မေ ၅ ရက် ၂၀၂၂

အီလွန်က တွဒ်တာကို ဝယ်ရာမှာ အကျိုးတူပူးပေါင်းပြီး ဝယ်ယူကြမယ့်သူတွေကို ခေါ်ယူဖို့ စီစဥ်လာတယ်လို့ သိရပါတယ်။ အဲဒီလူတွေကို ပြောတဲ့ထဲမှာ တွဒ်တာကို အမြဲတမ်း ပုဂ္ဂလိကအဖြစ် ထားမှာမဟုတ်ပဲ အချိန်အနည်းငယ်ကြာပြီး သင့်တော်တဲ့အခါမှာ အများပိုင်ကုမ္ပဏီအဖြစ် ပြန်ပြောင်းသွားနိုင်တယ်လို့ ဆိုပါတယ်။ ဒီနှစ်နှောင်းပိုင်း လွဲပြောင်းမှုတွေ အပြီးမှာ လအနည်းငယ်ဖြစ်ဖြစ် တွဒ်တာရဲ့ စီအီးအိုအဖြစ် တာဝန်ယူသွားမယ်ဆိုတဲ့ သတင်းထွက်အပြီးမှာ တွဒ်တာရှယ်ယာတွေ ဈေးတက်ပြီး တက်စ်လာရှယ်ယာတွေ ဈေးကျသွားပါတယ်။ မတ်စ်ရခဲ့တဲ့ ၇.၁ဘီလီယံဖိုး ကတိကဝတ်တွေထဲမှာ အော်ရေကယ်တည်ထောင်သူ လာရီအယ်လီဆင်၊ ဆော်ဒီမင်းသား အယ်လ်ဝါလိဒ်နဲ့ တရုပ်ခရစ်ပ်တိုကာရန်စီအိတ်စ်ချိန့်ဘီနန့်စ်တို့ ပါဝင်ပါတယ်။ တွဒ်တာတည်ထောင်သူ ဒေါ်စေနဲ့လည်း ဆွေးနွေးဆဲဖြစ်ပြီး သူပါ ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။

အီလွန်တွဒ်တာကို​ ဝယ်ပြီး ဖရီးစပိချ်ကို အားပေးမယ့်အပေါ် စေဗလ်အဖွဲ့ ၂ဒါဇင်ကျော်က တွဒ်တာမှာ ကြော်ငြာထည့်နေကျ ကုမ္ပဏီကြီးတွေကို အီလွန်က လက်ရှိလုပ်နေတဲ့ ကွန်တန့်မော်ဒရေးရှင်းလို ကန့်သတ်မှုတွေ ဆက်မလုပ်ရင် ကြော်ငြာမထည့်ပဲ သပိတ်မှောက်ကြဖို့ ဆော်ဩခဲ့ကြပါတယ်။ အီလွန်က အဲဒီအဖွဲ့တွေကို ဘယ်သူတွေ ထောက်ပံ့ပေးနေတာလဲ၊ ဖော်ထုတ်ကြရအောင်လို့ တွိခဲ့ပါတယ်။ တကယ်တော့ အဲဒီလိုလက်ဝဲစွန်းလှုပ်ရှားမှုတွေနောက်မှာ အမွှေစိန်အဖိုးကြီးဂဆရရှိနေတာနဲ့ သူ့လက်တံ ဘယ်လောက်ရှည်တယ်ဆိုတာ ရိပ်မိပြီးသားဖြစ်မှာပါ။ အမွှေစိန်အဖိုးကြီးအပြင် ကေလာရီရဲ့ အောက်ဆွဲဟောင်းတွေရော ကနေဒါအစိုးရရော အီးယူရော ပါဝင်နေတယ်လို့ နယူးယောက်ပို့စ်က သတင်းပို့ထားပါတယ်။

အဘောရှင်းနဲ့ ပတ်သက်တဲ့ ကွန်ဆာဗေးတစ်တရားသူကြီး ဆမ်အလိတိုရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ခိုးထုတ်လိုက်တာဟာ ကြားဖြတ်ရွေးကောက်ပွဲတွေအတွက် ဒီမိုကရက်တွေရဲ့ အမုန်းသွေး မအေးရအောင် စီစဥ်လုပ်ကြံမှုတခု ဖြစ်နိုင်ပါတယ်။ ဒီစီက ဆူ/ကုတ်ရှေ့မှာ ဖျက်ချဖို့ဆန္ဒပြသူတွေက ဖျက်ချတာကို ဆန့်ကျင်တဲ့ ခရစ်ယာန်ဘုန်းကြီးတချို့ကို ရိုက်နှက်ခဲ့ကြပေမယ့် အပြာရင့်နယ်မြေဖြစ်တဲ့ အတွက် ပြစ်ဒဏ်တစုံတရာမရခဲ့ပါဘူး။ အဲဒီ ရုသ်ဆန့်ဒ်အပ်စ်ဆိုတဲ့ အမုန်းမီးပွားအုပ်စုက ကွန်ဆာဗေးတစ်တရားသူကြီး ၆ဦးနေအိမ်တွေမှာလည်း သွားရောက်ခြိမ်းခြောက်ကြမယ်လို့ စီစဥ်ထားပြီး ၎င်းတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ အင်တာနက်ပေါ် ဖွထားတယ်လို့ ဆိုပါတယ်။​ အဲဒီအချက်အလက်တွေ ဘယ်ကလာမလဲတွေးကြည့်ရင် နောက်ကွယ်မှာ ဘယ်သူတွေရှိလဲဆိုတာ ပြောနိုင်မှာပါ။

နိုင်ငံရဲ့ အရေးကြီးဆုံးနေရာတခုကနေ လှို့ဝှက်ဖိုင်ခိုးထုတ်မှုက အနှစ် ၂၅၀နီးပါးရှိတဲ့ နိုင်ငံ့သက်တမ်းတလျောက်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး တရားသူကြီးတွေရဲ့ လုံခြုံရေး၊ ဆွေးနွေးချက်များ မပေါက်ကြားရေး၊ တရားရုံးရဲ့ လေးစားယုံကြည်ဖွယ်အဖြစ်ကို လျော့လျဲကျဆင်းစေတဲ့အတွက် အကြီးစားထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဘိုင်ဒန်နဲ့ အပေါင်းပါများက အဲဒီလို မဖြစ်သင့်တာ ဖြစ်ခဲ့တဲ့အပေါ် လစ်လျူရှုထားကာ ရိုးဗီဝိဒ်ကို ပြန်လှန်မယ့်အပေါ်မှာပဲ နင်းပြီး မီးပင့်မှိုင်းတိုက်နေကြပါတယ်။ အဲဒါကိုယ်၌က သူတို့တွေလက်ချက်မကင်းဘူးဆိုတာ ပြနေသလိုပါပဲ။

ဘိုင်ဒန်က ရိုးဗီဝိဒ်ဟာ သိပ်အရေးကြီးလွန်းတဲ့အတွက် မဲဆန္ဒရှင်ပြည်သူတွေ ဆုံးဖြတ်ဖို့ မသင့်တော်ဘူးလို့ ဆိုပါတယ်။ တရားသူကြီးအလိတိုရေးထားခဲ့တာက ပထမဆုံးမူကြမ်းသာဖြစ်ပြီး အဲဒီနောက်မှာ ဘယ်လိုတွေ ဆွေးနွေးကြလို့ ဘယ်လိုအဖြေထွက်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါ့အပြင် အလိတိုရေးခဲ့တဲ့အတိုင်း ဖြစ်ရင်တောင် ဖက်ဒရယ်အဆင့်မှာ မဆုံးဖြတ်တော့တာပဲ ရှိတာပါ။ ပြည်နယ်တွေက ကိုယ့်ပြည်သူဆန္ဒနဲ့အညီ ဖျက်ချင်ဖျက် မဖျက်ချင်နေလို့ ရနေတာပါ။ အဲဒါကို အရေးကြီးလို့ မဲဆန္ဒရှင်တွေက မဆုံးဖြတ်သင့်ဘူးဆိုတော့ ပေါလစ်ဗျူရိုက ဆုံးဖြတ်ပေးမှာလားလို့ မေးရမလိုပါပဲ။  

၂၀၂၀ ရွေးကောက်ပွဲနှစ်ကလည်း ကပ်ပိုးအပြင် ပုံမှန်ရဲနဲ့ အဖမ်းမခံတဲ့ ရာဇဝတ်သားလို့ သံသယရှိသူဖြစ်နေကျအတိုင်း ဖြစ်တတ်တာကို လူမျိုးရေးအဓိကရုဏ်းလို မီးပင့်ပေးခဲ့ကြလို့ တပြည်လုံး ဘီလီယံနဲ့ချီပျက်စီးပြီး အသက် စည်းစိမ်ဥစ္စာတွေ ပျက်စီး ဆုံးရှုံးကြရပါတယ်။ အဲဒီရဲ့ အမုန်းမီးဂယက်က ဆူပရင်းမ်ကုတ်ရဲ့ တရားသူကြီးချုပ်ဆီအထိ ရိုက်ခတ်မှုရှိခဲ့တဲ့အတွက် ရွေး/ကပွဲမှာ ပုံမှန်မဟုတ်တာတွေ တွေ့ခဲ့သော်ငြား လူတွေဆူပူနိုင်တာကို အကြောင်းပြပြီး အချိန်မှီ ကြားနာစစ်ဆေးပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ အဲဒီချုပ်ကြီးကလည်း လူကုံထံကလေးလိင်မုဆိုးနဲ့ ပတ်သက်နိုင်တဲ့အတွက် အားနည်းချက်ရှိလို့လည်း ဖြစ်နိုင်နေတာပါ။

အစိုးရဌာနတွေနဲ့ ဘိုင်ကြီးတို့ပူးစားနေတဲ့ သာဓကတခုကတော့ ဘိုင်ကြီးဟာ သူ့သားဆီက ဝေစုရထားတာတွေအပေါ် အခွန်တသိန်းနှစ်သောင်း၇ထောင် ပေးစရာကျန်တယ်လို့ အတွင်းလူတဦးက သတင်းပေးပေမယ့် ပြည်တွင်းအခွန်က အဲဒီကိစ္စကို စစ်ဆေးပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဟန်းတားလက်ပ်တော့ပ်ကို ပြင်ပေးခဲ့တဲ့သူက သူ့စီးပွားရေးကို ရပ်လိုက်ရတဲ့အပြင် ပြီးခဲ့တဲ့ ၁၈လအတွင်း အမြဲလို နှောက်ယှက်ခံနေရတဲ့အတွက် နစ်နာကြေး သန်းပေါင်းများစွာရလိုမှုနဲ့ စီအန်အန်၊ ဒေးလီးဘိစ်၊ ပေါ်လတိကိုနဲ့ ဒီမိုကရက်အမတ် အဒမ်ရှစ်တို့ကို တရားစွဲဆိုလိုက်ပါတယ်။ အဲဒီအဒမ်ရှစ်နဲ့ ဘိုင်ဒန့်ကြိုးဆွဲ ပလိုးစီတို့ တလောက ယူကရိန်းသွားကြပါသေးတယ်၊ တကယ်ကူချင်ရင် ရုရှားကို ဆွဲစေ့ပေးပြီး အဖြေမထွက်မချင်းဆွေးနွေးဖို့ ဖိအားပေးရမှာပါ။ ကြော်ငြာရိုက်ရမှာ မဟုတ်ပါဘူး။

ကယ်လီဖိုးနီးယားမှာ အရင်က ကျန်းမာတဲ့ ကလေးတွေအကြား ပြင်းထန်တဲ့ အသည်းရောင်ရောဂါ တမျိုး ဖြစ်ပွားနေပါတယ်။ ၂၀၂၁အောက်တိုဘာကနေ ခုထိ ၇ဦးဖြစ်ပွားခဲ့ပါတယ်။ အဲဒီလိုဖြစ်ရတာ အဒီနိုပိုးကြောင့်လား၊ ဆက်နွယ်နေလားဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ပြည်နယ် ကျန်းမာရေးအရာရှိတွေက ကလေးတွေနဲ့ မိဘ/အုပ်ထိမ်းသူတွေကို လက်ဆေးဖို့၊ ချောင်းဆိုး နှာချေလျင် အုပ်ဆိုး/အုပ်ချေဖို့၊ နေမကောင်းတဲ့ ကလေးတွေကို ကျောင်းမပို့ဖို့ တိုက်တွန်းထားပါတယ်။ အဲဒီလိုဖြစ်ပွားနေတာကို နောက်ထပ် ၁၀ပြည်နယ်၊ နိုင်ငံပေါင်း ၁၂နိုင်ငံတွေက ကလေး ၁၆၉ဦးမှာလည်း တွေ့ရပြီး အဲဒီထဲက ၁၇ဦးက အသည်းအစားထိုးမှု လိုအပ်နေကာ တဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ အဲဒီထဲက ၇၄ဦးမှာ အဒီနိုပိုးတွေ့ရပြီး အဲဒါကြောင့်ဖြစ်တာလားဆိုတာကိုတော့ စုံစမ်းဆဲဖြစ်ပါတယ်။ အဲဒီကလေးတွေထဲက အများစုက ဟိုပိုးကာဆေးထိုးထားတာမဟုတ်ဘူးလို့ ဆိုပါတယ်။

နယူးယောက်ပြည်နယ် ယူနီယံကောလိပ်က ဆေးကျောင်းသူတဦးဟာ ဟိုပိုးကာဆေးထိုးခဲ့ရာ ဒုအလုံးထိုးအပြီး ပြင်းထန်တဲ့ ဆိုးကျိုးတွေ ခံစားခဲ့ရပြီး ဆေးရုံအရေးပေါ်ဌာနကို သွားပြခဲ့ရပါတယ်။ မကြာခဏ အန်နေပြီး ရင်ဘတ်အောင့်၊ အသက်ရှုမဝ၊ ဗိုက်စူးအောင့်တာတွေ ခုထိ ဖြစ်နေဆဲလို့ ဆိုပါတယ်။ အခု ကျောင်းက သူမကို တတိယတလုံးမထိုးမနေရလို့ အမိန့်ပေးတာကို သူမက ဆေးရုံမှတ်တမ်း။ ဆရာဝန်စာနဲ့တကွ အခြေအနေရှင်းပြပြီး ကင်းလွတ်ခွင့်တောင်းခံခဲ့ပေမယ့် ကျောင်းက သူမကို ၃ရက်အတွင်း ပစ္စည်းလာသိမ်းပြီး ကျောင်းဆောင်ကနေ ဖယ်ရှားပေးဖို့နဲ့ ကျောင်းဝင်းထဲကို ပစ္စည်းသိမ်းဖို့ကလွဲပြီး ခြေမချဖို့ အမိန့်ထုတ်လိုက်ပါတယ်။

သူမက သုတေသနလုပ်ကြည့်ရာမှာ ဖဇကထုတ်ပြန်ထားတဲ့ ဘေးထွက်ဆိုးကျိုး ၉မျက်နှာထဲမှာ သူမခံစားနေရတာတွေ အကုန်ပါနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ကျောင်းက ကျန်းမာရေးအရာရှိကတော့ ဖဇနဲ့အဆင်မပြေရင် မဒနထိုးပေါ့၊ အမိန့်က အမိန့်ပဲ၊ မလိုက်နာရင် သွားရမှာပဲလို့ တုန့်ပြန်ပါတယ်။

စား/သောက်/ဆေးကြီးကြပ်က ဂျေအင်ဂျေရဲ့ က/ကဆေးဟာ ဖြစ်ခဲသော်လည်း ဖြစ်ရင် ပြင်းထန်စွာသွေးခဲစေတတ်တဲ့အတွက် သုံးစွဲမှု ကန့်သတ်လိုက်ပါတယ်။ တွေ့ရှိထားတာ လူ ၆၀ဖြစ်ပြီး အဲဒီထဲက ၉ဦးကို ဆုံးရှုံးခဲ့ပြီးဖြစ်ပါတယ်။ နောက်သတင်းတွေမှာလည်း ဆူးပိုး က/ကဆေးတွေဟာ ပုံမှန်ဆေးတွေလို ထိုးတဲ့နေရာတင်နေတာ၊ ပြီးရင်ပျောက်သွားတာမျိုးမဟုတ်ပဲ တကိုယ်လုံးမှာ အချိန်အကြာကြီး ရှိနေနိုင်တဲ့အတွက် အဲဒါတွေကို အမြဲတိုက်ခိုက်နေရတဲ့ ခုခံအားစနစ်ဟာ အားနည်းလာနိုင်တဲ့အတွက် က/ဆအပါအဝင် ငယ်ငယ်ကစလို့ ထိတွေ့ထားဖူးပြီး ကိုယ်/ခံအားကောင်းလို့ ရောဂါအဆင့် မရောက်ခဲ့တာတွေက ပြန်ကြွလာကြတယ်လို့ ဆိုပါတယ်။

၇လသားလေး မိခင်နို့ကနေ အစာပျော့စကျွေးတာ ဘာကျွေးကျွေးအန်လို့ ဆေးရုံတင်ပြီး သွေးစစ်ဘာညာလုပ်ခဲ့တာ အကုန်လုံးက ပုံမှန်ဖြစ်နေတာကြောင့် အိမ်ပြန်ခိုင်းပြီး မသက်သာရင် သွားပြဖို့ ဆေးခန်းတခုကို ညွှန်းခဲ့ပါတယ်။ အဲဒီဆေးခန်းကို ပထမအကြိမ်သွားတာ အခြေအနေအသေးစိတ်ဆွေးနွေးပြီး ၃ရက်ကြာရင် နောက်ထပ်လာပြဖို့ သူနာပြုက ရက်ချိန်းပေးလိုက်ပါတယ်။ ၂ရက်အကြာမှာ ကလေးက နေမကောင်းဖြစ်ပြီး အန်ပြန်တဲ့အတွက် ဆေးခန်းပြန်သွားချိန်မှာ ကလေးက ၁.၂၃အောင်စ လျော့သွားပါတယ်။ အဲဒါကြောင့် ထပ်မံစစ်ဆေးဖို့ နောက်တရက်ထပ်ချိန်းပါတယ်။ ချိန်းထားတဲ့ရက်မှာ မိခင်က နေမကောင်းတဲ့အတွက် ဖုံးခေါ်ပြီး ရက်ချိန်းဖျက်လိုက်ပါတယ်၊ ကလေးဆေးခန်းက သူနာပြုက ဖုံးခေါ်တော့လည်း မိခင်က အိပ်ပျော်နေလို့ မကိုင်လိုက်တဲ့နောက် သူနာပြုက ကလေးစောင့်ရှောက်ရေးဌာနကို ဖုံးခေါ်ပြီး ချိုင်းလ်အဘြုစ်နဲ့ တိုင်တဲ့အတွက် ရဲတွေက ရဲကား၊ ဆေးရုံကားတွေနဲ့ ကလေးကို လာရောက်ခေါ်ဆောင်သွားပါတယ်။ ကလေးနဲ့ အတူလိုက်ရဖို့ တောင်းဆိုတဲ့ မိခင်နဲ့ ဖခင်ကိုလည်း ရဲကို ကလန်ကဆန်လုပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တဲ့အတွက် အဖိုးအဖွားတွေနဲ့ အမျိုးတွေဝိုင်းပြီး သတင်းဌာနတွေ အကြောင်းကြား၊ ဆေးရုံကို လူ ၄၀၀လောက် နေ့တိုင်းသွားဆန္ဒပြခဲ့ကြလို့ ကလေးကို ပြန်ပေးခဲ့ပေမယ့် ကလေးက အိုင်ဒဲဟိုးပြည်နယ်ရဲ့ ပိုင်ဆိုင်မှုအောက်မှာ ဖြစ်နေပြီး မိဘကို ခဏပေးထိန်းထားတာလို့ ဆိုပါတယ်။ မိဘတွေကိုလည်း ဒီကိစ္စကို လျောက်မပြောဖို့ အမိန့်ပေးထားပါတယ်။ ကလေးရဲ့အဖိုးက ရှေ့နေနဲ့ ဆွေးနွေးရာမှာ ဒီလို ပြည်နယ်အစိုးရက ကျန်းမာရေးအကြောင်းပြချက်နဲ့ ကလေးပြန်ပေးဆွဲရတဲ့ အကြောင်းက ပြည်နယ်အစိုးရက အဲဒီလိုအမှုဖြစ်လို့ ကလေးတဦးကို အစိုးရလက်အောက်ပြောင်းထားရင် အစိုးရက ပိုက်ဆံပေးပြီး ကလေးကို ယာယီကြည့်ပေးမယ့်မိသားစုတခုဆီ ပြောင်းထားပေးရင် နောက်ထပ် ပိုက်ဆံထပ်ရပါတယ်။ သူတို့ပြောတာ ဘယ်လောက်မှန်တယ်ဆိုတာ မသိပေမယ့် ရဲက အဲဒီလောက်မြန်မြန် ကလေးကို လာသိမ်းသွားတာက တြုပ်ပြည်မှာလို ဖြစ်နေတာက စိတ်မအေးစရာဖြစ်နေတာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: