ဖေဖေါ်ဝါရီ ၂၆ ရက် ၂၀၂၂

ရုရှားရဲ့ ကျူးကျော်စစ်နဲ့ပတ်သက်ပြီး ရုရှားနဲ့ ရုရှားအောက်ဆွဲတွေ ကမ္ဘာမှာ ပုံဖော်ထားတာက ယူကရိန်းက သူတို့ပိုင်နက်ဖြစ်ခဲ့တဲ့အတွက် သူတို့ပြန်ယူတာ မမှားဘူး၊ ယူကရိန်းတွေကိုယ်၌က ရုရှားကို လိုလားတာ၊ ရုရှားတွေအများစုကလည်း ဆိုဗီယက်ခေတ်ကလို မဟာအင်အားကြီးနိုင်ငံလို အခြေအနေမျိုးကို ပြန်လည်တမ်းတနေကြတယ်၊ စသဖြင့်ပေါ့။ ရုရှားသိမ်းထားတဲ့ ခရိုင်းမီးယားဒေသမှာလည်း ရုရှားအလံတွေလွှင့်၊ ရုရှားကောင်းကြောင်းပေါ်လစီသီချင်းတွေဆိုကြ၊ ကြည့်မကောင်းတဲ့သူတွေက ကကြနဲ့ မသိရင်တကယ်လိုလို ဘာလိုလို။ တကယ်တမ်း အဲဒီလိုလူတွေလည်း ရှိတော့ ရှိနိုင်တာပါပဲ။ အများစုဟုတ်/မဟုတ်တော့ သံသယဖြစ်စရာတွေ ရှိပါတယ်။

ဟိုတုန်းကလူတွေ ဂျန်လိတွေအတွက်တော့ ဖြစ်နိုင်မှာပါ။ ခုခေတ်လူတွေကတော့ အဲဒီလို မြင်ချင်မှ မြင်တော့မှာပါ။ စစ်အေးကာလကိုလည်း ဘယ်သူမှ ပြန်သွားချင်မယ် မထင်ပါဘူး။ ဆယ်လီတွေရော ပြည်သူတွေပါ စစ်ဆန့်ကျင်ရေးဆန္ဒပြကုန်လို့ အဖမ်းခံရတာတွေ အများကြီးပါ။ ခရိုင်းမီးယားမှာနေပြီး တောရိုင်းတိရိစ္ဆာန်ရုံဖွင့်ထားတဲ့လူက ငါက ရုရှားပါ၊ ငါရုရှားကိုချစ်ပါတယ်။ ဒါပေမယ့် ခရိုင်းမီးယားက အခုဆို police state, military state ဖြစ်နေပြီလို့ ဆိုပါတယ်။ အာဏာနဲ့ ဖိထားသူတွေရဲ့ ထုံးစံအတိုင်း ကိုယ့်ကို ပြည်သူမလိုလားတာသိလေ၊ နောက်ကျောမလုံလေ၊ အဝေဖန် မခံနိုင်လေ၊ တင်းတင်းကျပ်ကျပ် အုပ်ချုပ်လေပါပဲ။ သူ့တိရိစ္ဆာန်ရုံကို အရင်က ယူကရိန်းတွေ ယူကရိန်းကို လာလည်တဲ့ မိတ်ဆွေတွေ အမြဲလာလည်တတ်ကြလို့ စည်ကားခဲ့ပေမယ့် ရုရှားလက်အောက်မှာ ဘာမှ စီးပွားမဖြစ်လို့ ယူကရိန်းလက်အောက်ပဲ ပြန်သွားချင်နေတယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ ဝါဒဖြန့်စစ်ဆင်ရေးထဲမှာ ယူကရိန်းသမ္မတ ထွက်ပြေးပြီလို့လည်း ပါပါတယ်။ မင်းသားကနေ သမ္မတဖြစ်လာသူမို့ နိုင်ငံရေး/စစ်ရေး အတွေ့အကြုံ နဲကောင်း နဲနိုင်ပေမယ့် သတ္တိနဲ့ နိုင်ငံချစ်စိတ်ကတော့ ခေသူမဟုတ်မှန်း ပြတဲ့အနေနဲ့ ဇယ်လန်းစကီးက ငါမပြေးဘူးဆိုတဲ့အကြောင်း သမ္မတရုံး အရာရှိတွေနဲ့အတူ ရိုက်ထားတဲ့ပုံ ပြန်တင်လိုက်ပါတယ်။​ အာဏာရှင်တွေထုံးစံအတိုင်း သူတို့မှိုင်း သူတို့ပြန်မိနေတယ်လို့များ ပြောရမလားမသိ၊​ ဒီလောက်ပြင်ဆင်ထားခဲ့တာတောင် ခုထက်ထိ မြို့တော်ကို မသိမ်းနိုင်သေးပဲ သူတို့ဖက်မှာလည်း အထိခိုက် အကျအဆုံးတွေ ရှိနေတာပါ။ ယူကရိန်းတွေက လေထီးစစ်သား ၁၅၀လောက်ဆန့်တဲ့ ရုရှားစစ်လေယာဥ်တစ်စီးကို ပစ်ချခဲ့တယ်လို့ ဆိုပြီး ဘယ်လောက်သေတယ်ဆိုတာကိုတော့ အတိအကျ မသိသေးဘူးလို့ ဆိုပါတယ်။ နောက်လေယာဥ်တစ်စင်းနဲ့ တခြား တိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားတဲ့ ရုရှားစစ်သည်တွေရဲ့ အလောင်းတွေကိုတောင် လာကောက်ဖို့ ယူကရိန်းက ပြောနေတယ်လို့လည်း သိရပါတယ်။ အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေကတော့ ဒီလကုန်လောက် ကီးယက်ဖ်ကျနိုင်တယ်လို့ မှန်းနေကြပါတယ်။

ရုရှားတွေက ယူကရိန်းထဲကို ပစ်ခတ်တဲ့လက်နက်ကြီးကျည်ဆံတွေက ချာနိုဘိုင်းလ်နျူဓါတ်ပေါင်းဖို ဟောင်းက နျူစွန့်ပစ်ပစ္စည်းတွေ မြှုပ်ထားတဲ့နေရာကိုပါ သွားထိမှန်ခဲ့တဲ့အတွက် ရေဒီယိုသတ္တိကြွမှုတွေ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ အရင်တုန်းက ရုရှားနယ်မြေထဲမှာ ဖြစ်ခဲ့တာကြောင့် ဒီနေရာမှာ ဓါတ်ပေါင်းဖိုရှိနေတယ်ဆိုတာ မသိစရာ မရှိတဲ့အတွက် တမင်လုပ်တာလည်း ဖြစ်နိုင်တာပါပဲ။ တမင်လုပ်တာဆိုရင်တော့ ယုတ်မာပက်စက်လွန်းတယ်လို့ပဲ ပြောရမှာပါ။ ဒီလောက်အေးတဲ့အချိန်/နေရာမှာ ဂက်စ်လိုင်းတွေ၊ ရေနံလှောင်ကန်တွေကိုလည်း ဖောက်ပစ်တယ်၊ သုံးတဲ့လက်နက်တွေမှာလည်း လူအစုလိုက်အပြုံလိုက် သေစေတာတွေ ပါတယ်လို့ ဆိုကြပါတယ်။ အာဏာရှင်နဲ့ လူ့ကျင့်ဝတ် တဖက်တည်း ဘယ်တော့မှ မနေဘူးဆိုတာ သက်သေပြနေတာပါပဲ။  

အင်တာနက်လိုင်းတွေကိုလည်း ယူကရိန်းဒု-ဝန်ကြီးချုပ်က အီလွန်ဆီကို မင်းက မားစ်ကို ကိုလိုနီလုပ်ဖို့ကြိုးစားနေချိန်မှာ ရုရှားက ငါတို့ကို သိမ်းဖို့လုပ်နေပြီ၊ မင်းရဲ့ဒုံးပျံတွေက အာကာသကနေ မြေပြင်ပေါ်ကို အောင်အောင်မြင်မြင် ပြန်ဆင်းလာချိန်မှာ ရုရှားဒုံးကျည်တွေက ငါတို့အရပ်သားတွေကို တိုက်ခိုက်နေတယ်၊ ငါတို့ကို စတားလင့်ခ်ပေးပါ၊ ငါတို့ရုရှားကို ပြန်တိုက်ဖို့လိုတယ်လို့ တွိဒ်လုပ်ခဲ့ပါတယ်။ အီလွန်က အဲဒီမက်ဆေ့ရပြီး ၁၀နာရီအကြာမှာ စတားလင့်ခ်ကို ယူကရိန်းအတွက် အသင့်လုပ်ပေးပြီးဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။ မြန်မာပြည်ကလူတွေလည်း အဲဒီလို တောင်းသင့်ပါတယ်။

ပူတင်လဲ ယူကရိန်းကို ထင်သလောက် လွယ်လွယ်နဲ့မရပဲ မကြုံစဖူး ခုခံကြတာ ကြုံနေရတော့ ဒေါပွနေပြီလို့လည်း ဆိုကြပါတယ်။ ယူကရိန်းတွေက မြန်မာတွေဆီက နမူနာများ ယူထားကြသလားတောင် ထင်ရပါတယ်။ မတရားတာကို ငုံ့မခံတာကတော့ ဘယ်မှာပဲဖြစ်ဖြစ် ချီးကျူးရမှာပါပဲ။ ရုရှားတွေက ကီးယက်ဗ်ကို ညထိုးစစ်ဆင်နေကြလို့ ဇယ်လန်းစကီးက ပြည်သူတွေကို ညတိုက်ပွဲတွေအတွက် ပြင်ထားဖို့ ကြိုသတိပေးလိုက်ပါတယ်။

ရုရှားပြည်သူတွေ စစ်ကို ဆန့်ကျင်ကြတဲ့ အကြောင်းရင်းတွေထဲမှာ လူသားချင်း စာနာတာတွေကြောင့် ဖြစ်နိုင်သလို ရူဘယ်ငွေတန်ဖို့းနဲ့ ရုရှားစတော့တွေ ပြုတ်ကျတာလည်း ပါမှာပါ။ စစ်ဆန့်ကျင်သူများလာလို့ ပူတင်ပြုတ်ကျတဲ့အထိဖြစ်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ (လွယ်လို့ပြောတာမဟုတ်ပါဘူး။) အာဏာရှင်တွေက စစ်အင်အားနဲ့ အသက်ဆက်တာဆိုတော့ စစ်တခုခုဖြစ်နေ/ ပြင်နေမှ သူတို့ရဲ့ အရေးပါမှုနဲ့ အတ္တမာနက အသက်ဆက်နေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပြည်တွင်းမှာ ငတ်ပဲနေနေ၊ ကြွေးပဲတင်တင်၊ စစ်တိုက်ဖို့က သူတို့အတွက် အမြဲတမ်း အရေးပါနေတာပါ။

ဂျာမဏီက စစ်ခမောက် ၅၀၀၀ ယူကရိန်းကို ကူတာကိုတောင် ငွေတောင်းနေခဲ့တာကနေ အခုတော့ တင့်ကားပစ်လက်နက် ၁၀၀၀ နဲ့ မြေပြင်ကနေ လေယာဥ်ပစ် ဒုံးကျည် ၅၀၀ ကို ယူကရိန်းကို ပေးပို့တော့မယ်လို့ ဒီကနေ့ ကြေငြာပါတယ်။ အဲဒါက သူတို့ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ စစ်ဖြစ်တဲ့နေရာတွေကို လက်နက်တင်ပို့တာကို တားမြစ်ထားတဲ့ ပေါ်လစီကနေ လုံးဝ ပြောင်းသွားတာဖြစ်ပါတယ်။ ရုရှားတွေရဲ့ တိုက်ခိုက်မှုက အချိုးအကွေ့တခုကို ရောက်လာပြီဖြစ်လို့ သူတို့လည်း အခုလို မူပြောင်းရတာပါလို့ ဆိုပါတယ်။ ဂျာမဏီက နေတိုးအဖွဲ့ဝင်တွေဖြစ်တဲ့ နယ်သာလန်က RPG ၄၀၀ နဲ့ အက်စ်တိုးနီးယားက ဟောင်ဝစ်ဇာတွေကို ယူကရိန်းထံ လွှဲပြောင်းပေးဖို့ ခွင့်ပြုလိုက်ပါတယ်။ ဘိုင်ဒန်ကလည်း ပန်တဂွန်ဂိုထောင်ထဲက လက်နက်ငယ်တွေ၊ ကျည်ကာဝတ်စုံတွေနဲ့ ကျည်မျိုးစုံ ဒေါ်လာ သန်း၃၅၀ဖိုးလောက် ထပ်ပို့ဦးမယ်လို့ ဆိုပါတယ်။ မြို့တော်ကျတာ စောင့်မနေပဲ လိုအပ်တာ အမြန်ဆုံးထောက်ပံ့ပေးဖို့ ဆုတောင်းပါတယ်။ နေတိုးကို ဘယ်သူဦးဆောင်နေသလဲဆိုတာလည်း ဒီစစ်ပွဲအပေါ် တုန့်ပြန်မှုကို ကြည့်ရင်း လေ့လာသင့်ပါတယ်။

ရုရှား၊ ယူကရိန်းနဲ့ တရုပ်တို့ဆီက သံသယဖြစ်ဖွယ်ငွေကြေးပမာဏအများကြီးကို မယ်မယ်ရရအကြောင်းပြချက်မရှိပဲ ဖခင်ရဲ့ ရာထူးအရှိန်သုံးပြီး ရယူထားတဲ့ ဟန်းတားဘိုင်ဒန်ရဲ့ ၂၀၁၀, ၂၀၁၁နဲ့ ၂၀၁၃ခုနှစ်တွေအတွက် ခရီးသွားမှတ်တမ်းတွေကို စီးကရက်ဆားဗစ်စ်က ရှာမတွေ့တော့ဘူးလို့ ဆိုပါတယ်။ သူတို့ကိုယ်တိုင် ဖျောက်ဖျက်ပစ်လိုက်တာပဲလား၊ ဒီလောက်မသင်္ကာစရာဖြစ်နေတဲ့လူကို နှစ်ချီအချိန်ရတာတောင် မရှာနိုင်လောက်အောင် ရှာဖို့ မစဥ်းစားနိုင်လောက်အောင် ညံ့ဖျင်းနေတာလား တခုခုတော့ တခုခုပါပဲ။ ဟန်းတားကို ရှေ့နေက စစစ်နေချိန်မှာ အခုလို ခရီးသွားမှတ်တမ်းပျောက်တဲ့ ကိစ္စ ထွက်ပေါ်လာတာဖြစ်ပါတယ်။ တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့ကတော့ အဲဒီလိုမှတ်တမ်းပျောက်တာကြောင့်ကို တရားစွဲဦးမယ်လို့ ဆိုပါတယ်။

အီရီဇိုးနားတက္ကသိုလ်က အီဗော်လူးရှင်းနရီ ဇီဝပညာရှင် မိုက်ကယ်ဝိုရိုဘေးက စီစီပီပိုးဘယ်ကစတယ်ဆိုတဲ့ သုတေသန စာတမ်းနှစ်စောင် ထုတ်ပြန်လိုက်တာမှာ နှစ်စောင်လုံးက ဝူဟန်ဒေသ ဟွာနန်ဈေးက အကောင်တွေဆီကလာတာလို့ ကောက်ချက်ချကြပါတယ်။ အဲဒီသီအိုရီက အရင်ထဲက တရုပ်မှိုင်းအနေနဲ့ ထွက်ခဲ့ပြီးသားပါ။ တကယ်လို့ လင်းနို့လို အကောင်က လာတယ်ဆိုရင် အဲဒီအကောင်တွေကြားမှာ ဘာလို့မတွေ့ပဲ လူတွေမှာတွေ့နေရတာလည်းဆိုတာ မေးစရာရှိပါတယ်။ တကယ်တမ်း အကောင်ပလောင်တွေက လာတာဆိုရင် အချင်းချင်းကူးရင်း မျိုးဗီဇ ပြောင်းပြောင်းသွားပြီး တော်တော်ကြာမှ မျိုးမတူတဲ့သတ္တဝါတွေဆီ ကူးတာဖြစ်ပါတယ်။ လူတင်ကူးတာလည်း မဟုတ်ပါဘူး။ ဆက်စပ်စဥ်းစားသင့်တာက ပညာရေးနယ်ပယ်မှာ တရုပ်က ပေးကမ်းထားတာတွေ တရုပ်အကြိူက်လုပ်နေတာတွေ အများကြီးပါ။ အနည်းဆုံးတော့ ပညာရေးလောကက သုတေသနစာတမ်းတွေ အများစုက လက်ဝဲယိမ်းကြတယ်ဆိုတာ နဲနဲပါးပါးဖတ်ကြည့်ရင်တောင် သိနိုင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: