ဘိုင်ဒန်က ဟန်းတားရော ဟန်းတားကတဆင့်ရော မလျော်တဲ့ တံစိုးလက်ဆောင်တွေ လက်ခံရရှိခဲ့တာကို မီဒီယာကမေးတိုင်း ဘူးခံနေခဲ့ပေမယ့် မနေ့ကဆီးနိတ်မှာ ပြသတဲ့ အထောက်အထားတခုမှာတော့ အရင်ကြားဖူးထားသလိုပဲ တရုပ်အစိုးရနဲ့ဆက်နွယ်တဲ့ စီအီးအက်ဖ်စီက ဟန်းတားဘဏ်အကောင့်ဆီ ဒေါ်လာတစ်သိန်း ဒါရိုက်ဒပိုစစ်လုပ်ထားတယ်လို့ ပါပါတယ်။ အရင်အကြိမ်တွေက ကြားခံတွေ ပါပေမဲ့ ဒီတခါ မပါပါဘူး။ ဆီနိတ်တာ ဂရပ်စလေက အဲဒီလိုလက်ပူးလက်ကြပ်မိနေတာတောင် ရုရှန်းအလိမ်သတင်းဆိုပြီး မုန်လာဥလုပ်ချင်သေးတာလားလို့ မီဒီယာနဲ့ ဒီမိုကရက်အမတ်တွေကို မေးမြန်းလိုက်ပါတယ်။ ဟန်းတားလက်ပ်တော့နဲ့ပတ်သက်ပြီး တွေ့ရှိချက်တွေကို ကွန်ဂရက်စ်မှာ မှတ်တမ်းတင်ထားဖို့ ဂျီအိုပီအမတ် မက်တ်ဂိတ်စ်က လုပ်ဆာင်ခဲ့ပါတယ်။ ထရမ့်ကို သူ့ကိုယ်ကျိုးအတွက် သမ္မတတက်လုပ်သလို အာချောင်နေကြသူများ အခြေအမြစ်မရှိတာကို လွယ်လွယ်ယုံကြပြီး အမှန်အကန် သာဓကအစုံကိုတော့ ယုံဖို့ ဘာလို့ခက်နေကြတာလဲလို့ မေးပါမယ်။
တနေ့ကလည်း ဘိုင်ဒန်က ရှီနဲ့ ၂နာရီလောက် ဖုံးပြောတယ်လို့ ဆိုပါတယ်။ ရုရှားက ကျူးကျော်စစ်ပြုနေချိန်၊ တရုပ်က ရုရှားကို ထွက်ပေါက်ပေးနိုင်သူဖြစ်တဲ့အပြင် အဆိုပါရန်ဖက်နှစ်နိုင်ငံစလုံးဆီက ဘိုင်ဒန်က ငွေကြေးတံစိုးလက်ဆောင် ရယူထားတဲ့ အထောက်အထားတွေ ရှိနေတဲ့အတွက် တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက် ဘာတွေဆွေးနွေးခဲ့သလဲဆိုတာကို ပြည်သူကို ချပြဖို့ လိုကိုလိုပါတယ်။ ထရမ့်တုန်းက ယူကရိန်းသမ္မတနဲ့ ဖုံးပြောတာကို ဝိုင်းစွပ်စွဲကြတုန်းက ဖုံးထရန်စခရစ်ပြခိုင်းခဲ့တာ ဘာမှ ဖုံးကွယ်ထားစရာမရှိတဲ့အတွက် ပြနိုင်ခဲ့ပါတယ်။ အခုဘိုင်ဒန်ရော အိမ်ဖြူကပါ ပြသဖို့ ငြင်းဆိုပါတယ်။ အိမ်ဖြူက မပြသတဲ့အတွက် တရုပ်ကြီးပြောသမျှကိုပဲ ကိုးကားနေရမယ့်သဘောမှာ ရှိနေတာပါ။ ပြည်သူ့ကိုယ်စားလှယ်တွေရော စတုတ္ထမဏ္ဍိုင်ပီသချင်သူ မီဒီယာများကပါ ဝိုင်းဝန်းတောင်းဆိုကြဖို့ လိုအပ်ပါတယ်။ တိုင်းပြည်ကို ရောင်းစားနေတဲ့သူအကြောင်း မသိချင်ယောင်ဆောင်ဖို့က ကိုယ့်အနာဂတ် ကိုယ့်မျိုးဆက်တွေအနာဂတ်ထက် အရေးပါနေသလားလို့ ပြန်စဥ်းစားကြပါ။
ဘိုင်ဒန့်ရဲ့ စီအိုင်အေဒါရီုက်တာ ဘေလ်ဘန်းစ်က သူဟာ ကာနက်ဂီအန်ဒေါင်းမန့်ဖော်အင်တာနေရှင်နယ်လ်ပိစ်(စီအီးအိုင်ပီ)မှာ ဥက္ကဌလုပ်တုန်းက တရုပ်စီစီပီနဲ့ဆက်သွယ်ခဲ့တာတွေကို ရပ်ပစ်ခဲ့ပါပြီလို့ ကွန်ဂရက်စ်ကို ပြောခဲ့ပေမယ့် ထွက်လာတဲ့ အထောက်အထားတွေသစ်တွေကတော့ သူပြောတာ မမှန်ပါဘူးလို့ ပြနေပါတယ်။ ဘန်းစ်က စီအီးအိုင်ပီမှာ သူမရောက်ခင်ထဲကရှိနှင့်တာတွေကို သူက ဆက်ခံရတာပါလို့ ဆိုပေမယ့် သူတာဝန်ယူနေစဥ်မှာလည်း တရုပ်ပြည်က ဝါဒဖြန့်လက်တံတွေက ပေးကမ်းတာတွေကို ဆက်လက်လက်ခံရယူနေခဲ့တယ်လို့ တွေ့ရှိရကြောင်း သည်နေရှင်နယ်လ်ပါ့လ်စ်မှာ ဖော်ပြထားပါတယ်။ ကွန်ဂရက်စ်ကို လိမ်လည်တာက ၅နှစ်အထိ ထောင်ကျနိုင်တာပါ။
ပြီးခဲ့တဲ့ ကြာသပတေးက ထရမ့်က သူ့ကမ်ပိန်းကို ထောက်လှမ်းပြီး လုပ်ကြံနာမည်ဖျက် စွပ်စွဲခဲ့တဲ့ ဟေလာရီကလင်တန်နဲ့ ဒီမိုကရက်နေရှင်နယ်ကောင်စီဥက္ကဌ၊ အက်ဖ်ဘီအိုင်က ဂျိမ်းစ်ကိုမေ၊ အန်ဒရူးမက်ကဘီ၊ ပီတာစထရာဇော့၊ လီဆာပေ့ချ်၊ လက်ရှိဘိုင်ဒန်အစိုးရရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗင်၊ ကလင်တန်ကန်ပိန်းဥက္ကဌ ဂျွန်ပိုဒက်စ်တာ၊ ရုရှားဒေါ်စီရေးကို အဓိက ရေးသားခဲ့တဲ့ ခရစ်စတိုဖာစတီးလ်တို့အပါအဝင် လူပေါင်း ၄၈ဦးကို ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေအတွက် နစ်နာကြေး ၂၄သန်းထက်မနည်း ပြန်လျော်ပေးဖို့ တရားစွဲဆိုလိုက်ပါတယ်။ ကနေ့မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကလင်တန်ကမ်ပိန်းနဲ့ ဒီအန်စီကို ပြိုင်ဖက်ထရမ့်အပေါ် မလျော်မကန်ထောက်လှမ်းပြီး မဟုတ်မမှန်စွဲချက်ရေးသားခဲ့တဲ့ စတီးလ်ဒေါ်စီရေးကို ငွေထောက်ပံ့ပေးခဲ့တာကို ဖုံးကွယ်ထားမှုနဲ့ ဒဏ်တပ်လိုက်ပါတယ်။ ဒဏ်ကြေးက ကလင်တန်ကမ်ပိန်း ၈ထောင်နဲ့ ဒီအန်စီ ၁သိန်း၅ထောင်ဖြစ်ပြီး နောက်ထပ်မလုပ်ဖို့ သဘောတူညီချက်မှာ ထည့်သွင်းထားပါတယ်။ ကလင်တန်ကမ်ပိန်းကရော ဒီအန်စီကပါ မှားပါတယ်လို့ ဝန်မခံတဲ့အပြင် ဒဏ်ကြေးကလည်း အပြစ်နဲ့ယှဥ်ရင် ရီစရာကောင်းလောက်အောင် နည်းနေတာပါ။ ငါတို့အရေးယူပါတယ်လို့ ပြောလို့ရရုံလေးပါပဲ။
ထရမ့်ပြန်တက်လာမှ (သို့) ၂၀၂၂ ရွေးကောက်ပွဲပြီးမှဆိုရင် ဒီထက်ပိုဆိုးနိုင်မှာကို ကြိုရှောင်တဲ့အနေနဲ့ စတိသဘော အရေးယူပြထားတာတွေမှာ ဟန်းတားလာဘ်ယူတဲ့ကိစ္စလည်း ပါပါတယ်။ သူက အိုင်အာအက်စ်ကို ၁သန်းကျော်အခွန်ဆောင်ဖို့ ကျန်နေတာကို ဆောင်လိုက်ပါပြီလို့ ကြားပါတယ်။ ဘယ်ကရတဲ့ပိုက်ဆံနဲ့လဲဆိုတာတော့ မဖော်ပြကြပါဘူး။ ဒီနှစ်မှုစလုံးမှာ ထရမ့်နဲ့ သူ့သားသာဆို တကမ္ဘာလုံး ခြိမ့်ခြိမ့်သဲ ဝိုင်းဖြဲကြမယ့်အပြင် ထောင်မကျကျအောင် ချကြမှာကျိန်းသေပါပဲ။
ဘိုင်ဒန်ရဲ့ ဆုံးသွားတဲ့သား ဘိုဘိုင်ဒန်ဖောင်ဒေးရှင်းက ၂၀၂၀ထဲမှာ ၃.၉သန်းအလှူငွေရခဲ့ပေမယ့် တကယ်တမ်းကလေးတွေကို ပြန်လှူခဲ့တာ ၅၄၀,၀၀၀ပဲ ရှိခဲ့တာပါ။ ထိပ်တန်းဖောင်ဒေးရှင်းတွေက အလှူခံရငွေရဲ့ အနည်းဆုံး ၇၅ရာနှုန်းကို ပြန်လှူဖို့ သုံးရမယ်လို့ သတ်မှတ်ထားကြောင်း ချယ်ရတီဝါ့ချ်က ဆိုပါတယ်။ ကလင်တန်ဖောင်ဒေးရှင်းလည်း ထိုနည်းလည်းကောင်းပါပဲ။ လာဘ်ပေး/ယူကောင်းအောင် ထောင်ထားပြီး နီးစပ်ရာတွေကို ဝန်ထမ်းလိုထည့်ပြ၊ အငှားပြ၊ အသုံးပြ စသဖြင့် လုပ်စားနေကြတာပါ။ အဲဒါကြောင့်လည်း အိုင်အာအက်စ်ကို အပိုင်ပေါင်းထားကြတာဖြစ်ပါတယ်။ ဒိစတိတ်လက်စင်ပါပဲ။
ကြောင်မရှိကြွက်ထတယ်ဆိုတာ အခုတော့ အရှေ့အလယ်ပိုင်းက တခုတည်းသော ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အစ္စရေးမှာပါ ဖြစ်လာပါပြီ။ ဒီမိုကရေစီနိုင်ငံတွေ ဒီမိုကရေစီလိုလားသူတွေအတွက် ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ ခေါင်းဆောင်မှုက အရေးကြီးတဲ့ကဏ္ဍမှာ အမြဲပါပါတယ်။ အိုင်စစ်က အစ္စရေးနိုင်ငံသား ၅ဦးကို ပစ်သတ်ခဲ့ပါတယ်။ အဲဒါဟာ ၈ရက်အတွင်း တတိယအကြိမ်မြောက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပါတယ်။ အကြမ်းဖက်သူ ပါလက်စတိုင်းကတော့ ရဲက ပစ်ခတ်ရာမှာ သေဆုံးသွားပါတယ်။
ဒါတင်ပဲလားဆိုတော့ အမေရိကန်နဲ့ အမြဲအလွမ်းသင့်ခဲ့တဲ့ ဆော်ဒီက ဘိုင်ဒန်ဖုံးခေါ်တာကို မကိုင်ပဲ အီရန်နဲ့ ရေနံကိစ္စညှိနှိုင်းဖို့ ပြင်ဆင်နေပါတယ်။ အီရန်ကလည်း နျုကိစ္စအတွက် ဆွေးနွေးဖို့ ဘိုင်ဒန်တို့ ဆက်သွယ်တာကို မတုန့်ပြန်တဲ့အတွက် ဘိုင်ဒန်အစိုးရက ရုရှားကို အီရန်နဲ့ အမေရိကန်ကြား ဝင်ဆက်သွယ်ပေးဖို့ ခယနေရတာပါ။ စဥ်းစားကြည့်ရင် ဘယ်လောက်မသင့်တော်လဲ မဖြစ်သင့်လဲဆိုတာ သိနိုင်ပါတယ်။ ထရမ့်တုန်းကလည်း သူတို့ မတုန့်ပြန်ပါဘူး။ ရုရှားကို ကြားဝင်ခိုင်းမယ့်အစား သူတို့နာခံလာအောင် ထိရောက်တဲ့ ဆန်ရှင်၊ စစ်ရေး၊ သံတမန်ရေး နည်းတွေနဲ့ ကြိုးစားခဲ့လို့ အမေရိကန်အစီအစဥ်ကို နာခံလာရတဲ့အပြင် အမေရိကန်ဓါးစာခံတွေပါ လွှတ်ပေးခဲ့ရတဲ့အကြောင်း ထရမ့်လက်ထက်က ကာကွယ်ရေးဝန်ကြီးရဲ့ ဝန်ထမ်းချုပ်လုပ်ခဲ့တဲ့ ကက်ရှ်ပတဲလ်က ဆိုပါတယ်။
ကက်ရှ်က ဆန်ရှင်ဆိုတာ နာမယ့်နေရာတွေ ရွေးလုပ်ရပြီး သံတမန်ရေးဆိုတာကလည်း စစ်ရေးနောက်ခံရှိမှသာ အောင်မြင်မှာဖြစ်ကြောင်း၊ အဲဒီ ၃မျိုးပေါင်းပြီး ဟန်ချက်ညီညီ လုပ်နိုင်ရင် ဘယ်သူ့ကိုမှ ကြားဝင်ခိုင်းနေစရာမလိုကြောင်း ပြောကြားသွားပါတယ်။ သူတို့တုန်းက အီရန်ကို ရေနံရောင်းလို့မရအောင်၊ ရေနံပိုက်ဆံလက်ခံလို့မရအောင်၊ နိုင်ငံတကာငွေပေးငွေယူလုပ်လို့မရအောင် လုပ်ခဲ့တဲ့အပြင် အမေရိကန်တွေကို ဒုက္ခအများဆုံးပေးခဲ့တဲ့ အိုက်စစ်အဖွဲ့တွေကို ထိန်းချုပ်နေတဲ့ ဆိုလေမာနီကို ရှင်းပြစ်ခဲ့ပြီးမှ သံတမန်ရေးနဲ့ ဝင်ခဲ့တဲ့အတွက် အမေရိကန်တွေအသက်ကို ကယ်တင်နိုင်ခဲ့တာပါ။ အဲဒီအတွက်လည်း အိုဘားမားတို့တုန်းကလို အီရန်ကို ဘီလီယံနဲ့ချီပြီး လာဘ်ထိုးစရာ မလိုခဲ့ပါဘူး။
အခုဘိုင်ဒန်တို့လုပ်နေတာက ဆန်ရှင်ကိုတောင် ပူတင်တို့ စီစဥ်စရာစီစဥ်လို့ရအောင် ရက်ခွာစပေးရတာနဲ့၊ ဂယ်ပေါက်လေးတွေ ဟ ပေးထားရတာနဲ့ဆိုတော့ ရိုက်တာကို နာမှာစိုးနေသလို ဖြစ်နေတာပါ။ စစ်ရေးကျတော့လည်း အာဖဂန်မှာ အစွမ်းပြခဲ့ပြီးသားဆိုတော့ ဒီလိုစစ်တပ်ခန့်ခွဲပုံနဲ့ ဘာဒစ်ပလိုမေစီမှလည်း မအောင်မြင်နိုင်တာ ရှင်းနေပါတယ်။ ကင်မ်ကလည်း နျူလက်နက်တွေစမ်းတာ ခြိမ့်ခြိမ့်သဲ၊ ယူကရိန်းကလည်း မြို့ကြီးတွေ မကျသေးပေမယ့် ထိခိုက်ပျက်စီးတာတွေ အရမ်းများနေပြီ။ အမေရိကန်အပေါ် ရန်လိုခဲ့သူတွေအားလုံး သွားပေါင်းနေကြပြီဖြစ်သလို အစဥ်အလာအမေရိကန်လိုလားခဲ့သူတွေတောင်မှ ဘိုင်ဒန်အစိုးရကို အားကိုးလို့ မရမှန်းသိတော့ တခြားမှာ မိတ်သစ်ရှာနေရပြီ။ ဒီပုံစံနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းပါ့မလား။