ဖရီးစပိချ်ကို ကာကွယ်ဖို့ ကိုယ့်ပိုင်ဆိုင်မှုတွေကို ရင်းပြီး ကြိုးစားနေတဲ့ အီလွန်ကို စတင်တိုက်ခိုက်လာတဲ့ထဲမှာ မိုက်ကရိုဆော့ဖ်ဖောင်ဒါ ဘေလ်ဂိတ်စ်လဲ ပါလာပါပြီ။ ဂိတ်စ်က တက်စ်လာစတော့တွေကို အလုံးအရင်းနဲ့ ရှော့ဆေးလ်စလုပ်နေပါတယ်။ ရှော့ဆေးလုပ်ကြတာက လုပ်တဲ့စတော့ရဲ့ဈေးတွေ ပြုတ်ကျတော့မယ်လို့ ခန့်မှန်းသူတွေ လုပ်ကြတာပါ။ ဂိတ်စ်က လောလောဆယ် တက်စ်လာစတော့ သန်း၅၀၀ဖိုး ပိုင်ဆိုင်ထားတယ်လို့ ဆိုကြပါတယ်။ ခုရက်ထဲတင်မှ ဝင်ငွေစံချိန်တင်ထားတဲ့ တက်စ်လာကို ရှော့ဆေးလ်လုပ်တယ်ဆိုတာက သွေးရိုးသားရိုးဖြစ်ဖို့တော့ ခက်ပါတယ်။
ဂိတ်စ်နဲ့ မတ်စ် အပြန်အလှန်ပို့ကြတဲ့ စာတိုမက်ဆေ့ချ်မှာ မတ်စ်က ခင်ဗျားမှာဘီလီယံဝက်ဖိုး တက်စလာကို ရှော့ထားတာ ရှိသေးလားလို့ မေးတော့ ဂိတ်စ်က ရှိသေးတယ်လို့ ပြန်ခဲ့ပြီး မာ့စ်ခ်ကို ကလိုင်းမိတ်ချိန့်နဲ့ ပတ်သက်တဲ့ ပရဟိတအလုပ်တွေ တွဲလုပ်ဖို့ ဆွယ်ပါတယ်။ ပြောရရင်တော့ ဂရူးမင်း အယုံသွင်းခြင်း တမျိုးပါပဲ။ အီလွန်က ခင်ဗျားက တက်စ်လာစတော့ဈေးကျဖို့ လုပ်နေတာဆိုရင်တော့ ခင်ဗျားပြောတာကို ကျုပ် အတည်ယူဖို့ခက်တယ်၊ တက်စ်လာကိုယ်၌က ကလိုင်းမိတ်ချိန့်အတွက် ကောင်းပြီးသားလို့ တုန့်ပြန်ခဲ့ပါတယ်။ အဲဒီအပြန်အလှန်ပြောဆိုချက်ကိုတော့ တဆင့်ကတဆင့် ပေါက်ကြားသွားတာဖြစ်မယ်လို့ အကောင့်တခုက မေးတာကို ပြန်ဖြေသွားပါတယ်။
မတ်စ်က ဂိတ်စ်ဗိုက်ထွက်နေတာကိုလည်း ဟာသလုပ်တွိသွားလို့ တွဒ်တာက ဘန်းရမလား စဥ်းစားနေတယ်လို့လည်း ထပ်တွိထားပါတယ်။ အီလွန်က တွဒ်တာက နိုင်ငံရဲ့ ဥပဒေတွေနဲ့ လိုက်လျောညီထွေ ရှိရမယ်လို့ ဆိုပါတယ်။ တွဒ်တာက လက်ဝဲမဟုတ်သူတွေအပေါ် ဆင်ဆာလုပ်တာ ဘန်းတာတွေ အများသိ လုပ်နေပေမယ့် ဝန်မခံပဲ တေ့တေ့ဆိုင်ဆိုင်မေးလိုက်တိုင်း ငြင်းဆိုနေဆဲပါ။ ရဲရင့်တယ်ဆိုတာလည်း ဖြောင့်မတ်သူတို့မှာသာ ရှိနိုင်တဲ့ ဂုဏ်ရည်ဆိုတော့ သိပ်တော့ အံ့ဩစရာမရှိပါဘူး။
အင်မတန်ရန်လို ညစ်ပတ်တဲ့ လက်ဝဲငစွာတွေကို ဆန့်ကျင်ပြီး ကော်ပိုရိတ်လောကက ပုဂ္ဂိုလ်ကြီးများ ဒီမိုကရက်အစိုးရလုပ်ရပ်တွေကို ပေါ်ပေါ်ထင်ထင် ဝေဖန်လာကြတဲ့ထဲမှာ ဖက်ဒက်စ် ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီကို တည်ထောင်သူနဲ့ စီအီးအိုဖြစ်တဲ့ ဖရက်ဒ်စမစ်သ်လည်း ပါဝင်လာပါပြီ။ လက်ရှိဖြစ်နေတဲ့ ငွေဖောင်းပွမှုကို ဘိုင်ဒန်အစိုးရက ပူတင်ကို လွဲချလိုက် ကပ်ပိုးကို လွဲချလိုက် လုပ်နေပေမယ့် ဖရက်ဒ်က အဲဒါက ဒီမိုကရက်ပေါ်လစီကြောင့်ဆိုတာ ရှင်းနေတာပါပဲလို့ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာ ငွေဖောင်းပွမှုက ၈.၅ ရာနှုန်းဖြစ်သွားပါပြီ။ ယှဥ်ကြည့်ချင်ရင်တော့ ထရမ့်လက်ထက်ကနေ ဘိုင်ဒန်/အဘမလက်ပြောင်းတဲ့ ၂၀၂၁ ဇန်နဝါရီမှာ ငွေဖောင်းပွမှုက ၁.၄ရာနှုန်းပဲ ရှိတာပါ။
ဒီမိုကရက်တွေ သွားနေတဲ့လမ်းက ငွေဖောင်းပွမှုအကြီးအကျယ်ဖြစ်လာလိမ့်မယ်လို့ ကလင်တန်လက်ထက်က ဘဏ္ဍာရေးဝန်ကြီး လာရီဆမ်းမားစ်က ဟောကိန်းထုတ်ထားပြီးသားပါ။ ပန်ဒဲမစ်ကြောင့် ဝယ်လိုအားတွေ ကျသွားခဲ့ရာက ပြန်တက်လာခဲ့ပေမယ့် ပန်ဒဲမစ်အကြောင်းပြပြီး ၁.၉ထရီလီယံ ကယ်ဆယ်ရေးဆိုတဲ့ပလန်နဲ့ တတိယအကြိမ် စတီမြူလပ်စ်ချက်တွေ လျောက်ပို့ပြီးနောက်မှ လူတွေ အလုပ်မလုပ်ချင်ကြတော့ပဲ လုပ်သားလိုတာတွေ စဖြစ်လာတာပါ။ စတီမြူလပ်စ်ချက်တွေ စပို့တဲ့ မနှစ် ဧပြီနောက်ပိုင်း မေလကစပြီး သူတို့ဆီ အလုပ်လာလျောက်သူ သိသိသာသာ ကျဆင်းသွားတာကို ကိုးကားပြီး ပြောသွားတာပါ။ လုပ်သားလိုတော့ ရှိတဲ့လူကို ပိုပေးခေါ်၊ ဈေးကွက်ထဲ ပစ္စည်းနဲ၊ ကုန်စည်စီးဆင်းမှုနှေးတော့ မလိုအပ်ပဲ ဈေးတွေ တက်ကုန်တာကလည်း ပိုဆိုးစေတဲ့ အကြောင်းတခုဖြစ်ပါတယ်။
ပို့ဆောင်ရေးဝန်ကြီး ဘူတဂျပ်ချ်ရဲ့ဌာနက သုံးသပ်သူဝန်ထမ်းတဦးက သူတွေ့လိုက်မိတဲ့ ဒေတာတွေထဲမှာ ၂၀၂၀အတွင်း ယာဥ်တိုက်မှုကြောင်း ဖြစ်ရတဲ့ လူသေမှု လူမည်းတွေကြားမှာ ၁၀ရာခိုင်နှုန်း တက်လာတယ်လို့ တပ်ကာက တင်ပြထားပါတယ်။ ၁၀ရာခိုင်နှုန်းဆိုတာ တော်တော်ကိုများပြီးသားမှာ ၂၀၂၀ ဆိုတာ ပန်ဒဲမစ်ဆိုလို့ ဘယ်သူမှ တတ်နိုင်သလောက် အိမ်ပြင်မထွက်ကြတဲ့ နှစ်ဖြစ်တော့ အဲဒီပမာဏက ဖြစ်သင့်တာထက် အများကြီး ပိုများနေတာပါ။
ဒေတာတွေအရ ဇွန်လနောက်ပိုင်းမှာ အဆိုးဆုံးလို့ဆိုတော့ ဆက်စပ်ကြည့်ရင် မေလနှောင်းပိုင်း ဂျော့ချ်ဖလွိုက်ကိစ္စဖြစ်လိုက်ပြီး ရဲတွေက တော်ရုံကိစ္စဆို လူမည်းတွေနဲ့ မပတ်သက်ဖို့ လက်ရှောင်လာကြပုံရပါတယ်။ အဲဒီတော့ ဆိုးကြတဲ့ လူမည်းတွေလည်း ဟိုလက်မှတ်ရသလိုဖြစ်ပြီး ထင်တိုင်းကြဲကြရာက ယာဥ်မတော်တဆမှုတွေနဲ့ သေဆုံးကုန်ကြတာဖြစ်နိုင်ပါတယ်။
ဆီဖိုးမတတ်နိုင်ရင် လျှပ်စစ်ကားဝယ်စီးလို့ ပြောထားတဲ့ ဉာဏ်ကြီးရှင် ပို့ဆောင်ရေးဝန်ကြီးကတော့ လူမည်းတွေ သေရတာက လမ်းတွေက ရေ့စစ်ဖြစ်လို့ပါတဲ့။ အဲဒီတော့ လူမည်းများတဲ့ ရပ်ကွက်တွေမှာ ရှိပြီးသားလမ်းတွေ တံတားတွေဖျက်ပြီး အသစ်ပြန်ဆောက်ဖို့ ဘတ်ဂျက်အကြီးကြီးတောင်းပါတယ်။ အနာနဲ့ဆေး တော်တော့ကို လွဲတာပါ။ လွဲမှန်းမသိသူတွေလည်း သိကြဖို့ ကောင်းပါပြီ။
ဘိုင်ဒန်အစိုးရက ကပ်ပိုးကာကွယ်ဆေး မဖြစ်မနေထိုးရမယ်ဆိုတဲ့ ဥပဒေကို နယ်စပ်ကနေ ကုန်းလမ်း ရေလမ်းနဲ့ ဝင်လာမယ့် နိုင်ငံသားမဟုတ်သူတွေအတွက်ပါ အကျုံးဝင်စေဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ပြည်တွင်းမှာ ထိုးပြီးသူတွေ များလာတော့ ဆေးကုမ္ပဏီကြီးတွေနဲ့ ပေါင်းစားဖို့ နောက်ထပ်ဂွင်ကြီးကြီး ရှာနေပုံရပါတယ်။ ပိုးရှိ/မရှိ စစ်ပေးတာတွေကတော့ မလုပ်မနေရမဟုတ်ဘူးလို့ ဆိုပါတယ်။