ယူကရိန်းသမ္မတဇယ်လန်းစကီကတော့ ပူတင်ကို သူနဲ့ ရုရှားအပြင်မှာ မျက်နှာချင်းဆိုင် လာတွေ့ဖို့လိုကြောင်း ပြောလိုက်ပါပြီ။ ဆုံးဖြတ်နိုင်သူနှစ်ဦးတွေ့မှ အဖြေထွက်တဲ့အထိ ဆွေးနွေးနိုင်မှာဖြစ်တဲ့အတွက် သူ့တောင်းဆိုချက်က သဘာဝကျပါတယ်။ ပူတင်သူ့လောက် သတ္တိရှိ/မရှိပဲ ကြည့်ရမှာပါ။ ရုရှားတောင်းဆိုနေတာက ယူကရိန်းအနေနဲ့ နေတိုးကို မဝင်ဖို့ပါ။ ဇယ်လန်းစကီက မင်းတို့တပ်တွေ ရုပ်ပြီးမှ ပြည်သူ့ဆန္ဒနဲ့ မဲခွဲဆုံးဖြတ်သင့်တယ်လို့ ဆိုပါတယ်။ ယူကရိန်းပြည်သူတွေက ဝင်ဖို့ မဲပေးသည့်တိုင် ဘိုင်ဒန်လက်ထက်မှာ နေတိုးက လက်ခံဖို့ မဖြစ်နိုင်တာတော့ ထင်ရှားနေပါတယ်။ ရုရှားဖက်က ဆွေးနွေးဖို့လက်ခံနိုင်ပေမယ့် အနောက်တိုင်းကလူတွေ မပါရဘူးလို့ ဆိုပါတယ်။
၂၆ရက်နေ့မှာ ဘိုင်ဒန်က ပူတင်အနေနဲ့ ရာထူးမှာဆက်ရှိမနေသင့်တော့ဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီနေ့အစောပိုင်းကလည်း သားသတ်သမားလို့ ညွှန်းသွားပါသေးတယ်။ အိမ်ဖြူဝန်ထမ်းများက ဘိုင်ဒန်ပြောချင်တာက ပူတင်ဟာ အိမ်နီးချင်းတွေပေါ် အာဏာမသုံးသင့်ဘူးလို့ ပြောတာပါ၊ ရုရှားထဲ၊ ရုရှားအစိုးရထဲကပါဝါကို ပြောတာမဟုတ်ပါဘူးလို့ ဖာပါတယ်။ ဘိုင်ဒန်ကတော့ ငါပြောတဲ့စကားကို ငါမပြင်ဘူး၊ ငါက ရုရှားနဲ့စစ်ဖြစ်ရမှာကို မလိုချင်ပါဘူး၊ ဒါပေမဲ့ သူ့အကျင့်တွေကို စိတ်ပျက်လို့ ပြောတာပါလို့ သတင်းထောက်တဦးရဲ့ အမေးကို ပြန်ဖြေပါတယ်။
အလားတူပါပဲ၊ ဆန်ရှင်တွေက ဘယ်တုန်းကမှ ကျူးကျော်သူကို မတားမြစ်နိုင်ပါဘူးလို့ ဘိုင်ဒန်က ပြောခဲ့ပေမယ့် သူ့အစိုးရအဖွဲ့ဝင်တွေကတော့ ဆန်ရှင်တွေက ဘယ်လိုထိရောက်ကြောင်း ဘယ်လိုတားနိုင်ကြောင်းတွေ ပြောနေကြတာပါ။ အဲဒီတုန်းက ဘိုင်ဒန်ပြောသွားတဲ့ထဲမှာ ဆန်ရှင်တွေက ချက်ချင်းသိပ်သိသာလာမှာမဟုတ်ပဲ လပေါင်းကြာရှည် ဥပမာ ၂၀၂၂အကုန်လောက်ကျမှ ရုရှားအစိုးရအပေါ် ထိခိုက်နာကျင်မှုတွေ ဖြစ်လာဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။ ဒီအတိုင်းဆိုရင် ယူကရိန်းစစ်က ကြာဦးမှာဆိုတဲ့ သဘောများလားတောင် တွေးမိပါတယ်။ ယူကရိန်းက အလျော့မပေးသ၍ ကြာဦးမှာဆိုရင် ကုန်ဈေးနှုန်းတွေ လောင်စာဈေးတွေ အစာရှားပါးမှုတွေ ခုထက် အများကြီး ပိုဆိုးလာမှာကို တကမ္ဘာလုံး ကြုံကြရဦးမှာပေါ့။ ဒါနဲ့ ဘိုင်ကြီးက ရိက္ခာပြတ်လပ်မယ်ဆိုတာ အတည်ပြောတာလို့ သတိပေးပါတယ်၊ အဲဒီအတွက် ဘာမှ ကုစားမယ့် ပြင်ဆင်မယ့်ပုံ မရှိပါဘူး။ တရုပ်ကြီးက ပူတင်စစ်သံပေးနေထဲက ရိက္ခာဝယ်စုထားပြီးပါပြီ။
သူတို့ ဘာပြောပြော ပူတင်ကလည်း သူတို့ဘောမရှိတာ သိပြီးသားဖြစ်သလို ယူကရိန်းကလည်း ဘိုင်ဒန်တို့အကြောင်း သဘောပေါက်နေလောက်ပါပြီ။ တခုဖြစ်နိုင်တာက အခုလို ဟိုလူကဟိုပြော၊ ဒီလူကဒီပြောနဲ့ဆိုတော့ ရွေးကောက်ပွဲနီးရင်ဖြစ်ဖြစ် မုသားမှိုင်းတိုက်ချင်ရင်ဖြစ်ဖြစ် သူတို့အာရုံစိုက်စေချင်တဲ့အပိုင်းကို ရွေးပြယုံပါပဲ။ အားလုံးတဖွဲ့ထဲပဲလေ။ သူတို့နောက်လိုက်တွေထဲ ဟုတ်၏/မဟုတ်၏ ဆန်းစစ်နေ့မယ့်သူမှ မပါတာ။
စီဒီစီက ကပ်ပိုးကြောင့်ဖြစ်တဲ့ ၁၈နှစ်အောက်ကလေးသေဆုံးမှုနံပါတ်တွေကို ၂၄ရာနှုန်း ပယ်ဖျက်ပစ်လိုက်ပါတယ်။ အကြောင်းပြတာကတော့ ကုဒ်သွင်းတဲ့လော့ဂျစ်က မှားနေလို့ပါတဲ့။ တနည်းပြောရရင် အရင်က ကြောက်အောင်ချောက်ချင်တော့ နံပါတ်တွေ တမင်ဖောင်းပွထားတာလည်း ဖြစ်နိုင်တာပါပဲ။ မပြင်ခင်က ကလေး ၁၇၅၅ဦးနဲ့ လူကြီး ၈၅၁,၀၀၀ ဟိုပိုးကြောင့်သေဆုံးခဲ့တယ်လို့ တွေ့ပြီး ပြင်ဆင်အပြီးမှာတော့ အပေါ်ကနံပါတ်တွေထဲက ကလေး ၄၁၆ဦးနဲ့ လူကြီး ၇၁,၀၀၀ကျော် လျော့သွားပါတယ်။
ဖဇဆေးနဲ့ပါတ်သက်တဲ့ စား/သောက်/ဆေးကြီးကြပ်အဖွဲကို တင်တဲ့ဒေတာတွေထဲမှာ ကျန်းမာတဲ့လူအုပ်စုထဲ ဘယ်လိုမှမကျန်းမာတဲ့လူတွေ ပါနေသလို ပြင်းထန်ဆိုးကျိုးရတဲ့ နံပါတ်တွေမှာလည်း ဖြည့်မထားတာတွေ၊ နမူနာဘားကုဒ်တွေ ပျောက်နေတာ၊ အဲဒီထဲက အနည်းဆုံးတဦး ဆုံးပါးသွားတာကို ဆေးစစ်သွားတယ်လို့ဖြည့်ထားတာ၊ ဒုတိယအလုံးကို သတ်မှတ်ကာလဖြစ်တဲ့ ၃ပတ်ကျော်မှ ထိုးပေးတာတွေအပြင် ဆေးရုံအကြာကြီးတက်ရတဲ့အထိ ဖြစ်ခဲ့တဲ့ဆိုးကျိုးတွေကို ပြင်းထန်မှုမရှိလို့ ဖြည့်ထားတာတွေ စသဖြင့်အများကြီး တွေ့ရတယ်လို့ ထုတ်ပြန်ပါတယ်။ ဖဇဆေးကြာင့် ၂၀၂၁ ဖေဖေါ်ဝါရီလကုန်အထိ ဘေးထွက်ဆိုးကျိုးပေါင်း ၄၂,၀၈၆ စာရင်းရှိပြီး ၁၂၂၃ဦး သေဆုံးခဲ့တာပါ။ ၂၀၂၀နှစ်ကုန်ခါနီးမှထွက်တဲ့ဆေးဆိုတော့ ၃လလောက်အတွင်းမှာဆိုရင် တော်တော်ကြောက်စရာကောင်းတဲ့နံပါတ်ဖြစ်ပါတယ်။ ၁၉၇၆တုန်းက ဝက်တုတ်ကွေးဆေးကို လူ၂၅ဦးသေတာနဲ့ အကုန်ပြန်သိမ်းသွားတာကို ယှဥ်ကြည့်စေချင်ပါတယ်။
စား/သောက်/ဆေးကြီးကြပ်က မတ်လ ၁ရက်နေ့မှာ ထုတ်ပြန်တဲ့ စာမျက်နှာပေါင်း တစ်သောင်းလောက်မှာ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေတင် စာမျက်နှာ ၉မျက်နှာရှိပြီး အမျိုးအစားအားဖြင့် ၁သိန်း၅သောင်း၈ထောင်ကျော် ပါဝင်ပါတယ်။ အဲဒီလို ထွက်လာတာက တလောကတင်ထားတဲ့ ဗန်တီးဗီးယားက ထုတ်ပစ်လိုက်တဲ့ ဝန်ထမ်းမလေးရဲ့ ရဲရဲဝံ့ဝံ့ စွန့်စားကြိုးပမ်းမှုကြောင့် ဖြစ်မှာပါ။ ပြည်သူ့အကျိုးလိုလားတဲ့ မီဒီယာတွေကတော့ ဒီသတင်းမျိုး မတင်စရာမရှိပါဘူး။ စား/သောက်/ဆေးကြီးကြပ်မှာ ဖဇရဲ့ ဒေတာစာမျက်နှာပေါင်း ၄သိန်းခွဲကျော်ရှိတဲ့အတွက် အခုတသောင်းစွန်းစွန်းလေးမှာ တွေ့ရှိတာထက် အများကြီးဆိုးနေမလားဆိုတာ ပြည်သူတွေ သိသင့်ပါတယ်။ အဲဒီလိုပြဿနာတွေကြားထဲက အတင်းမထိုးမနေရလုပ်နေတဲ့အစိုးရကိုလည်း သံသယဝင်ကြဖို့ကောင်းပါပြီ။
နိုင်ငံတကာမှာ အစွမ်းမပြနိုင်တဲ့ ဘိုင်ဒန်ကြီးက ပြည်တွင်းမှာတော့ အစွမ်းမျိုးစုံပြနေတာ ပြည်တွင်းစွမ်းအင်ဖူလုံမှုကို ထိထိရောက်ရောက်ဖျက်ဆီးအပြီး၊ နယ်စပ်ကိစ္စကိုလည်း ဖျက်ဆီးအပြီး၊ ငွေဖောင်းပွမှုနဲ့ စွမ်းအင်ဈေးတို့ကိုလည်း စံချိန်တင်နိုင်ခဲ့ပြီး ခုတခါမှာတော့ ထင်တိုင်းသုံးထားတဲ့ ဇီးသီးဗန်းတွေအတွက် လိုငွေပြမှုကို ကုစားဖို့ ဘီလျံနာတွေကို အနိမ့်ဆုံးအခွန် ၂၀ရာနှုန်းကောက်မယ်လို့ ဆိုပါတယ်။ အနိမ့်ဆုံး၂၀ရာနှုန်းဆိုလို့ အဲဒါဖက်ဒရယ်တခုထဲပြောတာနော်၊ ပြည်နယ်၊ မြို့ စတာတွေပေါ်ဆောင်ရတဲ့ ဝင်ငွေခွန်တို့၊ မြေခွန်၊ အိမ်ခွန်၊ ကားခွန်၊ စသဖြင့် တခြားပိုင်ဆိုင်မှုပေါ်ကောက်တာတွေမပါသေးဘူး။ အဲဒီထဲမှာ အပြင်မှာ တကယ်ဝင်သေးတာမဟုတ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက စာရွက်ပေါ်က အမြတ်အစွန်းတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ အရင်ပြောခဲ့ဖူးသလိုပဲ တကယ့်အမြတ်ဖြစ်လာ/မလာနဲ့ ဘယ်လောက်ဖြစ်လာမယ်ဆိုတာကို ရောင်းချပြီးမှ သိနိုင်မှာဖြစ်တဲ့အတွက် အခုလို လုပ်သမျှ ဟတ်ထိုးလဲနေတဲ့အစိုးရလက်ထက်မှာ ပြဿနာတွေ ထပ်ပြီးဆင့်လာတာပဲ ရှိမှာပါ။
အဲဒီအခွန်ကြောင့် အနှုတ်လက္ခဏာအပြနိုင်ဆုံးကတော့ တိုင်းပြည်ရဲ့ စီးပွားရေးပါပဲ။ ပိုက်ဆံရှိသူတွေ များများသုံးကြစွဲကြမှ တိုင်းပြည်စီးပွားရေးယန္တယား လည်ပတ်မှု သွက်လက်မှာပါ။ တနပ်စားဉာဏ်နဲ့ များများလိုချင်ရင်တော့ ရွှေဥဥတဲ့ငန်း ဝမ်းခွဲရှာသလိုပဲ ဖြစ်တော့မှာပေါ့။ အေအိုစီတို့လို လက်ဝဲစွန်းတွေရဲ့ ရည်မှန်းချက်က သူဌေးတွေကို ၇၀ရာနှုန်းအခွန်ကောက်ဖို့ပါ။ အစဥ်အလာကြီးခဲ့တဲ့ ဥရောပက အမေရိကန်နဲ့မယှဥ်နိုင်ပဲ ပြတ်ကျန်ခဲ့တာ လက်ဝဲယိမ်းပြီး အောင်မြင်လာသူတွေကို ဒဏ်ခတ်သလိုမျိုး အခွန်အများကြီးကောက်လို့ဆိုတာ သိသင့်ပါတယ်။
အကျိုးရှိမယ့်သူကတော့ ပြည်တွင်းအခွန်နဲ့ သူတို့နဲ့ ပေါင်းစားနေသူတွေပါပဲ။ ဘိုင်ဒန်တို့ အရင်လုပ်သွားသမျှတွေကလည်း ပြည်တွင်းအခွန်ကို အာဏာပိုပေး ဘတ်ဂျက်အများကြီး ပိုပေးထားတာဆိုတော့ လမ်းခင်းထားပေးတာ ဖြစ်နိုင်ပါတယ်။ တကယ့်သူဌေးကြီးတွေက ဘဏ္ဍာရေးအတိုင်ပင်ခံတွေ၊ ရှေ့နေတွေနဲ့ နိုင်ငံတကာအဆက်အသွယ်နဲ့ဆိုတော့ ဘယ်လိုရှောင်ရှောင် လွတ်နိုင်တဲ့နည်းတွေ အများကြီးပါ။ အခုလည်း ထိပ်တန်းသူဌေးကြီးတွေထဲမှာ အီလွန်တဦးပဲ မှန်မှန်ကန်ကန်အခွန်ဆောင်နေတာပါ။ မဆောင်လို့လဲမရဘူး၊ ခြေချော်လက်ချော်တောင် မှားတင်လို့ မရဘူးလေ၊ ပေါင်းမစားတော့ အထဲရောက်ဖို့က ထမင်းစားရေသောက်ထက် လွယ်နေမှာကိုး။ ဒီမိုကရက်ဒိုနာတွေအခွန်ရှောင်တာကိုတော့ အိုင်အာအက်စ်က မမြင်ချင်ယောင်ဆောင်နေဦးမှာပါ။
ကုန်ဈေးနှုန်းတွေ ဆီဈေးတွေ တက်လာလေလေ ဘိုင်ဒန်ရဲ့ လူထုထောက်ခံမှု ကျဆင်းလေလေပါပဲ။ အခုဆို ဘိုင်ဒန်ရဲ့လူထုထောက်ခံမှုက ၄၀ရာနှုန်းအောက်ကို ဆင်းသွားပါပြီ။ လူ၃ဦးမှာ ၂ဦးလောက်က မထောက်ခံသလိုဖြစ်နေတာပါ။ အေအိုစီကတော့ အဲဒါက ဘိုင်ဒန်က လက်ဝဲသိပ်မရောက်သေးလို့လို့ ဆိုပါတယ်။ ကောလိပ်ကျောင်းသားချေးငွေတွေထဲက အနည်းဆုံး ၁သောင်းကို လျော်ပေးလိုက်ရင် လူငယ်တွေရဲ့မဲကို အများကြီးပြန်ပြီး ဆွဲဆောင်နိုင်မယ်လို့ ဉာဏ်ကြီးရှင်က ထင်မြင်ချက်ပေးပါတယ်။ တိုင်းပြည်မှာ အဲဒီလောက်အမြင်တိုပြီး အဲဒီလောက်ပိန်းတဲ့ လူငယ်တွေများနေရင်တော့ အထည်ကြီးပျက်တိုင်းပြည်ပဲ ဖြစ်လာမှာပါပဲ။ ဒီမိုကရက်ပေါ်လစီချသူတွေအနေနဲ့ လာဘ်ထိုးတာနဲ့ လာဘ်ယူတာကလွဲရင် ဘာများလုပ်တတ်ကြလည်းဆိုတာ သိချင်မိပါတယ်။
မေရီလန်းက ဒီမိုကရက်ခန့်ထားတဲ့ တရားသူကြီးက ပြည်နယ်ဒီမိုကရက်အမတ်တွေက ပြုပြင်ရေးဆွဲထားတဲ့ မဲဆန္ဒနယ်မြေပုံကို ပါတီအကျိုးအတွက် အစွန်းရောက်လွန်းတယ်လို့ မှတ်ချက်ပြုကာ ပလပ်လိုက်ပြီး အခြေခံဥပဒေနဲ့ညီတဲ့ မြေပုံပြန်ဆွဲခိုင်းလိုက်ပါတယ်။ ဒီမိုကရက်အမတ်တွေက ဦးဆောင်ရေးဆွဲထားတဲ့မြေပုံမှာ ပြည်နယ်ရဲ့ တစ်ဦးတည်းကျန်တဲ့ရီပါဘလစ်ကန်အမတ်ရဲ့နယ်မြေကိုသာ ပြန်ပြင်ထားတာကြောင့် အဲဒီမြေပုံအရဆိုရင် ရာနှုန်းပြည့်ဒီမိုကရက်ပြည်နယ် ဖြစ်နိုင်နေတာပါ။ ပြည်နယ်မှာအားကောင်းတဲ့ပါတီက ဆွဲကြစမြဲဆိုပေမယ့် အစွန်းရောက်လွန်းတာကတော့ မဖြစ်သင့်ပါဘူး။
ဖဘက ဇကာပေါက်က ကောလိပ်ကျောင်းသားတွေကို စာကျိုးစားဖို့တို့၊ ရည်မှန်းချက်ကြီးကြီးထားတာတို့ထက် လူမှုဆက်ဆံရေးထူထောင်ဖို့ (လူရွေးပေါင်းဖို့)ကို ပိုပြီး အာရုံစိုက်ပါလို့ အကြံပြုသွားပါတယ်။ သူကျောင်းကထွက်ပြီး ဖဘကို တည်ထောင်နိုင်ခဲ့တာကလည်း ကျောင်းထွက်လိုက်လို့(သို့) တခြားစိတ်ဝင်စားတာတွေ စွန့်လွှတ်ခဲ့ရလို့မဟုတ်ပဲ ကျောင်းမှာတွေ့ကြုံသိကျွမ်းခဲ့တဲ့ သူတွေကြောင့်သာ တည်ထောင်နိုင်ခဲ့တာလို့ ဆိုပါတယ်။ သူ့အတွေ့အကြုံက သူ့နေရာမှာ မှန်ကောင်းမှန်ပေမယ့် လူများစုအတွက်တော့ ဟားဗတ်လိုနေရာမျိုး ရောက်ခဲ့ရင်တောင် သူ့အကြံပြုချက်အတိုင်း လိုက်လုပ်ဖို့ ခက်မှာပါ။ ပညာကို တရှိုက်မက်မက်သင်ယူ/လေ့လာလိုက်စားရင်း သင့်လိုဝါသနာတူချင်း၊ ခံယူချက်တူချင်းတွေ့တာမျိုးက ပိုဖြစ်နိုင်မှာပါ။ သူများဆီက ရနိုင်မယ့်အကျိုးရလာဒ်ပဲ ကြည့်ရင်တော့ သူတို့အဖွဲ့တွေလည်း အကြီးအကျယ်ကွဲပြဲသွားခဲ့တာပဲလေ။ သူထပ်ပြောထားတာက သူ့အလုပ်ထဲမှာလည်း ဦးတည်ချက်ဆိုတာထက် လူချင်းဆက်ဆံရေးကို ပိုအလေးထားတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဝန်ထမ်းခန့်ထားတဲ့နေရာမှာပါ။ ဆိုလိုတာက သူတို့နဲ့အမြင်တူသူပဲ ခန့်တယ်ဆိုတာမျိုးပါ။ အဲဒါကြောင့်လည်း ဖဘက ဒိုင်ဗာ့စ်မဖြစ်ပဲ ကွန်မီတွေလို လုပ်ကိုင်နေတာ ဖြစ်ပါလိမ့်မယ်။