တရုပ်ရဲ့ ဒစ်ဂျစ်တယ်ငွေကြေး = စီစီပီအစိုးရရဲ့ လူတွေကို ထိန်းချုပ်မယ့် နဖားကြိုး

Erik Bethel (Interviewed by Jan Jekielek in American Thought Leaders)

အမေရိကန်ရဲ့ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကမ္ဘာ့ငွေကြေးပညာရှင် Erik Bethel က တရုပ်ရဲ့ ဒစ်ဂျစ်တယ်ငွေကြေးအသစ်ဟာ ငွေပေးချေမှု ပုံစံအသစ်အနေနဲ့ ဝင်လာတဲ့ ပဥ္စမံတပ်သားသာဖြစ်တယ်လို့ ဆိုပါတယ်။ တရုပ်အစိုးရဟာ အဲဒီဒစ်ဂျစ်တယ်ငွေကြေးကို အသုံးချပြီး လူတွေကို နောက်ယောင်ခံလိုက်နိုင်မယ်၊ သူတို့ရဲ့ social credit score နဲ့တွဲထားလိုက်ရင် အာဏာရှင်စီစီပီအနေနဲ့ ကမ္ဘာတည်သ၍ အာဏာမြဲနေတော့မယ့်သဘောရှိပါတယ်။

တရုပ်စီစီပီက သူ့ရဲ့ ဒစ်ဂျစ်တယ်ယွမ်ကို စလုပ်ပြီဆိုတာနဲ့ အဲဒါက တခြားနိုင်ငံတွေကိုပါ လိုက်အသုံးပြုအောင် တွန်းတော့မှာဖြစ်ပါတယ်။ (အဓိကက သူ့အကြွေးအများကြီး တင်နေတဲ့ နိုင်ငံတွေနဲ့ အာဏာရှင်နိုင်ငံတွေ ဖြစ်မှာပါ။) အဲဒီလို နိုင်ငံတွေ အသုံးများလာတာနဲ့အမျှ ကမ္ဘာ့အရံငွေကြေးအဖြစ် အမေရိကန်ဒေါ်လာကို အသုံးပြုနေတာကို ခြိမ်းခြောက်လာနိုင်ပြီး အမေရိကန်နဲ့ တခြားလွတ်လပ်သောနိုင်ငံတွေအပေါ် ဆိုးရွားတဲ့ ကွင်းဆက်တွေ ဖြစ်လာနိုင်ပါတယ်။

အဲရစ်က သူ့အနေနဲ့ ဒစ်ဂျစ်တယ်ကာရန်စီကို စစိတ်ဝင်စားလာခဲ့တာက ကမ္ဘာ့ဘဏ်မှာ လုပ်တုန်းက ကမ္ဘာပေါ်က ဆင်းရဲမွဲတေမှုတွေ ပပျောက်ဖို့ တနှစ်ကို ဘီလီယံ ၁၀၀ သုံးနေခဲ့ပြီး တကယ်ကူဖို့ ရည်ရွယ်ထားတဲ့လူတွေဆီ ရောက်တာက ဘီလီယံ ၁၀၀ရဲ့ အစိတ်ကလေးတခုပဲ ရောက်ခဲ့တဲ့အတွက် တချို့အစိုးရအဖွဲ့အစည်း အဆင့်ဆင့်နဲ့ ကြားလူတွေကြားမှာ ယိုဖိတ်/လေလွင့်မှုတွေ ရှိနေတာဖြစ်ကြောင်း၊

ဒစ်ဂျစ်တယ်ငွေကြေးကို သုံးရင် သုံးသမျှပိုက်ဆံကို ခြေရာခံလို့ရတာကြောင့် ဘယ်နားမှာလေသွား ယိုသွားတယ်ဆိုတာကို သိရှိနိုင်မယ်လို့ ဒစ်ဂျစ်တယ်ကာရန်စီဖခင်ကြီးတွေနဲ့ ဆွေးနွေးရာက အကြံရလာတာဖြစ်ကြောင်း၊ အဲဒီပရောဂျက်က အခုကမ္ဘာ့ဘဏ်မှာ စလုပ်နေပြီဖြစ်ကြောင်း၊

တိုးတက်မှုသိရဖို့ အချိန်နဲနဲယူရဦးမှာဖြစ်ကြောင်း၊ အဲဒါကြောင့် ဒစ်ဂျစ်တယ်ကာရန်စီကို စလေ့လာခဲ့တာဖြစ်ပြီး မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် အရမ်းကောင်း အရမ်းလွတ်လပ်သွားမှာဖြစ်ပေမယ့် တရုပ်လိုမျိုး မှန်မှန်ကန်ကန် မလုပ်ဖူးဆိုရင်တော့ အရမ်းကို ဆိုးရွားသွားနိုင်ပါကြောင်း၊

အဲရခ်က ဒစ်ဂျစ်တယ်ကာရန်စီဆိုတာ Bitcoin လို cryptocurrency လည်းမဟုတ်သလို Tether လို stable coin လည်းမဟုတ်ကြောင်း၊

အဲဒါက ဗဟိုဘဏ်က ကျောထောက်နောက်ခံပြုထားတဲ့ ငွေကြေးဖြစ်ပြီး စက္ကူငွေကြေးလိုမျိုးကိုပဲ ဒစ်ဂျစ်တယ်ဗားရှင်းဖြစ်ကြောင်း၊

ကမ္ဘာ့နိုင်ငံတွေ အတော်များများရဲ့ ဗဟိုဘဏ်တွေက ကိုယ်ပိုင် ဒစ်ဂျစ်တယ်ငွေကြေး လုပ်ဖို့ ကြံစည်နေကြတာ ၈နှစ်ကြာလာပေမယ့် တရုပ်က ရှေ့အရောက်ဆုံးဖြစ်နေကြောင်း၊

တချိန်ချိန်မှာတော့ နိုင်ငံအားလုံးလိုလို လုပ်လာကြမယ်ဆိုတာ ရှောင်လွှဲမရနိုင်ပါကြောင်း ပြောကြားသွားပါတယ်။ အဲရခ်က မော်ဂန်စတန်လေမှာ လုပ်ဖူးခဲ့သလို တရုပ်ပြည်က private equity fund တခုက ဖိတ်ခေါ်တဲ့အတွက် အဲဒီမှာ နှစ်အတန်ကြာနေထိုင်လုပ်ကိုင် ခဲ့ပါတယ်။

တရုပ်အစိုးရရဲ့ အစီအစဥ်အတိုင်း အိုလံပစ်ကာလတွင်းမှာ ဒစ်ဂျစ်တယ်ကာရန်စီကို စတင်မိတ်ဆက်မယ်ဆိုရင် အဲဒါဟာ ငွေပေးချေမှုပုံစံတမျိုးအနေနဲ့ ပုံဖမ်းထားတဲ့ စောင့်ကြည့်ရေး ကရိယာတခုဖြစ်တဲ့အတွက် သူတို့ရဲ့ ဗဟိုဘဏ်ဖြစ်တဲ့ တရုပ်ပြည်သူ့ဘဏ်ဟာ လူတယောက်ချင်းစီရဲ့ အသုံးအစွဲရာဇဝင်ကို လွယ်လွယ်လေး ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။

အို ဘာပဲဖြစ်ဖြစ် ငါက ဘာမှလုပ်တာမဟုတ်တာ၊ ဆိုရင်တော့ ဘာမှမဖြစ်တာဖြစ်နိုင်ပေမယ့် အစိုးရနဲ့ ဆန့်ကျင်သူနဲ့ ငွေပေးငွေယူ ရှိထားတာမျိုး၊ ဘိုင်ဘယ်လ်လို ကိုရမ်လို ပိဋကတ်လို ဘာသာရေးနဲ့ဆိုင်တာ ဝယ်တာမျိုး၊ ဖ’လုံဂုံးတွေလို အစိုးရကြည့်မရတဲ့လူတွေဆီကို လှူတန်းတာမျိုး၊ ဘာသာရေးခေါင်းဆောင်တွေဆီ လှူတာမျိုး။ တခုခု ဝယ်မိတာမျိုးဆိုရင်လည်း ဘွာခတ်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ မှန်မှန်ကန်ကန် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ အာဏာရှင်စနစ်မှာ ကိုယ်ကမှန်နေသည့်တိုင် သူတို့ထဲက အဆင့်ဆင့်သော အာဏာရူးတွေ အမှားလုပ်သမျှ ထွက်ပေါက်က ကိုယ်ပဲဆိုတာတော့ မမေ့ကြဖို့ လိုပါတယ်။

တရုပ်ပြည်ရဲ့ ဆိုရှယ်ခရက်ဒစ်စနစ်နဲ့ ပတ်သက်ပြီးတော့ အဲရခ်က အဲဒါက အမေရိကန်က ခရက်ဒစ်စနစ်လိုမျိုး အိမ်ဝယ်မယ်ဆိုရင် သင်က ကြွေးဘယ်လောက်ပြန်ဆပ်နိုင်သလဲနဲ့ မှန်မှန် ပြန်ဆပ်နိုင်ခြေဘယ်လောက်ရှိသလဲဆိုတာကို ပြတာထက် အများကြီး ပိုပါတယ်လို့ ဆိုပါတယ်။​ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဆိုရှယ်ခရက်ဒစ်အမှတ်မကောင်းတဲ့ သန်းဆယ်နဲ့ချီတဲ့ တရုပ်တွေဟာ နှစ်ကူးကာလမှာ အိမ်ပြန်ဖို့ ခရီးသွားခွင့် ပိတ်ပင်ခံခဲ့ကြရပါတယ်။ သင်က အစိုးရကို ဆန့်ကျင်သူဆိုရင်တော့ စဥ်းစားကြည့်ပေါ့။ သင့်ကို လုံးဝ ပျောက်ကွယ်သလိုဖြစ်သွားအောင် လုပ်ပစ်လိုက်လို့ ရတယ်လေ။

အဲဒီဆိုရှယ်ခရက်ဒစ်စနစ်ထဲကို ဒစ်ဂျစ်တယ်ငွေကြေးပေါင်းထည့်လိုက်ရင် ပွဲက ပြီးပြီပေါ့၊ အစိုးရကို ဆန့်ကျင်တဲ့သူတွေ၊ အာဏာရှိတဲ့အဦးဦးနဲ့ ရန်စရှိခဲ့ဖူးသူတွေဆိုရင် ဘာမှ ဝယ်စားလို့ မရ ဘယ်မှ သွားလို့မရအောင်ကို ဖြစ်သွားနိုင်တာပါ၊ အလုပ်ရဖို့၊ အိမ်ဝယ်ဖို့၊ အိမ်ထောင်ပြုဖို့ ဆေးကုဖို့ စတဲ့ ဘဝရဲ့ မျက်နှာစာအားလုံးကို ထိတော့မှာပါ။ အာဏာရှင်တွေနဲ့ တသက်လုံး ပေါင်းလာလဲ ကိုယ်မ’နေတဲ့ဘောက ပြုတ်သွားပြီး သူ့ပြိုင်ဖက်က တက်လာတယ်ဆိုရင် ဘာဖြစ်မလဲ၊ စဥ်းစားကြည့်လိုက်လေ။ တရုပ်ကြီးဖိအားပေးလို့ လိုက်လုပ်ကြမယ့် နိုင်ငံတွေမှာလည်း အဲဒီအတိုင်းပဲ ဖြစ်လာတော့မှာပေါ့။

အဲဒါတွေပြောလို့ ဒစ်ဂျစ်တယ်ငွေကြေးက အဆိုးတွေပဲ ရှိတာတော့ မဟုတ်ပါဘူး။ ကောင်းတဲ့အချက်တွေလည်း အများကြီး ရှိပါတယ်။ ဒါပေမယ့် အာဏာပိုင်အဆင့်အဆင့်နဲ့ မီဒီယာ၊ ဆိုရှယ်မီဒီယာတွေလိုပဲ ဘဏ်တွေ တခြားအဖွဲ့အစည်းတွေဟာလည်း သူတော်စင်တွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်တဲ့အတွက် လူထုလွတ်လပ်မှုကို မထိခိုက်အောင် လုပ်ဖို့တော့ အင်မတန် အရေကြီးပါတယ်။ ပြည်တွင်းအခွန်က အခွန်ထမ်းပြည်သူတွေကို မျက်နှာစကန်ဖတ်ပြီး လုပ်မယ့် ဘိုင်ဒန်တို့ရဲ့အစီအစဥ်ကတော့ အားလုံးဝိုင်းအော်လို့ ခဏ ငြိမ်သွားပါပြီ။ နောက်လဲ လာပါဦးမယ်။ ကိုယ်တိုင် ဗဟုသုတနဲ့ ပြည့်စုံအောင်လုပ်ပြီး သတိထားနားစွင့်နေကြဖို့တော့ လိုပါမယ်။​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: