မေ ၁၀ ရက် ၂၀၂၂

ကားဆီထဲ့ဖို့တောင် အဖေနဲ့ ပါတနာတွေဆီက တောင်းနေခဲ့ရတဲ့ ဟန်းတားရဲ့ ၂၀၂၁အတွက် သူပေးဆောင်ဖို့ ကျန်နေတဲ့ အခွန်ကြွေးကျန် ဒေါ်လာ ၂သန်းကို ဘယ်သူတွေက ပေးသလဲဆိုတော့ ဟောလီဝုဒ်က ဖျော်ဖြေရေးရှေ့နေ ကယ်ဗင်မောရစ်စ်က နှစ်ကြိမ်မက ပေးခဲ့တာ စုစုပေါင်း ဒေါ်လာ ၂သန်းကျော်ပါတယ်လို့ သူတို့နှစ်ဦးလုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သတင်းထွက်လာပါတယ်။ အဲဒီပမာဏက အရင်တုန်းက စာရင်းပြခဲ့တာထက် ၂ဆကျော်နေတာပါ။ ဟန်းတားရဲ့ သူငယ်ချင်းတွေက ကယ်ဗင်ကို ဟန်းတားရဲ့ ရှုဂါးဘရားသားတဲ့၊ မြန်မာလိုဆို ချစ်ကိုကြီးလို့ ပြန်ရမယ်ထင်ပါတယ်။ စပွန်ဆာသဘောပါပဲ။

အခွန်တောင် ၂သန်းဆိုတော့ တကယ်ရတဲ့ ငွေသားက တော်တော်များပုံ ရပါတယ်။ တရုပ်ကပေးတဲ့ ၃သန်းတန် စိန်လက်စွပ်တို့လို ပစ္စည်းတွေပါ ထည့်တွက်ရင်တော့ ပိုများမှာပါ။​ အခုလို အခွန်ဆောင်လိုက်ခြင်းအားဖြင့် တကယ်လို့ အပြစ်ကျတယ်ဆိုလည်း ကာလရှည် ထောင်ကျမှာကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ လက်ပ်တော့ပ်ကိစ္စသာ မပေါက်ကြားခဲ့ရင် သူတို့ခြစားတာလည်း ဘယ်သူမှ သိမှာမဟုတ်တဲ့အပြင် အခွန်လည်း ရှောင်သွားမှာပါ။​ ပြည်တွင်းအခွန်ကလည်း လူမသိသ၍ မသိချင်ယောင် ဆောင်နေဦးမှာပါ။​ ဟန်းတားနေရာမှာ ထရမ့်သားတွေသာ ဖြစ်ခဲ့ရင် မိုးမီးလောင်ပြီး ထောင်တန်းကျမှာ မလွဲပါဘူး။

မောရစ်စ်ဟာ ဟန်းတားအတ်ရှိုး ပန်းချီပြပွဲလုပ်တုန်းကလည်း ဘယ်လိုပြင် ဘယ်လိုရောင်းရမယ်ဆိုတာ အကြံပေးခဲ့သလို ဟန်းတားအယ်လ်အေမှာနေတဲ့ အိမ်ခန်းငှားခနဲ့ လစဥ်ကုန်ကျစရိတ်တွေကိုပါ ပေးနေတယ်လို့ သိရပါတယ်။ အဲဒီရှေ့နေထောင်ထားတဲ့ရုံးက နာမည်ကြီး မင်းသားမင်းသမီးတွေ အတွက် ရှေ့နေလိုက်ပေးကြတဲ့အပြင် သန်း၉၀၀တန် ဆောက်သ်ပါ့ခ်စီးရီးစ်သစ် စာချုပ်ဖြစ်မြောက်အောင် ကူညီညှိနှိုင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။ ခြစားနိုင်ငံရေးသမားတွေဖက်က ဟောလီဝုဒ်က ဆယ်လီအများစု ဘာကြောင့် ပါနေတာလဲဆိုတာ ကွင်းဆက်ပေါ်လာတာပါပဲ။

အီလွန်တွဒ်တာကို ဝယ်မယ်ပြောတဲ့အချိန်ကစလို့ ကွန်ဆာဗေးတစ်တွေ မပြတ်တောင်းဆိုလာတာ တခုက ထရမ့်ရဲ့ တွဒ်တာအကောင့်ကို ပြန်ဖွင့်ပေးဖို့ ဖြစ်ပါတယ်။ အီလွန်က အစထဲက ထရမ့်ကိုဘန်းခဲ့တာကို သဘောမတူခဲ့တဲ့အတွက် တွဒ်တာဖောင်ဒါ ဂျက်ခ်ဒေါ်စေနဲ့ သဘောထား ကွဲလွဲခဲ့တာဖြစ်ပါတယ်။ ဒေါ်စေက အစက သဘောမတူခဲ့ပေမယ့် နောက်ပိုင်းတော့ သဘောတူလာခဲ့တယ်လို့ ဆိုပါတယ်။​

ဒီနေ့မှာတော့ အီလွန်က တွဒ်တာကို သူလွှဲပြောင်းယူပြီးရင် ပြန်ဖွင့်ပေးမယ့်အကြောင်း၊ ဒါကလည်း လွှဲပြောင်းမှု အထမြောက်ခဲ့ရင် ဖြစ်ကြောင်း၊ အကောင့် အပြီးပိတ်တာမျိုးက ရှားရှားပါးပါးသာ ဖြစ်သင့်ကြောင်း၊ ဥပမာ စပမ်အကောင့်တွေ ဘော့တွေလို အကောင့်တုတွေကိုသာ ပိတ်သင့်ကြောင်း၊ ကျန်တဲ့အကောင့်အစစ်အမှန်တွေကို တရားလွန်လာမှ ဝမ်နင်ပေးပြီး ပိတ်ရင်လည်း ဘယ်နှစ်ရက်၊ ဘယ်နှစ်ပတ် စသဖြင့်သာ ကာလတို သတ်မှတ်သင့်ကြောင်း တွိသွားပါတယ်။

မနေ့က ပြောသွားတဲ့ သူများ သေခဲ့ရင်လို့ တွိရတဲ့ အကြောင်းရင်းက သူ့ကို ရုရှားအရာရှိတဦးက ယူကရိန်းကို စတားလင့်ခ်တာမီနယ်လ်တွေ ပေးပို့ခဲ့တဲ့တာနဲ့ ပတ်သက်ပါတယ်။ ရုရှားအရာရှိက စွပ်စွဲတဲ့ထဲမှာ ဖမ်းမိထားတဲ့ ယူကရိန်းကမ်းတက်တပ်ဗိုလ်မှူးကြီး ဒီမီထရီကော်မ်ယန်ကော့ဗ်ရဲ့ ထွက်ချက်အရ နာဇီတွေကို စတားလင့်ခ်တွေဟာ ယူကရိန်းက နာဇီအဇော့ဗ်စစ်သွေးကြွတွေနဲ့ မာရီယူပူးလ်က ယူကရိန်းကမ်းတက်တပ်တွေဆီ ရဟတ်ယာဥ်တွေနဲ့ ချပေးခဲ့တာဖြစ်ပြီး အဲဒီစက်တွေကို ပင်တဂွန်က ချပေးတာဖြစ်ကြောင်း၊ အဲဒါကြောင့် မတ်စ်ခ်ဟာ ယူကရိန်းက ဖက်ဆစ်အင်အားစုတွေဆီကို စစ်ဖက်ဆက်သွယ်ရေးကရိယာများ ထောက်ပံ့ပေးခဲ့တာမှာ ပတ်သက်နေခဲ့ကြောင်းနဲ့ အီလွန်အနေနဲ့ ဘယ်လိုပဲ ရူးချင်ယောင် ဆောင်နေပေမယ့် လူကြီးတယောက်လို ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ခံရမှာဖြစ်ကြောင်း ခြိမ်းခြောက်သွားတာပါ။

အခုလို အခြေအနေမှာ အီလွန်ကို အမှုန့်ကြိတ်ပစ်ချင်နေကြမှာက ရုရှားတင်မက လက်ဝဲအုပ်စု တခုလုံးဖြစ်မှာပါ။​ အရင်အပတ်က ထလရက ပေါက်ကြားလာတဲ့ သတင်းအရလည်း ရုရှားတိုက်ရေယာဥ်နဲ့ ရုရှားစစ်ဗိုလ်ချုပ်ကြီးတွေကို သုတ်သင်လိုက်နိုင်တာ အမေရိကန်က ကူညီတာလို့ ပြောထားတော့ အကောက်အကျစ်ဉာဏ် အင်မတန် ကွန့်မြူးလှတဲ့ ဘိုင်ဒန်တို့တသိုက်က အီလွန်နဲ့ ရုရှားတွေကို တဖက်လှည့်နဲ့ တိုက်ပေးနေတာများလားလို့ တွေးမိပါတယ်။ အီလွန်က ကမ္ဘာပေါ်မှာ အဆင့်မြင့် အာကာသလွန်းပျံယာဥ်ရှိတဲ့ တခုတည်းသော ပုဂ္ဂလိကပိုင် ကုမ္ပဏီဖြစ်တော့ သူ့ရဲ့ တည်ရှိမှုဟာ အမေရိကန်အတွက်ရော လူသားအားလုံးအတွက်ပါ အကျိုးများနိုင်တာကြောင့် သူယုတ်တို့ရန်က ဝေးစေဖို့ ဆုတောင်းပါတယ်။

လွတ်လပ်ခြင်းတို့ တရားမျှတခြင်းတို့ ဆောင့်အော်နေပေမယ့် ဒီမိုကရေစီစစ်စစ် အုပ်စုတိုင်းရဲ့ ဖျက်မြင်းဖြစ်နေပြီး အာဏာရှင်တိုင်းနဲ့ အလွမ်းသင့်တဲ့ အမွှေစိန်အုပ်စုတွေနဲ့ တကယ်လွပ်လပ်ဖို့ တိုက်ပေးနေတဲ့ အင်အားစုတွေ လျောက်လှမ်းရတဲ့ ခရီးလမ်းက အင်မတန်ကွာခြားတာကို သတိပြုမိကြဖို့ လိုပါတယ်။ အာဏာရှင်စနစ်ကို သေနတ်နဲ့ ချိန်သွားကြတာထက် အရေးမပါလောက်ဖူးလို့ ထင်ရတဲ့အမိန့်လေးတွေ၊ မတူတဲ့အသံတွေကို နှိပ်ကွပ်တာတွေ၊ ကိုးကွယ်ယုံကြည်မှုတွေကို တိုက်ခိုက်လာတာတွေနဲ့ စပြီး လမ်းကျောင်းသွားကြတာပါ။ အဲဒါတွေက ခုမှပေါ်တဲ့ အကြံဉာဏ်သစ်တွေမဟုတ်ပဲ သမိုင်းသိရင်ကို သိနိုင်တဲ့ အရာတွေပါ။ သမိုင်းမသိရင်တောင် ကော်မွန်းဆန့်စ်နဲ့ ဖွင့်စဥ်းစားရင် သိနိုင်ပါတယ်။  

နန်းပရောဖစ်အဖွဲ့တခုဖြစ်တဲ့ အိုးပင်းသယ်ဘုတ်ခ်စ်စီအီးအို အာဒမ်အန်ဒါဇ်ဂျူစကီက ဖောက်စိတို့အဖွဲ့တခုဖြစ်တဲ့ အန်အိုင်အိတ်ချ်နဲ့ အဲဒီက ရာချီတဲ့ သိပ္ပံပညာရှင်တွေကို ဆေးကုမ္ပဏီတွေလို အဖွဲ့အစည်းတွေက လွန်ခဲ့တဲ့ အတွင်း သန်း ၃၅၀ပေးခဲ့တယ်လို့ ဖော်ထုတ်တွေ့ရှိထားပါတယ်။​ ၂၀၁၀ကနေ ၂၀၁၄အတွင်း ပညာရှင်ပေါင်း ၁၆၇၅ဦးကို ၁၃၄သန်း ပေးခဲ့ပြီး ၂၀၁၄ တနှစ်ထဲမှာတင် တယောက်ကို ပျှမ်းမျှ ၂သောင်းတထောင်နဲ့ ၃၆သန်း ပေးခဲ့ပါတယ်။ အဆိုပါအဖွဲ့ရဲ့ အရင်က ဒါရိုက်တာ အန်တိုနီကောလင်းစ်က ၁၄ကြိမ် ရခဲ့ပြီး ဖောက်စိက ၂၃ကြိမ်နဲ့ သူ့လက်ထောက် ကလစ်ဖို့လိန်းက ၈ကြိမ် ရခဲ့တယ်လို့ ဆိုပါတယ်။ ရန်ဒ်ပေါလ်ကတော့ ရီပါဘလစ်ကန်တွေ အာဏာပြန်ရလာရင် ဖစကို စစ်ဆေးရေးလုပ်ရမယ်လို့ ကြုံးဝါးထားပါတယ်။

အရာပါဘေလ်ဂိတ်စ်က ဟိုပိုးဟာ ဝဟ ပိုး/သုကလာတာဆိုတဲ့ သီအိုရီ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာနေပြီးတာတောင်မှ လူတွေနဲ့ တိရိစ္ဆာန်တွေနဲ့ ထိတွေ့ရာကနေ သဘာဝအလျောက် ဖြစ်လာတာပါလို့ ထပ်ပြောပြန်ပါတယ်။ အိပ်ချ်အိုင်ဗီက ချန်ပန်ဇီတွေဆီက လာသလိုပါပဲလို့လည်း နှိုင်းသွားပါတယ်။ တွေ့ရှိချက်တွေထဲမှာ အဲဒီဝဟပိုး/သုက သုတေသီတွေကို လေ့ကျင့်ပေးတာရော လိုအပ်တဲ့ နည်းပညာတွေ ပစ္စည်းတွေ ထောက်ပံ့ပေးတာရောက ဖောက်စိတို့ ဌာနက ဖြစ်နေတယ် ဆိုတာရော၊ စတင်ထွက်လာတုန်းက ဒီဖက်က တာဝန်ရှိသူတွေက သိရှိခဲ့ပြီး ကိုယ့်ခေါင်းပေါ်မကျအောင် အဆင့်ဆင့် သတင်းပို့ထားခဲ့တာရော အီးမေးတွေရော ငွေကြေးဆက်သွယ်မှု အထောက်အထားတွေရောက ပြနေတာပါ။ အစိုးရအရာရှိကြီးတွေက အချင်းချင်းပို့တဲ့ အီးမေးတွေမှာတော့ တမျိုးပြောကြပေမယ့် အများပြည်သူရှေ့မှာကျတော့ အဲဒီအီးမေးတွေကနဲ့ လုံးဝ မတူတာတွေ ပြောနေခဲ့ကြောင်း တွေ့ရှိလာရတာပါ။

တရုပ်ဖက်ကတောင် လူလုပ်ပိုးဆိုတဲ့သတင်းတွေကို အတင်းကြီးလိုက် ပိတ်ပင်တာမျိုး၊ ငြင်းဆိုတာမျိုး မလုပ်တော့ပါဘူး။​ အဲဒီလိုအခြေအနေကျမှ သဘာဝကပါဆိုတာ လူတွေ ငါတို့ဘာပြောပြော ယုံကြတာပါပဲလို့ လျော့တွက်တာလား၊ ဒီနှစ်ရွေးကောက်ပွဲမှာ မာဂါသမားတွေနိုင်ရင် ဖောက်စိနဲ့ ဒီကိစ္စတွေကို မြေလှန်ရင်း ပတ်သက်ဆက်နွယ်တာတွေ အကုန်ပေါ်ကုန်ပြီး ကမ္ဘာကြီးကို ထိန်းချုပ်ချင်သူတွေ အရေးနိမ့်မှာစိုးလို့လား တခုခုတော့ ဖြစ်မှာပါပဲ။

ရှီကာဂိုမြို့ဝန် လော်ရီလိုက်ဖွတ်က ရိုးဗီဝိဒ်ကို ပြန်လှန်နိုင်တာနဲ့ ပတ်သက်ပြီး အယ်လ်ဂျီဘီတီကြူပလပ်စ်ကွန်မြူနတီကို ဆူပရင်းကုတ်က ခန္ဓာကိုယ်ပိုင်စိုးမှု ဘော်ဒီအော်တိုနိုမီကို ကန့်သတ်ပြီးရင် ငါတို့ဆီ လှည့်လာလိမ့်မယ်၊ အားလုံးညီပစေနော်၊ ငါတို့အခွင့်အရေးတွေကို ပြန်မဖိုက်ပဲ ဘယ်တော့မှ မစွန့်လွှတ်ဘူး၊ နိုင်အောင် တိုက်မယ်လို့ လှုံ့ဆော်သွေးထိုးပါတယ်။ ရီပါဘလစ်ကန်တွေ အဲဒီလိုရေးရင် တွဒ်တာအကောင့်ပိတ်ခံရမယ့်အပြင် ပုန်ကန်မှု သောင်းကျန်းမှုတွေနဲ့ ထောင်တန်းကျ အမှုဆင်အချုပ်ခံရမှာပါ။​

ရီရတာတခုက ကိုယ်ဝန်ဖျက်ချတာကို ယောက်ကျားတွေလည်း ကိုယ်ဝန်ဆောင်နိုင်တယ်လို့ ပြောထားခဲ့တော့ အမျိုးသမီးအခွင့်အရေးလို့လည်း ပြောလို့ မရ၊ မန်ဒိတ်နဲ့ နှာခေါင်းစီးအတင်းဝတ်၊ ဆေးအတင်းထိုးခိုင်းနေတော့ ငါ့ခန္ဓာ ငါ့ရွေးချယ်မှုလို့လည်း ပြောလို့ မရနဲ့ ကိုယ့်စကားနဲ့ကိုယ် ပြန်မိနေကြတာပါပဲ။

ဝမ်းနည်းစရာကောင်းတာက သဒ္ဓါကြီးပြီး ဉာဏ်နုံ့တဲ့သူတွေက ကိုယ့်ရင်သွေးကိုတောင် ဘယ်လိုတွေသတ်ပစ်မယ်၊ ကလေးတွေမီးရှို့ပြီး လောင်စာထုတ်မယ်၊ ရီနျူးရေးဘဲလ်အင်နာဂျီ ဆိုးဂွတ် လို့ ပြောပြီး ဂုဏ်ဆာနေကြပါတယ်။ အဲဒီလိုဟာတွေနဲ့ တဖက်တည်း မဟုတ်တာတခုတော့ စိတ်သက်သာသလို ဖြစ်နေတာပါ။

အောက်ခြေက ဝေလေလေတွေတော့ ဘာအကျိုးရှိမလဲ မသိပေမယ့် ဖျက်ချတဲ့လုပ်ငန်းက ငွေဝင်ကြမ်းတဲ့အပြင် ကမ္ဘာချင့်အောင်နေချင်ကြတဲ့ ကမ္ဘာ့ရွာသမားများအတွက် သုတေသနမျိုးစုံလုပ်ဖို့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေလည်း လိုသလောက် ရနိုင်နေတာပါ။

One thought on “မေ ၁၀ ရက် ၂၀၂၂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: