ဖေဖေါ်ဝါရီ ၂၀ရက် ၂၀၂၂

ကနေဒါနိုင်ငံအနှံ့မှ ထိပ်တန်း သိပ္ပံပညာရှင်တွေနဲ့ ဆရာဝန်တွေ၊ မူဝါဒချမှတ်သူတွေပါဝင်တဲ့ သိပ္ပံနဲ့ ပေါ်လစီကော်မီတီက နိုင်ငံတဝှမ်းမှာချမှတ်ထားတဲ့ ကပ်ပိုးနဲ့ပတ်သက်တဲ့ Manဒိတ်တွေနဲ့ ထိုးပြီးသက်သေကဒ်တွေအပါအဝင် ကန့်သတ်ချက်တွေအားလုံးကို ချက်ချင်း ပယ်ဖျက်သင့်ပြီလို့ တောင်းဆိုလိုက်ပါတယ်။​ အခုအချိန်ဟာ ပန်-မစ်အချိန်ကို ကျော်လွန်လာပြီး အန်ဒဲမစ်ဖြစ်လာပြီဖြစ်လို့ လက်ရှိအနေအထားနဲ့ ကိုက်ညီတဲ့ အထွေထွေခုခံအားနဲ့ပဲ ဆက်သွားကြဖို့ ၂/၁၈ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းသွားတာပါ။

ကနေဒါမှာ ပန်-မစ်ပြီးသွားကြောင်း တရားဝင် ကြေငြာခဲ့တာက ၂/၁၆ထဲကပါ။ ဒါပေမယ့်လည်း အာဏာရှင်ထရူဒိုအစိုးရကတော့ မန်ဒိတ်တွေရပ်ဖို့ တောင်းဆိုနေတဲ့ ထရပ်ကာတွေကို အကြီးအကျယ်နှိမ်နှင်းနေဆဲပါ။ ထရပ်ကာတွေဘက်က အားဖြည့်တဲ့အနေနဲ့ အော့တဝါမှာ ပြည်သူထောင်ချီပြီး လမ်းတွေပေါ် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်မှာလည်း ကွန်ဗွိုင်မစခင် မန်ဒိတ်တွေ ဖယ်ပေးလိုက်ရင် ပေါ့ပေါ့ပါးပါး ပြီးသွားနိုင်ပါတယ်။  အပြာရင့်မြို့တွေဖြစ်တဲ့ ဘော်စတွန်နဲ့ ဒီစီတို့တောင် လုပ်ငန်းတွေအပေါ်ထားတဲ့ မန်ဒိတ်တွေ ရုပ်လိုက်ပါပြီ။ ဒါပေမယ့်လည်း ဘစ်ဖာမာက ငြိုငြင်မှာ စိုးလို့လား၊ အမြတ်လျော့သွားရင် ဝေစုနဲသွားမှာစိုးလို့လား၊ မတည်ငြိမ်မှ အရေးပေါ်အခြေအနေနဲ့ အစိုးရအာဏာ ကြီးအောင် လုပ်ချင်တာလားစတဲ့ အကြောင်းတခုခုရှိနေရင်တော့ တမျိုးဖြစ်မှာပေါ့။ အခုလည်း ဘိုင်ဒန်က ဒီပိုးကြောင့် လုပ်ထားတဲ့ အရေးပေါ်အခြေအနေကို သက်တမ်းထပ်တိုးတယ်လို့ ကြေငြာပါတယ်။ တကမ္ဘာလုံးမှာ ဒီတြုပ်ပိုးနဲ့ပတ်သက်ပြီး ပုံမှန်အခြေအနေကို ပြန်သွားနေကြတဲ့အချိန်မှာ ဒီလိုလုပ်တာကတော့ လွန်လွန်းသလို ရှေ့က သံသယတွေကို အတည်ပြုလိုက်သလိုပါပဲ။

စား/သောက်/ဆေးကြီးကြပ်အဖွဲ့နဲ့ အမျိုးသားကျန်းမာရေးတက္ကသိုလ်များအဖွဲ့ ၂ဖွဲ့က ဆေးထိုးပြီးသူတွေမှာ ဖြစ်တတ်ကြတဲ့ အာရုံကြောပြဿနာတွေကို သီးခြားစီ တိတ်တိတ်လေး လေ့လာနေကြတယ်လို့ အီပေါ့ခ်တိုင်းမ်စ်က တွေ့ရှိထားပါတယ်။​ အဲဒီပြဿနာတွေထဲမှာ မျက်နှာရွဲ့/ မျက်နှာလေဖြတ်နဲ့ ဘရိန်းဖော့ဂ်ဆိုတဲ့ မှတ်ဉာဏ်၊ အသိအမြင်အာရုံချွတ်ယွင်းမှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ သတင်းကိုတော့ အက်-အေမှာ ၁၇ရက်နေ့အထိ ယာယီကော်မင်ရှင်နာ လုပ်ခဲ့တဲ့ ဒေါက်တာ ဂျက်နက်ဝုဒ်ကော့ခ်က အတည်ပြုပါတယ်။ ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုကုရမယ်ဆိုတာတွေ တိတိကျကျ သိရတဲ့တနေ့ ထုတ်ပြန်ကြေငြာမယ်လို့ ဆိုပါတယ်။

မနေ့က ကျင်းပတဲ့ ဒီပိုးနဲ့ပတ်သက်တဲ့ဆမ်မစ်မှာ ဆေးထိုးပြီးမှ နှလုံးဖောက်ပြန်သူ လူရွယ်တဦးနဲ့ အောက်ပိုင်းသေသွားပြီး ကာလရှည်ဆေးကုရာမှာ အကုန်အကျ များခဲ့လို့ ရှိသမျှလယ်တွေ နွားတွေအကုန်ရောင်းပြီးမွဲသွားတဲ့ အသက်ကြီးသူတဦးတို့က အတွေ့အကြုံတွေ ပြောပြခဲ့ကြပါတယ်။ ဆေးထိုးဖို့ တွန်းမယ့်သာတွန်းနေတာ ခုထိက အရေးပေါ်အခြေအနေအတွက်ပဲ​ ခွင့်ပြုထားတာဖြစ်လို့ တခုခုဖြစ်သွားရင် တရားစွဲဖို့ မလွယ်သလို လျော်ကြေးလဲ ရမှာမဟုတ်ပါဘူး။ တခြားဆေးတွေမှာတောင် အလွန်ဆုံးလျော်ကြေးရသူက ၂သိန်းခွဲပါ။ အဲဒီလိုရဖို့ သူတို့ဖြစ်တာက မပြောပလောက်ဖူးလို့ ဆိုပါတယ်။ ညတွင်းချင်းအောက်ပိုင်းသေသွားတဲ့လူဆိုရင် ဘေလ်က သန်းဂဏန်းကျခဲ့တာပါ။ သူသာအမေရိကန် မရှိမရှားမဟုတ်ပဲ အာဖဂန်ကလာတာဆိုရင် အခမဲ့ကုသခွင့်ရမယ့်အပြင် ပေါင်းချောင်ထဲပါထည့်ပြီး ဖူးဖူးအမှုတ်ခံထားရမယ်ထင်ပါတယ်။​ ​

ဘေလ်ဂိတ်စ်ကလည်း ဥမ္မာခင်က သဘာဝကာကွယ်ဆေးပါ၊ ဒီကပ်ပိုးရဲ့ ရောဂါပြင်းထန်မှုကလည်း အများကြီး လျော့ကျသွားပါပြီ၊ ဒါပေမဲ့ နောက်ထပ် ပန်-မစ်တခု လာဦးမှာလို့ ဟောကိန်း ထုတ်လိုက်ပါတယ်။ ၂၀၁၅တုန်းကလည်း သူရော ဟူစိန်ရောက ငါတို့က ပန်-မစ်အတွက် အဆင်သင့်မဖြစ်နေသေးဘူးလို့ ဆိုခဲ့ကြပါတယ်။ ပြည်သူဖက်မှာ ဘယ်တော့မှမရပ်တဲ့ လက်ရှိ ဒီမိုကရက်ခေါင်းဆောင်တွေနဲ့ အမြဲအသံတူနေတဲ့ အီလိတွေ အဲဒီလို လေသံပစ်လာတာကတော့ တကယ်ကို ကျောချမ်းစရာပါပဲ။

မနှစ်က တလပိုင်း၆ရက်နေ့ကိစ္စကို စစ်ဆေးမယ်ဆိုရင် ရုံးရင်းဆန်ခတ်ဖြစ်နေကြတဲ့အချိန်မှာ ပန့်စ်နဲ့ ကာမလာတို့ ဘယ်ရောက်နေကြသလဲဆိုတာက အခုတရားစွဲခံထားရသူတွေ ပြန်လည်ချေပရာမှာ အဓိကအချက်အနေနဲ့ ပါလာလိမ့်မယ်လို့ ဆိုပါတယ်။​ တရားစွဲခံ/ထောင်ချခံထားရသူတွေကိုတင်ခဲ့တဲ့ စွဲချက်တွေမှာ သူတို့က ပန့်စ်ရော ကာမလာရောရှိနေတဲ့ လွှတ်တော်အဆောက်အဦထဲကို အခွင့်မရှိပဲ ဝင်ရောက်မှုနဲ့လို့ ပါနေတာပါ။ ပြီးခဲ့လတွေကမှ စစ်ဆေးရင်း ပေါ်လာတဲ့အတွက် အခုမှ အစိုးရက ကာမလာဟာ မွန်းမလွဲခင် ကတဲက ကာပီတိုကနေ ထွက်သွားတယ်လို့ ဝန်ခံလိုက်တာပါ။ ဒါကြောင့် ကာပီတိုမကျိုးပေါက်ခင် ကတဲက ထွက်သွားတာ ဖြစ်နေပါတယ်။ မဲရေတာနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်နေစဥ်မှာ လူမြင်ကွင်းက ပျောက်နေခဲ့တဲ့ ပန့်စ်က ၆ ရက်နေ့တုန်းကလည်း သူဘယ်ရောက်နေတယ်ဆိုတာ မသိလိုက်ကြပါဘူး။

ဒီမိုကရက်တွေ အစဥ်အလာအုပ်စိုးလာတဲ့ ဘာလ်တီမိုးမြို့မှာ ၇၇% သော အထက်တန်းကျောင်းသား တွေရဲ့ စာဖတ်နိုင်မှုအဆင့်က မူလတန်းအဆင့်၊ အဲဒီထဲက အများစုက သူငယ်တန်းအဆင့်ပဲ ရှိနေတယ်လို့ အဲဒီမြို့က ဖောက်စ်၄၅နယူးစ်က ဆိုပါတယ်။ အဲဒီဒေတာကိုတော့ အမည်မဖော်လိုတဲ့ ဆရာတဦးက ကျောင်းခရိုင်တာဝန်ရှိသူတွေ မလုပ်ချင်ကြတဲ့ i-ready test ကို တိတ်တိတ်လေးလုပ်ပြီး ရလာဒ်တွေကို သတင်းဌာနကို ပို့လိုက်တာဖြစ်ပါတယ်။ ပြည်သူ့အကျိုး ရှေ့ရှုတဲ့ တာဝန်ရှိသူတွေ ဆိုရင်တော့ အမြန်ဆုံးစစ်ဆေးပြီး ဟုတ်နေခဲ့ရင် အခြေခံကျကျ ပြောင်းလဲမှုတွေလုပ်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

ကျောင်းသားပေါင်း ၆၂၈ဦးကို စစ်ဆေးခဲ့တာမှာ ၄၈၄ဦးက မူလတန်း၊ ၇၁က သူငယ်တန်း၊ ၈၈ က ပထမတန်းအဆင့်သာ ဖတ်နိုင်ပြီး ၁၂ဦးကသာ အထက်တန်းအဆင့် ဖတ်နိုင်တယ်လို့ ဆိုပါတယ်။ ၄၀%ကတော့ အင်္ဂလိပ်စကားက မိခင်ဘာသာမဟုတ်ကြဘူးလို့ ဆိုပါတယ်။ (အမေရိကန်မှာ ကလေးတွေကျောင်းထားရင် အသက်နဲ့ညီတဲ့ အတန်းထားပေးတာများပါတယ်၊ အင်္ဂလိပ်လို မတတ်ရင် ပုံမှန်အတန်းတွေအပြင် အင်္ဂလိပ်လို မတတ်သူတွေအတွက် အပိုသင်ပေးတဲ့အတန်းတက်ရတော့ နှစ်အနည်းငယ်အတွင်း လိုက်နိုင်သွားကြတာများပါတယ်။)

Pennsylvania က အလယ်တန်းကျောင်းတခုမှာ စီအန်န်အန်န်ကို မကြည့်မနေရ သတ်မှတ်ထားပြီး အစီအစဥ်လာတိုင်းမှာ အယုံကြည်ရဆုံးအမှတ်တံဆိပ်ဆိုပြီး နေ့တိုင်းကြေငြာနေတဲ့အတွက် မိဘတွေက စောဒကတက်ခဲ့ပါတယ်။ အခုတော့ ကျောင်းခရိုင်အုပ်ချုပ်ရေးအဖွဲ့က အဲဒီအစီအစဥ်ကို ကျောင်းခန်းတွေမှာ မပြဖို့ မဲခွဲ ပယ်ရှားလိုက်ရပါတယ်။

သက်ငယ်လိင်အမြတ်ထုတ်/ကုန်ကူးသူ ဂျက်ဖရေအက်ပ်စတိန်းအတွက် လူစုဆောင်းပေးသူ ပြင်သစ်မော်ဒယ်လင်းအေဂျင်စီတခုရဲ့ ပိုင်ရှင်က ပြင်သစ်ထောင်ထဲမှာ မနေ့က သတ်သေသွားတယ်လို့ ဆိုပါတယ်။ သူက တခြားတဦးနဲ့ တခန်းထဲ ကျနေတာဖြစ်ပြီး အခင်းဖြစ်တဲ့ သန်းခေါင်ကျော် ၁နာရီအချိန်မှာ ကင်မရာတွေက အလုပ်မလုပ်နေလို့ ဘယ်လိုဖြစ်တာ မသိရဘူးလို့ ဆိုပါတယ်။ တိုက်ဆိုင်တာတော့ မဖြစ်နိုင်လောက်ဘူးထင်ပါတယ်၊ အထူးသဖြင့် သူနဲ့အလားတူအမှုတွဲက သတ်သေသွားတယ်ဆိုတဲ့ သာဓက ရှိနေတာကြောင့်ပါ။ နောက်အမှုတွဲတဦးဖြစ်တဲ့ ဂျရှ်လင်မက်ဆွဲလ်အတွက်လည်း မိသားစုက စိတ်ပူပန်နေကြပါတယ်။၊ ဆိုရှယ်မီဒီယာတွေမှာတော့ အဲဒီညက ဟေလာရီ(ကေလ်လာရီ) ဘယ်မလဲလို့ မေးနေကြတာပါပဲ။

ကန်တပ်ကီမှာ ဒီမိုကရက်ပါတီက မြို့ဝန်နေရာဝင်ပြိုင်မယ့် ဂျူးဖြစ်သူ Craig Greenberg နဲ့ သူ့ဝန်ထမ်းတွေကို သေနတ်နဲ့ပစ်ခဲ့တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Quintez Brown ကို လူသတ်ဖို့ကြိုးစားမှုနဲ့ အန္တရာယ်ဖြစ်စေမှုတွေနဲ့ တနင်္လာနေ့က ဖမ်းထားတာကို ဘီအယ်လ်အမ်နဲ့ ပတ်သက်နေသူတွေထောင်ထားတဲ့ Louisville Community Bail Fund က အာမခံတသိန်းပေးပြီး ဗုဒ္ဓဟူးနေ့မှာ ထုတ်လိုက်ပါတယ်။ သာမာန်လူကိုမပြောနဲ့ မြို့ဝန်ပြိုင်မယ့်သူကို လုပ်ကြံတာတောင် ၂ရက်နဲ့ ပြန်လွတ်လာတဲ့အတွက် ရီပါဘလစ်ကန်အမတ်တွေက အဲဒီဘေလ်ကို ပြင်ဆင်ဖို့ ကြိုးစားနေကြပါတယ်။

အမေရိကန်မှာ စက်ဘီးစီးရင် ဟဲလ်မက်ဆောင်းရတာ ၁၉၉၃ကစခဲ့တာပါ။ မခုတော့ ဆီယက်တဲလ်မှာ အဲဒီဥပဒေကို ရုပ်သိမ်းလိုက်ပါတယ်။​ ဘာကြောင့်လဲဆိုတော့ ဟဲလ်မက်မဆောင်းလို့ တစ်ကက်ရကြတာက လူမည်းတွေ ဆင်းရဲသားတွေဖြစ်နေလို့ လူမျိုးရေးညီမျှမှုအတွက် မဆောင်းရတော့တာပါတဲ့။ ရှင်းတယ်နော်၊ မရှင်းရင် နှစ်ခါပြန်ဖတ်။ ဆေဖ်တီက အရေးမကြီးဘူး။ သူတို့တွေ တစ်ကက်မရဖို့လိုတာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: