ဧပြီ ၁၃ ရက် ၂၀၂၂

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက မစ်စိုးရီပြည်နယ် အမြင့်ဆုံးတရားရုံးက စိန့်လူးဝစ်မြို့က ဒီမိုကရက်ဆားကစ်ရှေ့နေ ကင်ဘာလေဂါဒ်နာကို သူမက မစ်စိုးရီဂါဗာနာဟောင်း အဲရစ်ဂရစ်တန်စ်ကို

တရားစွဲရာမှာ မအောင်မြင်ခဲ့တာနဲ့ ပတ်သက်ပြီး အသေးစိတ်မှတ်တမ်းတွေ တောင်းခံရာမှာ ပေးအပ်ဖို့၊ တရားရုံးအမိန့်နာခံဖို့ အမိန့်ချလိုက်ပါတယ်။ ၂၀၁၈တုန်းက အမွှေစိန် ဆိုရော့စ်ရဲ့ အထောက်အပံ့နဲ့ အစိုးရရှေ့နေဖြစ်လာတဲ့ ဂါဒ်နာက အဲဒီတုန်းက ရီပါဘလစ်ကန်ဂါဗနာ ဂရစ်တန်စ်ကို သူနဲ့ငြိစွန်းနေတဲ့ အမျိုးသမီးရဲ့ မဖော်ပြအပ်တဲ့အနေအထားကို ဓါတ်ပုံရိုက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ သူမစွပ်စွဲတဲ့ဓါတ်ပုံကို မတင်ပြနိုင်တဲ့နောက် စွဲချက်ကိုပြန်ရုပ်သိမ်းလိုက်ပါတယ်။

သူမစွဲချက်ကို စိန့်လူးဝစ်က နယ်မြေခံရဲတွေက ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အက်ဖ်ဘီအိုင်အေးဂျင့်ဟောင်း တဦးဖြစ်တဲ့ ဝီလီယံ တီစာဘီကို ငှားရမ်းပြီး သူမစွပ်စွဲထားတဲ့အမှုအတွက် သက်သေခံရလိုရငြား ကြိုးစားခဲ့ပါတယ်။ သူမ ငှားထားတဲ့ တီစာဘီက သက်သေခံအထောက်အထား ဖျောက်ဖျက်/ပြောင်းလဲစေမှုနဲ့ တရားစွဲခံထားရပြီး အပြစ်ရှိကြောင်း ဝန်ခံထားပါတယ်။​ အဲဒီလို ဝန်မခံရင် ရုံးတော်ကို မမှန်မကန်ထွက်ဆိုမှု၊ မမှန်မကန်သက်သေခံမှု အပါအဝင် နောက်ထပ် ၆မှုနဲ့ပါ ထပ်အစွဲခံရမှာ ဖြစ်ပါတယ်။

ဂရစ်တန်စ်က သမ္မတထရမ့်တက်တဲ့ တချိန်ထဲဖြစ်တဲ့ ၂၀၁၇ ဇန်နဝါရီမှာ ဂါဗာနာဖြစ်လာခဲ့ပြီး တနှစ်ခွဲအကြာ ၂၀၁၈ဇွန်လမှာ ဂါဒ်နာရဲ့ စွဲချက်အပြင် မီဒီယာတွေ ဒီမိုကရက်တွေရဲ့ ပုဂ္ဂိုလ်ရေးထိုးနှက်ချက်များစွာကြောင့် နိုင်ငံရေးအရ အထိနာပြီး နှုတ်ထွက်သွားတာပါ။​ ရေတပ်က နေဗီဆီးလ်ဟောင်းတဦးဖြစ်ခဲ့တဲ့ ဂရစ်တန်စ်ဟာ အခုအခါမှာ ဆီးနိတ်အတွက် ဝင်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

ဂါ့ဒ်နာကို သက်သေတင်ပြဖို့ တရားစွဲဆိုခဲ့တာကတော့ ဂျပ်စ်သယ်နယူးစ်က သတင်းထောက် ဂျွန်ဆိုလမွန်ဖြစ်ပြီး မစ်စိုးရီရဲ့ ဆန်းရှိုင်းဥပဒေအရ ဂါ့ဒ်နာနဲ့ မစ်စိုးရီဝေါ့ခ်ဖို့စ်ဟောက်စင်းအဆိုစီယေးရှင်း၊ ပြည်နယ်အမတ်တွေဖြစ်ကြတဲ့ စတေစီနယူမင်၊ ဂျေး ဘာန်းစ်နဲ့ တခြားသူတွေကြား လွန်ခဲ့တဲ့နှစ်တွေအတွင်း ဆက်သွယ်မှုမှတ်တမ်းတွေကို တောင်းခံထားတာဖြစ်ပါတယ်။ ကနဦးမှာ ဂါ့ဒ်နာက အဲဒီတောင်းဆိုချက်ကို လစ်လျူရှုထားခဲ့ပြီး နောက်ပိုင်းမှာတော့ ဆိုလမွန်တောင်းတဲ့ စာရွက်စာတမ်းတွေဟာ ဆန်းရှိုင်းဥပဒေနဲ့ အကျုံးမဝင်ဘူးလို့ ပြောပြီး လိုက်နာဖို့ ငြင်းဆိုခဲ့ပါတယ်။

အဲဒီငြင်းဆိုချက်အပေါ်မှာ ဆိုလမွန်က အယူခံဝင်ရာ အနိုင်ရရှိသွားပြီးနောက် ဂါဒ်နာက ပြည်နယ်ရဲ့ အမြင့်ဆုံးတရားရုံးအထိ တက်တိုင်ခဲ့ရာမှာလည်း တရားသူကြီးက သူမရဲ့အယူခံကို လက်ခံစဥ်းစားပေးဖို့ ငြင်းဆန်ခဲ့ပြီး အခုလို ဆိုလမွန်တောင်းထားတဲ့ အထောက်အထားတွေ ပေးအပ်ဖို့ပဲ အမိန့်ချခဲ့တာပါ။ ဒါ့အပြင် ဂါဒ်နာက ဆိုလမွန်ရဲ့ တရားရုံးစရိတ်၊ ရှေ့နေစားရိတ် စတာတွေကိုပါ ပေးလျော်ရမှာဖြစ်ပါတယ်။ ဂါဒ်နာက ဥပဒေအရ လမ်းဆုံးသွားပြီးနောက်ပိုင်း ဧပြီ ၁၁ရက်မှာ မစ်စိုးရီပြည်နယ် စည်းကမ်းထိမ်းသိမ်းရေး အကြံပေးရုံးရဲ့ ကြားနာမှုတခုမှာ သူမအနေနဲ့ ဂရစ်တန်စ်ကို စစ်ဆေးခဲ့တာဟာ မှားယွင်းကြောင်း ဝန်ခံခဲ့ပါတယ်။ အဲဒီအကြံပေးရုံးက ရှေ့နေလိုင်စင်တွေ ချပေး/မပေး စီစစ်ရတဲ့အဖွဲ့ဖြစ်ပါတယ်။ သူမအမှားကတော့ သူမလိုင်စင်ပေါ်မှာ တသက်လုံး ပါသွားတော့မှာပါ။ သူမကို ဘယ်လိုပြစ်ဒဏ်ပေးမလဲဆိုတာကတော့ ဒီနှစ်နှောင်းပိုင်းမှာ ပြည်နယ်အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

ဂါ့ဒ်နာအတွက်က ဒါပထမဆုံး ရုံးတော်မှာ ရှုံးနိမ့်တာမဟုတ်ပါဘူး။ မနှစ် ဇူလိုင်တုန်းကလည်း စိန့်လူးဝစ်ကပဲ ဆားကစ်တရားသူကြီး ဂျေဆင် ဆန်ဂေးဆာက လူသတ်မှုတခုမှာ အစိုးရဖက်က လိုက်ပါပေးမယ့်ရှေ့နေမစေလွှတ်ပေးခဲ့လို့ သူမအလုပ်ကို သူမမလုပ်ဖူးလို့ စွပ်စွဲခဲ့ဖူးပါတယ်။ အဲဒီလူသတ်မှုက အစိုးရရှေ့နေ ပေါ်မလာတဲ့အတွက် အမှုကို ပလပ်ခဲ့ရတာပါ။ ဆိုရော့စ်တင်ထားတဲ့ ရှေ့နေဆိုတော့လည်း ပြည်သူအတွက် ခုံခြုံမှုက နောက်ဆုံးမှာဖြစ်ပြီး ရာဇဝတ်သားတွေ ပြစ်ဒဏ်မခံရဖို့က ပထမဦးစားပေး ဖြစ်နေတာပါ။

ဂါဗနာဟောင်း ဂရစ်တန်စ်က ငါတို့တချိန်လုံး သိလာခဲ့တဲ့အတိုင်းပဲ ဆိုရော့စ်နောက်ခံနဲ့ တက်လာတဲ့ အစိုးရရှေ့နေက အခြေအမြစ်မရှိပဲ နိုင်ငံရေးစုန်းယိုးတဲ့စွဲချက်လုပ်ခဲ့တာ ပေါ်လွင်သွားပြီဖြစ်ကြောင်း၊ ဂါဒ်နာက အစိုးရအဖွဲ့အစည်းတွေရဲ့ အဆိုးရွားဆုံးပြယုဂ်နဲ့ အစိုးရအာဏာကို အလွဲသုံးစားလုပ်ပြီး  ဥပဒေဘောင်ထဲက အပြစ်မရှိသူ (ဂါဗာနာ၊ ရဲအရာရှိတွေနဲ့ ပြည်သူတွေ)ကို ပစ်မှတ်ထားတဲ့ မရိုးသားဆုံး အရာရှိဖြစ်လို့ ပြည်သူတွေအနေနဲ့ သူမထက်အများကြီးကောင်းတဲ့သူနဲ့သာ ထိုက်တန်တယ်လို့ ဆိုပါတယ်။

ဆိုလမွန်တောင်းထားတဲ့ သက်သေတွေထဲမှာ ဆိုရော့စ်နဲ့ ပတ်သက်နေတာတွေ ပါနေလို့များ တင်ပြဖို့ ငြင်းဆန်နေတာလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ မနေ့က ရေးထားတဲ့ ဘီလျှံနာကြီးများ မအိုမနာမသေဖို့ ကြိုးစားနေကြတာရယ်၊ ကမ္ဘာ့ရွာကို အားပေးကြတာရယ်၊ အာဏာရှင်တွေ၊ အာဏာရှင်ဖြစ်ချင်သူတွေနဲ့ ပတ်သက်နေတာရယ်မှာ တိုင်းပြည်တွေ မတည်မငြိမ်ဖြစ်ဖို့၊ လွတ်လပ်ခွင့်ကို တန်ဖိုးထားတဲ့ နိုင်ငံတွေ၊ ပါတီတွေကို ပညာပေးဖို့၊ ရာဇဝတ်သားအားပေးဖို့ကို တစိုက်မတ်မတ်တွန်းနေတာကတော့ ပေါ်တာလဲကြာ၊ သူဌေးသက်တမ်းလဲကြာ၊ အဆက်အသွယ်လဲ တကမ္ဘာလုံးရှိတဲ့ ဆိုရော့စ်က ထိပ်ဆုံးက ပါနေတာပါ။

တကမ္ဘာလုံး ပြည်သူတွေမှာ ခုခံခွင့်မရှိ၊ လက်နက်ပိုင်ဆိုင်ခွင့်မရှိ၊ လွတ်လပ်စွာပြောဆိုခွင့်မရှိ၊ ပေးတာယူး၊ ကျွေးတာစားဘဝနဲ့ အစမ်းသပ်ခံ ဂင်နီပစ်ဂ် ကြွက်ကလေးတွေလို ဖြစ်လာမှ သူတို့ရည်မှန်းချက်တွေ အောင်မြင်မှာမို့ အဲဒီကို တွန်းနေကြတာလို့ ထင်ပါတယ်။ ဆိုရော့စ်တင်ထားတဲ့ အစိုးရရှေ့နေတွေ အမေရိကန်မှာတောင် အများကြီး ရှိနေပါပြီ။ အရာရာဟာ ဆက်စပ်နေတာဖြစ်လို့ သတိထားနိုင်ကြဖို့ အသေးစိတ် ရေးပေးလိုက်တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: