက်ထပ် ၂၁၁,၀၀၀ ကို သူမရဲ့ memoir ကို အတူတူရေးခဲ့တဲ့ သူမရဲ့သူငယ်ချင်း Asha Bandele ကို ပေးခဲ့ပြီး ၈၆,၀၀၀ ကိုတော့ သူမကလေးရဲ့အဖေ Damon Turner ပိုင်တဲ့ Trap Heals လို့ခေါ်တဲ့ ဖျော်ဖြေရေး၊ အဝတ်အထည်နဲ့ အတိုင်ပင်ခံကုမ္ပဏီကို ပေးခဲ့တာပါ။ အဲဒီ Reform LA Jails အဖွဲ့ကပဲ ဘီအယ်လ်အမ်ရဲ့ ငွေစာရင်းကိုင် Christman Bowers ပိုင်တဲ့ အတိုင်ပင်ခံကုမ္ပဏီကို ၂၇၀,၀၀၀ ပေးထားတယ်လို့လည်း ဆိုပါတယ်။ သူတို့ပြောချင်တဲ့ ဘလက်လိုက်ဖ်ဆိုတာ အဲဒီလို အမျိုးအဆွေတွေရဲ့ လိုက်ဖ်တွေကို ပြောတာထင်ပါရဲ့။ နာမည်လေးလှတိုင်း အဟုတ်ထင်ပြီး လှူချင်ကြသူများ သတိပြုရန်ပါ။

အမေရိကန်ပျက်စီးဖို့ အစဥ်တစိုက်ကြိုးစားနေတဲ့ ရန်သူမှန်သမျှကို ဆီပုလင်းခါးချိတ်ပြီး လိုက်ချော့နေတဲ့ ဘိုင်ဒန်ကြီးက ဒီတခါ အီရန်ကို မင်းတို့ နျူကလီးယားကို လက်နက်မထုတ်ပဲ အရပ်သားအသုံးအတွက် ထုတ်မယ်ဆိုရင် ငါတို့က ဆန်ရှင်မလုပ်ပါဘူး၊ အိုဘားမားလက်ထက်ကလို ပြန်စာချုပ်ရအောင်ပါလို့ ချော့ပေမယ့် ဟိုကလည်း အဲဒီလောက်နဲ့ မကျေနပ်နိုင်ပါဘူးတဲ့။ အိုဘားမားလက်ထက်တုန်းက အီရန်ကို ငွေသား ဘီလီယံနဲ့ချီပေးကမ်းပြီး နျူလက်နက်မထုတ်ဖို့ ချော့ထားခဲ့ပေမယ့် ဘယ်သူကမှ သွားစစ်ဆေးတာလဲမရှိ၊ စစ်ဆေးရင်ကော ဟိုက လက်ခံစစ်ဆေးခွင့် ပြုရင်တောင် နေရာလွှဲပြတာမျိုး လက်ဝါးရိုက်ထားတာမျိုးမလုပ်ဘူးလို့ မပြောနိုင်ပါဘူး။

အိုဘားမားဆင်းသွားချိန်မှာ အီရန်ရဲ့ ယူရေနီယံ ပိုင်ဆိုင်မှုက သဘောတူထားခဲ့တာထက် အများကြီးပိုပြီး လက်နက်ထုတ်လို့ ရနိုင်လောက်တဲ့အထိ ဖြစ်လာခဲ့တာပါ။​ အခုလည်း အဲဒီလို မလုပ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ မ/ကိုရီးယားကိုလည်း ရုရှားက အရပ်သားသုံးဖို့ နျူထောက်ပံ့တယ်ဆိုခဲ့ပေမယ့် ခုထိ အရပ်သားတွေက အမှောင်ထဲ အအေးထဲမှာ၊ နျူက လက်နက်အတွက်ပဲ သုံးမှာ သေချာနေတာ။

ထရမ့်တုန်းက ချူးတပြားမှမပေးပဲ ငြိမ်ပိနေအောင် လုပ်ထားတာ ရနေတာပဲလေ။ ဒါပေမဲ့ အီရန်ကို ပိုက်ဆံပေးတော့ အီရန်ရတာလည်းတပိုင်း၊ ဒီမိုကရက်အီလိတွေရဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေက ခေါင်းစဥ်အမျိုးမျိုးနဲ့ ဖြတ်ခုတ်ကြတော့ နိုင်ငံရေးနဲ့ လုပ်စားတဲ့ သမားရိုးကျ နိုင်ငံရေးသမားတွေက ထရမ့်လမ်းစဥ် မလိုက်ချင်ကြတာ မဆန်းပါဘူး။  လာဘ်လာဘအတွက် ကိုယ့်တိုင်းပြည် ခြေသုတ်ဖုံဖြစ်ရတာ စိတ်နာစရာကောင်းသလို ဒေသတွင်း တည်ငြိမ်မှု ကမ္ဘာ့လုံခြုံရေး စတာတွေအတွက်လည်း မကောင်းပါဘူး။  

အဲဒီလို ပြည်ပမှာ အကြမ်းဖက်တွေအတွက် သဘောကောင်းလွန်းတဲ့ ဘိုင်ဒန်က ပြည်တွင်းမှာလည်း ရာဇဝတ်သားတွေအပေါ် အထူးသက်ညှာတဲ့သူပါ။ သူ့လက်ထက်မှာ တာဝန်ထမ်းဆောင်စဥ် အသတ်ခံရတဲ့ ရဲအရေအတွက်ဖြစ်တဲ့ ၇၃ဦးက က ၁၉၉၅ကစရေတာထက်ကို ပိုများပါတယ်တဲ့။ တိုင်းပြည်တော့ အေးချမ်းဦးတော့မှာပဲ။ အသတ်ခံရတဲ့ ရဲတွေရဲ့ ကျန်ရစ်သူမိသားစုတွေဆီ ဖုံးခေါ်နှစ်သိမ့်တာမျိုး မလုပ်ခဲ့ပေမယ့် ဂျော့ဂျ်ဖလွိုက်တို့လို ရာဇဝတ်သားတွေသေတာကိုတော့ ဖုံးဆက်နှစ်သိမ့်ရုံတင်မက လူကိုယ်တိုင်သွားမိန့်ခွန်းပြောပြီး ပွဲပိုဆူအောင် မီးပြောင်းမှုတ်ခဲ့ကြတာ ဘိုင်ဒန်ရော ကမလာရောပါ။

ပင်ဆယ်လ်ဗေးနီးယားပြည်နယ်က မဲခရိုင်၈ မှာ ရီပါဘလစ်ကန်အနေနဲ့ ဝင်ပြိုင်မယ့် Jim Bognet က ဘိုင်ဒန်က သူ့မဲဆန္ဒနယ် Butler Township ကို သာယာအေးချမ်းတဲ့ ကျေးလက်ဒေသအဖြစ်ကနေ အာဖဂန်က မစစ်မဆေးရောက်လာတဲ့ ရာနဲ့ချီတဲ့လူတွေကို လာပစ်ထားတဲ့ဒေသဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီနယ်က ကောလိပ်ကျောင်းသားတွေကို အလုပ်ရှာပေးတဲ့ရုံးမှာ အာဖဂန် ၅၀၀-၆၀၀ လောက် လာပို့သွားလို့ သူတို့ရဲ့ ရာဇဝတ်သမိုင်းကြောင်း၊ ကျန်းမာရေး၊ ပိုးရှိမရှိ အဲဒါတွေ ဘာမှမသိရတော့ နယ်ခံတွေက စိုးရိမ်ကြတယ်လို့ ဆိုပါတယ်။​

ဘိုင်ဒန်သွင်းလာတဲ့ အာဖဂန်တွေထဲမှာ ၃နှစ်သမီးလေးကို မတော်တရော်လုပ်သူ၊ ဆယ်ကျော်သက်မိန်းကလေးကို မုဒိမ်းကျင့်သူ၊ ၁၂နဲ့ ၁၄နှစ်အရွယ် ယောက်ကျားလေးနှစ်ဦးကို လိင်စော်ကားသူ၊ ဇနီးကို သေအောင်ရိုက်သတ်သူတွေအပြင် အိမ်တွင်း အကြမ်းဖက်သူတွေလည်း အများကြီး ရှိနေကြတာပါ။ ဘိုင်ဒန်က သူခေါ်သွင်းလာတဲ့ အာဖဂန် ၇၆,၀၀၀ကျော်ကို အမြဲနေထိုင်ခွင့်ကဒ်တွေပေးပြီး Cartwright အကူအညီနဲ့ တပြည်လုံးကို ဖြန့်ချနေတာပါ။ Cartwright က အဲဒီလိုဖြန့်ချဖို့ ပြည်သူ့ဘဏ္ဍာကနေ ၁၃ဘီလီယံ သုံးထားတာပါ။ Refugee resettlement အတွက် အမေရိကန်အခွန်ထမ်းတွေက ၅နှစ်ကို ၉ဘီလီယံလောက် ပေးနေရပါတယ်။ တဦးချင်းအသုံးစရိတ် ဆိုရင်တော့ ဒုက္ခသည်တဦးကို ၁၃၃,၀၀၀ လောက် ကုန်တာပါ။

HBO Real Time အစီအစဥ်က Bill Maher က သူ့အနေနဲ့ မက်ဒီကယ် Esတာဘလစ်ရှ်မန့်ကို အယုံအကြည်မရှိရတာက ၁၉၈၇တုန်းက ဖောက်စီတို့ ပိုးမွှားထိန်းချုပ်ရေးအဖွဲ့က ခုခံအားကျရောဂါကို ဘယ်လိုကိုင်တွယ်ခဲ့သလဲဆိုတာ မြင်ခဲ့ဘူးလို့ဖြစ်ကြောင်း၊ အဲဒီတုန်းကလည်း ရောဂါရှိတဲ့လူတွေကို လူတွေ မထိရဲ အနားမသွားရဲလောက်အောင် ကြောက်စရာအဖြစ်ရော အဲဒီရောဂါက လိင်တူမဟုတ်တဲ့ ပုံမှန်စုံတွဲ/လင်မယားတွေကိုပါ ကူးစက်ပေါက်ကွဲလာနိုင်သလိုလို၊ ၅ဦးမှာ ၁ဦးသေမှာလိုလိုနဲ့ ဖီးယားကမ်ပိန်းလုပ်ပြီး ပုံဖော်ခဲ့ကြကြောင်း၊ တကယ်တော့လည်း အဲဒါတွေ ဖြစ်လာတာမဟုတ်ကြောင်း၊ အဲဒီလိုတွေ လုပ်ခဲ့တဲ့အတွက် တကယ်ကူးနိုင်တဲ့လူတွေအပေါ် အရင်းအမြစ်တွေ ပိုမပို့နိုင်ပဲ ကြောက်ကြတဲ့ လူအများစုကြီးအတွက်ပါ မျှနေရတာကြောင့် မလိုအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း၊ မကြာသေးမီက နယူးယောက်က လူအိုရုံတွေမှာ ဖြစ်ခဲ့တာကလည်း အဲဒီသဘောပဲဖြစ်ကြောင်း၊ အသက်ကြီး၊ အလေးချိန်များ၊ ရောဂါရှိတွေကို ဦးစားပေးပြီး ကုဖို့ ကာကွယ်ဖို့ စီစဥ်ခဲ့ရမှာဖြစ်ကြောင်း၊ ကျန်တဲ့ ကျန်းမာငယ်ရွယ်တဲ့လူတွေကို လိုက်ကန့်သတ်နေတာကြီးက မှားနေကြောင်း၊ တခြားလည်း အယူမှားတွေ ပြန့်နေတာတွေ အများကြီးဖြစ်ကြောင်း စသဖြင့် ပြောကြားသွားပါတယ်။ သမိုင်းကိုသိရင် သမိုင်းကနေ သင်ခန်းစာယူနိုင်ပေမယ့် သမိုင်းမသိတော့လည်း မဲပြာပုဆိုးလိမ်ဆင်တွေအောက်မှာ တပြောင်းပြောင်း တပြန်ပြန် မျောကြရတာပါပဲ။ သိအောင်လည်း လုပ်သင့်သလို သိပြီးရင်လည်း မှတ်ထားဖို့တော့ လိုပါမယ်။​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: