လက်ဝဲယိမ်းတွဒ်တာရဲ့ အများဆုံးရှယ်ယာပိုင်ရှင်ဖြစ်လာတဲ့ အီလွန်ကို တွဒ်တာက ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ လက်ရှိအုပ်ချုပ်သူပရာ့ဂ် အဂ္ဂရာဝါလ်က ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ အီလွန်နဲ့ ပြောခဲ့ရသလောက် အီလွန်ဟာ တွဒ်တာပေးနေတဲ့ ဝန်ဆောင်မှုအပေါ် နက်နက်ရှိုင်းရှိုင်း ယုံကြည်သူဖြစ်ပြီး ထိထိရောက်ရောက်လည်း ဝေဖန်တတ်တဲ့အတွက် သူဟာ တွဒ်တာလိုအပ်နေတဲ့သူမျိုး ဖြစ်ကြောင်း၊ အဲဒါကြောင့် အီလွန်ရဲ့ ပါဝင်မှုဟာ တွဒ်တာအတွက် ရေရှည်မှာ အများကြီး တန်ဖိုးရှိလာမယ်ဆိုတာ ရှင်းနေတဲ့အတွက် အီလွန်ကို ဘုတ်အဖွဲ့မှ ကြိုဆိုပါကြောင်း တွိသွားပါတယ်။
အီလွန်ကလည်း ပရာ့ဂ်နဲ့ တွဒ်တာဘုတ်အဖွဲ့တို့နဲ့ ပူးပေါင်းပြီး လာမယ့်လတွေမှာ တွဒ်တာကို သိသာတဲ့ တိုးတက်မှုတွေရလာအောင် ပြုလုပ်သွားမယ်လို့ ပြန်တွိပါတယ်။ လက်ဝဲယိမ်းတက်ခ်ကုမ္ပဏီတော်တော်များများရဲ့ စီမံခန့်ခွဲမှုအဆင့်ဆင့်ကစလို့ အောက်ခြေအင်ဂျင်နီယာများအထိ အများစုကလက်ဝဲယိမ်းတွေဖြစ်တဲ့အတွက် ကိုယ့်အဖွဲ့အစည်းကို ဖိဖိစီးစီး ကျစ်ကျစ်လစ်လစ် အုပ်ချုပ်တတ်တဲ့ အီလွန်က ဘယ်လိုကိုင်တွယ်မလဲဆိုတာနဲ့ လက်ရှိဝန်ထမ်းတွေ၊ မန်နေဂျာတွေက ဘယ်လို ပညာပြကြမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။
တက်ခ်ကုမ္ပဏီကြီးတွေ လက်ဝဲယိမ်းတာမှာ ဆိုရှယ်မီဒီယာတွေယိမ်းတာက ဆင်ဆာလုပ်ခံရတဲ့သူ တွေက တန်းသိကြပေမယ့် ပန်းသီးလိုကုမ္ပဏီမျိုး လက်ဝဲယိမ်းတာ ဝုခ်ဖြစ်တာတွေကို တော်ရုံမြင်ဖို့ မလွယ်ပါဘူး။ ဖလော်ရီဒါမှာ ဂါဗာနာဒီဆန်းတစ်စ်က လက်မှတ်ထိုးပြဌာန်းလိုက်တဲ့ အသက် ၃နှစ်မှ ၈နှစ်ကြား ကလေးတွေကို လိင်ကိစ္စ ကျောင်းမှာ မသင်ဖို့ အမိန့်ထုတ်တာကို ဥပဒေကို သေချာမဖတ်ပဲ ဒုန့်ဆေးဂေးဘေလ်ဆိုပြီး လက်ဝဲတွေဝိုင်းတိုက်ခိုက်ကြတဲ့ထဲမှာ ဒစ်စနေအပြင် ပန်းသီးကုမ္ပဏီကြီး ကလည်း ဒေါ်လာ သန်းပေါင်းများစွာ သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပန်းသီးစီအီးအို တင်မ်ကွခ်က ကလေးငယ်ငယ်လေးတွေကို ဘာလိင်ကိစ္စမှ မသင်စေချင်တာကို လိင်တူ/နှစ်ဖက်ချွန်/ပြောင်း စတာတွေပေါ် ခွဲခြားမှုကြီးအဖြစ် အကြီးအကျယ် တိုက်ခိုက်နေပေမယ့် တကယ်အဲဒီလိုခွဲခြားတဲ့အပြင် ယုံကြည်ချက်ကြောင့် လူတွေကို အကြီးအကျယ်သတ်ဖြတ်နေတဲ့ တရုပ်ပြည်ကိုကျတော့ ဝေဖန်ဖို့ ဝေးလို့ ချီးများတောင် မွမ်းနေသေးတာ၊ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံနေတာ တွေ့ရပါတယ်။ ဒစ္စနေကလည်း ဖလော်ရီဒါက ဘေလ်ကိုသာ အကြီးအကျယ်တိုက်ခိုက်နေပေမယ့် လိင်တူ/နှစ်ဖက်ချွန်/ပြောင်းတွေကို လုံးဝ သည်းမခံတဲ့ အာဖရိကက ဟိုဘာသာကြီးစိုးတဲ့နိုင်ငံတွေမှာတော့ သူတို့ရဲ့ ပန်းခြံတွေဖွင့်ဖို့ ကြိုးစားနေတာပါ။ ဒါနဲ့ ဒစ္စနေဆိုလို့ ဒစ္စနေဝန်ထမ်းတွေနဲ့ တရားသူကြီးဟောင်းတဦးဟာ လူကုန်ကူးမှုနဲ့ပတ်သက်ပြီး မကြာသေးမီက ဖလော်ရီဒါရဲက ဖမ်းမိခဲ့တဲ့ ၁၀၈ဦးထဲမှာ ပါနေတာပါ။
ထရမ့်လက်ထက်က ပြည်သူ့လုံခြုံရေးအတွက် ပြဌာန်းခဲ့တဲ့ တိုင်တယ်လ်၄၂ ဟာ လာမယ့်မေလထဲမှာ သက်တမ်းကုန်တော့မှာဖြစ်လို့ နယ်စပ်ကနေ တရားမဝင်ဝင်ရောက်လာသူတွေ အများကြီး တိုးလာမယ့်အပေါ် ပြင်ဆင်နေတယ်လို့ ပြောခဲ့ပေမယ့် တကယ်တမ်းမှာ အဲဒီတိုင်တယ်လ်ဟာ အလိုလိုသက်တမ်းကုန်မှာမဟုတ်ပဲ ဘိုင်ဒန်အစိုးရက ရပ်ပစ်တော့မှာလို့ သိရပါတယ်။ ဒီတိုင်တယ်လ်ရှိနေပေမယ့် ဘိုင်ဒန်တက်လာပြီး ဝါဒဖြန့်ချင်မှ ထုတ်သုံးပြီး တခြားအချိန်မှာ ခေါက်ထားတတ်တာလည်း ထင်ရှားနေတာပါပဲ။ အခုတော့ ဒီနှစ်ရွေးကောက်ပွဲနဲ့ ၂၀၂၄တို့မှာ ဒီမိုကရက်တွေ အခြေမလှဖြစ်နိုင်တဲ့အတွက် သူတို့ကို အမြဲအားပေးမယ့် အကြမ်းဖက်တွေ၊ မူးယစ်မှောင်ခိုတွေ၊ လူကုန်ကူးတွေ၊ မုဒိမ်းသမားတွေ၊ အချောင်သမားတွေကိုပဲ ဦးစားပေးဝင်စေမှာ မြေကြီးလက်နဲ့ပုတ်သလို သေချာပါတယ်။
အဲဒီတိုင်တယ်လ်အရ နယ်စပ်ကနေ အမေရိကန်နိုင်ငံတွင်း ဝင်လာချင်သူတွေဟာ နယ်စပ်မှာ ဖောင်တင် စာရွက်စာတမ်းဖြည့်ပြီးရင် ဟိုဖက်မှာ ပြန်စောင့်ရပါတယ်။ ဒီဖက်က ခေါ်မမေးမချင်း ဝင်လာလို့ မရပါဘူး။ နိုင်ငံရေးအရပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် ခိုလှုံခွင့်တောင်းသူတွေရော အလုပ်လုပ်ချင်သူတွေရော အကျုံးဝင်ပါတယ်။ သူတို့တင်ထားတဲ့ စာရွက်စာတမ်းတွေကို စီစစ်ပြီး ပေးဝင်ဖို့ အချက်တွေနဲ့ ကိုက်ညီရင် ဝင်ခွင့်ပေးပါတယ်။ အဲဒါက မြန်မာတွေ သွားလေ့ရှိတဲ့တိုင်းပြည်တွေမှာ အလုပ်သွားလုပ်/ ခိုလှုံခွင့်သွားတောင်းတာနဲ့ ယှဥ်ရင် အလွန်အမင်း သက်သာခွင့်ရှိတယ်ဆိုတာ သိနိုင်နေပြီးသားပါ။ ဦးနှောက်ရှိတဲ့ ဘယ်နိုင်ငံမဆို ဒီလိုပဲ လုပ်ကြတာပါ။ ဘယ်သူလာလာ မစစ်မဆေးဝင်ခွင့်ပြုတာက ရူးလို့မဟုတ်ရင် မသမာလို့ပဲလို့ တထစ်ချ ပြောလို့ရပါတယ်။
နယ်စပ်ဖွင့်ပြီး လူတွေဖောချင်းသောချင်း ပြန်သွင်းမယ့်သတင်းနဲ့ အတူ ပါလာတာကတော့ တရားမဝင်ဝင်လာသူတွေကို မှန်ကန်တဲ့(သို့) ဝင်လာသူတွေ ခေါ်စေချင်တဲ့ နာမ်စားခေါ်ရမယ်လို့ နယ်ခြားစောင့်တပ်တွေကို ညွှန်ကြားလိုက်တာပါ။ အဲဒီလိုသတ်မှတ်လိုက်တဲ့အတွက် ယောက်ကျားကြီး (သို့)မိန်းမကြီးမြင်နေလျက်နဲ့ သူတို့ကိုခေါ်စေချင်သလို မခေါ်မိပဲ မှားခေါ်မိလိုက်ရင် ဟိတ်စပိချ်၊ ရေ့စစ်၊ ဆက်စ်စစ်လို့ စွပ်စွဲခံရပြီး ပြဿနာ တက်တော့မှာပါ။ တရားတဘောင်စွဲခံရတာတွေ၊ အရေးယူ၊ ရာထူးချခံရတာတွေအထိ ဖြစ်လာနိုင်ပါတယ်။
သဘောကတော့ ကိုယ့်ရဲ့ ပင်မအလုပ်ကို အာရုံမစိုက်နိုင်စေမယ့် ဖျက်မြင်းတွေ ထည့်ပေးလိုက်တာပါပဲ။ နောက်ဆက်တွဲတွေအနေနဲ့ အလုပ်ဖြစ်ဖို့ မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန် လုပ်ပေးဖို့ထက် စမကပုဒ်မနဲ့ မငြိအောင်သာ ကြိုးစားနေကြခြင်းဖြင့် စိတ်ဓါတ်တွေ ပျက်ပြားလာကြတော့မှာပါ။ အဓိကနဲ့ သာမညလွဲတာကလည်း လူမှုအသိုင်းအဝိုင်းကို အကြီးအကျယ်ထိခိုက်စေမှာပါ။ ဒါပေမဲ့လည်းပေါ့လေ သူတို့ရဲ့ ရည်ရွယ်ချက်က နယ်ခြားတပ်တွေကို ဟန်ပြပဲ ထားပြီး ခိုးဝင်တွေ များနိုင်သလောက် များများ လာစေချင်တာဆိုတော့လည်း သူတို့အတွက်တော့ ဆိုးကျိုး မရှိလှပါဘူး။
ဘိုင်ဒန်အစိုးရက ဘီအေတူးမျိုးကွဲကူးခံရသူတွေကို အရင်ကပ်ပိုးဆေးတွေမပေးတော့ဖို့ တားမြစ်ထားတဲ့ ၈ပြည်နယ်ကို နောက်ထပ် ၁၄ပြည်နယ် ထပ်ပေါင်းလိုက်ပါတယ်။ အားလုံးကတော့ အပြာအုပ်ချုပ်တဲ့ပြည်နယ်တွေချည့်ပါပဲ။ ကိုယ့်ဆရာဝန်ထက် အစိုးရကို ပိုယုံရင်တော့ ဒီလူတွေပဲ ဆက်တင်ကြပေါ့။ ကိုယ်ဖြစ်ကိုယ်ခံလိုက်ရုံပါပဲ။
ဝါရှင်တန်ဒီစီက တိုက်ခန်းတခန်ူမှာ မွေးကင်းစကလေး၅ဦးကို ဖျက်ချထားတာ တွေ့ရတယ်လို့ ဆရာဝန်တွေက လိုက်ဖ်အက်ရှင်နယူးစ်ကို ပြောကြားလိုက်ပါတယ်။ အဲဒီကလေးလေးတွေဟာ နေ့စေ့လစေ့ မဟုတ်သေးပေမယ့် အပြင်မှာ ရှင်သန်နေနိုင်တဲ့ အရွယ်တွေ ဖြစ်နေတာပါ။ ဒီစီရဲတွေက ဒီကလေးလေးတွေဟာ တရားမဝင်ဖျက်ချခံရတာနဲ့ ပတ်သက်နေနိုင်သလားဆိုတဲ့ ဖြစ်နိုင်ခြေကို ချက်ခြင်း ပယ်ချလိုက်ပေမယ့် ဘာမှတ်ချက်မှတော့ ပေးမသွားဘူးလို့ ဆိုပါတယ်။ လက်ဝဲစွန်းတွေ ကြီးစိုးတဲ့ ဒီစီမှာ နေ့စေ့လစေ့ကလေးငယ်တွေကို ဖျက်ချတာ တားမြစ်မထားပေမယ့် ဖက်ဒရယ်ဥပဒေတွေအရ ဘယ်လိုနည်းပဲ သုံးရမယ်၊ တကယ်လို့ ဖျက်ချတာ မအောင်မြင်ပဲ အရှင်ထွက်လာခဲ့ရင် အဲဒီကလေးကို အသက်ရှင်အောင် လိုအပ်တဲ့ စောင့်ရှောက်မှုပေးရမယ်၊ စတဲ့ ပြဌာန်းချက်တွေကို လိုက်နာနေရသေးတာပါ။ အဲဒါကြောင့် ဒီမိုကရက်တွေက ဖက်ဒရယ်ကန့်သတ်ချက် တွေကို ပြန်ပြင်ဖို့အတွက် ဆူပရင်းမ်ကုတ်မှာ လက်ဝဲစွန်းတရားသူကြီးတွေ များများ ခန့်ထားဖို့ ကြိုးစားနေကြတဲ့ အကြောင်းတွေထဲက တခုဖြစ်ပါတယ်။
ကလင်တန်ကမ်ပိန်း၊ ကမ်ပိန်း ရှေ့နေမိုက်ကယ်ဆပ်စ်မန်နဲ့ နည်းပညာခေါင်းဆောင် ရော့ဒ်နေဂျော့ဖ် တို့ဟာ ၂၀၁၆တုန်းက ထရမ့်ကမ်ပိန်းကို နာမည်ဖျက်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြကြောင်း အထောက်အထားသစ်တွေ ထွက်ပေါ်လာတဲ့အတွက် မနေ့ညက အထူးရှေ့နေဒါဟမ်က စာမျက်နှာ ၄၈ခုနဲ့ အမှုသစ် ထပ်ဖွင့်လိုက်ပါတယ်။ တရားစွဲခံရတဲ့ထဲ နာမည်မပါတဲ့သူတဦးကတော့ သူတို့တွေက ဗီအိုင်ပီတွေကို မျက်နှာလုပ်ချင်လို့ အခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်။ သူတို့ ထရမ့်ကို နာမည်ဖျက်တဲ့ပရောဂျက်ကို ခရင်ဆမ်ရိုင်နိုလို့ အမည်ပေးထားပါတယ်၊ ခရင်ဆမ်က ခရမ်းသန်းတဲ့ အနီရောင်ဖြစ်ပြီး ရိုင်နိုက အမည်ခံရီပါဘလစ်ကန်တွေကို ခေါ်တာပါ။ ဆပ်စ်မန်က အရင်က အက်ဖ်ဘီအိုင်က အဲဒီတုန်းကရှေ့နေ ဂျိမ်းစ်ဘေကာကို လိမ်ခဲ့တယ်လို့ သိထားကြပေမယ့် စကားနဲ့ဖြစ်ပြီး အခုတွေ့ရှိချက်မှာတော့ စာနဲ့ရေးလိမ်လည်တာဖြစ်ပါတယ်။ ဘေကာက လက်ရှိ တွဒ်တာမှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။