တရုပ်ပြည်မှာ လော့ဒေါင်းတွေလုပ်တယ်ဆိုတာက အမေရိကန်တို့ မြန်မာပြည်တို့မှာလို မဟုတ်ပါဘူး။ တိုက်တွေအောက်ကို သံဇကာတွေ ကာပစ်လိုက်သလို လမ်းတဘလောက်လုံးကိုပါ ခြံတံခါးလို သံတိုင်တွေကို ဆက်ဆက်ပြီး ကာသွားတာပါ။ လမ်းတွေ ဟိုဖက်ထိပ် ဒီဖက်ထိပ်ကနေ သံတိုင်တွေနဲ့ အသေပိတ်ထားသလိုပါ။ စားစရာတောင် ထွက်ဝယ်လို့ မရပါဘူး။ အစိုးရက ဝေတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အိမ်မှာရှိတဲ့ ခေါက်ဆွဲခြောက်လို အခြောက်အခြမ်းတွေ စည်သွတ်ဗူးတွေပဲ စားနေကြရတယ်လို့ ဆိုပါတယ်။ ဝယ်ထားတာမရှိရင်လည်း ငတ်ရုံပါပဲ။ အစိုးရကပေးတဲ့ ရာရှင်တွေကိုလည်း တချို့နေရာတွေမှာ ပေးချင်ယောင်ဆောင် အပေါက်ဝမှာ ချပေးထားတာ ဓါတ်ပုံရိုက်ပြီး ပြန်ယူသွားတာတွေလည်း ရှိပါတယ်။ ထွက်ချင်ရင် သူတို့ခွင့်ပြုတဲ့ မဖြစ်မနေထွက်ရမယ့် အကြောင်းတွေထဲက တခုခုရှိမှသာ ရပ်ကွက်ကောင်စီလိုမျိုးကို ခွင့်ပြုချက်တောင်းပြီး လိုအပ်တဲ့အထောက်အထားတွေ အကုန်ပြနိုင်ရင်တောင် ထွက်ခွင့်ရနိုင်ဖို့က မသေချာပါဘူး။
အခုလိုဖြစ်နေတာ လနဲ့ချီနေပြီး မြို့ကြီးတွေက လူဦးရေ သန်း ၄၀၀လောက်က အပြည့်အဝလော့ခ်ဒေါင်း (သို့)တပိုင်းတစလော့ခ်ဒေါင်းနဲ့ နေနေရတယ်လို့ သိရပါတယ်။ အဲဒါနဲ့ ဆက်စပ်နေတဲ့သတင်းတခုက ၂၀၂၂ ပထမ၃လပတ်မှာ တရုပ်ပြည်ရဲ့ စီးပွားရေး ကျဆင်းနေတယ်ဆိုတာကို အုပ်ချုပ်သူတွေက ဝန်ခံထားတာပါ။ အာဏာရှင်စနစ်မှာ အမှန်တရားနဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိပဲ အကြောက်တရားနဲ့ ဝါဒဖြန့်တာသာ ရှိတဲ့အတွက် အာဏာရှင်တွေက စီးပွားကျတယ်ဆိုတာ တော်တော်ဆိုးနေလို့ဖြစ်ရမယ် လို့လည်း ဘာသာပြန်နေကြပါတယ်။ လော့ခ်ဒေါင်းတွေနဲ့ဆိုတော့ ဖြစ်နိုင်ခြေရှိပါတယ်။ ရှန်ဟဲတမြို့ထဲကတင် တရုပ်ပြည်ရဲ့ ပြည်ပပို့ကုန်အားလုံးရဲ့ ၆ရာနှုန်းကို တင်ပို့နေတာဖြစ်ပြီး ဆိပ်ကမ်းတွေလည်း ဖွင့်တယ်လို့ ပြောရရုံလောက်ပဲ ဖွင့်ထားတာပါ။ စက်ရုံတွေလည်း ထိုနည်းတူပါပဲ။ ပုံမှန်ထက်ကို အများကြီးလျော့ပြီး လည်ပတ်နေကြတာပါ။
အမေရိကန်သွင်းကုန်ရဲ့ ၁၅ရာနှုန်းက တရုပ်ကလာတာဆိုတော့ အမေရိကန်စားသုံးသူတွေလည်း ထိမှာပါပဲ။ အဲဒါကြောင့် ထရမ့်လက်ထက်က အရေးကြီးပစ္စည်းတွေကို ပြည်တွင်းမှာ ထုတ်နိုင်ဖို့ လုပ်ငန်းရှင်တွေကို ဆွဲဆောင်မှုတွေ ပေးခဲ့တာပါ။ အီလွန်က တက္ကဆက်စ်မှာ ဧရာမ တက်စ်လာစက်ရုံကြီး ဆောက်ဖြစ်တာလည်း ထရမ့်က မက်လုံးပေးဆောက်ခိုင်းခဲ့လို့ ဖြစ်သလို တခြားကုန်ထုတ်သူကိုတွေလည်း ဆွဲဆောင်မှုတွေ ခြိမ်းခြောက်မှုတွေ အသီးသီးသုံးပြီး ပြည်တွင်းမှာ စက်ရုံတွေ ဖွင့်ခိုင်းခဲ့တာပါ။ ဘိုင်ဒန်အစိုးရကတော့ မလိုတာတွေ မန်ဒိတ်လုပ်ပြီး တရုပ်ကို ကန်ထရိုက်ပေး လုပ်ကျွေးနေပါတယ်။ လူကို ထောက်ခံ/မထောက်ခံ ချစ်/မုန်းတာထက် လုပ်ရပ်ကို ကြည့်ပြီး အရှည်ကို ထည့်တွက်ကြဖို့ တိုက်တွန်းပါတယ်။
လက်ရှိကပ်ပိုးမဖြစ်ခင်က ပံဓဲမစ်ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တဲ့ ဘေလ်ဂိတ်စ်က အရင်ထက် အများကြီးမြန်မြန်ပြန့်ပြီး ပိုသေစေနိုင်တဲ့ မျိုးကွဲလာနိုင်သေးတယ်လို့ သတိပေးလိုက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဟူး)ကို တနှစ် တဘီလီယံ ကုန်ကျမယ့် ပံဓဲမစ်စစ်ဆင်ရေးအဖွဲ့ ဖွဲ့စည်းဖို့ အကြံပြုလိုက်ပါတယ်။ လူပေါင်း ၆.၂သန်း သေပြီးတာတောင် အဲဒီထက် ထပ်သေဦးမှာဆိုတဲ့ ပုံစံမျိုး ပြောနေတာပါ။ ဂိတ်စ်က တကယ်ဖြစ်လာမယ်လို့ ပြောနေတာတော့ မဟုတ်ဘူး၊ ငါလည်း သတင်းဆိုးတွေ သယ်ဆောင်လာသူလေသံ မပေါက်ချင်ပါဘူး၊ ဒါပေမဲ့ ဒီပံဓဲမစ်မှာ အဆိုးဆုံးကို မမြင်ရသေးဘူးဆိုတာ ဖြစ်နိုင်ခြေ ၅ရာနှုန်းထက် အများကြီးကို ကျော်နေတယ်လို့ ဆိုပါတယ်။
ဂိတ်စ်က ၂၀၁၆ ဒီဇင်ဘာမှာ ရွေးကောက်ပွဲနိုင်ထားတဲ့ ထရမ့်ကို ပံဓဲမစ်နဲ့ပါတ်သက်တဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သတိပေးခဲ့တယ်လို့ ဝေါစထရိဂျာနယ်က သတင်းပို့ပါတယ်။ ၂၀၁၈တုန်းက အပီဓဲမစ်တွေနဲ့ ပါတ်သက်လို့ မန်ဆာချူးဆက်ဆေးပညာအသိုင်းအဝိုင်းဆိုတဲ့ အဖွဲ့နဲ့ နယူးအင်္ဂလန် ဆေးပညာဂျာနယ်တို့နဲ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဆရာဝန်မဟုတ်တဲ့ ဂလိုဘယ်လစ် ဂိတ်စ်က လာမယ့်ဆယ်စုနှစ်ထဲမှာ ပံဓဲမစ်တခု ဖြစ်လာနိုင်တယ်၊ အဲဒီမှာ ဖလူလိုမျိုးပိုးက ၆လအတွင်းမှာ လူသန်း ၃၀လောကကို သတ်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ ဂိတ်စ်က အမေရိကမှာ ဧက ၂သိန်း ၄သောင်း ၂ထောင်ခန့် ပိုင်တဲ့အတွက် ပုဂ္ဂလိကလယ်ယာမြေအများဆုံး ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။
နောက်ဖြစ်မယ့်ဟာထက် လက်ရှိဖြစ်နေ/ဖြစ်ခဲ့တဲ့ဟာကို ဘယ်သူတွေက ဖန်တီးသလဲဆိုတာကိုတော့ ဂိတ်စ်အနေနဲ့ တခါဖူးမှ မဟသလို တရုပ်ကြီးကိုလည်း ပစ်တင်တာ ဝေဖန်တာ တခါမှ မကြားဖူးပါဘူး။ ပြီးခဲ့တဲ့နှစ်နှစ်မှာလည်း လူတွေ မသေသင့်ပဲ အများကြီးပိုသေ၊ စီးပွားရေးတွေ ရပ်ဆိုင်း၊ ပြည်သူတွေ ဒုက္ခများပြီး အခုထိ အရှိန်မသေသေးတာတွေက ဟိုက စပေးလိုက်တဲ့ မီးပွားကို အဆင့်ဆင့် ယပ်ခတ်ပေးပြီး ပိုကြီးအောင် ပိုဆိုးအောင် လုပ်နေကြတာကြောင့်လည်း အများကြီး ပါပါတယ်။ ပံဓဲမစ်ကို အကြောင်းပြုပြီး အမြတ်ထွက်နေ အာဏာပြကောင်း အာဏာလုကောင်းနေသူတွေကတော့ ကြုံတိုင်း ဒီလက်နက်ထပ်သုံးကြဦးမှာပါပဲ။ အကြောက်မှိုင်းတိုက်လိုက်တိုင်း သွေးကွဲကုန်ပြီး ရန်သူကို မချပဲ အချင်းချင်းပြန်ခွပ်နေကြတာတွေ ရှိနေသ၍ ဒါမျိုးတွေက ပြန်ပြန်ကျော့ပြီး လာနေဦးမှာပါပဲ။
ပူတင်ဟာ ကျန်းမာရေးအခြေအနေအရ ခွဲစိတ်ကုသမှု ခံယူရဖွယ်ရှိလို့ သူသတိမရနေတဲ့အချိန်မှာ သူ့နေရာကို ထောက်လှမ်းရေးအကြီးအကဲဟောင်း နိကိုလိုင်ပေထရူရှက်ဗ်ကို လွှဲလိမ့်မယ်လို့ ကရင်မလင် အတွင်းလူတွေက သတင်းပို့တယ်လို့ သိရပါတယ်။ ပူတင်က မခွဲချင်ပေမယ့် ဆရာဝန်တွေက အတင်းတိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။ ကင်ဆာလို့လည်း ပြောကြတာတွေရှိပေမယ့် လတ်တလောဗီဒီယိုတွေအရတော့ ပါကင်ဆန်ဖြစ်သလို လက်တွေ တုန်နေပြီး ခြေတွေ လက်တွေ ထိန်းသိမ်းရခက်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ မျက်နှာနဲ့ ဦးခေါင်း လေထိုးထားသလိုအစ်နေတာ ယူကရိန်းကို မကျူးကျော်ခင်လောက်ထဲက သတိထားမိနေတာပါ။
အမွှေစိန် ဆို ross ဟာ ရုရှားနဲ့ ယူကရိန်းစစ်မှာ နှစ်ဖက်လုံးကနေ ပါဝင်နေပြီး တတိယကမ္ဘာ ဝါးဖြစ်လာအောင် ကြိုးစားခဲ့တာလို့ အမေရိကန်ရီပို့က ထောက်လှမ်းရေးသတင်းထောက် မေယီ ဖန်းနင်းက ဆိုပါတယ်။ အမွှေစိန်ရဲ့ ပွင့်လင်း (တခါးဖွင့်) လူ့အဖွဲ့အစည်းတွေက ရုရှားရော ယူကရိန်းအပါအဝင် အရင်ဆိုဗီယက်နိုင်ငံတွေမှာရော ရှိနေတာပါ။ သူ့အဖွဲ့တွေက ဒီမိုကရေစီအားပေးပြီး လွတ်လပ်စွာ ဖော်ထုတ်ခွင့်တွေ တွေးတောခွင့်တွေကို အားပေးတယ်လို့ ဆိုပေမယ့် အာဏာရှင်နိုင်ငံတွေမှာ ဖွင့်ခွင့်ရထားတာက စဥ်းစားစရာ ဖြစ်နေတာပါ။ ဆို ross ဟာ ပူတင်နဲ့ မတဲ့ချင်ယောင်ဆောင်ထားပေမယ့် ဆိုဗီယက်လိုလားတဲ့ (သို့) ဆိုဗီယက်ခေတ်ကို ပြန်သွားချင်တဲ့ ဘေလ်ကလင်တန်ရဲ့ အခန်းနီးချင်း စတရုဘ်တဲလ်ဘော့နဲ့ မော်တန် ဟယ်လ်ပီရင်တို့နဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ဖူးတဲ့ သာဓကတွေ ရှိနေတာပါ။
နောက်သတင်းတပုဒ်မှာတော့ အမေရိကန်မှာ လိင်ပြောင်း၊ လိင်တူ/နှစ်ဖက်ချွန်/ဘာမှန်းမသိ စတာတွေကို အတင်းကြီး ပွဲသွင်းရှေ့တန်းတင်လာကို အောက်ရိုက်အက်ရှင်အင်တာနေရှင်နယ် ဆိုတဲ့အဖွဲ့က ဂျွန် စထရိုက်ကာ၊ တင်မ်ဂေးလ်၊ ပရိုဂရက်ဆစ်ကားအာမခံက ဂျိုနသန်လူးဝစ်၊ ဒေဗစ် ဘိုနက်စတဲ့လူတစုက ငွေအလုံးအရင်းနဲ့ ဝင်လာချယ်လှယ်ကြတာ ဖြစ်ပါတယ်။ သူတို့က သုံးမရတဲ့အဖွဲ့ကြီး ယူအန်မှာ နိုင်ငံတွေ/ကမ္ဘာကို အဲဒီလိင်ပြောင်းဘာညာကိစ္စမှာ အကြံပေးဖို့အတွက် ကုလရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ထားရှိနိုင်တဲ့အထိ ပေါက်ရောက်ခဲ့ပါတယ်။
သူတို့နဲ့အတူ ပါနေတာက တခြားလူမဟုတ်တဲ့ အပေါ်ကအမွှေစိန်ပါပဲ။ သူတို့ရဲ့ လက်တံတခုဖြစ်တဲ့ ပရိုတီယပ်စ်ဖန်ဒ်က အဲဒီလိင်ပြောင်းဘာညာအုပ်စုနဲ့ ဘာသာရေးအုပ်စုတွေ ရင်ဆိုင်တွေ့ရင် ဘာသာရေးအုပ်စုတွေက လက်မခံရင် ပြဿနာရှာဖို့ ပိုက်ဆံထုတ်ပေး ဂွင်ဆင်ပေးတဲ့ အဖွဲ့ဖြစ်ပါတယ်။ မုန့်ဖုတ်တဲ့လူကိုတောင် ဘာသာရေးကိုင်းရှိုင်းတဲ့လူဆီ ရွေးသွားပြီး ဂေးဝက်ဒင်ကိတ်ဖုတ်ခိုင်းတာ သူတို့ပါပဲ။ အခုနောက်ပိုင်း ယူအန်လို အဖွဲ့တွေကပဲဖြစ်ဖြစ် ဘိုင်ဒန်တို့ကပဲဖြစ်ဖြစ် ကမ္ဘာနိုင်ငံငယ်လေးတွေကို အထောက်အပံ့ပေးတော့မယ်ဆိုရင် အဲဒီလိင်ပြောင်းဘာညာကိစ္စတွေ အတွက် ဦးစားပေးလုပ်ပေးမှ ပေးမယ်၊ နယ်ခြားမထားပဲ ဘယ်သူမဆိုဝင်ခွင့်ပေးမှ ဒေါ်လာပေးမယ်၊ စသဖြင့် ချုပ်ထားတာတွေ ပါလာတာ အဲဒီအမွှေစိန်တွေ လက်ချက်ပဲနေမှာပါ။
အဲဒီသတင်းနဲ့ ဂိတ်စ်သတင်း ပေါင်းကြည့်ရင် လွတ်လပ်ပျော်ရွင်သာယာတဲ့ကမ္ဘာကို မလိုလားနိုင်ကြသူတွေ တကမ္ဘာလုံးကို လက်ဝါးကြီးအုပ်ချယ်လှယ်ချင်ကြတဲ့ ကမ္ဘာ့ရွာသမားတွေကို တွေ့မှာပါ။ အဲဒါတွေက ဘယ်ပါတီ ဘယ်အစိုးရနဲ့ အဆင်ပြေကြ လက်ဝါးရိုက်ကြတယ်ဆိုတာ မြင်အောင်ကြည့်ပြီး သူတို့နဲ့ ပေါင်းမစား ကမ္ဘာမဖျက်မယ့်သူတွေကိုပဲ ထောက်ခံကြ ဝိုင်းဝန်းကြဖို့ လိုပါတယ်။