ယူကရိန်းကနေ အရပ်သားတွေ မြို့တွေကို စွန့်ခွာပြီး စစ်ရှောင်နိုင်ဖို့ တချို့နေရာတွေမှာ အပစ်ရပ်ဖို့ ရုရှားဖက်က သဘောတူထားတာကို ဖောက်ဖျက်ခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲထားစဥ်မှာပဲ ဒီနေ့မနက်စောစောမှာတော့ ရုရှားတပ်တွေ ဦးတည်ချီတက်လာနေတဲ့ မြို့တော် ကိဗ်ကနေ လေကြောင်းရန်သတိပေးဥဩသံတွေကြားက လူအများကြီး ထွက်ခွာလာနေကြပါတယ်။ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာ တောင်ဖက်က မာရီပိုလ်နဲ့ ဗော်လ်နိုဗာခါမြို့တွေမှာဖြစ်ပြီး ရုရှားဖက်ကတော့ ယူကရိန်းက ပြည်သူတွေကို လူသားတံတိုင်းအဖြစ် အသုံးပြုနေတယ်လို့ တန်ပြန်စွပ်စွဲထားပါတယ်။ အဲဒါက အာဏာရှင်နိုင်ငံအမြင်နဲ့ ဒီမိုကရေစီနိုင်ငံအမြင် ကွဲပြားတာကို ပြနေတာပါပဲ။ အာဏာရှင်စနစ်မှာ အားလုံးက သေနတ်ပြောင်းကြောက်လို့ လုပ်ကြရပြီး ဒီမိုကရေစီစနစ်မှာတော့ ပြည်သူက သူတို့ချစ်တဲ့တိုင်းပြည်ကို ကာကွယ်ဖို့ ကိုယ့်အသက်ကိုယ်ကို လိုလိုလားလား စတေးကြတာပါ။
ဒီကနေ့မှာ ဘိုင်ဒန်နဲ့ ဇယ်လန်းစကီးတို့ နာရီဝက်ခန့်ကြာ အမေရိကန်နဲ့ မဟာမိတ်တွေ ပုဂ္ဂလိကကဏ္ဍတွေဖက်က ရရှားဖက်က ကုန်ကျစရိတ် တက်သထက်တက်အောင် ဘာဆက်လုပ်မယ်ဆိုတဲ့အကြောင်း ဖုံးပြောခဲ့ကြပါတယ်။ ဇယ်လန်းစကီးက ဗီဇာနဲ့ မာစတာကဒ်တို့ ရုရှားမှာ ဝန်ဆောင်မှုမပေးတော့ဘူးဆိုတာကို ကြိုဆိုလိုက်ပြီး ဘိုင်ဒန်ကလည်း သူ့အစိုးရဟာ ယူကရိန်းကို လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားရေးနဲ့ စီးပွားရေး အကူအညီများ ပိုပေးနိုင်ဖို့ ကွန်ဂရက်စ်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ သူတို့က ရုရှားတပ်တွေရဲ့ ယူကရိန်းက အကြီးဆုံးနျူဓါတ်အားပေးစက်ရုံကို ကြောက်မတ်ဖွယ်တိုက်ခိုက်ခဲ့တဲ့အကြောင်းလည်း ပြောသွားကြပါတယ်။ ဘိုင်ဒန်က အဲဒီဓါတ်အားပေးစက်ဝန်ထမ်းတွေကို တိုက်ခိုက်ခံနေရတဲ့ကြာက ဘေးကင်းအောင် ထိမ်းသိမ်းပေးနိုင်ခဲ့တဲ့အတွက် ချီးကျူးလိုက်ပါတယ်။
ကနေ့မှာပဲ ဇယ်လန်းစကီးက အမေရိကန်ဆီနိတ်တာတွေနဲ့ ဇူမ်းကနေ ၁နာရီကြာ စကားပြောခဲ့ပြီး မပျံသန်းရဇုံသတ်မှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။ သူပြောတဲ့ထဲမှာ ရုရှားက စစ်ပြင်နေမှန်း သိရက်နဲ့ မင်းတို့အစိုးရက ဆန်ရှင်တွေကို လနဲ့ချီကြိုတင်ချထားလိုက်ရင် အခုလိုစစ်ဖြစ်မှာ မဟုတ်ဘူးလို့ စိတ်လှုပ်ရှားထိခိုက်စွာနဲ့ ပြောကြားသွားပါတယ်။ ခုချိန်အထိ ပို့သမျှ အထောက်အပံ့ အတွက်တော့ ကျေးဇူးတင်ကြောင်းနဲ့ နောက်ထပ် စစ်ရေးအကူအညီပေးဖို့ ပန်ကြားလိုက်ပါတယ်။ ယူကရိန်းသမ္မတက ဆီနိတ်တာမန်ချင် အဆိုပြုသလို ရုရှားရေနံကို အမေရိကန်တွေ သပိတ်မှောက်ဖို့ကို ထောက်ခံကြောင်း ပြောသွားပါတယ်။ ကျူးကျော်သူရုရှားတွေကိုတော့ မကောင်းဆိုးဝါးတွေလို့ ညွှန်းဆိုလိုက်ပြီး အဆုံးမသတ်ခင်မှာ အမတ် ၁၂ဦးခန့်က သူ့ရဲ့ သတ္တိအတွက် ချီးကျူးခဲ့ကြပါတယ်။ တချို့က Glory to Ukraine! လို့တောင် ဟစ်ကြွေးအားပေးခဲ့သေးတယ်လို့လည်း ဆီးနိတ်ထဲ သတင်းရထားတယ်လို့ ဆိုပါတယ်။
လက်ရှိအနောက်နိုင်ငံခေါင်းဆောင်တွေက ပူတင်နဲ့ ထိပ်တိုက်တိုးမှာကို ရှောင်ရှားလိုကြပြီး ပူတင်ကလည်း မပျံသန်းရဇုံသတ်မှတ်တာက စစ်ကြေငြာတာနဲ့ အလားတူတယ်လို့ ခြိမ်းခြောက်ထားပါတယ်။
WHO က ရုရှားတပ်တွေဟာ ယူကရိန်းထဲက ကျန်းမာရေးစောင့်ရှောက်မှုပေးရာ ၆နေရာကို တိုက်ခိုက်ခဲ့တယ်လို့ ကြေငြာလိုက်ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် လူ ၆ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရှရှိသွားခဲ့ပါတယ်။
ယူကေက ဘောရစ်ဂျွန်ဆင်ကလည်း စစ်ရေးနဲ့ လူသားချင်းစာနာထောက်ပံ့မှုအကူအညီများကို ကဏ္ဍ၆ချက်နဲ့ ယူကရိန်းဆီပို့ဖို့ ဆွေးနွေးနေပါတယ်။ အဲဒါက တကယ်တော့ ငါတို့ထောက်ခံမှုကိုပြဖို့ လုံလောက်တာတော့မဟုတ်ကြောင်း၊ ဒါပေမဲ့ စစ်အင်အားနဲ့ လူ့အဖွဲ့အစည်းတရပ်ကို လိုသလိုစည်းမျဥ်းတွေသတ်မှတ်သွားမှာကိုတော့ တစိုက်မတ်မတ် ဆန့်ကျင်သွားရမှာဖြစ်ကြောင်းတော့ ပြောသွားပါတယ်။
NASCAR ပြိုင်ကားမောင်းသူဟောင်းနဲ့ လက်ရှိပြိုင်ကားအသင်းပိုင်ရှင် Richard Childress က ကျည်ဆံပေါင်း ၁သန်းကို ယူကရိန်းကို ပေးလှူမယ်လို့ ကြေငြာထားပါတယ်။ သူက ဇယ်လန်းစကီးပြောတဲ့ ငါတို့က ထွက်မပြေးဘူး၊ ခံတိုက်မှာ၊ ငါတို့ကို လက်နက်ခဲယမ်းပဲပေးလို့ ပြောတာကို ကြားလိုက်ပြီးနောက် သူ့လည်းတစိတ်တပိုင်းပိုင်တဲ့ ကျည်ဆံကုမ္ပဏီ AMMO ဥက္ကဌဖြစ်သူ သူ့မိတ်ဆွေ Fred Wagenhals နဲ့တိုင်ပင်ပြီး သူတို့လိုအပ်တဲ့ ကျည်အမျိုးအစားဖြစ်တဲ့ 7.62sကို အမြန်ဆုံးထုတ်လုပ်ပေးဖို့ စတင်စီစဥ်ပါတော့တယ်။ ကျည်တွေထုတ်လုပ်ပြီးရင် အစိုးရအေဂျင်စီတချို့နဲ့ ပူးပေါင်းပြီး ယူကရိန်းထဲကိုရောက်အောင်ပို့ပေးမယ့် ပုဂ္ဂလိက ကုမ္ပဏီတခုနဲ့ ချိတ်ဆက်ကာ ပို့ပေးသွားမယ်လို့ ဆိုပါတယ်။
Richard Childress က အမျိုးသားရိုင်ဖယ်အသင်းကြီးရဲ့ ဒါရိုက်တာအဖွဲ့ဝင်တဦးလည်းဖြစ်ပြီး သူက ယူကရိန်းအဖြစ်အပျက်ဟာ အမေရိကန်ပြည်သူတွေအတွက် wake-up call ဖြစ်ကြောင်းနဲ့ ဘာကြောင့် အခြေခံဥပဒေရဲ့ ဒုတိယပြင်ဆင်ချက် (လက်နက်ကိုင်ဆာင်ပြီး ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်)က လိုကိုလိုအပ်တယ်ဆိုတာကို ပြသနေကြောင်း၊ အမေရိကန်မှာ သေနတ်ပိုင်ဆိုင်သူပေါင်း ၈၂သန်း ရှိကြောင်း၊ ယူကရိန်းကလူတွေမှာ (လက်နက်တွေသာရှိခဲ့ရင်) အခုလို ဆိုးဆိုးရွားရွားသေရတာတွေ မြင်ရတာ ရင်နာစရာကောင်းကြောင်း၊ ငါ့ဖက်ကတော့ ငါတတ်နိုင်သလောက် ကူညီသွားမှာဖြစ်ကြောင်း၊ ငါရော AMMO ရောက မှန်တာကိုလုပ်နေတယ်လို့ ခံစားရပါကြောင်း ပြောကြားသွားပါတယ်။ AMMO က POWW ဆိုတဲ့ နာမည်နဲ့ အများပိုင်စတော့ရှိတဲ့ကုမ္ပဏီဖြစ်ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေက ခုထိ ရုရှားကို ဆန်ရှင်လုပ်ထားတဲ့ထဲမှာ ရုရှားရဲ့ အကြီးဆုံးဝင်ငွေဖြစ်တဲ့ ရေနံနဲ့ ဓါတ်ငွေ့ မပါဝင်သေးပါဘူး။ ဘဏ်တွေကို အမေရိကန်မှာ ငွေပေးချမှုပိတ်ပင်ထားတဲ့ ဆန်ရှင်ကလည်း ရုရှားရဲ့ ပထမနဲ့ ဒုတိယအကြီးဆုံးဘဏ်တွေဖြစ်တဲ့ Sberbank နဲ့ VTB တို့ပဲ ပါဝင်ပြီး စွမ်းအင်ကုမ္ပဏီ Gazprom ကို ဝန်ဆောင်မှုပေးနေတဲ့ တတိယအကြီးဆုံးဘဏ်ဖြစ်တဲ့ Gazprombank မပါဝင်ပါဘူး။ ဘရပ်ဆဲလ်မှာ မကြာသေးမီက သဘောတူညီခဲ့ကြတဲ့ SWIFT messaging system ကနေ အရေးယူမယ်ဆိုတဲ့ အဖွဲ့အစည်း ၇ခုမှာလည်း Gazprom ရော Sberbank ရော မပါဝင်နေပြန်ပါဘူး။ အမေရိကန်ရဲ့ Office of Foreign Assets Control က ဆန်ရှင်တွေမှာ စွမ်းအင်နဲ့ပတ်သက်တာတွေ မပါဝင်စေဖို့ အထွေထွေလိုင်စင် ထုတ်ပေးထားတယ်လို့လည်း ဆိုပါတယ်။
အစထဲက အမေရိကန်နဲ့ မဟာမိတ်တွေဟာ ပူတင်ကို ဆန်ရှင်တွေအများကြီးနဲ့ ဒဏ်ချမယ်လို့ တွင်တွင်ခြိမ်းခြောက်ခဲ့ပေမယ့် အဲဒီထဲမှာ ရုရှားအတွက်ရော အနောက်ကမ္ဘာအတွက်ပါ အရေးကြီးတဲ့ စွမ်းအင်ကုန်စည်တွေ မပါတာကိုတော့ နားလည်လက်ခံထားကြပါတယ်။ အခုအခါ ရုရှားတွေဖက်က စစ်ရှိန်တိုးမြှင့်လာတာကြောင့် ရုရှားရဲ့ ရေနံနဲ့ဓါတ်ငွေ့တင်ပို့မှုကို ဆန်ရှင်လုပ်ဖို့က အနောက်နိုင်ငံတွေရဲ့ စီးပွားရေးတွေ ထိခိုက်လာနိုင်သည့်တိုင် ရွေးချယ်ဖို့ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ကနေဒါက ရုရှားရေနံ အနည်းငယ်ဝယ်နေတဲ့ဖောက်သည်ကလေးက ရေနံစိမ်းတင်သွင်းမှု ပိတ်လိုက်သလို ဘိုင်ဒန်ကိုလည်း နှစ်ပါတီအမတ်များက တွန်းအားပေးနေကြပြီဖြစ်ပါတယ်။
ဘိုင်ဒန်က ဘာကိုမဆိုထည့်သွင်းစဥ်းစားနိုင်တယ်လို့ ပြောပြီး သူ့ပြန်ဝန်ကတော့ ပုဂ္ဂလိကကဏ္ဍက ဘယ်သူက ဘာဝယ် ဘာမဝယ်နဲ့လို့ အစိုးရမှာ ဝင်စွက်ခွင့် မရှိဘူးလို့ ဆိုခဲ့ပါတယ်။ တချို့ပုဂ္ဂလိကဘဏ်တွေ၊ ရေနံချက်စက်ရုံတွေနဲ့ သင်္ဘောပိုင်ရှင်တွေက အစိုးရကို မစောင့်ပဲ ကိုယ့်ဖာသာကိုယ် ဆန်ရှင်လုပ်နှင့်နေကြပြီဖြစ်ပါတယ်။ တချို့လက်ကြီးအဝယ်သမားတွေကလည်း အမှာစာတွေ ပယ်ဖျက်လိုက်တဲ့အတွက် ဘဏ်တွေ၊ အာမခံသမားတွေနဲ့ သင်္ဘောတင်သူတွေအများကြီး ရုရှားတွေနဲ့ အလုပ်မလုပ်ကြတော့တာ များလာပြီဖြစ်ပါတယ်။
အခုဆိုရင် ရုရှားရေနံစိမ်းရဲ့ ၇၀%က ဝယ်သူအသည်းအသန်လိုက်ရှာနေရပြီလို့ consultancy Energy Aspects က ဆိုပါတယ်။ ဥပမာ ဥရောပအနောက်မြောက်နဲ့ မက်ဒီတာရေးနီးယန်းဖက်က ရေနံချက်သမားတွေရဲ့ လက်ကိုင်ဖြစ်တဲ့ Urals Crude က ဗုဒ္ဓဟူးနေ့မှာ တစည်ကိုမှ $18 ပဲ ရှိတော့တာ ဖြစ်ပါတယ်။
JPMorgan က စွမ်းအင်ဗျူဟာအကြီးအကဲ Christyan Malek က ရုရှားရေနံ ဝယ်သူမရှိရင် သူတို့ရဲ့ လှောင်ကန်တွေပြည့်သွားတာနဲ့ ရေနံထုတ်လုပ်မှု ရပ်ရတော့မှာဖြစ်လို့ ဆန်ရှင်မပါပဲတောင် ရုရှားအပေါ် အကြီးစားပြဿနာပေးသွားနိုင်တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ရေနံဆိုတာ အစဥ်မပြတ်ထုတ်နေရတာဖြစ်ပြီး ရပ်လိုက်တာနဲ့ ပြန်ဖွင့်ဖို့ ခက်သွားတတ်တာကြောင့်လို့ ဆိုပါတယ်။
ဒီအချိန်မှာမှ ရုရှားကို အကျပ်မကိုင်ရင် ဒါက မရိုးသားမှုတွေရှိနေတယ်လို့ တွေးရတော့မှာ ဖြစ်ပါတယ်။ တဆက်ထဲမှာပဲ အမေရိကန်ရေနံတူးတာတွေ ရပ်ပစ်ခဲ့တဲ့အကျိုးဆက်က ပြည်တွင်းလောင်စာ လိုအပ်ချက်ကို ရန်လိုသူနိုင်ငံများပေါ်မှာ မှီခိုနေရသလို ဆီဈေး ကုန်ဈေးနှုန်းတွေလဲတက်စေပြီး ပြန်ဖွင့်ရတာလည်း ခက်ခဲနိုင်တယ်လို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကမ္ဘာ့စွမ်းအင်ဆပ်ပလိုင်းကိုပါ သက်ရောက်စေတာကြောင့် တကမ္ဘာလုံးနီးပါးမှာ လောင်စာဈေးတက်သွားတာဖြစ်ပါတယ်။
၂၀၂၀တုန်းက ကမ္ဘာမှာ အမေရိကန်က ရေနံအများဆုံးထုတ်ခဲ့တာဖြစ်ပြီး အခုတော့ ဒုတိယနဲ့ တတိယဖြစ်ခဲ့တဲ့ထုတ်လုပ်သူတွေထံက ပြန်ဝယ်နေရတာပါ။ အမေရိကန်နဲ့ ရုရှားကုန်သွယ်မှုလိုငွေပြမှုဟာလည်း အိုဘားမားလက်ထက်မှာ ကြောက်လန့်စဖွယ် မြင့်တက်ခဲ့ပြီး ထရမ့်လက်ထက်မှာ သက်သာခဲ့တာကနေ အခု ဘိုင်ဒန်တက်တော့မှ တဖန်အဲဒီလောက်ပြန်ရောက်သွားတာပါ။ အဓိကကတော့ ရေနံပိတ်တာနဲ့ ဖွင့်တာမှာ ကွာသွားတာဖြစ်ပါလိမ့်မယ်။ အိုဘားမားလက်ထက်တုန်းကလည်း ဆီဈေးအခုလောက် (ရိုးရိုးဆီ တဂါလံ $5 ကျော်)အထိ မြင့်တက်ခဲ့ပါသေးတယ်။

