တရုပ်ပြည်မှာ လက်ရှိကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ်နဲ့ ပတ်သက်ပြီး မေးစရာမေးခွန်းတွေ အများကြီး ရှိနေပါတယ်။ ပွဲကျင်းပတဲ့ ဘေဂျင်းမှာ စနိုးမရှိတဲ့အတွက် စဖွင့်တဲ့နေ့မှာ စနိုးအတုလုပ်ဖို့ လိုအပ်တဲ့ ရေကတင် အိုလံပစ်ရေကူးကန်ပေါင်း ၄၀၀ လောက်နဲ့ ညီတဲ့ ပမာဏဖြစ်တဲ့ ရေဂါလံ သန်း၂၅၀ကျော်ဖြစ်ပြီး အဲဒါကို စနိုးဖြစ်အောင်လုပ်ဖို့ ပါဝါကလည်း မနဲမနော လိုဦးမှာပါ။ ပြီးရင် အရည်ပျော်တဲ့စနိုးတွေကို အချိန်နဲ့အမျှ ထပ်လုပ် ထပ်ဖြည့်နေရမှာက အိုလံပစ်ပွဲစဥ် တလျောက်လုံးဆိုတော့ အမေရိကန်မှာသာ ရီပါဘလစ်ကန်အစိုးရကသာ အဲဒီလိုလုပ်ရင် အိမ်ကျယ်တွေ ဝိုင်းအော်ကြတာနဲ့ ပွဲတော်တော်ဆူမယ့်သဘော ရှိပါတယ်။ နှင်းလျောစီးတဲ့နေရာကလည်း သဘာဝတောင်ကုန်းမှာမဟုတ်ပဲ အနောက်မှာ နြူဓါတ်ပေါင်းဖိုလိုဟာကြီးတွေ တွေ့နေရတော့ လူတွေက သို့လောသို့လောတွေ ဖြစ်ကုန်ပါတယ်။ ဖက်ချက်ကတော့ သိတဲ့အတိုင်းပဲ စတီးစက်ရုံဟောင်းပါလို့ ဖာပါတယ်။ အဲဒီနေရာက Industrial wasteland ကို tourist attraction အဖြစ် ၂၀၁၁ မှာ ပြောင်းလဲထားတာလို့ Chinese Uncensored က ဆိုပါတယ်။
ပွကြီးတို့ပြည်မှာလုပ်တဲ့ ပွဲဆိုတော့ ပွကြီးတို့သဘောပါပဲ၊ အမေရိကန်မှာမွေးတဲ့ အမေရိကန်တွေ၊ ကနေဒီယန်ကိုလည်း တရုပ်ကိုယ်စားပြု ဝင်ပြိုင်ခွင့်ပြုလိုပြု၊ သူတို့လူမနိုင်ရင်လည်း နိုင်တဲ့လူကို disqualify လုပ်ပြီး သူတို့လူကို ဆုပေးလိုပေး၊ ဒိုင်တွေက ဘက်လိုက်၊ စည်းမျဥ်းတွေကိုလည်း သူတို့လိုသလို ပြောင်းပြစ်၊ အားကစားသမားတွေကိုလည်း သူတို့လိုအပ်ချက်အလျောက် စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်စေမယ့် အစားအစာကျွေးရမယ့်အစား ထောင်သားတွေကို ကျွေးသလောက်တောင် အဆင်မပြေတဲ့အစာမျိုးတွေကျွေးလို့ ဗိုက်တွေနာကြ၊ မစားနိုင်၊ မအိပ်နိုင်၊ တယောက်ထဲတွေထားတာဆိုတော့ ဘယ်သူ့သွားပြောရမှန်းလဲမသိ၊ ကိုယ့်ပြိုင်ပွဲချိန်ကလွဲလို့ ဘယ်သူနဲ့မှ မတွေ့ရ မလေ့ကျင့်ရဆိုတော့ စိတ်ဓါတ်တွေကျ၊ ဒီကြားထဲ ပိုးတွေ့တဲ့လူကို ကွာရင်တိုင်းထား၊ နဂ္ဂတစ်ဖြစ်ပြီးတပတ်လောက်ကြာတဲ့အထိ အိုလံပစ်ရွာကို ခေါ်မသွားပေးလို့ သူ့နိုင်ငံကို တိုင်ရ၊ အဲဒါတွေကြောင့်လဲ တရုပ်အစိုးရက ကိုဗစ်ကို အကြောင်းပြပြီး နည်းပြနဲ့ ကစားသမားတွေကလွဲလို့ မိသားစုတွေအပါအဝင် ဘယ်သူ့ကိုမှ မလာစေတာ ဖြစ်နိုင်ပါတယ်။
တက်ရောက်သူတွေအကုန်လုံး မလုပ်မနေရ ဒေါင်းရတဲ့ အိုလံပစ်App ကလည်း စပိုင်ဝဲတခုမှန်း သိနေကြပေမယ့် တရုပ်ကြီးကို အထွန့်တက်မယ့် ဇရှိတဲ့ခေါင်းဆောင် ကမ္ဘာ့အာဏာဇတ်ခုံပေါ်မှာ ရှိမနေတော့ ဘာလုပ်လုပ် လွတ်စေပါပဲ။ နောက်တခု လူပြောများနေတာက စွမ်းဆောင်ရည်ကောင်းတဲ့ အားကစားသမားတွေရဲ့ ဗီဇတွေကို ခိုးယူစုဆောင်းနေတယ်ဆိုတာပါ။ တိုးတက်ဖို့ဆိုရင် ဘာအက်သစ်မှ မလိုက်နာတဲ့လူတွေလက်ထဲမှာ ကိုယ့်ဗီဇတွေ ရောက်သွားမှာကတော့ စိုးရိမ်စရာဖြစ်ပါတယ်။
ကနေဒါနိုင်ငံက တိုရွန်တိုဒိုမီနီယံဘဏ်က ဖရီးဒမ်းကွန်ဗွိုင်းက ဆန္ဒပြထရပ်ကာတွေနဲ့ ပတ်သက်နေတဲ့ အကောင့်တွေကို freeze လုပ်လိုက်ပါတယ်။ အာဏာရှင်နဲ့ ငွေရှင်လုပ်ငန်းရှင်ပေါင်းပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူကို နှိပ်ကွပ်တဲ့လုပ်ရပ်ပါ။ ကွန်ဗွိုင်ဖက်ကရှေ့နေက အွန်တာရီယိုအစိုးရကို အခုလို ဥပဒေနဲ့မညီတဲ့အမိန့်အတွက် တရားစွဲပြီး အမြန်ဆုံးပြန်ဖွင့်ခိုင်းမယ်လို့ ဆိုပါတယ်။ ကနေဒါပြည်သူ တချို့ကတော့ အဲဒီတိုရွန်တိုဒိုမီနီယံဘဏ်တို့ ဂိုးဖမ်းမီတို့ကို သပိတ်မှောက်ကြမယ်လို့ ဆိုပါတယ်။
ဘိုင်ဒန်အစိုးရကလည်း ဖရီးဒမ်းကွန်ဗွိုင် အမေရိကန်ကို ရောက်မလာဖို့ အစိုးရအာဏာကို ဖီဆန်တဲ့လုပ်ရပ်တွေ အမေရိကန်ကို ကူးမလာအောင်လို့ ကနေဒါအစိုးရကို ဖိအားပေးပြီး အင်အားသုံးနှိမ်နှင်းခိုင်းနေပါတယ်။ ဒါပေမဲ့ ထရပ်ကာတွေက ကနေဒါတနေရာထဲမှာမဟုတ်တော့ တပ်လွှတ်နှိမ်နှင်းမယ်ဆိုရင်တောင် ဘယ်လိုမှ မလွယ်ပါဘူး။ ဗက်ဆင်းမန်ဒိတ်ကို ဆန့်ကျင်ဆန္ဒပြနေတာတွေကို အစိုးရက အာဏာပြချင် လျော့မပေးချင်တာနဲ့ပဲ မကြီးသင့်တဲ့ ပြဿနာက ကြီးလာတာဖြစ်ပါတယ်။ ယူနီယံတွေကို အားပေးတဲ့ လက်ဝဲအစိုးရတွေက အလုပ်သမားတွေအရေးကို တကယ်ဂရုစိုက်တာလား၊ ယူနီယံတွေနဲ့ လက်ဝါးရိုက်ပြီး နိုင်ငံရေးလုပ်စားနေတာလားဆိုတာ ရှင်းရှင်းလင်းလင်းမြင်သင့်ကြပါပြီ။
ဟေလာရီက ရွေးကောက်ပွဲမတိုင်ခင် တရက်အလိုမှာ ကွန်ပြူတာပညာရှင်တွေက ထရမ့်နဲ့ ရုရှားဆက်စပ်နေတာကို တွေ့ရှိထားတယ်လို့ ကြေငြာခဲ့ပါတယ်။ သူဆင်တဲ့အကွက်ထဲဝင်ဖို့ အထောက်အထားမတွေ့တော့ အိမ်ဖြူရောက်ပြီးမှာတောင် ဆက်လက်ပြီး ထရမ့်ပြုတ်ကျအောင် နည်းမျိုးစုံနဲ့ အကွက်ဆင်ချောက်တွန်းခဲ့တာပါ။ အခုထွက်လာတဲ့ ဒါဟမ်ရီပို့မှာ ဟေလာရီနဲ့ ကလင်တန်ကမ်ပိန်းက သူ့လူတွေက နည်းပညာကုမ္ပဏီတခုကိုငှားပြီး ထရမ့်တာဝါနဲ့ အိမ်ဖြူတော်က ဆာဗာတွေကို ခိုးဝင်ခိုင်းတာ ပေါ်လာတဲ့အတွက် ကလင်တန်ကမ်ပိန်းရှေ့နေ မိုက်ကယ်ဆပ်စ်မန်ကို စွဲချက်တင်လိုက်ပါတယ်။ ဆပ်စ်မန်က ရုရှားကိစ္စမှာ အက်ဖ်ဘီအိုင်ကို လိမ်လည်ထွက်ဆိုမှုနဲ့ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူပါ။
ဒီမိုကရက်တွေက ဒိုမီနီယံမဲရေစက်တွေကို စစ်ဆေးမယ့်အမှုမှာကျတော့ နည်းပညာတွေသိသွားလို့ ပြင်ပက ခိုးဝင်ရင် လုံခြုံရေးပြဿနာရှိလာနိုင်တယ်လို့ အကြောင်းပြပြီး စစ်ဆေးခံဖို့ကို အကြောက်အကန် ငြင်းဆန်နေတာပါ။ အရေးကြီးကိစ္စရပ်တွေနဲ့ ထိပ်တန်းလှို့ဝှက်တွေ ပြည့်နှက်နေတဲ့ အိမ်ဖြူတော်ဆာဗာကျတော့ လွယ်လွယ်လေးခိုးဝင်ခိုင်းပြီး အဲဒီအတွက် ဘာပြစ်ဒဏ်မှလည်း မခံရဘူးဆိုရင် ဒါက သတိပြုစရာဖြစ်နေပါပြီ။ ပိုဆိုးတာက သူတို့တွေမှာ ခြစားတဲ့ရာဇဝင်တွေလည်း ရှိထားတော့ အမေရိကန်ရဲ့ ရန်သူတွေကိုရော အဲဒီလို လွယ်လွယ်လွှတ်ပေးထားမလားဆိုတာ သံသယဖြစ်စရာရှိနေတာပါ။ ထရမ့်ကတော့ အိမ်ဖြူတော်ဆာဗာတွေကို ဟက်ခ်ပြီး သမ္မတအလုပ်ကို ဝင်နှောက်တယ်ဆိုတာ ဝါးတါးဂိတ်ထက်ဆိုးတဲ့အတွက် ဒီလိုလုပ်တဲ့လူတွေကို ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ် ပေးသင့်တယ်လို့ ဆိုပါတယ်။
မဲကိစ္စပြောလို့ တဆက်ထည်း ကောင်းသတင်းတခု ပါးချင်တာက Pennsylvania ပြည်နယ်တရားရုံးက စာတိုက်မဲတွေကို အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ အဲဒါကြောင့် ဒီပြည်နယ်က မဲဆန္ဒရှင်တွေဟာ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ ခိုင်မာတဲ့အကြောင်း တစုံတရာကြောင့်မဟုတ်ပဲ စာတိုက်ကနေ မဲပေးခွင့်ပြုတာဟာ ပြည်နယ်ရဲ့ ခြေ/ဥကို ဖောက်ဖျက်တာ ဖြစ်ပါတယ်။ ၂၀၂၀တုန်းက တပြည်နယ်လုံးရဲ့ ၁/၃ ကျော်က စာတိုက်ကနေ မဲပေးခဲ့ကြတာဖြစ်ပါတယ်။ swing state တခုမှာ အခုလို ဆုံးဖြတ်လိုက်တာဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အရေးပါတဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။
ကိုးလ်ရောဂါရှာဖွေရေးကို တည်ထောင်သူ ဒေါက်တာရိုင်ယန်ကိုးလ်က ရောဂါဗေဒပညာရှင် ရှုထောင့်ကနေ ပန်ဓဲမစ်ကြီးကို သုံးသပ်ပြထားပါတယ်။ သူ့လုပ်သက် ၁၈နှစ်အတွင်း လူပေါင်း ၅သိန်းကျော်ကို ရောဂါရှာဖွေပေးခဲ့ရတာကြောင့် ပုံမှန်မဟုတ်တာဆိုရင် ချက်ချင်း သတိပြုမိနေတာ ဖြစ်ပါတယ်။ (သူ့ရဲ့အင်တာဗျူးအပြည့်အစုံကို the epoch times မှာကြည့်လို့ရပါတယ်၊ ဒီမှာတော့ နဲနဲပဲ တင်ပေးပါ့မယ်။) သူတွေ့ရှိထားတာက လူတွေမှာ ရောဂါကာကွယ်တဲ့ ဗိုက်-မင်ဒီက တော်တော်နည်းနေကြကြောင်း၊ ဥမ္မာခင်ဟာလည်း မူရင်းကနေ ဗီဇတော်တော်ကွဲနေတာဖြစ်လို့ ဆေး-ထိုးတာက သူ့အတွက် ဘာမှမထူးကြောင်း၊ ရှေ့လျောက်လည်း ဒီထက်ကွဲသွားမှာဖြစ်လို့ -ထိုးဖို့တွန်းနေကြတာက မဖြစ်သင့်ကြောင်း၊ HIV မှာ ကာ-ဆေးမရှိတာက အဲဒါကြောင့်ဖြစ်ကြောင်း၊ စထိုးကြပြီးနောက်ပိုင်းမှာ ကလေးတွေမှာဖြစ်တဲ့ရောဂါတွေ လူကြီးတွေမှာဖြစ်လာတာအပါအဝင် ရေယုံတွေ၊ ရှားပါးကင်ဆာတွေပါ ဖြစ်နှုန်း အများကြီးခုန်တက်လာတာ တွေ့ရကြောင်း၊ အတိအကျပတ်သက်မသက်ကိုတော့ သေချာသုတေသနလုပ်ကြည့်မှပဲ သိမှာဖြစ်ပေမယ့် ဘယ်တာဝန်ရှိတဲ့အဖွဲ့အစည်းကမှ လုပ်မနေကြောင်း၊ ဒီကပ်ပိုးကာလမှာလည်း သူ့အနေနဲ့ လူပေါင်း ၃သိန်းခွဲလောက်ကို ကိုယ်တိုင်/တဆင့်ကူညီကုသပေးခဲ့ရာမှာ တယောက်မှ အဖိတ်အစင်ဖြစ်ဖို့မဆိုထားနဲ့ ဆေးရုံတောင် သွားဖို့ မလိုကြကြောင်း၊ အဲဒီထဲမှာ ဆီးချိုနဲ့တခြားပြဿနာတွေရှိတဲ့ အဝလွန်သူ သူ့ညီနဲ့ အသက် ၇၈နှစ်ရှိ သူ့မိခင်ပါ ပါဝင်ကြောင်း၊ အခုဖောက်စိတို့တားထားတဲ့ ဆေးတွေကိုပဲ ပေးခဲ့တာဖြစ်ကြောင်း၊ သူ့တွေ့ရှိချက်ရော တခြားစမ်းသပ်ချက်တွေမှာပါ ဒီလယ်ဗယ်ကောင်းတာက ရောဂါပြင်းထန်မှုကို အများကြီးလျော့ချလိုက်နိုင်ကြောင်း၊ ကမ္ဘာ့မြောက်ခြမ်းမှာနေတဲ့ အသားညိုသူတွေ တခုခုဆိုရင် ရောဂါပြင်းပြီး အရင်ဆုံးဖိတ်စင်သွားကြတာက ဒီလယ်ဗယ်နည်းနေလို့ဖြစ်ကြောင်း၊ အသားညိုသူတွေဟာ သဘာဝက နေရောင်ကာသလိုဖြစ်နေတဲ့အတွက် နေထဲမှာ ဖြူသူတွေ ၃ဆလောက်နေမှ လယ်ဗယ်တူလောက်ရမှာဖြစ်ကြောင်း၊ ဒီပန်-မစ်ကြီးကိုတော့ သူကအကြောက်တရားပန်-မစ်လို့ပဲ ခေါ်ချင်ကြောင်း အမေရိကန်သော့လီဒါအစီအစဥ်မှာ ပြောကြားသွားပါတယ်။
အသက် ၉၁နှစ်ရှိပြီဖြစ်တဲ့ လက်ဝဲစွန်းဘီလျံနာ ဆိုရော့စ်က ကြားဖြတ်ရွေးကောက်ပွဲတွေမတိုင်ခင် ဒီမိုကရက်တွေအောင်နိုင်ရေးအတွက် ၁၂၅သန်း လှူတန်းလိုက်ပါတယ်။ ၂၀၂၀တုန်းကတောင် သန်း ၈၀လောက်ပဲ သုံးခဲ့တဲ့ဆိုရော့စ်က အများကြီးတိုးမြှင့်ပြီး လှူတန်းလိုက်တယ်ဆိုတာက ဒီမိုကရက်တွေ ကျယ်ကျယ်ပြန့်ပြန့်ရှုံးနိုင်ခြေရှိနေတဲ့ သတင်းတွေကြောင့်လည်း ဖြစ်မယ်ထင်ပါတယ်။ သူတို့လူတွေ တနှစ်အုပ်ချုပ်တာနဲ့တင် တိုင်းပြည်က ဘီးတပ်ဆင်းနေပြီဆိုတော့ နောက်ထပ်အားနဲနဲပိုစိုက်ပြီး ဝိုင်းတွန်းလိုက်ရင် သူမသေခင် ကမ္ဘာကြီးကို သူလိုသလို ဇယ်တောက်ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာများလားလို့ ထင်မိပါတယ်။
ဖြစ်နိုင်တာတခုက ဟက်ချ်ဖန်းတွေရဲ့သဘောက နိုင်ငံတွေ မငြိမ်မသက်ဖြစ်မှ အချီကြီးထောနိုင်တာဖြစ်လို့ မတည်ငြိမ်ရအောင် ဝင်ခလောက်ဆန်နေတာလည်း ဖြစ်နိုင်သလို ဒီထက်ကြီးတဲ့ရည်မှန်းချက်ဖြစ်တဲ့ ကမ္ဘာ့ရွာကြီးမှာ ငွေရှင်အီလိတွေက အာဏာရှင်တွေကို လက်သပ်မွေးပြီး ကမ္ဘာသူကမ္ဘာသားတွေကို ကြိုက်သလို ချယ်လှယ်လို့ရအောင် ကြံနေတာလည်း ဖြစ်နိုင်ပါတယ်။