တွဒ်တာက အီလွန်သူတို့ကို မဝယ်နိုင်အောင် စီမံလိုက်တဲ့ ပွိုင်ဆန်ပေလ် အဆိပ်လုံးဟာ အီလွန် တွဒ်တာကို ဝယ်ဖို့ ပိုခက်ကောင်းခက်သွားမှာ ဖြစ်နိုင်ပေမယ့် လုံးဝတော့ မတားနိုင်ဘူးလို့ ဒေးလီးဝိုင်ယာက ဆိုပါတယ်။ အဆိပ်ဆေးကတော့ နာမည်အတိုင်းပါပဲ။ သူ့ရဲ့ အလုပ်လုပ်ပုံဟာ နျူဗုံးကြဲသလိုပဲ အားလုံးအကျိုးမဲ့ဖြစ်သွားနိုင်တာပါ။ အဆိပ်ဆေးစီမံလိုက်တဲ့အတွက် ဖြစ်နိုင်တာ ၃ ခုက
၁။ အီလွန်က ရှယ်ယာရှင်တွေ စုပေါင်းအားနဲ့ ဒါရိုက်တာအဖွဲ့ကို ဖြုတ်ချပြီး အဆိပ်လုံးအစီအမံကို ဖျက်ပစ်နိုင်တယ်။
၂။ အီလွန်က တွဒ်တာကို ကယ်တင်မယ့် သူရဲကောင်း(သို့) နောက်ဝယ်သူတဦးကို ရှာခိုင်းပြီး (အဆိပ်လုံးပလန်နဲ့ အတွင်းလူတွေကို ဈေးလျော့ရောင်းမယ့်) ရှယ်ယာတွေကို ဈေးပိုပေးပြီး ဝယ်ယူစေခြင်းဖြင့် သူ့လက်ရှိရှယ်ယာတန်ဖိုးတွေ တက်လာစေမယ်။
၃။ အီလွန်က တွဒ်တာကို လုံးဝ လှည့်မကြည့်တော့ရင် ရှယ်ယာရှင်တွေက သူတို့ရှယ်ယာတန်ဖိုးတွေ ကျဆင်းအောင် လုပ်တဲ့အတွက် ဒါရိုက်တာဘုတ်ကို ခြိမ့်ခြိမ့်သဲ တရားတွေ ဝိုင်းစွဲလာကြမယ်။
ရှာ့ခ်တန့်ခ်က ဘီလျံနာမာ့ခ်ကျူးဘန်းကတော့ တကမ္ဘာလုံး သွက်သွက်ခါသွားတာမြင်ချင်လား၊ ပေးပါလ်တည်ထောင်သူ သူဌေး ပီတာသီယဲလ်ကို အီလွန်နဲ့ ပေါင်းပြီး တွဒ်တာကို ဝယ်ခိုင်းလိုက်လို့ တွိထားပါတယ်။ ပီတာသီယဲလ်က နည်းပညာကုမ္ပဏီသူဌေးတွေကြားထဲမှာ ရှားရှားပါးပါး လက်ဝဲယိမ်းမဟုတ်သူ ဖြစ်ပါတယ်။
ကွန်ဂရက်စ်ရဲ့ အစီရင်ခံစာတခုက အတိုင်ပင်ခံကုမ္ပဏီတခုဖြစ်တဲ့ မက်ကင်းဆီဟာ အမေရိကန်အစိုးရရဲ့ အိုပီရွိုက်မူးယစ်ဆေးပြဿနာတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်နေတာနဲ့ တချိန်တည်းမှာပဲ မူးယစ်ဆေးထုတ်လုပ်သူတွေကို အကြံပေးတဲ့အလုပ်လည်း လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးထုတ်လုပ်သူတွေကို ပေးတဲ့အကြံတွေထဲမှာ အိုပီရွိုက်ဆေးပြားတွေဟာ အန္တရာယ်ကင်း စိတ်ချရတဲ့အကြောင်း ဥပဒေပြုသူတွေကို ယုံကြည်အောင် ဆွဲဆောင်တဲ့ပရောဂျက်တွေလည်း ပါဝင်နေပါတယ်။
မက်ကင်းဆီအတိုင်ပင်ခံကုမ္ပဏီက အကြီးတန်းပါတနာတွေအပါအဝင် အနည်းဆုံး ၂၂ဦးဟာ စား/သောက်/ဆေးကြီးကြပ် အက်ဖ်ဒီအေအတွက်ရော အိုပီရွိုက်ထုတ်လုပ်သူတွေအတွက်ပါ တပြိုင်တည်းလို လုပ်ပေးနေကြတာလို့ ဟောက်စ်အိုဗာဆိုက်ကော်မီတီက တင်ပြထားပါတယ်။ အသေးစိတ်တင်ပြထားတဲ့ တမှုမှာဆိုရင် မက်ကင်းဆီဝန်ထမ်း အနည်းဆုံး ၄ဦးဟာ အက်ဖ်ဒီအေ အတွက် ဆေးဝါးအန္တရာယ်ကင်းစိတ်ချရမှုမြှင့်တင်ရေး လုပ်နေချိန်မှာ ပါဂျူးဖာမာရဲ့ အိုပီရွိုက်ဆေး တွေဟာ ဘယ်လိုစိတ်ချရကြောင်း ဆေးဝါးကြီးကြပ်အဖွဲ့တွေကို ဆွဲဆောင်ဖို့ လုပ်နေကြတာပါ။
တကယ်တော့ ဒါက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဆေးထုတ်လုပ်သူ ဖဇကလည်း အဲဒီကြီးကြပ်အဖွဲ့နဲ့ပေါင်းပြီး သူတို့ထုတ်တဲ့ ဆေးတွေကို မူလသတ်မှတ်ထားတဲ့ ဘောင်(ပမာဏ/ ရောဂါအမျိုးအစား/အသက်အရွယ်) ထက်ကျော်ပြီး သုံးလို့ရတယ်ဆိုပြီး လုပ်စားနေတာ ပေါ်သွားလို့ ဒဏ်လဲ အကြိမ်ကြိမ် အတပ်ခံရပြီးသားပါ။ အဲဒါကြောင့် အက်ဖ်ဒီအေက အတည်ပြုတယ်ဆိုတိုင်း မျက်စေ့မှိတ် မယုံမိကြဖို့ လိုပါတယ်။ ကိုယ့်အရင် သုံးသွားသူတွေ ဘာဖြစ်သလဲဆိုတာ သိရအောင် ဆင်ဆာမရှိတဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့် လိုပါတယ်။
ဆေးထုတ်လုပ်သူတွေ၊ အစားအစာထုတ်ထုပ်သူတွေက တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝ ရှိကိုရှိရပါမယ်။ အရင်အကြိမ်ကြိမ်ရေးပေးခဲ့ပြီး ဖြစ်ပေမယ့် အခု အလျဥ်းသင့်လို့ ပြန်ကျော့ရရင် ပေါက်ဖော်တိုင်းပြည်ကပိုးအတွက် ကကဆေးတွေထုတ်နေတဲ့ ဆေးကုမ္ပဏီကြီးတွေက သူတို့ဆေးကို သူတို့ လုံးဝ လုံးဝ တာဝန်မယူပါဘူး။ ဆိုလိုတာက ဘာဖြစ်ဖြစ် ဖြစ်လာရင် သူတို့ကို တရားစွဲလို့ မရပါဘူး။ မမျှော်လင့်တာတွေ ကြုံတွေ့ခဲ့တဲ့လူပေါင်းလည်း သိန်းချီနေပါပြီ။ အဲဒီကြားထဲက မလုပ်မနေရ အတင်းတွန်းနေတဲ့ အစိုးရက ဘာအကျိုးအမြတ်ကြောင့် တွန်းနေတာလဲဆိုတာ စဥ်းစားဖို့တော့ လိုပါတယ်။
ထရမ့်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သူမပေးခဲ့ပါဘူးလို့ အက်ဖ်ဘီအိုင်ကို လိမ်လည်မှုနဲ့ အစွပ်စွဲခံနေရတဲ့ ကလင်တန်ကမ်ပိန်းရှေ့နေ မိုက်ကယ်ဆပ်စ်မန်ဟာ အသစ်တွေ့ရှိချက်တွေအရ စီအိုင်အေကိုလည်း လိမ်လည်ခဲ့တယ်လို့ တွေ့ရှိရကြောင်း အထူးရှေ့နေ ဒါဟမ်ရဲ့အဖွဲ့က မှတ်တမ်းတင်ထားပါတယ်။ ဆပ်စ်မန်က အက်ဖ်ဘီအိုင်က ဂျိမ်းစ်ဘေကာကို သူ့မှာ အချိန်နဲအမျှ အရေးကြီးတဲ့ ထိလွယ်ရှလွယ်သတင်းတခု ပြောပြစရာရှိတယ်လို့ လိမ်ခဲ့တဲ့အပြင် သူ့ကိုဘယ်သူတိုက်တွန်းလို့/ခိုင်းလို့ လာတာမဟုတ်ပါဘူး၊ သူ့သဘောနဲ့သူလာတာပါလို့ပါ ထပ်မံလိမ်လည်ခဲ့ပါတယ်။ အမှန်က သူက ကလင်တန်ကမ်ပိန်းက ငှားရမ်းထားသူဖြစ်နေတာပါ။
ဒါ့အပြင် ဆပ်စ်မန်က ထရမ့်ရဲ့ စီးပွားရေးဆက်ဆံမှုတွေမှာ ရုရှားဘဏ်တခုနဲ့ လျို့ဝှက်ဆက်သွယ်မှု ရှိနေတယ်လို့ ဝှိုက်ပေပါကို ပြောခဲ့ပါတယ်။ အဲဒါကို နောက်ပိုင်းမှာ အက်ဖ်ဘီအိုင်က မမှန်ကန်ကြောင်း ဖော်ထုတ် တွေ့ရှိထားတာပါ။ ထရမ့်အိမ်ဖြူတော်ကို ရောက်ပြီးနောက်မှာလည်း စီအိုင်အေအရာရှိများနဲ့ တွေ့ဆုံစဥ်မှာ အဲဒီအတိုင်း ထပ်မံလိမ်လည်ခဲ့ပါတယ်။ ခြအုံကြီးက ကြီးမားလွန်းတဲ့အတွက် တော်တော်ခက်ခက်ခဲခဲ ဖော်ထုတ်နေရလို့ ဒီလောက်ကြာမှ အမှန်တရားထွက်ပေါ်လာတာပါ။ အဲဒါတောင် အခိုင်းခံရတဲ့သူကို အဖြစ်အရေးယူတာလောက်နဲ့ ပြီးသွားပြီး နောက်ကွယ်က ခိုင်းတဲ့သူတွေ လွတ်ဦးမှာလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။
ထရူးသယ်ဗုတ်အဖွဲ့အစည်းက ၂၀၂၀ရွေးကောက်ပွဲမှာ မဲသိမ်း/ဝယ်/ကောက်သင်းလုပ်နေကြသူတွေကို ပြည်နယ် ၆ခုအထိ သွားပြီး အထောက်အထားစုံစမ်းရှာဖွေ မေးမြန်း ဖော်ထုတ်နေခဲ့တာမှာ ၄.၈သန်းသော မဲတွေက မဲသွားထည့်ဖို့ လမ်းတွေမှာ ချပေးထားတဲ့ ပုံးတွေကနေ တရားမဝင်တဲ့နည်းတွေနဲ့ ထည့်သွားကြတာဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်နှစ်ကြာဖော်ထုတ်ခဲ့တဲ့ နည်းတွေထဲမှာ အဲဒီပုံးတွေနားတဝိုက်က ဖုံးပင်းဒေတာတွေ၊ အနားတဝိုက်က ကင်မရာတွေက ရိုက်ထားတဲ့ မိနစ်သန်းချီရှိတဲ့ မှတ်တမ်းတွေကို ကြည့်ရှုစစ်ဆေးတာတွေအပြင် မဲလိုက်ကောက်တဲ့လူတွေကို အင်တာဗျူးထားတာတွေ ပါဝင်ပါတယ်။ အဲဒီထဲမှာ တချို့ဟာ တပုံးထဲကို ၁၀ခါလောက် လာထည့်တယ်လို့ တွေ့ရှိကြောင်း ထရူးသယ်ဗုတ်အဖွဲ့ကို တည်ထောင်သူ ကက်သရင်း အန်ဂယ်ဘရက်ချ်က အဲပစ်တိုင်းမ်စ်က ရိုမင်ဘယ်မာကော့ဗ်ကို ပြောကြားသွားပါတယ်။
ရီပါဘလစ်ကန်နေရှင်နယ်ကော်မီတီက သမ္မတလောင်းများ စကားရည်လုပွဲတွေကို ကျင်းပတဲ့ ကော်မရှင်က မျှမျှတတမဟုတ်ပဲ ဘက်လိုက်နေခဲ့ပြီး ပြုပြင်ပြင်ဆင်ရေးတွေလုပ်ဖို့တော့ ငြင်းဆိုနေခဲ့တာကြောင့် မဲပေးပြီး ကော်မရှင်ကနေ နှုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ထရမ့်နဲ့ ဘိုင်ဒန်တို့ ဒီဘိတ်လုပ်တုန်းက နှစ်ပွဲစလုံးကမော်ဒရေတာတွေက ဒီမိုကရက်လိုလားသူတွေ ဖြစ်နေခဲ့ပြီး ထရမ့်က ဟန်းတားကိစ္စကို စပြောမယ်လုပ်တိုင်း အမြန်စကားဖြတ်ပြီး ခေါင်းစဥ်ပြောင်းပြစ်ခဲ့ကြတာပါ။ ကလင်တန်နဲ့တုန်းကလည်း မေးခွန်းတွေ ကြိုရနေခဲ့ပါတယ်။ ၂၀၁၆မှာရော ၂၀၂၀မှာပါ ကော်မရှင်က မမျှတလွန်းနေတာ မောဟကြီးလွန်းသူ မဟုတ်ရင် မြင်မှာပါပဲ။