ဧပြီ ၄ ရက် ၂၀၂၂

အီလွန်မတ်စ်က မတ်လ ၂၅ရက်နေ့က တွဒ်တာမှာ စစ်တမ်းတစ်ခု ကောက်ခံခဲ့ပါတယ်။ လွတ်လပ်စွာ ပြောဆိုရေးသားဖော်ထုတ်ခွင့်က တကယ့်ဒီမိုကရေစီစံနစ်တွေရဲ့ အသက်ပါ၊ တွဒ်တာက အဲဒီမူနဲ့ ကိုက်ညီအောင် ကြိုးစားပြီးနေတယ်လို့ သင်ယုံကြည်ပါသလားလို့ မေးထားတာပါ။ အဲဒီစစ်တမ်းဟာ မဲပေါင်း ၂သန်းကျော် ရရှိခဲ့ပြီး ၇၀ရာနှုန်းက တွဒ်တာမှာ ဖရီးစပိချ်မရှိဘူးလို့ ဖြေဆိုခဲ့ကြပါတယ်။ နောက်ပို့စ်တခုမှာတော့ အဲဒီရဲ့အဖြေပေါ်မှာမူတည်ပြီး အရေးကြီးတဲ့နောက်ဆက်တွဲတွေ ဖြစ်လာနိုင်တဲ့အတွက် သတိထားပြီး ဖြေဆိုကြဖို့ တိုက်တွန်းထားပါတယ်။ ၂၄ရက်နေ့ကတော့ တွဒ်တာရဲ့ အယ်ဂိုရစ်သမ်က ဘယ်သူမဆိုဝင်ကြည့်ခွင့်ရှိတဲ့ အိုးပင်းဆိုစ့်ဖြစ်သင့်လားလို့ စစ်တမ်းကောက်ပါသေးတယ်။ အဲဒီမှာလည်း မဲ၁သန်း၁သိန်းကျော်ရဲ့ ၈၂.၇ရာနှုန်းက ဖြစ်သင့်တယ်လို့ ရွေးခဲ့ကြပါတယ်။ အအဲဒီမတိုင်ခင်ကလည်း တွဒ်တာမှာ လွတ်လပ်ခွင့်မရှိလို့ သူ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာထောင်ရမလားလို့ မေးနေခဲ့ပါသေးတယ်။

ကနေ့မှာတော့ အီလွန်က တွဒ်တာရှယ်ယာစုစုပေါင်းရဲ့ ၉.၂ရာနှုန်းကို ဝယ်ယူလိုက်တဲ့အတွက် တွဒ်တာရဲ့ အကြီးဆုံးရှယ်ယာပိုင်ရှင် ဖြစ်သွားပါပြီ။ တည်ထောင်သူ ဂျက်ဖ်ဒေါ်စေတောင် ၂.၃ရာနှုန်းပဲ ပိုင်တာပါ။ အဲဒီလိုဝယ်ပြီးတော့ အီလွန်က တွဒ်တာကိုလာပြီး အိုး ဟိုင်း ဟားဟားလို့ ပေါ့ပေါ့ပါးပါး လာပို့စ်လုပ်သွားပါတယ်။ သူဝယ်ပြီးနောက် တွဒ်တာရှယ်ယာတွေလည်း ၂၇ရာနှုန်းအထိ ဆောင့်တက်သွားပါတယ်။ ဖရီးစပိချ်ကို ထောက်ခံတဲ့ ကွန်ဆာဗေးတစ်တွေကတော့ ထရမ့်ကို ဘန်းထားတာကို ပြန်ရုတ်သိမ်းပေးဖို့ တိုက်တွန်းနေကြသလို တွဒ်တာက လက်ဝဲယိမ်းဝန်ထမ်းများကလည်း အီလွန်နဲ့ အလုပ်တွဲမလုပ်နိုင်လို့ အလုပ်ထွက်မယ်လို့ တက်တွိနေကြပါတယ်။ အီလွန်ဘာဆက်လုပ်မယ်ဆိုတာတော့ အများစိတ်ဝင်စားနေကြတာ အမှန်ပါပဲ။ နောက်ဆုံးတွိတခုကတော့ တွဒ်တာမှာ edit ခလုပ်လေး ပါစေချင်လားလို့ မေးထားတာပါ။

တက်စ်လာရဲ့ ဂျာမဏီက စက်ရုံကြီးက ဥရောပဈေးကွက်အတွက် တက်စ်လာကားတွေ စထုတ်နေပြီဖြစ်ပြီး တရုပ်ပြည်က စက်ရုံကြီးကတော့ ကမ္ဘာမှာ တက်စ်လာ ၄စီးရောင်းရရင် ၁စီးက တရုပ်ပြည်မှာလို့ ဆိုရလောက်အောင် ရောင်းအားကောင်းနေတာပါ။ အရင်နိုင်ငံခြားကား ထုတ်လုပ်သူတွေ တရုပ်ပြည်မှာ စက်ရုံဆောက်ရင် တရုပ်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ရပါတယ်။ အဲဒီမှာ နည်းပညာခိုးတာတွေ ဖြစ်တတ်ကြတာပါ။ အီလွန်ကတော့ ဖက်စပ်အလုပ်မခံပဲ တက်စ်လာအနေနဲ့ပဲ ထုတ်ဖို့ ညှိနှိုင်းနိုင်ခဲ့ပါတယ်။

ဘိုင်ဒန်အစိုးရရဲ့ အိမ်ဖြူဝန်ထမ်းချုပ် ရွန်ကလိန်းက တရားရေးဝန်ကြီးဌာန (ဒီအိုဂျေ)က

ဟန်းတားအပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတာတွေအပေါ် ဘိုင်ဒန်ရော အိမ်ဖြူကပါ ဝင်မစွက်ပါဘူးလို့ ပြောပါတယ်။ ဘိုင်ဒန်ကလည်း ဘာဖြစ်ဖြစ် ဘူးသာခံဆိုတဲ့ မူအတိုင်း သူ့သား ဘာဥပဒေမှ မချိုးဖောက်ကြောင်း၊ ဘာကျင့်ဝတ်မှလည်း မကျိုးပျက်ကြောင်း ယုံကြည်တယ်လို့ ပြောနေဆဲပါ။ ဘိုင်ဒန်ဒုသမ္မတအနေနဲ့ (ဟန်းတာကို ဒေါ်လာ ၃.၅သန်းပေးခဲ့တဲ့ ဘူရစ်မာစွမ်းအင်ကုမ္ပဏီရှိရာ) ယူကရိန်းကို သွားစဥ်မှာ သူ့ရဲ့ခရီးစဥ်အသေးစိတ်ကို ယူကရိန်းနိုင်ငံသားတဦးကို ပေးခဲ့တာက နိုင်ငံတော်ခရီးစဥ်လုံခြုံရေးမှာ လုပ်ရိုးလုပ်စဥ်မဟုတ်ပဲ အင်မတန် အန္တရာယ်များနိုင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။​

အောက်လွှတ်တော်က ရီပါဘလစ်ကန်တွေကတော့ ဟန်းတာကို လျှပ်စစ်ကားတွေနဲ့ ပတ်သက်တဲ့ အိုဗာဆိုက်ကော်မီတီကြားနာမှုမှာ လာရောက်အစစ်ခံစေဖို့ ဆင့်ခေါ်ထားပါတယ်။ အဲဒီအစည်းအဝေးက အမေရိကန်စာတိုက်လုပ်ငန်းက ကားတွေအားလုံးကို လျှပ်စစ်ကားတွေအဖြစ် ပြောင်းဖို့ အစီအစဥ်နဲ့ ပတ်သက်ပါတယ်။​ စာတိုက်လုပ်ငန်းက အစိုးရကကိုင်တော့ နှစ်တိုင်း အရှုံးပေါ်လို့ အစိုးရက ပြည်သူ့အခွန်နဲ့ ကျားကန်ပေးထားရတာပါ။ အဲဒီကြားထဲ လျှပ်စစ်ကားတွေနဲ့လဲမယ်၊ တိုင်းပြည်စီးပွားရေးကလည်း တော်တော်မကောင်းနေချိန်ဆိုတော့ ဘယ်သူတွေ ဘယ်လောက်အိတ်ဖောင်းမှာမို့လို့ တွန်းနေကြတာလဲပဲ မေးပါတော့မယ်။

ဟန်းတားနဲ့ လျှပ်စစ်ကားတွေနဲ့ ဘယ်လိုပတ်သက်နေလဲဆိုတော့ လျှပ်စစ်ကားဘက်ထရီတွေထုတ်ဖို့ ကိုဘော့သတ္တုတမျိုး လိုပါတယ်။ ဟန်းတားက သူ့ဖခင်ဒုသမ္မတဖြစ်စဥ်မှာ ကနေဒါက ကိုဘော့ကုမ္ပဏီရှယ်ယာတွေကို အမည်ခံဝယ်ပေးပြီးတော့ တရုပ်ကို လက်လွှဲရောင်းချပါတယ်။ တရုပ်က ကိုဘော့ကုမ္ပဏီတွေကို လက်ဝါးကြီးအုပ်ထားချင်လို့ ကိုဘော့ထုတ်တဲ့ ကွန်ဂိုကိုလည်း ပါတနာလုပ်ပြီး ပေါင်းထားလိုက်ပါတယ်။ အဲဒါက အနောက်နိုင်ငံတွေအတွက် ဆပ်ပလိုင်းပြဿနာ တက်လာနိုင်ပါတယ်လို့ ဂျက်ခ်ဒေးဗစ်စ်က ဝက်စတန်ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဂျီအိုပီဆီနိတ်တာ ရွန်ဂျွန်ဆင်က အာဏာရှိသူတွေရဲ့ အရှုပ်တော်ပုံတွေ ပေါ်လာပြီဆိုရင် လုပ်လေ့ရှိကြတာက အမှန်ကို နဲနဲချင်း ချပြပြီး အချိန်ဆွဲကြတာပါလို့ ဆိုပါတယ်။ အခုဟန်းတားကိစ္စမှာ နယူးယောက်တိုင်းမ်စ်တို့ ဝါရှင်တန်ပို့စ်တို့လို လက်ဝဲမီဒီယာတွေ လုပ်နေကြတာလည်း အလားတူပါပဲ။ ချပြစရာရှိတာတွေထဲက အဖျားအနားလေးတွေလောက်ကိုပဲ အနဲစ အကျဥ်းစ ချချပေးလာကြတာပါ။ ပြဿနာက မီဒီယာတွေတင်မက ထောက်လှမ်းရေးပိုင်းကပါ ဝင်ကာပေး ဝင်ဖုံးပေးနေလို့ ၂၀၁၉ထဲက ထွက်လာရမယ့်သတင်းက ခုထိ ကောင်းကောင်းမထွက်လာသေးတာပါ။ လူထုစသိတဲ့ ၂၀၂၀ကစပြီး တချို့မီဒီယာတွေကတင်လို့ ရီပါဘလစ်ကန်တွေ သိကြပြီးဖြစ်ပေမယ့် ဒီမိုကရက်တွေအကြည့်များတဲ့ မီဒီယာတွေကြား ခုထိ အပေါ်ကဗျူဟာအတိုင်း သွားနေဆဲပါ။

အမေရိကန်အီလိတွေက တရုပ်အနိုင်ရအောင်ကူညီရင်း ဘယ်လိုချမ်းသာလာတာဆိုတဲ့ စာအုပ်ကို ရေးခဲ့တဲ့ ပီတာရွှိုက်ဇာက ဘိုင်ဒန်မိသားစုက တရုပ်စီစီပီနဲ့ ပတ်သက်နေသူတွေထံကနေ အနည်းဆုံး ဒေါ်လာ ၃၁သန်း ရယူခဲ့တယ်လို့ ဆိုပါတယ်။ ဘိုင်ဒန်မိသားစုရဲ့ ဝိုင်ယာထရန်စဖာတွေနဲ့ ငွေရယူမှုတွေက ဘဏ္ဍာရေးဌာနမှာ ရောက်ရှိနေတာဖြစ်ပေမယ့် သူတို့ဟာ မဟုတ်မမှန် လုပ်ကြံမှန်းသိသိနဲ့ ထရမ့်ကို ရုရှားနဲ့ မလျှော်ဆက်ဆံမှုရှိတယ်လို့ အကြိမ်ကြိမ်စွပ်စွဲနေခဲ့သလောက် ဘိုင်ဒန်တို့လာဘ်စားတာ ထင်းထင်းကြီး ပေါ်နေတာကိုကျတော့ ပြည်တွင်းအခွန်ရော၊ ဘဏ္ဍာရေးရော၊ အက်ဖ်ဘီအိုင်ရောက ဝိုင်းရေငုံနေကြတာပါ။

အဲဒါတွေက စက်တင်ဘာ ၂၀၂၀ထဲက အများပြည်သူဆီ ချပြနိုင်ကြရဲ့သားနဲ့ ဘာမသင်္ကာစရာမှ မတွေ့ပါဘူးလို့ ဘူးခံပြီး ဆိုရှယ်မီဒီယာ အင်တာနက်ပေါ် တင်သမျှကိုတောင် လိုက်ဖျက် လိုက်ပိတ်နေခဲ့ကြတာပါ။ ဆီနိတ်တာဂျွန်ဆင်က အက်ဖ်ဘီအိုင်ကို ဘိုင်ဒန်မိသားစုအကြောင်း ဘာတွေသိသေးလဲဆိုတာ ဖော်ထုတ်ချပြဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် အချိန်ဆွဲ အပျောက်ရိုက်တာတွေနဲ့ပဲ ကြုံတွေ့နေခဲ့ရတယ်လို့ ဆိုပါတယ်။ အထောက်အထားတွေပါပြတဲ့ ဗီဒီယိုကို ကွန်မန့်မှာ လင့်ခ်ချပေးပါမယ်။ အဲဒီထဲမှာ ဒုသမ္မတဘိုင်ဒန်က ၂၀၁၄ ဧပြီ ၁၆ရက်မှာ ဟန်းတားရဲ့ လုပ်ငန်းပါတနာ ဒေဗွန်အာချာနဲ့ အိမ်ဖြူမှာတွေ့ခဲ့ပြီး အဲဒီလ ၂၁ရက်မှာ ဘိုင်ဒန်က ယူကရိန်းကို သွားလည်ခဲ့ပါတယ်။ ၂၂ရက်မှာ အာချာက ဘူရစ်စ်မာရဲ့ ဘုတ်အဖွဲ့မှာ ပါဝင်လာခဲ့ပြီး မေလ ၁၂ရက်နေ့မှာတော့ ဟန်းတားကပါ ဘူရစ်စ်မာရဲ့ ဘုတ်အဖွဲ့ဝင် ဖြစ်လာပါတယ်။

အဲဒါတွေအပြင် ဟန်းတားနဲ့ အတူလုပ်ခဲ့တဲ့ ဘာဘူလင်းစကီးက ဟန်းတားရသမျှရဲ့ ၁၀ရာနှုန်းကို သူ့ဖခင်ဂျိုးကို ပေးရတယ်ဆိုတော့ ဘိုင်ဒန်က ဒီကိစ္စတွေ ဘာမှမသိပါဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ ဆီနိတ်တာ ဂျွန်ဆင်ကလည်း ဘိုင်ဒန်က ကွန်ပရိုမိုက်စ်(ပြင်ပဩဇာခံ) ဖြစ်နေတယ်ဆိုတာ ပိုပြီး ထင်ရှားစေတာတွေကတော့ ပြည်တွင်းဓါတ်ငွေ့လိုင်းဆောက်တာကို အာဏာသုံးရပ်ပစ်ပြီး ရုရှားရဲ့ နော့်စ်ဒွန်၂ဓါတ်ငွေ့လိုင်းကို ထရမ့်ကပိတ်ထားခဲ့တာကိုတော့ ပြန်ဖွင့်ပေးခဲ့တာရယ်၊ တရုပ်ကို နည်းပညာမခိုးနိုင်အောင် ကန့်သတ်ထားတဲ့ ထရမ့်လက်ထက်က ဥပဒေတွေကို ပယ်ဖျက်ပေးခဲ့တာရယ်က သက်သေခံနေတယ်လို့ ဆိုပါတယ်။​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: