ဖေဖေါ်ဝါရီ ၁၈ ရက် ၂၀၂၂

ကနေဒါမှာတော့ အော့တဝါရဲတွေက ပွဲကြမ်းကုန်ပါပြီ။​ မြင်းစီးရဲတွေ​ ရာဘာကျည်ထည့်ထားတယ်လို့ ယူဆရတဲ့ လက်နက်တွေနဲ့ နှိမ်နှင်းကြပြီး ထရပ်ကာတဦးရဲ့ ကားပြူတင်းပေါက်မှန်တွေကို ရိုက်ခွဲပြီး ကားထဲက ဆွဲထုတ်သွားတယ်လို့ ဆိုပါတယ်။ ဖမ်းမယ့်နေရာကို အပြင်လူဝင်လို့မရအောင် ပိတ်ထားလိုက်ပြီး ချက်ပွိုင့်ပေါင်း ၁၀၀ လောက် ချထားတယ်လို့ အော့တဝါရဲချုပ်က ဆိုပါတယ်။ အပိတ်အဆို့ အဖမ်းအဆီးတွေ အရမ်းကြမ်းနေတာရော ဒေသခံတွေအဆင်ပြေဖို့အတွက်ပါ ထရပ်ကားသမားတွေကို ရှောင်ထွက်သွားကြဖို့ စီစဥ်သူက ဆော်ဩထားပါတယ်။

ကနေဒါကို အားကျပြီး ကနေဒီယန်ထရပ်ကာတွေကိုလည်း အားဖြည့်ရင်း၊ ပြည်တွင်းချုပ်ချယ်မှုတွဗကလည်း လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေကြတဲ့ထဲမှာ နယူးဇီလန်က လွတ်လပ်မှု မြတ်နိုးသူတွေနဲ့ အစ္စရေးက ကွန်ဗွိုင်တို့လည်း ပါဝင်ပါတယ်။ နှစ်ခုလုံးစတာ ရက်အတော်ရလာပါပြီ။ အမေရိကန်ကတော့ ရှေ့တပတ်ထဲမှ စမှာပါ။​

နယူးဇီလန်က ဆန္ဒပြသူတွေက ပါလီမန်ကို ထရပ်၊ ဗန်၊ ဆိုင်ကယ် စတဲ့ ယာဥ် ၄၀၀ကျော်အပြင် လူတံတိုင်းနဲ့ပါ လက်ချင်းချိတ် ပိတ်ဆို့ပြီး ဆန္ဒပြနေကြတဲ့အတွက် ရဲတွေထဲက ကိုယ်ထည်ကြီးသူတွေက လူတံတိုင်းထဲက အနည်းငယ်သေးတဲ့သူကို တယောက်တလှည့် အတင်းဝင်ဆွဲဖို့ ကြိုးစားခဲ့ကြပါတယ်။​ ၄-၅တန်းလောက်ထပ်ထားတဲ့ လူအုပ်ကြီးက လုံးဝအလျော့မပေးခဲ့ပါဘူး။ ပါလီမန်ကို ယနေ့လာတဲ့ ဆန္ဒပြသူတွေထဲမှာ ကလေးတွေပါ ပါဝင်လာတပါ။ လူတွေကတော့ စည်းကမ်းအပြည့်ပါပဲ။ လစ်ဗျဲတွေအားပေးတဲ့ ဘီအယ်လ်အမ်တို့လို ဆူပူ၊ လုယက်၊ ဖျက်ဆီးတာတွေ လုံးဝ မရှိတဲ့အပြင် ရဲတွေကို ရန်လုပ်ခြင်း၊ ဆဲဆိုခြင်း အလျဥ်းမရှိပါဘူး။

နယူးဇီလန်အစိုးရက ကပ်ပိုးအကြောင်းပြပြီး နယ်စပ်တွေ ပိတ်ထားတာ ၂နှစ်ရှိပြီဖြစ်တဲ့အတွက် နှစ်တိုင်းလာနေကျ ခရီးသွား ၁၈သန်းကို ဆုံးရှုံးပြီး ပြည်တွင်းလူ ၅သန်းအနက် ၃သန်းလောက်ကလည်း အရင်လို ထွက်လည်လိုက် ပြန်လာလိုက် လုပ်လို့ မရတော့ပါဘူး။ အဲဒီမှာ လုပ်ငန်းငယ်လေးတွေ ဝင်ငွေတွေ အများကြီး နစ်နာကုန်ကြတာပါ။ လူဦးရေရဲ့  ၉၀% ကလည်း ဆေးထိုးပြီးသားဖြစ်ပြီး ပြည်ပအဝင် လုံးဝပိတ်ထားတာတောင်မှ ပိုးကို နိုင်အောင် မကိုင်နိုင်ခဲ့ပါဘူး။ တရုပ်လည်း အလားတူပါပဲ၊ ဘယ်လောက်ပဲကျပ်ကျပ် ပိုးက ကူးမြဲ ပြန့်မြဲပါပဲ။  ဝေဖန်သူတချို့ကတော့ လူ့ခန္ဓာကိုယ်က သဘာဝအလျောက် ပတ်ဝင်းကျင်ကပိုးတွေနဲ့ ထိတွေ့ပေးနေမှ ခုခံအားစနစ်က သွေးပူလေ့ကျင့်ခန်းရပြီး ဘေးကြုံလာရင် အဆင်သင့်ရှိနေမှာကို ဘယ်မှမထွက်၊ ဘယ်သူနဲ့မှမတွေ့ရပဲ ဖန်ပေါင်းချောင်ထဲက လူလို အတင်းနေခိုင်းနေတာက ပိုဆိုးစေတာလို့ ဆိုပါတယ်။

(အဲဒီသတင်းဖတ်ရင်း အရင် သတင်းတပုဒ်နဲ့ မကြာမီက တွေ့လိုက်တဲ့ သတင်းတပုဒ်ကို ဆက်စပ်ကြည့်မိပါတယ်။ ဆေးထိုးပြီးမှာ ကင်ဆာတွေ ရေယုံတွေ တခြားရှားပါးရောဂါဖြစ်တာတွေ ဆောင့်တက်သွားတာရယ် ကင်ဆာဆေးတွေက ဈေးခေါင်ခိုက်နေတာရယ်ပါ။ ကုန်ကျစရိတ်မြင့်လို့ ဆိုတာထက် အရင်တင်ဖူးတဲ့ သတင်းတခုထဲမှာပါသလို အကြောင်းမဲ့ ဆေးဈေးတွေကို အဆ ၁၀- ၂၀လောက် တက်ပစ်လိုက်တာတွေရှိတော့ တခုခုဖြစ်လိုက်ရင် တသက်လုံးရှာထားတာတွေ ဆေးကုမ္ပဏီကြီးတွေအတွက် ဖြစ်သွားတော့မှာပါ။)

အစ္စရေးက ကွန်ဗွိုင်မှာလည်း နိုင်ငံအနှံ့က ယာဥ် ၃၀,,၀၀၀ လောက်ပါဝင်တဲ့ ယာဥ်တန်း ၄၀လောက်က ဂျေရုဆလင်မှာ တွေ့ဆုံခဲ့ကြပါတယ်။ လမ်းတလျောက်မှာလည်း လူထောင်ပေါင်းများစွာ ပါဝင်ပူးပေါင်းခဲ့ကြပါတယ်။ သူတို့ကလည်း အစိုးရက ကပ်ပိုးအကြောင်းပြပြီး အရေးပေါ်အာဏာတွေ ထုတ်သုံး၊ မန်ဒိတ်တွေချမှတ်နေတာကို ဆန့်ကျင်ဆန္ဒပြနေကြတာပါ။

အမေရိကန်မှာလည်း လာမယ့်အပတ်ထဲမှာစပြီး ဆန္ဒပြထရပ်ကား ၁၀၀၀ ကျော်လောက် ကယ်လီဖိုးနီးယားကနေ စထွက်တော့မှာပါ။ လမ်းတလျောက် ပူးပေါင်းကြသူများ၊ တခြားက လာပြီး ဒီစီမှာ ဆုံမယ့်သူများလည်း ရှိဦးမှာပါ။ ဒီမိုကရက်ပြည်နယ်တွေမှာတော့ ရဲက ဖြိုနှက်မယ့်ရန်တင်မက သူတို့မွေးထားတဲ့ စွမ်းအားရှင်လို အန်တီဖာတွေ ဘီအယ်လ်အမ်တွေက ဝင်အကြမ်းဖက်မှာပါ သတိထားကြဖို့ လိုမယ်ထင်ပါတယ်။  

အဲဒါတွေအားလုံးရဲ့ ပင်မအကြောင်းရင်းဖြစ်တဲ့ အခြေခံဥပဒေနဲ့မညီတဲ့ ဆေးမန်ဒိတ်ကို မရုပ်သိမ်းရင် အစိုးရဆေးထိုးဘတ်ဂျက်ကို ကန့်သတ်ပစ်ဖို့ ရီပါဘလစ်ကန်ဆီနိတ်တာတချို့က ကြိုးစားနေပါတယ်။ လက်ရှိဘတ်ဂျက်ခွင့်ပြုထားတာက ဒီနေ့ အဆုံးသတ်သွားတာဖြစ်လို့ နောက်ကာလဘတ်ဂျက်ကို အတည်မပြုပဲ ငြင်းဆန်နေတာဖြစ်ပါတယ်။ ဘော်စတွန်မြို့က မြို့တော်ဝန်ထမ်းတွေကတော့ အဲဒီဆေးမန်ဒိတ်ကို တရားစွဲဆိုပြီး ပြန်တွန်းလှန်ခဲ့တာ အနိုင်ရသွားပါပြီ။

မနေ့ကတင်မှ ဘိုင်ဒန်အစိုးရက အဲဒီဆေးကို တနှစ်တကြိမ် နှစ်စဥ်ထိုးကြဖို့ လုပ်နေတာပါ။ နှစ်တိုင်း ပုံစံတူမျိုးစိတ်တွေပဲ ထပ်ကျော့ကျော့ပြီး ပြန်လာဖို့ လက်ဝါးရိုက်ထားသလိုပါပဲ။ တော်လိုက်တာလို့တောင် ပြောရမလားပါပဲ၊ ဟူစိန်အိုက ပန်deမစ်ဆိုတဲ့စကားလုံးကို ၂၀၁၉မတိုင်ခင်ထဲက သုံးသွားတာ အမှတ်ရမိပါတယ်။။ စား/သောက်/ဆေး ကြီးကြပ်အဖွဲ့ကြီးက မက်ဒီကL ကောင်ta မဲsures အင်niရှီယေးတစ်ရဲ့ ခေါင်းဆောင် ခရစ်စကိုးလ်က ဘဒတို့က လူတွေဒေါပွမှာစိုးလို့ မကြေငြာသေးပေမယ့် ဘာမှအချီကြီးထပ်မကုန်ပဲ ဘစ်ဂ်ဖာမာတွေအတွက် နှစ်စဥ်ငွေဝင်ကြမ်းမယ့်အခွင့်အရေး ဖန်တီးပေးနေတယ်လို့ ဆိုပါတယ်။ သူကတော့ ထုတ်လုပ်ရေးဖက်မှာ တာဝန်ကျတာမဟုတ်ပေမယ့် အတည်ပြုချက်ရအောင် လုပ်တဲ့နေရာမှာ ကြီးကြပ်ရသူဖြစ်ပါတယ်။

ဟေလာရီတို့ရဲ့ ထရမ့်-ရုရှား စွပ်စွဲချက်မှာ လက်ရှိပြစ်ဒဏ်ကျခံနေရပြီး ထပ်မံတရားစွဲခံရတဲ့ ကမ်ပိန်းရှေ့နေ ဆပ်စ်မန်က အမှုမှာ အငြင်းပွားစရာတွေ ရှိနေတဲ့အတွက် အမှုကိုရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့တာကို အဲဒီစွပ်စွဲချက်ကို စစ်ဆေးဖို့ ခန့်ထားတဲ့ စပယ်ရှယ်ကောင်ဆယ်လ် ဂျွန်ဒါဟမ်က ဆပ်စ်မန်ဟာ သူရဲ့ အဆို/စွဲချက်ကို သေချာပြင်ဆင်ပြီး အက်ဖ်ဘီအိုင်ကို သူ့အမှုသည် အနည်းဆုံး ၂ဦး(အင်တာနက်ကုမ္ပဏီခေါင်းဆောင်နဲ့ ကလင်တန်ကမ်ပိန်း) ကိုယ်စား တင်ပို့ပေးခဲ့တယ်၊ အဲဒါက သူကနေ ကလင်တန်ကမ်ပိန်းဆီ အကြိမ်ကြိမ်ပို့ခဲ့တဲ့ ငွေတောင်းခံလွှာတွေမှာ အတိအကျ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ မီဒီညာတွေကတော့ သူတို့ ဝိုင်းညာပေးခဲ့တဲ့ ရှရှားပရုပ်ဘ်က အခုမှ အထောက်အထားတွေနဲ့ ထွက်ပေါ်လာတာကို ရေငုံနေကြတယ်လို့ သိရပါတယ်။

Pennsylvania ပြည်နယ်တရားရုံးက စာတိုက်မဲတွေဟာ ပြည်နယ်ရဲ့ ခြေ/ဥနဲ့ မညီဘူးလို့ ဆုံးဖြတ်လိုက်ပြီးနောက်ပိုင်းမှာ ဒီမိုကရက်တွေဘက်က ပြည်နယ်လူဦးရေရဲ့ သုံးပုံ တစ်ပုံလောက်က စာတိုက်မဲပေးချင်ကြတာလို့ စောဒကတက်ခဲ့ကြတဲ့အတွက် တရားသူကြီး မေရီဟန်နာလီဗစ်က အခြေခံဥပဒေကို ပြင်ရင်တော့ ရပါတယ်၊ ပြင်ချင်ရင်တော့ ဥပေဒေအတိုင်း ပြည်သူကို ချပြပြီး ပြည်သူ့ဆန္ဒမဲနဲ့သာ ပြင်လို့ ရပါမယ်လို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။​

NBC မှာ ကာလရှည်ကြာ အောင်မြင်တဲ့ အားကစားသတင်းထောက်လုပ်ခဲ့တဲ့ မီရှဲလ်တာဖိုယာက NBC ကနေ နှုတ်ထွက်လိုက်ပြီး မင်နီဆိုးတားက ရီပါဘလစ်ကန်ဂါဗာနာအဖြစ် ရွေးကောက်ပွဲဝင်မယ့် Kendall Qualls ရဲ့ ကမ်ပိန်းမှာ ပူးတွဲဥက္ကဌအဖြစ် သွားရောက်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ သူမက NBC ရဲ့ အာဘော်တွေဟာ သူမရဲ့ အလယ်အလတ်လမ်းစဥ်ကို မထင်ဟပ်တော့ဘူးလို့ ခံစားနေခဲ့ရတာ ဖြစ်ပြီး အင်တာဗျူးတွေမှာလည်း လက်ဝဲလမ်းထောက်ခံသူတွေနဲ့ အငြင်းအခုံဖြစ်နေခဲ့ရတာပါ။ သူမက သူ့ကလေးတွေကို တိုင်းပြည်ကို ချစ်တတ်လာအောင် ပျိုးထောင်ပေးချင်ခဲ့ပေမယ့် သူ့ကလေးတွေကျောင်းမှာ အဖင်နတီဂရုလို့ခေါ်တဲ့ အသားအရောင်တူသူများကို စားအတူ သွားအတူလို သပ်သပ်စီ နေရာချထားတဲ့အတွက် သူမသားနဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း လူမည်းကလေးနဲ့ ဝေးသွားရတာကို မြင်ရဝောာ့ သူမအနေနဲ့ တခုခုလုပ်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီး NBC ကနေ နှုတ်ထွက်လိုက်တာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: