မတ်လ ၃၁ ရက် ၂၀၂၂

ကလေးတွေအပေါ်ပိုင်းနဲ့ အောင်ပိုင်း လိင်ပြောင်းခွဲစိတ်မှုပြုတွေ ပြုလုပ်ဖို့၊ လူပျိုဖော်/အပျိုဖော် မဝင်အောင် တားမြစ်တဲ့ဆေးပေးဖို့နဲ့ ကျား/မဟော်မုန်းပေးခြင်းများကို ဘိုင်ဒန်အစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနက စာတမ်းများ အတွဲလိုက်ထုတ်ပြီး အားပေးထောက်ခံမှု ပြုလိုက်ပါတယ်။ ပြည်နယ်အများစုမှာ အသက်အနည်းဆုံး ၂၁နှစ် ကျန်တချို့မှ ၁၈နှစ်ပြည့်ပြီးမှ ဆေးလိပ်၊ အရက် ဝယ်လို့ရတဲ့ အမေရိကန်ပြည်ထောင်စုမှာ ကလေးတွေကို မိဘသဘောတူညီချက်မပါပဲတောင် တသက်ပြန်ပြင်လို့ မရတော့မယ့် လိင်ပြောင်းမှုတွေ ပြုလုပ်ဖို့ ဖက်ဒရယ်အစိုးရကိုယ်တိုင်က  အားပေးတိုက်တွန်းနေတာက အခြေခံဥပဒေနဲ့ ကိုက်ညီရဲ့လားဆိုတာ သံသယရှိစရာဖြစ်ပါတယ်။

ဒီလို အိမ်ဖြူကိုယ်တိုင် အန်ဒေါ့စ်လုပ်လိုက်တာက ကျောင်းတွေမှာ လိင်ကိစ္စ အထူးတလည် စိတ်ဝင်စားမှုမရှိနိုင်သေးတဲ့ နုနယ်ငယ်ရွယ်တဲ့ မူလတန်းကလေးတွေကိုတောင် လိင်တူနှစ်သက်တာတွေ၊​ လိင်ပြောင်းတွေကို ချီးမွမ်းအားပေးထားတဲ့အကြောင်းတွေ ထည့်သွင်းသင်ကြားလာတာကို မိဘတွေက ကန့်ကွက်ကြလို့ တချို့ပြည်နယ်တွေမှာ အဲဒီအရွယ်လေးတွေကို လိင်တူ/ကွဲ/သက်ကြီး/ငယ်စသဖြင့် ကလေးတွေအတွေးတွေကို ကျောင်းပေးမယ့် ပြဌာန်းချက်မျိုး မိဘတွေမသိအောင် သင်ရိုးထဲ မထည့်ကြဖို့ ဥပဒေနဲ့ တားမြစ်လာနေရတဲ့အချိန်မှာ ဖြစ်နေတာပါ။​ အဲဒါကို ဥပဒေမဖတ်ကြပဲ မီဒီယာတွေရှူးတိုက်တဲ့အတိုင်း ဒုန့်ဆေးဂေးဘေလ်လို့ လိုက်ယောင်နေကြတာ အင်တာနက်ပေါ်မှာ မမြင်ချင်အဆုံးပါပဲ။

အဲဒီဥပဒေ မိဘအခွင့်အရေးကာကွယ်တဲ့ဥပဒေဖြစ်ပြီး ဖလော်ရီဒါက ရီပါဘလစ်ကန်တွေတင်မကပဲ ဒီမိုကရက်မိဘတွေရဲ့ ၃၆ရာနှုန်းကပါ ထောက်ခံထားတာပါ။​ နာမည်ကြီး ဒစ်စနေကုမ္ပဏီကတော့ အကြီးအကျယ်ကန့်ကွက်ပါတယ်တဲ့။ ဒစ်စနေကုမ္ပဏီက သူတို့ရဲ့အဓိကဝင်ငွေက ကလေးငယ်ရှိတဲ့ မိသားစုတွေဆီက လာနေတာဖြစ်ပေမယ့် သူတို့ဆီကနောက်ပိုင်းထုတ်တဲ့ ကလေးငယ်လေးတွေကို ပစ်မှတ်ထားတဲ့ ရုပ်ရှင်/ဗီဒီယိုတွေမှာ လိင်တူဆက်ဆံတာ/ လိင်ပြောင်းချီးမွမ်းတာတွေကို ထည့်သွင်းလာကြပါပြီ။ မိမိတို့ကလေးငယ်လေးတွေ ကြည့်မယ့် ဖတ်မယ့် နားထောင်မယ့်အရာတွေက ကလေးနဲ့သင့်တော်ရဲ့လားဆိုတာ မိဘတွေအရင် စစ်ဆေးကြဖို့ တိုက်တွန်းပါတယ်။

ဘိုင်ဒန်အစိုးရက ကုန်ဈေးနှုန်း၊ ဆီဈေး၊ ကုန်စည်စီးဆင်းမှု၊ ကာကွယ်ရေး၊ ပညာရေး စတဲ့ကိစ္စတွေမှာ အများကြီးလုပ်ဖို့လိုနေပေမယ့် အဲဒါတွေက ဒီမိုကရက်တွေရဲ့ ဦးစားပေးစာရင်းထဲမှာ ပါပုံမရပါဘူး။ အပေါ်ကလို ကလေးသူငယ်လိင်ပြောင်းတာအားပေးတဲ့အပြင် ကောလိပ်အားကစားတွေမှာလည်း ကျားအဖြစ်မွေးလာမွေးလာ ဘာခရိုမိုဆုမ်းပဲရှိရှိ ခွဲခြားမှုမပြုပဲ ဝင်ပြိုင်ခွင့်ရစေဖို့ ဖက်ဒရယ်စီဗေလ်ရိုက်ဥပဒေ တိုင်တယ်လ်နိုင်းကို ပြန်အဓိပ္ပါယ်ဖွင့်ဖို့ ကြိုးစားနေပါတယ်။​ အဲဒါကလည်း ရီပါဘလစ်ကန်ပြည်နယ်တချို့မှာ စပြီး ကျားအဖြစ်မွေးဖွားလာသူတွေ မ အားကစားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခွင့် တားမြစ်လိုက်တာကို တုန့်ပြန်တာဖြစ်မှာပါ။ ပါးချခံရတဲ့ လူရွှင်တော် ခရစ်စ်ရော့ခ်ကတောင် ၂၀၁၆တုန်းက အကယ်ဒမီဆုတွေဟာ ဘာကြောင့် ကျား/မခွဲထားရတာလဲဆိုတာ နားမလည်တဲ့အကြောင်း၊ သရုပ်ဆောင်တာဟာ ပြေးခုန်ပစ်ပြိုင်ပွဲမဟုတ်လို့ ကျား/မခွဲထားစရာမလိုကြောင်း ဟာသပြောသွားသေးတာပါ။

ကလေးတွေကို ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ် ဂုဏ်မယူပဲ ကိုယ့်ကိုယ်ကိုယ် မကျေနပ်တာ ကိုယ့်သဘာဝခန္ဓာကိုမုန်းတာ၊ ပြောင်းပြစ်တာကမှ အကောင်း၊ သူရဲကောင်းအလုပ်လို့ မှိုင်းတိုက်နေတဲ့အပြင် အမျိုးသမီးတွေကို အားပေးရမယ့်ကိစ္စတွေမှာ တက်လာတဲ့အမျိုးသမီးတွေကို ချီးမြှောက်ရမယ့်အစား ယောက်ကျားခြင်းမပြိုင်ရဲတဲ့ ဒုတိယတန်းစားလဗြွတ်တွေက မိန်းမပါဆိုပြီး နေရာဝင်ယူကုန်တော့ ကွန်ပက်ရှင်နိတ်ဖြစ်လှပါခြေရဲ့ဆိုတဲ့ လစ်ဗြဲတွေလောကမှာ မိန်းမအစစ်တွေ၊ လင်မယားတွေ၊ မိသားစုဘဝမြတ်နိုးသူတွေအတွက် နေရာရှိဟန် မတူပါဘူး။

ဘိုင်ဒန်တို့အတွက် အရေးကြီးတာနောက်တခုကတော့ ခိုးဝင်တွေပဲဖြစ်ပါတယ်။ ထရမ့်လက်ထက်က ကပ်ပိုးကာလပြဌာန်းချက်ဖြစ်တဲ့ တိုင်တယ်လ်၄၂သက်တမ်းကုန်တော့မှာဖြစ်တာကြောင့် အဲဒီနောက်ပိုင်း တရားမဝင်ဝင်ရောက်လာမှာတွေ အများကြီးမြင့်တက်လာမှာကို ပြင်ဆင်နေကြပါပြီ။​ တခုနားမလည်တာက တိုင်တယ်လ်၄၂က ခုမှသက်တမ်းကုန်မှာလို့ ပြောပေမယ့် ဘိုင်ဒန်စတက်ထဲက ဖိတ်ခေါ်နေတာတွေ၊ မက်ဆီကိုဖက်က ကာရာဗန်တွေ အဲဒါတွေကျတော့ ဘယ်လိုလွှတ်ပေးနေသလဲ ဆိုတာပါ။​ အဲဒီတနှစ်လုံး ဝင်လာသူတွေ များလွန်းလို့ စခန်းတွေ အကုန်ပြည့်၊ လျှံ၊ ငါးသေတ္တာတွေလို စီနေကြရတာတွေ ဘယ်ရောက်ကုန်လဲ မေးချင်ပါတယ်။ မီဒီယာတွေကလည်း စိတ်ချရပါတယ်၊ အင်တာနက်မှာ ပေါပေါလွယ်လွယ်ရနေတာတွေအကုန်လုံးက ဖိတ်ခ်နယူးစ်တွေ၊ အတင်းအဖျင်းတွေ၊ အဖာသတင်း၊ အဖုံးသတင်းတွေ၊ မှိုင်းတိုက်တာတွေ ဖြစ်နေတာပါ။

အိုဘားမားစတက်ပြီး နှစ်နှစ်အကြာမှာ အမေရိကန်တွေရဲ့ အာကာသလွန်းပျံယာဥ်အစီအစဥ်ကို ပိတ်သိမ်းလိုက်ရတာကြောင့် ၂၀၂၀မှာမှ အီလွန်မတ်စ်ရဲ့ စပေ့စ်အိတ််စနဲ့ သွားခဲ့ရတာပါ။ အဲဒီအတွင်း အာကာသထဲသွားဖို့ ရုရှားကို သန်းပေါင်းများစွာပေးပြီး အကူအညီတောင်းခဲ့ရပါတယ်။ အခုအမေရိကန်အာကာသယာဥ်မှူက ရုရှားလွန်းပျံယာဥ်နဲ့ပဲ ပြန်ဆင်းလာပါပြီ။ အီလွန်သာမရှိရင် ရုရှားက ပြန်ခေါ်မလာပေးဘူးလို့ အကြပ်ကိုင်ရင်လည်း ခံရမယ့်အနေအထားပါ။ ခေါင်းဆောင်အရေးကြီးတယ်၊ ပုဂ္ဂလိကကဏ္ဍအားပေးသင့်တယ်လို့ တဖွဖွပြောနေရတာ အဲဒါတွေကြောင့်ပါပဲ။ လိင်တူ/လိင်ပြောင်းကိုမှ ရှေ့တန်းတင်၊ တရားမဝင်တွေဖိတ်ခေါ်၊ ရာဇဝတ်သားတွေပစားပေး၊ တကယ့်ပညာရေးအစား မှိုင်းတွေထည့်၊ တပ်တွေကျတော့ အစုတ်အပြတ်တွေ ပြင်/အသစ်လဲမပေး၊ အမေရိကန်ဓါးစာခံတွေ အသတ်ခံရလည်း လေလည်တာကလွဲလို့ ဘာမှမတုန့်ပြန်နိုင်တဲ့ အိုဘားမားတို့ကို ဘာကြိုက်လို့ ကိုးကွယ်နေကြတာလည်းဆိုတာ တချက်လောက် လာရှင်းပြကြပါဦး။

ဘိုင်ဒန်ဆူပရင်းမ်ကုတ်အတွက် နိုမီနိတ်လုပ်ထားတဲ့ တရားသူကြီးဂျက်ဆင်ဗြောင်လိမ်ခဲ့တဲ့ သူဘုတ်အဖွဲ့မှာပါခဲ့တဲ့ကျောင်းတွေမှာ စီအာတီလို့ခေါ်တဲ့ လူမျိုးရေးရှေ့တန်းတင်တဲ့ မှိုင်းမပါပါဘူးဆိုတာက တကယ်တမ်းကျောင်းတော်တော်များများမှာ ရှိနေတာပါ။ အဲဒီသီအိုရီရဲ့ အရင်းအမြစ်က ထောင်ထဲကလာတာပါလို့ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာနဲ့ သုတေသီ ခရစ်စ်တိုဖာရူဖိုက ဆိုပါတယ်။ အမေရိကန်မှာ လူတယောက်က ထောင်/အကျဥ်းကျသွားရင် သူ့ရဲ့လုံခြုံရေးအပါအဝင် အရေးတွေအတွက် အုပ်စုတခုခုထဲကို ဝင်ကိုဝင်ရပါတယ်။ အများအားဖြင့် အုပ်စုကြီး ၄ခုရှိပါတယ်၊ လူမည်း၊ လက်တီနို၊ လူဖြူနဲ့ အခြားအုပ်စုတွေပါ။​ ထောင်ထဲက အုပ်စုဖွဲ့တဲ့အတွေးအခေါ်တွေက လူမည်းအမျိုးသားရေးဝါဒနဲ့ မာ့က်စ်ဝါဒတွေကို အခြေခံကြပါတယ်။

အခုစီအာတီမောင်းနေတာလည်း အဲဒီလိုပါပဲ။ ကျောင်းတွေမှာ အရောင်တူချင်းပဲ တူတူအတန်းတက်၊ အတူတူ မုန့်စားဆင်း၊ အတူတူအားကစားလုပ် စတာတွေ စလာနေပါပြီ။ အရင်ကလို ဘယ်သူ့ပယောဂမှမပါပဲ​ အားလုံးက ကိုယ်နဲ့အဆင်ပြေရင် ဘယ်သူ့ကိုဖြစ်ဖြစ် ပေါင်းလို့ရတဲ့ခေတ် ကုန်အောင်တွန်းနေကြတာပါ။ ကလေးငယ်လေးတွေအရွယ်မှာ စလုပ်တာဆိုတော့ ကလေးတွေက ဒါကိုပဲ ပုံမှန်လို့ထင်ပြီး မိဘကို ပြန်ပြောမှာလည်းမဟုတ်သလို လူမျိုးရေးမုန်းတီးမှုလည်း အရိုးစွဲသွားတော့မှာပါ။ အလုပ်ထဲတွေမှာလည်း စနေပြီဖြစ်ပါတယ်။ ဒိုင်ဗာစတီထရိန်နင်လို့ နာမည်တပ်ပြီး အရောင်မတူသူတွေကို မင်းတို့ချင်း ရောထားလို့မဖြစ်ဘူး၊ သူက အခွင့်ထူးခံ၊ သူက အဖိနှိပ်ခံ၊ ရောထားရင်ပြဿနာများနိုင်တယ်ဆိုပြီး ခွဲခြားထားကြတာပါ။​ အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်ဖို့ ပြုလုပ်တယ်ဆိုတာတွေက လူအချင်းချင်း သံသယဝင် အမုန်းပွားစေဖို့ပဲ ဦးတည်သလို ဖြစ်နေတာပါ။

ကပ်ပိုးအတွက် ထိုးဆေးကို မူရင်း၂ကြိမ်အပြင် ထပ်ဆင့် ၂ကြိမ်ထိုးဖို့ တွန်းနေကြသူတွေ မပြောတာက ဒဗျူအိတ်ချ်အိုရဲ့ စာမျက်နှာ၄၀ပါ ရီပို့ထဲမှာ ထိုးခံခဲ့သူတွေကြား နားထဲအသံကြားသလိုခံစားနေရတာ ၃၆၇ဦးရှိကြောင်း တိတ်တိတ်လေးညှပ်ထဲ့ထားပါတယ်။ အဲဒီအုပ်စုမှာ နိုင်ငံပေါင်း ၂၇နိုင်ငံက အသက် ၁၉-၉၁အတွင်းဖြစ်ပြီး ၄ပုံ၃ပုံက မိန်းမဖြစ်ကာ ထိုးပြီး တရက်အတွင်းဖြစ်ကြတာများပါတယ်။ အဲဒီထဲက ၁၆၄ဦးက အကြားအာရုံ ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

စား/သောက်/ဆေးကြီးကြပ်က ၈ပြည်နယ်က ဆရာဝန်တွေကို အသစ်ပေါ်နေတဲ့ ဘီအေတူးမျိုးကွဲဟာ မူလကပ်ပိုးကနေ တော်တော်ကြီးကွဲသွားပြီဖြစ်လို့ ပုံမှန်ကပ်ပိုးကုတဲ့ဆေးတွေမသုံးဖို့ ညွှန်ကြားထားပါတယ်။ အဆိုပါ ၈ပြည်နယ်ကလည်း အပြာပြည်နယ်တွေချည့်ပါပဲ။ အဲဒီမှာ မေးစရာ၂ခုရှိတာက အဲဒီလိုမတူတာကို ဘာကြောင့်မူလကာ/ဆေးကိုပဲ ထိုးဖို့ အာဏာနဲ့အတင်းတွန်းနေရသလဲဆိုတာရယ် ဆရာဝန်တွေက ကိုယ်ပိုင်ဦးနှောက်မရှိလို့ သူတို့က အမိန့်နဲ့ ပါနေရတာလားဆိုတာရယ်ပါ။ ဆရာဝန်နဲ့ လူနာကြား အာဏာဝင်စွက်တာက ကောင်းကျိုးထက် မကောင်းကျိုးပဲ ဖြစ်စေနိုင်မှာပါ။ နောက်သတင်းတပုဒ်မှာတော့ အရမ်းမပြင်းတဲ့ကပ်ပိုးဖျားဆိုရင် အက်စ်ပရင်ကို စောစောပေးတာက ရောဂါပြင်းမလာဖို့ ကူညီပေးတယ်လို့ဆိုပါတယ်။

ကယ်လီဖိုးနီးယားမှာ ကျွန်ဖြစ်ခဲ့သူတွေက ဆင်းသက်လာသူတွေကို လျော်ကြေးပေးဖို့ စီစဥ်နေကြတာမှာ တချို့က လူမည်းတိုင်းကို ပေးစေချင်ပေမယ့် နောက်ဆုံးဖုံးဖြတ်ချက်မှာတော့ ၁၉ရာစုထဲက အမေရိကန်ကိုရောက်နေတဲ့ ကျွန်တွေက ဆင်းသက်လာသူတွေကိုသာ ပေးဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ သက်ဆိုင်သူများ အားရပါးရ ဂုဏ်ယူနိုင်ကြပါစေ။

ကယ်လီဖိုးနီးယားက အမေရိကန်မှာ ဆီဈေးအမြင့်ဆုံးထဲပါတဲ့အတွက် ရီပါဘလစ်ကန်အမတ်တွေက ဓါတ်ဆီ/ဒီဇယ် သုံးစွဲသူအပေါ် ကောက်တဲ့အခွန်ကို ဆိုင်းထားပေးဖို့ ၂ကြိမ်တောင်းဆိုကြတာ ၂ကြိမ်လုံး ရှုံးနိမ့်သွားပြီး ဒီမိုကရက်တွေက ဓါတ်ဆီ/ဒီဇယ် ရောင်းချဖြန့်ဖြူးသူတွေအပေါ် အခွန်သစ်ကောက်ဖို့ ပြဌာန်းမှာဖြစ်ပါတယ်။ အဲဒီစရိတ်တွေက စားသုံးသူဆီကပဲ လာမှာဖြစ်တဲ့အတွက် နားလှည့်ပါးရိုက်တာပဲ ဖြစ်နေတာပါ။ ပြည်သူအပေါ်တိုက်ရိုက်ကောက်တာမဟုတ်တဲ့အတွက် မျက်မွှေးတဆုံးများကတော့ အပြစ်မြင်ကြမှာမဟုတ်ပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: