မတ်လ ၁၁ ရက် ၂၀၂၂

ယူကရိန်းကို တိုက်လေယာဥ်တွေ ပို့ပေးဖို့ နှစ်ပါတီအမတ်များက အဆိုတင်ကြတာကို ဘိုင်ဒန်က ဗီတိုနဲ့ ပယ်ချလိုက်ပါတယ်။ သူ့အကြောင်းပြချက်ကတော့ အဲဒီတိုက်ခိုက်ရာမှာသုံးတဲ့ လေယာဥ်တွေကို အမေရိကန်လေယာဥ်မှုးတွေ၊ အမေရိကန်ဝန်ထမ်းတွေက မောင်းနှင်သွားရင် အဲဒါ တတိယကမ္ဘာစစ် ဖြစ်ပြီပေါ့၊ အဲဒါကို နားလည်ပါ၊ ကိုယ့်ကိုယ်ကို မလှည့်စားပါနဲ့လို့ ဆိုပါတယ်။ ပူတင်စိတ်ဆိုးမှာကြောက်လို့ပဲဖြစ်ဖြစ် ယူကရိန်းရှုံးစေချင်လို့ပဲဖြစ်ဖြစ် တကယ့်အကြောင်းရင်းကို ကာယကံရှင်တွေပဲ သိမှာဖြစ်ပေမယ့် ပြောလို့ရတာတခုက တကယ်ဖြစ်အောင်လုပ်ချင်ရင် နည်းလမ်းရှာပြီး လက်တလုံးခြားလုပ်လို့ရတာတွေ အများကြီးရှိနိုင်တာကိုပါ။ နိုင်ငံရေးနယ်မှာ ရာစုဝက်လောက်လုပ်လာသူက ဘာမှမသိစရာ မရှိပါဘူး။ သူမသိရင်တောင် တပ်ထဲက တိုက်ရည်ခိုက်ရည်ပြည့်ဝသူတွေနဲ့တိုင်ပင်လဲရမှာဖြစ်ပြီး နေတိုးအဖွဲ့ဝင်ပေါင်းအများကြီးမှာ ခေါင်းတွေအများကြီး ရှိကြတာဆိုတော့ လွယ်လွယ်လေးဗီတိုလုပ်လိုက်တာက မေးခွန်းထုတ်စရာဖြစ်နေတာပါ။

ရုရှားပြည်တွင်းမှာလည်း မြို့တွေမှာ ဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲဖြစ်နေလို့ အဖမ်းခံရသူ ထောင်ကျော်နေပါပြီ။ စစ်ပွဲမှာသေတဲ့ ရုရှားတွေက အဲဒီထက်အများကြီး ပိုမှာပါ။​ ပြည်တွင်းမှာ ငွေထုတ်ဖို့ကအစ သုံးဖို့ စွဲဖို့ခက်လာတဲ့အတွက် တတ်နိုင်သူတွေက ဖင်လန်နိုင်ငံဖက်ကို တန်းစီပြေးကြပါပြီ။ တတ်နိုင်သူတွေလို့ သုံးတာက ကားကောင်းကောင်းတွေတွေ့လိုက်လို့ပါ။ သူတို့ပိုင်တဲ့ ယူရိုတွေပါ ထုတ်လို့မရတော့တာကြောင့်ရော အရင်လို သံကန့်လန့်ကာနောက် ပြန်ရောက်သွားမှာ စိုးတာကြောင့်ရော ဖြစ်မယ်ထင်ပါတယ်။

ယူကရိန်းက အမျိုးသမီးတဦးနဲ့ သူမရဲ့ ကလေး ၃ဦးက မက္ကဆီကိုနယ်စပ်ကနေ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားရာမှာ တိုင်တယ်လ် ၄၂အရ သူတို့ကို မက္ကဆီကိုဖက် ပြန်လွှတ်လိုက်တယ်လို့ ဆန်ဒီယေးဂိုးယူနီယံထရွိုင်ဘြူမ်းကဆိုပါတယ်။ အဲဒီပေါ်လစီက ကပ်ပိုးကြောင့် ပြည်ဝင်တာကို ကန့်သတ်ထားတဲ့ထရမ့်ပေါ်လစီဖြစ်ပြီး မတ်လ ၂၀၂၀ထဲက ချမှတ်ထားခဲ့တာပါ။ နောက်တော့ ပြန်ဝင်ခွင့်ပြုလိုက်တယ်လို့ ပြောပြန်ပါတယ်။ သုံးထားတဲ့ အသုံးအနှုန်းတွေက ဘာဖြစ်ဖြစ် လူတွေထရမ့်ကို မုန်းအောင် ဆွဲပတ်သက် ချနင်းချင်တာထက် မပိုပါဘူး။ သတိမထားပဲဖတ်တဲ့ လူတွေကတော့ အမုန်းရေယာဥ်ကြော အမုန်းသံသရာထဲ လည်ကြပေဦးတော့ပါပဲ။ ဘိုင်ဒန်တက်လာကတဲက နယ်စပ်ကို ဖွင့်ပေးခဲ့လို့ ဘာအစစ်အဆေးမှမရှိပဲ ဝင်နေကြတာ လူတိုင်းသိနေတာကို ခုမှ ကပ်ပိုးအကြောင်းပြပြီး ပြန်လွှတ်တယ်ဆိုတာက တော်တော့ကိုပေါတဲ့ အပေါစားရှူးတိုက်တဲ့အကွက်ပါ။ ပိုဆိုးတာက နေရာတိုင်းမှာ အဲဒီလို ရှူးတိုက်နေတာတွေ စိတ်စိတ်လာနေတာပါ။

နောက်ဖြစ်နိုင်ခြေတခုက တခြားနိုင်ငံကလူတွေ အစစ်အဆေးမရှိ ဥဒဟို ဝင်လာနေတာကို လုံခြုံရေးအကြောင်းပြချက်နဲ့ ထောက်ပြသူတိုင်းကို ရေ့စစ်လို့ စွပ်စွဲကြသူတွေက အခုယူကရိန်းက တကယ့်ဒုက္ခသည်တွေကျတော့ ဖြူလွန်းတယ်၊ သူတို့ဝတ်ထားတာကြည့်ပါလား၊ သပ်သပ်ရပ်ရပ်နဲ့၊ ဒုက္ခသည်အဖြစ် လက်ခံသင့်ဘူးလို့ ဆိုကြပြန်ပါတယ်။ ယူကရိန်းဒုက္ခသည်တွေ ဒီရောက်လာရင် ဒီမိုကရက်တွေ မဲမရဖို့များတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ယူကရိန်းဒုက္ခသည်တွေကို လက်ခံမယ့်အစီအစဥ်တွေ အကူအညီတွေကလည်း ယူကရိန်းသက်သက်မဟုတ်ပဲ​ တခြားဟာတွေနဲ့ ရောထဲ့မယ့် ပုံစံတွေ တွေ့နေပါတယ်။ ကွန်ဂရက်စ်က ၁၃.၆ဘီလီယံကုန်ကျမယ့် ယူကရိန်းaid ဘေလ် မှာ ၆.၅ဘီလီယံက ပန်တဂွန်ကသွားမယ့် စစ်ရေးအကူအညီဖြစ်ပြီး ၆.၇ဘီလီယံက ဒုက္ခသည်တွေ အတွက် ဖြစ်ပါတယ်။ အဲဒီထဲက ဘယ်လောက်က ယူကရိန်းတွေကို တကယ်ကူတဲ့ထဲရောက်မယ် ဆိုတာကို မသိနိုင်တဲ့အတွက် တာဝန်ရှိသူများ စီစစ်ကြဖို့ မျှော်လင့်ပါတယ်။

ရုရှားတပ်တွေက တိုက်ရည်ခိုက်ရည်ဘက်မှာ အရေးမလှဖြစ်နေတဲ့အတွက် ပူတင်က တခြားနိုင်ငံတွေမှာ သူတို့သုံးခဲ့သလို ကြေးစားစစ်သားတွေနဲ့တိုက်ဖို့ စုဆောင်းနေပါတယ်။ ရာဇဝတ်ပြစ်မှုရှိသူ၊ ကြွေးထူသူ၊ လက်ရှိကြေးစားစစ်သားအဖွဲ့အစည်းတွေက ထုတ်ပယ်ခံထားရသူ၊ တခြားမှာ သွားလုပ်ဖို့ ခွင့်ပြုချက်မရထားသူတွေကိုပါ လျောက်ထားကြဖို့ တယ်လီဂရမ်အကောင့်တခုကနေ တိုက်တွန်နးနေပါတယ်။ ကြေးစားစစ်သားတွေက အထူးသဖြင့် ရုရှားသိမ်းထားတဲ့ ယူကရိန်းနှစ်နယ်ကလူတွေကို ပိုပြီးအလေးထားကြိုဆိုမယ်လို့လဲ ဆိုပါတယ်။ သယ်ဝဂ်နာဂရုက ရုရှားမှာ အလျို့ဝှက်ဆုံးအဖွဲ့ဖြစ်ပြီး ရုရှားမှာရော နိုင်ငံတကာမှာပါ ကြေးစားစစ်သားတွေက တရားမဝင်တဲ့အတွက် တရားဝင်ဖွဲ့စည်းထားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ၇နှစ်အတွင်းမှာ လူတသောင်းလောက်က ဝဂ်နာဂရုနဲ့ အနည်းဆုံးတစ်ကြိမ် ကန်ထရိုက်ထိုးဘူးကြတယ်လို့ သိရပါတယ်။

တက္ကဆက်စ်က ကမ္ဘာ့အကြီးဆုံး ရေနံတွင်းကြီးမှာ လက်ရှိရေနံတနေ့ကို စည်တသောင်း ထုတ်နေတာကနေ နှစ်ကုန်ရင် စည်နှစ်သောင်းထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။​ အဲဒီလိုတိုးထုတ်နိုင်ဖို့ လိုအပ်တဲ့လူအင်အားရရှိရန် လုပ်ခတွေကို ၂၀% တိုးပေးပြီးခေါ်နေတယ်လို့ သိရပါတယ်။ တက္ကဆက်စ် မှာရှိတဲ့ ပုဂ္ဂလိကပိုင်မြေပေါ်မှာ ရှိတဲ့ ရေနံတွင်းတွေအတွက် ပါမစ်လျောက်တာ ၁၀ရက်ပဲကြာပြီး ပါမစ်ကျကျချင်း စတူးနေတာလို့ ဆိုပါတယ်။ ဖက်ဒရယ်ပိုင်မြေ (သို့)) တခြားပြည်နယ်မှာဆိုရင်တော့ ပါမစ်ကျဖို့ ၉လကနေ ၁နှစ်အထိ ကြာတတ်ပြီး ပိုက်လိုင်းဆောက်ဖို့ဆိုရင် နှစ်နဲ့ချီကြာတာပါ။

ဒီမိုကရက်အစိုးရတွေက မြေတော်တော်များများကို ဖက်ဒရယ်ပိုင်အဖြစ် ပြောင်းလဲသတ်မှတ်ဖို့ အသည်းအသန်ကြိုးစားနေတဲ့ အကြောင်းတွေထဲမှာ တခုက တူးဖော်ဖို့လိုအပ်ချက်တွေကို ဂလိုဘယ်ဝမ်းမင်းအကြောင်းပြချက်နဲ့ တင်းသထက်တင်း ကြပ်သထက်ကြပ်ဖို့ ဖြစ်မှာပါ။ အဲဒါမှ ပေးကားပေး၏ မရ တွေဖြစ်ပြီး ဘလိမ်းဂိမ်းလုပ်လို့ ကောင်းမှာကြောင့်လို့ ထင်ပါတယ်။

အမေရိကန်ပက်ထရိုလီယမ်အင်စတီကျုက ဥက္ကဌ မိုက်ခ်ဆောမ်မားစ်က ရေနံထုတ်တာချင်းတူရင် အမေရိကန်မှာထုတ်တဲ့နည်းစနစ်က အသန့်ဆုံးပဲ၊ တခြားနိုင်ငံတွေမှာ ထုတ်တာတွေက ပတ်ဝန်းကျင်အတွက် မကောင်းဘူးလို့ ဆိုပါတယ်။ လောလောဆယ်ထုတ်နိုင်တာတွေက အနည်းစုဖြစ်တဲ့ ပုဂ္ဂလိကမြေပေါ်ကတွင်းတွေလောက်ပဲဖြစ်လို့ ရေနံဈေးကျလောက်အောင်တော့ ထွက်ဖို့မလုံလောက်သေးဘူးလို့ ဆိုပါတယ်။

ဖောက်စ်နယူးစ်ကသတင်းထောက် လော်ရာဆိုင်မွန်နက်တီက ပီကို့စ် တက္ကဆက်စ်ကနေ အမေရိကန်မှာ ရေနံတူးဖော်မှုတွေ ထင်သလောက် မဖြစ်နေရတဲ့အကြောင်းရင်း ၃ခုကို တင်ပြသွားပါတယ်။

၁။ ဝေါလ်စထရိမှာ လုပ်ရကိုင်ရခက်တာရယ်၊ အင်ဗက်စတာတွေကိုယ်တိုင်က နိုင်ငံရေးလှုပ်ရှားသူတွေ ဖြစ်နေပြီး လာသမျှကို ကမ္ယာမှာမရှိတဲ့စံနှုန်းအမြင့်ကြီးတွေနဲ့ တိုင်းနေတာက တစ်ချက်ဖြစ်ပါတယ်။

၂။ လက်ဝဲဒီမိုကရက်ဆီနိတ်တာတွေဖြစ်တဲ့ အဲလစ်ဇဘက်ဝါရင်တို့ ဘာနေဆန်းဒါးစ်တို့က ဝင်းဖောလ်အခွန်ဆိုပြီး ဈေးတက်ရတာ အမြတ်ကြီးစားတာကြောင့်လို့ သမုတ်ပြီး ရတဲ့ဝင်ငွေပေါ်မှာ ခေါင်းစဥ်သစ်တစ်မျိုးနဲ့ အခွန်ထပ်ကောက်နေတာကြောင့်ပါ။ အဲဒါကြောင့် ရလာတဲ့အမြတ်ကို လုပ်ငန်းချဲ့ဖို့တို့ ပြုပြင်မွန်းမံမှုတွေလုပ်ဖို့တို့ စတဲ့တိုးတက်မှုအတွက် မလုပ်နိုင်ပဲ အစိုးရကိုချည့် အကုန်ပြန်ပေးနေရတဲ့အတွက် တော်ရုံလုပ်ငန်းရှင်လေးတွေက မခံနိုင်ကြတာဖြစ်ပါတယ်။

၃။ နောက်ဆုံးတချက်က ဘိုင်ဒန်အစိုးရက ရန်သူတွေကိုတောင် သွားပြီး ရေနံတိုးထုတ်ပေးဖို့ ခယနေတဲ့အချိန်မှာ ပြည်တွင်းလုပ်ငန်းရှင်တွေကိုကျတော့ ပစ်ပယ်ထားပြီး လုပ်ရကိုင်ရ ခက်ခဲအောင် လုပ်နေတာတွေကို ရေနံလုပ်ငန်းရှင်တွေက စိတ်ပျက်စိတ်နာနေကြတာဖြစ်ပါတယ်။

ယူကရိန်းဒုက္ခသည်တွေအပေါ် အမြတ်ထုတ်ဖို့ တန်းအကွက်မြင်တာကတော့ အားလုံးသိတဲ့ တရုပ်ပြည်ပါပဲ။ ယူကရိန်းသူတွေ တရုပ်အမျိုးသားတွေကို စိတ်ဝင်စားရင် ဆက်သွယ်ကြဖို့ အေးဂျင့်တွေထား ကြော်ငြာတွေဖြန့်ထားပါတယ်။ စစ်စဖြစ်ကတဲက ၇၄၈ဦး ဆက်သွယ်လာကြတယ်လို့ ဆိုပါတယ်။ တရုပ်အေးဂျင့်တွေက အရှေ့ဥရောပသူတွေဟာ လှပရုံတင်မက အနောက်ဥရောပသူတွေလိုမဟုတ်ပဲ ရိုးသားပြီး ကလေးဆန် နွဲ့လျတာကြောင့်လို့ ပြောကြပါတယ်။ အရွယ်ကတော့ ဆယ်ကျော်သက်လို ငယ်ရွယ်လှပသူကို ဦးစားပေးပါမယ်တဲ့။ ဆားဗစ်ခက တရုပ်အမျိုးသားတဦးကို ယွမ် ၆၇၀၀ ကနေ ၈သောင်းအထိ (ဒေါ်လာ ၁၀၀၀ကျော်ကနေ တသောင်းသုံးထောင်နီးပါးအထိ)ဖြစ်ပြီး ယခုထိ စုံတွဲ ၈တွဲ ၉တွဲလောက်ကို မင်္ဂလာဆောင်ပေးပြီး ဖြစ်ပါတယ်။ တရုပ်ပြည်မှာက ကျားဦးရေများနေပြီး ယူကရိန်းမှာက မဦးရေ များနေတာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: