မတ်လ ၉ ရက် ၂၀၂၂

အမေရိကန်နဲ့တခြားနိုင်ငံတချို့ကတော့ ရုရှားဆီက ဆီအဝယ်ရပ်မယ်/လျော့ချသွားမယ်လို့ ဆုံးဖြတ်လိုက်ကြပြီးတဲ့နောက် ပိုက်လိုင်းနဲ့သွားတာတွေက ဆက်ရှိနေသေးပေမယ့် သင်္ဘောနဲ့သွားတာတွေက မထွက်နေတော့ဘူးလို့ ဆိုပါတယ်။ ရုရှားဆီက ရေနံ ၆၆% လောက်က ဝယ်မယ့်သူ မရှိတော့ဘူးလို့ ဆိုပါတယ်။ အဲဒါဆို ပျော်ရတော့မှာလားလို့ မေးရင်တော့ နိုးပါလို့ ဖြေရမှာပါပဲ။ သေချာစီစဥ်ပြီးမှ မပြောမဆို ကောက်လုပ်ချလိုက်တာမျိုးက ပိုထိရောက်ပါတယ်။ လေနဲ့အကြိမ်ကြိမ် ဘီလူးကြိမ်းကြိမ်းထားပေမယ့် ရုရှားဖက်ကလျော့သွားမယ့် စွမ်းအင်အတွက် ချက်ချင်းမစီစဥ်နိုင်ရင် ကမ္ဘာကြီးက ရုပ်ရှင်လို pause လုပ်ထားလို့မှ မရတာ။ (ကိုဗစ်တုန်းကတော့ လုပ်ခဲ့ကြတာပါပဲ။ အဲဒါကြောင့်လည်း ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြစ်ကုန်တာပေါ့။)

အခုရုရှားဆီက မဝယ်ကြဘူးဆိုရင် အမေရိကန်ကတော့ နောက်အာဏာရှင်နိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလားက ဝယ်ဖို့ စီစဥ်နေပါတယ်။ အိုပက်အဖွဲ့ဝင် ဗင်နီဇွဲလားက ကမ္ဘာမှာ နံပါတ် ၂၆၊ မလေးရှားလောက်တောင် ရေနံမထွက်ပါဘူး။ ကမ္ဘာ့ရေနံအထွက်ဆုံးထဲမှာ အမေရိကန်က ၁၊ အဲဒါ အမေရိကန်က မထုတ်တော့ ရုရှားတို့ ဆော်ဒီတို့က ထိပ်ဆုံးတွေ ဖြစ်သွားပါတယ်။ ကျန်တဲ့ရေနံထွက်တဲ့နိုင်ငံတွေကလည်း တိုးထုတ်မှာမဟုတ်တော့ ကမ္ဘာ့ထိပ်ဆုံးရေနံထုတ်လုပ်သူ ရုရှားကို supply က နည်းသွားပေမယ့် demand က လျော့သွားတာမဟုတ်ဘူးလေ။ အဲဒီတော့ ဈေးတွေကတော့ တက်ဦးမှာပေေါ့။

အိမ်ကျယ်အစိုးရ ဘူးလီးလုပ်လို့ရတာကလည်း ပြည်သူတွေပဲရှိတာဆိုတော့ တိုးလာမယ့် ဆီဈေးတွေ ကုန်ကျစရိတ်တွေ ကြီးမြင့်တဲ့ဒဏ်ကို ကြရဦးမှာပါ။ ထရမ့်ကတော့ ပြောခဲ့ပါတယ်၊ သူ့လက်ထက်မှာ ဆီဈေး တဂါလံ $2 – $3 လောက်ပဲရှိအောင် သူလုပ်ပေးတယ်တဲ့။ ဘိုင်ဒန်တက်လာရင် $7 – 8 – 9 လောက်အထိ ဖြစ်သွားနိုင်တယ်တဲ့။ မမှန်ပါစေနဲ့ဆုတောင်းပေမဲ့ တချို့နေရာတွေမှာ $7 တော်တော်ကျော်နေပြီ။ ၂၀၀၈တုန်းက ရေနံစိမ်းတစ်စည် ၁၈၀လောက်အထိ ဖြစ်သွားသေးတယ်။ အခုကျွမ်းကျင်သူတွေက ၂၀၀ဖြစ်ရင်တောင် သိပ်အံ့ဩစရာမရှိဘူးဆိုတော့ ဒီအတက်ဇတ်လမ်းက ပြည်တွင်းရေနံလုပ်ခွင့်တွေ ပြန်မဖွင့်ပေးသမျှ သက်သာစရာ အကြောင်းကို မရှိပါဘူး။  

နိုင်ငံရေးအရလည်း အာဏာရှင်နိုင်ငံတွေကို မှီနေရတယ်ဆိုတာ သူတို့တောင်းဆိုသမျှ လိုက်လျောရတော့မှာပေ့ါ။ အခုတောင် ဆော်ဒီအိမ်ရှေ့မင်းသားက အမေရိကန်ရဲ့ ရေနံတိုးထုတ်ဖို့တောင်းဆိုချက်ကို သူ့ကို ဆော်ဒီရဲ့ တကယ့်အုပ်ချုပ်သူအဖြစ် အသိအမှတ်ပြုစေချင်နေတာပါ။ မပြုလည်း ဂရုမစိုက်ဘူး၊ ပြုရင်တော့ ရေနံတိုးထုတ်ပေးဖို့ စဥ်းစားကောင်း စဥ်းစားမယ်ပေါ့။ ဒါက တိုက်ရိုက်ပြောတာတော့ မဟုတ်ဘူး။ ဆော်ဒီနဲ့ ယူအေအီးက ပူတင်နဲ့သာ ဖုန်းပြောနေကြတာ၊ ဘိုင်ဒန်က ရေနံတိုးထုတ်ဖို့ ပြောမလို့ ဖုန်းခေါ်တာကို မသိချင်ယောင် ဆောင်နေကြတယ်။ ရှက်တတ်ရင် ဘာလုပ်သင့်လဲ သိတယ်နော်။

အီရန်ကိုလည်း ရေနံပိုထုတ်ပေးဖို့ ဘိုင်ကြီးတို့သွားခယနေပြီ။ ရန်သူကို အင်အားပိုကြီးအောင် upper hand နေရာ ဘာလို့ပို့ကြမလဲ၊ ကိုယ့်နိုင်ငံလည်း ရေနံထွက်နေတာ၊ နိုင်ငံတွင်းက ရေနံလုပ်ငန်းတွေ ပိတ်လိုက်တော့ စားသုံးသူတင် ဒုက္ခရောက်တာ မဟုတ်ဘူး။ ရေနံဓါတ်ငွေနဲ့ ပတ်သက်သမျှ တူးဖော်သူတွေ၊ ပညာရှင်တွေ၊ ဆောက်လုပ်ရေးသမားတွေ၊ ဝန်ထမ်းတွေ၊ ပို့ဆောင်ပေးသူတွေ အကုန်တသီကြီး အလုပ်ပြုတ်ကြတာ။ အလုပ်ခေါ်တာ ပေါပေမယ့် မတူတဲ့ industry မှာ စဝင် အောက်ခြေသိမ်းအလုပ်နဲ့ ပညာရှင်လခ မတူဘူးလေ။ ဘိုင်ဒန့်ပြန်ဝန်ကတော့ ရေနံတူးခွင့်တွေ ပေးထားပါတယ်၊ မတူးတာပါလို့ ဆိုပါတယ်၊ တူးလို့ မထွက်မယ့်နေရာပေးရင်တော့ ဘယ်တူးကြမလဲ ကမရယ်လို့ပဲ ပြောချင်ပါတယ်။

ရုရှားဆီက ရေနံမဝယ်တော့ရင် ဆီဈေးတွေဘယ်လိုဖြစ်မလဲလို့ သတင်းထောက်ကမေးတော့ ဘိုင်ဒန်က တက်မှာပေါ့လို့ သာသာယာယာပဲဖြေပါတယ်၊ အဲဒါကို ကုစားဖို့ ဘာလုပ်မလဲလို့ ထပ်မေးတော့ ငါဘာမှ သိပ်လုပ်လို့ မရဘူး၊ အဲဒါရုရှားမှာ တာဝန်ရှိတယ်လို့ပဲ ပြောသွားပါတယ်။ ထုံးစံအတိုင်း မီဒီညာတွေ လစ်ဗျဲဆယ်လီတွေက ငါတို့ တစ်ဂါလံ တစ်ဒေါ်လာ နှစ်ဒေါ်လာ ပိုပေးရတော့ကော ဘာဖြစ်လဲ ငါတို့က သဘာဝပတ်ဝန်းကျင်ကောင်းအောင်လုပ်နေတာ၊ ငါတို့စိတ်သန့်တယ်၊ တဂါလံ ၁၅ဒေါ်လာဖြစ်ရင်တောင် ပေးဦးမှာလို့ ပြောတာလည်း လက်ခုတ်သံ တဖျောင်းဖျောင်း ရတာပါပဲ။ ခက်တာက အဲဒီလူတွေက တနှစ်တနှစ် သန်းနဲ့ချီငွေဝင်နေတဲ့လူတွေ။

တိုင်းပြည်မှာ လူများစုဖြစ်တဲ့ သာမာန်လက်လုပ်လက်စားတွေအတွက် ဝင်ငွေဘာမှသိပ်တိုးမလာပေမယ့် စရိတ်တွေက မျက်တောင်မခတ်ရဲလောက်အောင် မြန်မြန်ဆန်ဆန်တက်နေတာဆိုတော့ ကမ္ဘာ့ရွာကြီးဖြစ်ဖို့ အကြံထဲမှာ ပြည်သူတွေကို မတွေးတတ် မခေါ်တတ်၊ မဝေဖန် မသုံးသပ်တတ်၊ လုပ်ကိုင်လည်း စားလို့မဖြစ်အောင် အဖက်ဖက်က စိတ်ပျက်စရာအနေအထားကို ဖန်တီးထားတာ ပါနေမယ်လို့ ယူဆရပါတယ်။ အဲဒီလို ပြည်သူတွေ desperate ဖြစ်လာမှ အစိုးရကို ကူပါကယ်ပါလုပ်၊ အစိုးရက လူကြားကောင်းမယ့် မစားရ​ ဝခမန်းတွေ တွင်တွင်ပြော မစို့မပို့ပေး၊ မလောက်ငရင် အဆင်ပြေနေတဲ့လူတွေကို မနာလိုအောင်ပြောပြီး ရန်တိုက်ပေး။ ပြည်သူချင်းမတည့်တော့ အာဏာရှင်က ဖိုးကျိုင်းတုတ်ဖြစ်တော့တာပေါ့။

အမေရိကန်က မပျံသန်းရဇုံကျတော့လည်း ရုရှားနဲ့ ထိပ်တိုက်တိုးမှာစိုးလို့ လက်ရှောင်၊ ယူကရိန်းစစ်သားတွေမောင်းတတ်တဲ့တိုက်လေယာဥ်တွေ ပိုလန်က ပေးချင်တာကိုလည်း အီအီအယ်အယ်လုပ်နေတာကို ဇယ်လန်းစကီးက ရှက်စရာကောင်းတယ်လို့ ဝေဖန်လိုက်ပါတယ်။ အမေရိကန်ပြည်သူတွေကတော့ သူတို့ပိုင်တဲ့ သေနတ်တွေ ကျည်ဆံတွေအပါအဝင် လိုအပ်မယ့်အရာကို ယူကရိန်းအတွက် သွားလှုနေကြပါပြီ။ ယူကရိန်းကို အမြန်ဆုံးရောက်အောင် ပို့ပေးဖို့နဲ့ လိုအပ်တဲ့ လိုင်စင်/စာရွက်စာတမ်းတွေ လုပ်ပေးဖို့အတွက် ဘိုင်ဒန်အစိုးရကို တောင်းဆိုနေကြပါတယ်။ ယူကေကတော့ လေယာဥ်ပစ်လက်နက်တွေ ယူကရိန်းကို ပို့ပေးပြီး သုံးစွဲနည်းသင်တန်းပါ ပေးသွားမယ်လို့ ဆိုပါတယ်။ အပူချိန်မြင့်ဗုံးတွေ ရုရှားကသုံးခဲ့ကြောင်း ဝန်ခံတယ်လို့ ယူကေက ပြောပေမယ့် ယူအက်စ်က မသေချာသေးဘူးလို့ ပြောနေဆဲပါ။ နိုင်ငံတကာမှာ ဘယ်သူကလူကောင်း ဘယ်သူကလူဆိုး ဘယ်သူက ခေါင်းဆောင်ကောင်း ဘယ်သူက ခေါင်းမဆောင်နိုင်သူဆိုတာ ဒီစစ်ပွဲက ခွဲခြားပြမှာဖြစ်ပါတယ်။

မြန်မာပြည်နဲ့ ယူကရိန်းမှာ ပြည်သူများစွာ နိုင်ငံ/မြို့တွေကို စွန့်ခွာထွက်ပြေးနေရပြီး အသက်ပေါင်းများစွာ အသတ်ခံရတဲ့အပြင် တကမ္ယာလုံးပြည်သူတွေ အထွေထွေရှားပါးကြပ်တည်းမှုကြောင့် ဒုက္ခများနေရချိန်မှာ လက်ဝဲသမားတွေအတွက် အရေးအကြီးဆုံးကိစ္စကတော့ ကလိုင်းမိတ်အစ်ရှူးတွေပဲဖြစ်တဲ့အကြောင်း တွေ့နေရပါတယ်။ ဂျွန်ကယ်ရီရော နယူးယောက်က အမတ်တဦးရောပါပဲ။ ကယ်ရီကို ရုရှားစကျူးကျော်တဲ့နေ့က အင်တာဗျူးတာမှာ စစ်ဖြစ်ရင် ပတ်ဝန်းကျင်အတွက် မကောင်းဘူးလို့ဖြေလို့ ဝိုင်းဩဘာပေးခံနေရတာပါ။ ရုရှားတပ်တွေက ယူကရိန်းက နျူဓါတ်အားပေးစက်ရုံတွေကို တိုက်ခိုက်တော့ ကယ်ရီတို့ဆီက ဘာသံမှထွက်တာ မကြားမိပါဘူး။

အီလွန်ကတော့ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှာရှိတဲ့ တက်စ်လာစက်ရုံတွေက ယူကရိန်းဝန်ထမ်းတွေ တိုင်းပြည်အတွက် ပြန်သွားစစ်မှုထမ်းကြမယ်ဆိုရင် လစာအပြည့် ဆက်ပေးထားမယ်လို့ ဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: