မတ်လ ၂၃ ရက် ၂၀၂၂

တက်စ်လာက အီလွန်မတ်စ် ပေးထားတဲ့ စတားလင့်ခ်အင်တာနက်စနစ်တွေဟာ မြန်နှုန်းမြင့်ရုံတင်မက ကမ္ဘာမြေကနေ နိမ့်နိမ့်လေးပတ်နေပြီး နည်းပညာမြင့်တဲ့အတွက် တခြား ဂြိုလ်တုအင်တာနက်စနစ်တွေ မပေးနိုင်တဲ့ ဗီဒီယိုကောလ်တွေ၊ အွန်လိုင်းဂိမ်းမင်းတွေ၊ စထရိင်းမင်းတွေ၊ စတဲ့ ဒေတာများများသုံးရတဲ့ အရာတွေကိုပါ လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ အဆိုပါစနစ်ဟာ တခြား ဘာအင်တာနက်မှ မရှိ/ရှိလည်း မသေချာတဲ့ နေရာတွေအတွက် အသင့်တော်ဆုံးပဲလို့ ဆိုပါတယ်။

ယူကရိန်းက သူတို့ရဲ့အေရီယယ်လ်ရီကွန်နေးဆန့်စ်ကို စတားလင့်ခ်ကတဆင့်သုံးပြီး ရုရှားဒရုန်းတွေကို တိုက်ခိုက်ခြင်း၊ တင့်ကားတွေကို ပစ်မှတ်ထားခြင်း၊ တင့်ကားတွေ စစ်ယာဥ်တွေရဲ့ တည်နေရာကို ထောက်လှမ်းခြင်း စတာတွေကို ဖေဖေါ်ဝါရီ ၂၄ထဲက စလုပ်နေတာဖြစ်ပါတယ်။ ယူကရိန်းရဲ့ ဒရုန်းတွေဟာ ရုရှားတင့်ကားတွေပေါ်ကို တင့်ကားဖျက်လက်နက်တွေ ချပေးနိုင်တာကြောင့် ရုရှားကျူးကျော်တပ်တွေကို အဟန့်အတားတော့ ဖြစ်စေမှာဖြစ်ပါတယ်။ ဒရုန်းတွေအပြင် နီအောက်ရောင်ခြည်အာရုံခံစနစ်တပ်ထားတဲ့ မောင်းသူမဲ့ ၁၀ပေလောက်ရှိတဲ့ လေယာဥ်ငယ်လေးတွေနဲ့ ရုရှားတပ်တွေရဲ့ တည်နေရာကို ထောက်လှမ်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။

ယူကရိန်းက ဒရုန်းတွေဟာ အနောက်နိုင်ငံတွေက အကြံပေးတွေနဲ့ လွန်ခဲ့တဲ့နှစ်တွေက အကြိမ်ကြိမ် စမ်းသပ်ထားတဲ့ ဒယ်လ်တာစနစ်ကို သုံးထားပြီး အဲဒီစနစ်ကို သာမာန်လက်ပ်တော့ပ်တွေကနေ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဆကျူရေးရှင်းနဲလ်အဝဲနက်စ်လို့ခေါ်တဲ့ ဆော့ဖ်ဝဲက ဒရုန်းတို့ ဂြိုလ်တုတို့က ပို့ပေးတဲ့ ပုံရိပ်တွေ၊ လူသားအသိဉာဏ်နဲ့ ဆန်ဆာတွေကိုသုံးပြီး တကယ့်မြေပြင်ကပုံတွေနဲ့ အင်တာအက်တစ်ဗ်မြေပုံ ဖန်တီးပေးကာ ရန်သူကို ခြေရာခံမိစေမှာဖြစ်ပါတယ်။

ရုရှားတပ်တွေဖက်ကတော့ သေဆုံးသူ တသောင်းခွဲကျော်သွားပါပြီ။ အဲဒီအရေအတွက်က ယူကရိန်းကိုပို့ထားတဲ့ တပ်သားဦးရေရဲ့ ၁၀ပုံ ၁ပုံဖြစ်တယ်လို့လည်း ဆိုပါတယ်။​ ခုထိ ရုရှားတွေက ယူကရိန်းရဲ့ ဘယ်မြို့ကြီးကိုမှ မသိမ်းနိုင်သေးပါဘူး။

အမေရိကန်မှာ အဆိုးရွားဆုံးအလုပ်လက်မဲ့နှုန်းဖြစ်နေတာကတော့ နယူးယောက်မြို့ကြီးပါ။ တနိုင်ငံလုံးပျှမ်းမျှထက် ၂ဆဖြစ်တဲ့ ၇.၆%ထိ ရောက်နေပါပြီ။ အလုပ်တွေပြန်ဖွင့် ကိုဗစ်တင်းကြပ်တာတွေ လျော့ပေးလိုက်ပေမယ့် အလုပ်ခွင်ထဲကို ပြန်မသွားကြသူ များနေတာပါ။ အဲဒီတော့ အလုပ်လုပ်တဲ့အင်အားစုတွေကို မှီပြီး အသက်မွေးတဲ့ ရုံးတွေနားက စားသောက်ဆိုင်တွေ၊ အထွေထွေကုန်စုံဆိုင်တွေ၊ အဝတ်ဆိုင်တွေ၊ သန့်ရှင်းရေး/အထွေထွေဝန်ထမ်းတွေကအစ အလုပ်မရှိတော့ပဲ ဖြစ်နေတာပါ။ လော့စ်အိန်ဂျလိစ်က ၇% နဲ့ ရှီကာဂိုက ၅.၁% ရှိပါတယ်။

ကမ္ဘာမှာ လောင်စာဈေးကြီးမြင့်မှုကြောင့် ရရာ ဈေးချိုရာ လက်လှမ်းမီသလောက် ဝယ်သုံးကြတာမှာ ကျောက်မီးသွေးတွေ မက်ထရစ်တစ်တန်ကို ဒေါ်လာ ၄၂၀ထိ အနှစ် ၂၀၀အတွင်း အမြင့်ဆုံး ဈေးတက်လာတဲ့အပေါ် ကုလထွေ/တွင်း/ချုပ်က ကျောက်မီးသွေးဝယ်သုံးနေသူ တွေကို အရေးယူရမယ်၊ ဘာလို့လဲဆိုတော့ ကျောက်မီးသွေးက စတူးပစ်အင်ဗက်စ်မန့်ဖြစ်လို့ပါတဲ့။ ဈေးကတော့ ပြန်ကျသွားတာ ၃၃၄.၅၀ပဲ ရှိပါတော့တယ်။ ဈေးကွက်မှာ လိုအပ်တာရှိရင် အဲဒီ လိုအပ်ချက်ကို ဖြည့်စည်းဖို့ စားသုံးသူက သူ့နည်းသူ့ဟန်နဲ့ ကြိုးစားမှာပါပဲ။ ဘာမှမရှိလဲ ဟိုးတုန်းကလို ထင်းတွေ ပြန်သုံးကြမှာပေါ့။​ လိုအပ်ချက်ရှိနေတာကို မကုစားပဲ အရိပ်ထဲကနေ ဟိုလိုလုပ်၊ ဒီလိုမလုပ်နဲ့ဆိုတာကတော့ အလုပ်မဖြစ်တဲ့အပြင် အာဏာရှင်ဆန်လွန်းပါတယ်။​  

ရေတပ်ထိပ်ပိုင်းအရာရှိတဦး ဟိုကာ/ကွယ်ဆေးထိုးခံဖို့ ငြင်းဆိုတာနဲ့ ပတ်သက်တဲ့ အမှုမှာ အစစ်ခံဖို့ သွားမယ့် ကန်စစ်ဖက်လေယာဥ်တွေပေါ်မှာ ခွဲစိတ်ဆရာဝန်လုပ်သူတဦးက သူ့ကို တပ်ထဲက ဆေးနဲ့ပတ်သက်တဲ့ ဒေတာတွေအကြောင်း မပြောရဘူးလို့ အထက်က ညွှန်ကြားထားကြောင်း ဖွင့်ဟသွားပါတယ်။ တပ်ထဲက ဟိုဆေးထိုးထားတဲ့သူတွေမှာ ဗဟိုအာရုံကြောစနစ်ကြီးရဲ့ အချက်ပြဆက်သွယ်ရေးတွေ၊ အာရုံခံနိုင်စွမ်းတွေ ပျက်စီးကုန်ကြတာ တွေ့ရတယ်လို့ သူမက အစစ်ခံသွားပါတယ်။​ အဲဒီဒေတာတွေက အရပ်ဖက်မှာ ဖောက်စိတို့အောက်က ကာ/ဆေးဆိုးကျိုးသတင်းပို့စနစ်လိုမျိုး တပ်ထဲက စနစ်ကို လေ့လာသုံးသပ်ပြီးမှ ကောက်ချက်ချတာဖြစ်ပါတယ်။

ဒုဗိုလ်မှူးကြီးထြီဇာလောင်းကို ဆက်လက်စစ်မေးရာမှာတော့ သူမက တပ်ထဲမှာ စစ်သည်တွေအများကြီး ဒီဆေးကြောင့် ဘဝပျက်ကြရတယ်၊ အများဆုံးထိတာက လေယာဥ်မှူးတွေ၊ ဒါပေမဲ့ ငါ့အထက်က ဘယ်သူကမှ ဒီကိစ္စကို အရေးတယူမဆွေးနွေးချင်ကြဘူးလို့ ဆိုပါတယ်။ သူမအခုလို ထွက်ဆိုတဲ့အတွက် သူမအကျိုးစီးပွား ဘာတခုမှမရှိပဲ အလုပ်ပြုတ် ဒုက္ခရောက်တာပဲ ရှိမှာကို နားလည်ကြောင်း၊ ဒါပေမဲ့ သူဘယ်လိုမှ ဆက်ကြည့်မနေနိုင်တော့လို့ ဖွင့်ပြောတာပါလို့ မျက်ရည်ဝဲဝဲနဲ့ ထွက်ဆိုသွားပါတယ်။ တပ်ထဲမှာ ဘာသာရေး/ယုံကြည်မှူကြောင့် ကင်းလွတ်ခွင့်လည်း မပေးပဲ အတင်းကို မထိုးမနေရ လုပ်ထားတာပါ။ တပ်ထဲမှာ အကုန်လုံးနီးပါး ဆေး၂လုံးထိုးထားတာတောင် ၇၀-၈၀ရာနှုန်းလောက်က ကူးခံခဲ့ရပါတယ်။ မထိုးထားတဲ့သူတွေထဲမှာတော့ ၁၅ရာနှုန်းပဲ ကူးခံကြရတာပါ။

စဥ်းစားကြည့်ပါ၊ တပ်ထဲက တိုက်ရည်ခိုက်ရည် အတွေ့အကြုံများတဲ့ လေသူရဲတွေ အာရုံခံစနစ်ပြဿနာတက်ရင် ရှီတို့ ပူတင်တို့ ခါမေနီတို့က ပျော်ကြမှာပေါ့။ တိုင်းပြည်ကို ဖျက်ဆီးတယ်ဆိုတာ အဲဒီလိုဒေါင့်စုံရတယ်လို့ ဆရာကြီးဘိုင်ဘိုင်က နမူနာ ပြလိုက်တာပါပဲ။

ဘိုင်ကြီးဆိုလို့ ဘိုင်ကြီးက ၂၀၁၄တုန်းက ခြစားတယ်ဆိုတာ ကင်ဆာလိုပဲ၊ နိုင်ငံသားတွေရဲ့ ဒီမိုကရေစီအပေါ် ယုံကြည်မှုကို တိုက်စားသွားတာလို့ ပြောခဲ့ပါတယ်။ ခုတော့ သူကိုယ်တိုင် ခြစားတာကို ဘူးကွယ်နေသော်ငြားလည်း သာဓကတွေက ထင်သထက် ထင်ရှားလာပါပြီ။ ခြစားတွေရဲ့ ထုံးစံအတိုင်း ခြစားကိုထောက်ခံသူတွေကလည်း ခြစားတွေပဲ ဖြစ်နေကြတာပါ။ ကပ်ပိုးအကြောင်းပြပြီး သုံးခဲ့တဲ့ ၆ထရီလီယံဒေါ်လာထဲမှာ ဇီးသီးဗန်းတွေ အသီးသီးအသက မှောက်လိုက်ကြပုံများ တချို့နန်းပရောဖစ်အဖွဲ့တွေက ဆင်းရဲသားတွေအတွက် ချပေးတဲ့ အစားအသောက်အစီအစဥ်ကနေ ၆၅သန်းကို အိမ်/ကားအပါအဝင် တခြားအရာတွေဝယ်ပြီး ဥပဒေမဲ့ ကိုယ်ကျိုးသုံးခဲ့ကြသလို ခါတော်မှီကုမ္ပဏီအတုထောင်၊ ခိုးထားတဲ့အိုင်ဒန်ဒတီတွေနဲ့ အမည်ခံဝန်ထမ်းတွေဖန်တီး၊ သူတို့ဝင်ငွေတွေကို လိမ်ပြ၊ စတာတွေလုပ်ခဲ့ကြတယ်လို့ အက်ဖ်ဘီအိုင်က တွေ့ရှိထားကြောင်း ဘလူမ်းဘတ်ဂ်မှာ ရေးသားထားပါတယ်။

ထောက်လှမ်းရေးက အဲဒီလို အမှုပေါင်း ၉၀၀ကျော်ဖွင့်ထားပြီး အနည်းဆုံး ဘီလီယံ၁၀၀ လောက်က အလွဲသုံးစားအလုပ်ခံရတယ်လို့ ဆိုပါတယ်။ တကယ်တော့ ပြဿနာက ဒီထက် အများကြီး ဆိုးနိုင်ပါတယ်။ ပေးချက်ပရိုတက်ရှင်းအစီအစဥ်ကနေ အလုပ်ပြုတ်သွားသော်လည်း ဆက်လက်ပေးနေဖို့ ဘီလီယံ ၈၀၀ ချပေးထားတာမှာ အဲဒီထဲက ၂၃ရာနှုန်းပဲ တကယ့်အလုပ်သမားတွေလက်ထဲ ရောက်တယ်လို့ ဆိုပါတယ်။ လေဘာဝန်ကြီးဌာနက အရေးပေါ်အလုပ်ပြုတ်ခံစားခွင့်ထဲက ၈၇ဘီလီယံက မသင့်မတော်တွေသုံးခဲ့တာလို့ ဝန်ခံပါတယ်။ လုပ်ငန်းရှင်ငယ်လေးတွေအတွက် ချေးငွေချပေးတဲ့ထဲက ၆.၂ဘီလီယံကလည်း အိုင်ဒီအတုတွေနဲ့ လုပ်စားသွားတာလို့ ဆိုပါတယ်။ ပြည်တွင်းအခွန်ကလည်း သူတို့ပို့တဲ့ စတီးမြူလပ်စ်ချက်ခ်ပေါင်း ၂.၂သန်း တန်ဖိုးအားဖြင့် ဒေါ်လာ ၃.၅သန်းဘီလီယံက သေပြီးသူတွေဆီ ပို့ထားတာပါတဲ့။ ကိုယ့်ဖာသာကိုယ် သက်သက်ညှာညှာ လျော့ပြောတဲ့နံပါတ်တောင် မနည်းဘူးဆိုတော့ သဘောပေါက်ကြပေါ့။ ဘိုင်ကြီးပြန်လာဖို့ မျှော်လင့်နေကြတဲ့သူတွေရဲ့ လက်သုံးစကားက ဘစ်စနက်စ် အက်စ်ယူရှဲလ် ဆိုတာပါ။ သမားရိုးကျနိုင်ငံရေး၊ လုပ်မြဲ၊ နေမြဲ၊ ခိုးမြဲ၊ စားမြဲဆိုပါတော့။ ထရမ့်လို  ပရိုက်ဗိတ်ဆက်တာက လာတဲ့လူက မကုန်သင့်တာမကုန်အောင်၊ ကုန်သင့်တာ ပိုထိရောက်အောင် ဖိဖိစီးစီးလုပ်တဲ့အကျင့် သွေးထဲမှာ စွဲနေတယ်ဆိုတာ သူ့အကြောင်းပိုသိရင် မြင်လာပါလိမ့်မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: