အီလွန်တွဒ်တာကို ဝယ်အပြီးမှာ ပထမဆုံးလို့ ပြောလို့ရတဲ့ ပြင်းထန်တဲ့တွိကတော့ ဘိုင်ဒန်တို့ သားအဖနဲ့ ပတ်သက်ပါတယ်။ အီလွန်ကနေ့တွိတာကတော့ သတင်းဌာနကြီးတခုက တကယ့်သတင်းအမှန် တင်ပြထားတာကို ပိတ်ပင်တာက တကယ့်ကို မသင့်လျော်တဲ့လုပ်ရပ်ဆိုတာ အသိသာကြီးလို့ ဆိုပါတယ်။ နောက်တွိတခုမှာလည်း ဘိုင်ဒန်က ခြေအိတ်ကို လက်မှာစွပ်ပြီး ပါးစပ်လို စကားပြောဟန်လုပ်တဲ့ ရုပ်သေးလူသားပါပဲလို့ ရေးပြန်ပါတယ်။
စတာက ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဝါရှင်တန်ပို့စ်က ဟန်းတားရဲ့ လက်ပ်တော့ပ်အကြောင်း ဖွင့်ချလိုက်ပါတယ်။ တရားဝင်ထရမ့်ကမ်ပိန်းတွဒ်တာအကောင့်က အဲဒီသတင်းကို ကိုးကားပြီး ဂျိုးဘိုင်ဒန်က လူလိမ်၊ တိုင်းပြည်ကို ရောင်းစားနေတာ နှစ်ပေါင်းများစွာရှိနေပြီလို့ တွိပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင် ၁၉ရက်အလိုမှာ တရားဝင်ထရမ့်ကမ်ပိန်းအကောင့်ရော နယူးယောက်ပို့စ်က အကောင့်ရော အပိတ်/ရပ်နားခံလိုက်ရတာပါ။ တွဒ်တာက ဆင်ဆာကင်ပေတိုင်များကတော့ သူများရဲ့ ပုဂ္ဂိုလ်ရေးတွေကို ကာယကံရှင်ခွင့်ပြုချက်မရပဲ တင်လို့ သူတို့ဥပဒေတွေ ချိုးဖောက်တယ်လို့ အကြောင်းပြပါတယ်။
ဟန်းတားလက်ပ်တော့ပ်တွေက ၂၀၁၉ ဧပြီထဲက ပြင်ဆိုင်မှာ ရောက်နေတာဆိုတော့ ထောက်လှမ်းရေးတွေလည်း သိနေလောက်ပြီးဖြစ်မှာပါ။ အဲဒီ ၃ခုထဲကမှ တခုကိုပဲ ဒေတာတွေ ပြန်ဆယ်လို့ ရတာပါ။ သမ္မတဒီဘိတ်မှာလည်း ထရမ့်က ဟန်းတားလက်ပ်တော့ပ်အကြောင်း စကားဟတာနဲ့ အတင်းစကားလွှဲသွားတာ ဘိုင်ဒန်ရော ဒီဘိတ်မော်ဒရေတာရောပါ။ သတင်းဌာနကြီးတွေကလည်း အကုန် မျက်စိပိတ်၊ ဆိုရှယ်မီဒီယာတွေကလည်း အကုန်လုံးလိုက် ဆင်ဆာလုပ်ကြတာကို ကြည့်ရင် ဒိစတိတ်က ဘယ်လောက်ကြီးမလဲဆိုတာ သိနိုင်ပါတယ်။
ဟန်းတားလက်ပ်တော့ပ်ထဲမှာ ပါတာတွေကတော့ အများကြီးပါပဲ။ ငွေပေးငွေယူတွေတင်မက ဟန်းတားက သူ့ကိုယ်သူ မှတ်တမ်းတင်ရတာ နှစ်သက်ပုံရပြီး မိန်းကလေးအဖော်ဖြစ်စေ ညဥ့်ငှက်ဖြစ်စေနဲ့ ပြောတာဆိုတာ လှုပ်ရှားတာတွေကိုပါ အသေးစိတ် မှတ်တမ်းထားပါတယ်။ တခါက ထိပ်တန်းစားသောက်ဆိုင်တခုက မီနူးအစုံကို ဟိုတယ်ခန်းကို လာပို့ဖို့မှာပြီး ရောက်လာတော့မှာ အဲဒီဟတင်းတွေထဲ သူ့ပစ္စည်းလိုက်ထည့်ပြီး မှတ်တမ်းတင်ပါတယ်လို့ ဆိုပါတယ်။ ညဥ့်ငှက်ကိုလည်း ဖခင်ဒုသမ္မတဖြစ်စဥ်ကအကောင့်ကကဒ်နဲ့ ငွေချေလို့ လုံခြုံရေးက သတိပေးခဲ့ရပါတယ်။
အဲဒါတွေ ထည့်ရေးတာက အညှီအဟောက်ကိစ္စဆိုတာထက် ဘယ်လိုလူစားလဲဆိုတာ သိစေချင်တာပါ။ အလုပ်မရှိတဲ့ အသက် ၄၀ကျော် ဆေးသမားသားက မြှီးကောင်ပေါက်လို ပြုမူပြီး ငွေကို မထင် မထင်သလိုသုံးနေတာကို ဖခငိဒုသမ္မတက လိုသလောက်ထုတ်ပေးနေတာက ဒီပိုက်ဆံတွေကို လွယ်လွယ်ရခဲ့တာကို ပြနေတာပါ။ ဘိုင်ဒန်ဒုသမ္မတရာထူးမှာ ဖခင်ရဲ့ ရာထူးနဲ့ အဆက်အသွယ်ကြောင့် ကျပ်မပြည့်သလို ပြုမူနေတဲ့ သားဖြစ်သူဆေးသမားကို တရုပ်တို့ ယူကရိန်းတိုက ကုမ္ပဏီတွေက သန်းချီပေးပြီး ဒါရိုက်တာခန့်ထားတယ်ဆိုတော့ တိုင်းပြည်ကို ရန်သူလက် ရောင်းစားတာကလွဲပြီး တခြား ဘာများဖြစ်နိုင်သေးလို့လဲ။ ယူကရိန်းက ကျင့်ဝတ်ပိုင်းနာမည်ပျက်ရှိတဲ့ ကုမ္ပဏီကနေ ပိုက်ဆံယူထားတာကလည်း အခုယူကရိန်းစစ်ရဲ့ (သို့) ယူကရိန်းစစ် မလိုအပ်ပဲကြာနေရတဲ့ အကြောင်းရင်းတခု ဖြစ်နိုင်တာပဲလေ။
ဆိုရှယ်မီဒီယာဆိုလို့ တက်ခ်ကုမ္ပဏီကြီးတွေထဲမှာ နက်ဖလစ်စ်တို့ တွဒ်တာတို့ကဝန်ထမ်းတွေ နိုင်ငံရေးပါတီတွေကို လှူငွေစုစုပေါင်းရဲ့ ၉၈-၉၉ရာနှုန်းလောက်က ဒီမိုကရက်တွေဆီကို သွားတာဖြစ်ပြီး ကျန်တဲ့ အစွန်းထွက်မရှိတရှိလောက်ကမှ ရီပါဘလစ်ကန်တွေဆီကို သွားတာဖြစ်ပါတယ်။ ပေးပါလ်နဲ့ အော်ရေကယ်တို့လို ဖောင်ဒါတွေက လက်ဝဲသမားတွေမဟုတ်တာတောင် ဝန်ထမ်းတွေရဲ့ ၆၅ရာနှုန်းကျော်က ဒီမိုကရက်ထောက်ခံသူတွေပါ။
အဲဒါဘာကြောင့်ဖြစ်နိုင်သလဲဆိုတော့ ကိုယ်က သူများထက်ပိုကောင်း၊ ပိုသာတယ်လို့ အထင်ခံချင်တဲ့ အငုံ့စိတ်ရယ်၊ ပညာတတ် ဘွဲ့ကြီးကြီးသမားတွေ လေလုံး စကားလုံးထွားထွားနဲ့ ပြောသမျှ လုံးစေ့ပတ်စေ့ နားမလည်သည့်တိုင် အဲဒီလိုလူတွေနဲ့ တဖက်ထည်းရပ်ရတာကို သဘောခွေ့နေတာရယ်၊ တက်ခ်ကုမ္ပဏီတွေမှာ လစာကောင်းတော့ ငွေရွှင်ပြီး သွေးနားထင်ရောက်လာတာကြောင့် သူများကို မင်းတို့ဘာမပြောရ ဘယ်လိုမနေရ ဘယ်လိုမတွေးရဆိုတာမျိုး အာဏာပြချင်ကြတာတွေရယ်ကြောင့် ဖြစ်မယ်ထင်ပါတယ်။ အကြီးပိုင်းတွေကတော့ တရုပ်ကအားနည်းချက်အကိုင်ခံထားရတာတွေ၊ ဘလက်မေးလ်လုပ်ခံရမှာ ကြောက်လို့တွေ၊ ဈေးကွက်အကြီးကြီးနဲ့ ကျွန်သာသာအလုပ်သမားတွေကို အလကားမူးတင်းရနိုင်တာလည်း ဖြစ်နိုင်တာပါပဲ။
ရီပါဘလစ်ကန်ပြည်နယ်တွေကတော့ အီလွန်ကို တွဒ်တာရုံးချုပ်ကို သူတို့ဆီရွှေ့လာဖို့ လိုလားနေကြသလို ပြည်သူတွေကြားမှာလည်း ဆင်ဆာလုပ်ခံရ/မတရားလုပ်တာခံရတိုင်း အီလွန်ရေ ဒါလေးလဲ လာဝယ်ပါဦး၊ ဟိုဟာလေးလဲ လာဝယ်ပါဦးနဲ့ တ နေကြပါတယ်။ ဆင်ဆာကလည်း တွဒ်တာ၊ ဖဘ၊ ယူကျု၊ ဂူဂယ်လ်တို့တင် ရှိတာမဟုတ်ပါဘူး။ အိမ်နီးချင်းတွေ ရပ်ကွက်/ မြို့နယ်အတွင်း နေထိုင်သူတွေအချင်းချင်း ဆက်သွယ်ကြတဲ့ နိတ်စ်ဒေါဆိုတာမှာတောင် ဆင်ဆာအလုပ်ခံရသူတွေက အော်နေကြပါပြီ။ ဒီနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ အရေးမလှနိုင်သလို ဖြစ်နေတဲ့ မသူတော်တွေကတော့ အလုံးအရင်းနဲ့ အချီကြီးညစ်မယ့်သဘောမှာရှိပါတယ်။ သက်ဆိုင်ရာပုဂ္ဂိုလ်များလည်း ဖြစ်လာနိုင်တာတွေကို ကာကွယ်ဖို့ စဥ်းစားပြင်ဆင်ထားနိုင်ကြပြီး အမှန်တရားနဲ့ လွတ်လပ်မှုမြတ်နိုးသူပြည်သူအပေါင်းလည်း ခုထက်ပိုပြီး နိုးနိုးကြားကြားရှိကြဖို့ ဗဟုသုတဝမ်းစာ ပြည့်စုံအောင် ဖြည့်စည်းထားကြဖို့ တိုက်တွန်းပါတယ်။