ဂျပန်ပြည်စီးပွားရေး/ လူဦးရေပြဿနာတွေကပေးတဲ့ သင်ခန်းစာ

ဂျပန်နိုင်ငံအကြောင်း ပြောပြီဆိုရင် စည်းကမ်းရှိတာ၊ ညီညွတ်တာ၊ စက်မှုတိုးတက်တာအပြင် လူအိုဦးရေများတာရယ်၊ လူငယ်တွေ အိမ်ထောင်ပြုနှုန်း အရမ်းနည်းသွားတာရယ်၊​ အသက်ကြီးတဲ့အထိ အလုပ်လုပ်နေကြတာတွေရယ်၊ အလုပ်ထဲ ကျောင်းထဲတွေမှာ​ စိတ်ဖိစီးမှုကြီးလောက်အောင် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေရယ်ကို ​သတိပြုမိကြမှာပါ။

ဂျပန်ယန်းငွေဟာ အနှစ် ၂၀ အတွင်း အနိမ့်ဆုံးကို ရောက်နေပါပြီ။ ဂျပန်ငွေတန်ဖိုးကျတာဟာ အမေရိကန် စီးပွားရေးကိုလည်း သွယ်ဝိုက်ပြီး ရိုက်ခတ်နိုင်တဲ့အတွက် သတိထားစရာဖြစ်ပါတယ်။ အမေရိကန်အစိုးရတွေ မဆင်မခြင် ဘတ်ဂျက်တွေချ၊ အသုံးစရိတ်တွေ ပြကြတာ အခွန်အတုတ်တင်မက ကိုယ့်တိုင်းပြည်တကယ်ထုတ်နိုင်တဲ့ GDP ထက်တောင် အများကြီးပို သုံးစွဲကြတဲ့အတွက် လိုတဲ့ငွေကို အခွန်တွေ ခေါင်းစဥ်မျိုးစုံနဲ့ တိုးကောက်တာ၊ ငွေစက္ကူတွေ ထပ်မံရိုက်နှိပ်တာ၊ ငွေချေးစာချုပ်များ ရောင်းချတာတို့နဲ့ ဖြည့်စည်းကြရပါတယ်။

အမေရိကန်ဟာ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးကို တာဝန်ယူထားပေးသူဖြစ်တဲ့အတွက် အမေရိကန်တွေ ငွေလိုလာတဲ့အခါ ဂျပန်အစိုးရက ငွေချေးစာချုပ်တွေကို ဝယ်ယူပေးရပါတယ်။ အမေရိကန်အစိုးရရဲ့ ငွေချေးစာချုပ်တွေ အများဆုံး ပိုင်ဆိုင်ထားသူက ဖက်ဒရယ်ရီဆာ့ဗ်ပြီးရင် ဂျပန်နိုင်ငံပဲဖြစ်တယ်လို့ ဂလန်ဘက်ခ်က ဆိုပါတယ်။ အများထင်သလို တရုပ်မဟုတ်ပါဘူး။ တရုပ်က စဝယ်တာ မကြာသေးသလို သူ့တွက်ကိန်းနဲ့ကိုက်မှ ဝယ်မှာ ဖြစ်ပေမယ့် ဂျပန်ကတော့ နှစ်ပေါင်းများစွာ ဆက်တိုက် ဝယ်လာခဲ့တာပါ။ ဂျပန်က အမေရိကန် ငွေတိုက်စာချုပ် ၂ ဘီလီယံဖိုး ကိုင်ထားတာပါ။

ဖက်ဒရယ်ရီဆာ့ဗ်က အရင်က အဲဒီလို မလုပ်ဖူးပါပဲနဲ့ အခုမှ ဘာဖြစ်လို့ ဒီလောက်တောင် ငွေတိုက်စာချုပ်တွေ ကိုင်ထားရတာလဲဆိုတော့ အမေရိကန်အစိုးရ တရားလွန် မဆင်မခြင် သုံးစွဲနေတာကြောင့် ငွေတိုက်စာချုပ်တွေရောင်းရင် ဝယ်သူမရှိကြတော့လို့ ဖြစ်ပါတယ်။ အဲဒါကြောင့် ထရီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ငွေတိုက်စာချုပ်တွေကို အဝယ်ပြပြီး ငွေရိုက်ထုတ်နေရတာပါ။

ဂျပန်ငွေတန်ဖိုး ဒိုင်ဗင်ထိုးဆင်းနေတာကြောင့် ပြီးခဲ့တဲ့ ၂-၃ပတ်လောက်က ဂျပန်ဝန်ကြီးချုပ်က ဘိုင်ဒန်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဂျနက်ယဲလန်တို့ဆီ ဖုံးဆက်ပြီး ယန်းငွေတန်ဖိုးကျနေတာကို ကူဖို့ ကယ်ဖို့ အကူအညီတောင်းခဲ့ပါတယ်။ အစိုးရအသုံးမကျလို့ ငွေဖောင်းပွတာကို လူချမ်းသာတွေနဲ့ လှည့်ရှူးတိုက်တဲ့ သမ္မတနဲ့ တိုင်းပြည်စီးပွားရေးကျဆင်းနေတာကို ကိုယ်ဝန်ဖျက်ချတာတွေအပေါ် အပြစ်လှည့်တင်တဲ့ ဝန်ကြီးတို့ကလည်း ပြည်တွင်းမှာတောင် အနှစ် ၄၀စံချိန်နဲ့ ငွေဖောင်းပွနေတော့ ဂျပန်ဆီက ငွေတိုက်စာချုပ်တွေ ပြန်ရွေးရမယ်ဆိုရင် အခုနှစ်ဆမက ငွေတွေ ထပ်ရိုက်ရမယ့် သဘောမှာ ရှိနေတာပါ။

ပြဿနာက ဂျပန်မှာက အသက် ၅၅နှစ်အထက်က အသက် ၃၀အောက် တွေထက် ၃ဆခွဲနီးပါးလောက် ရှိနေတာပါ။ သူတို့တွေက အသက် ရှည်ကြသလောက် လူနေမှုစရိတ်ကလည်း ခေါင်ခိုက်နေတာဆိုတော့ အသက် ၃၀အောက် လူတယောက်စီတိုင်က အသက်ကြီးတဲ့လူ ၃ယောက်ခွဲအပေါ် တိုင်းပြည်ရဲ့ ကုန်ကျစရိတ်တွေ ကာမိအောင် အလုပ်လုပ်ပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

အဲဒီလို လူဦးရေ ပြဿနာတက်လာတဲ့ အကြောင်းရင်းက ၁၉၉၀ခုနှစ်တွေမှာ ဂျပန်ပြည်စီးပွားရေးဖွံ့ဖြိုးမှု တန့်ခဲ့တာက စပါတယ်။ လူဦးရေပြဿနာက တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှုအပေါ် ဘယ်လောက်တောင် သက်ရောက်နေလဲဆိုရင် ကမ္ဘာမှာ လူကြိုက်အများဆုံး ကားကုမ္ပဏီတွေ ဖြစ်ကြတဲ့ တိုယိုတာနဲ့ ဟွန်ဒါကုမ္ပဏီတွေက လွန်ခဲ့တဲ့ ၁၀နှစ်လောက်ထဲကစပြီး လုပ်သားရှာမရလို့ ဂျပန်မှာမထုတ်နိုင်တော့ပဲ အမေရိကန်၊ ကနေဒါနဲ့ ဖိလစ်ပင်း စတဲ့ နိုင်ငံတွေမှာ သွားပြီး ထုတ်လုပ်နေရတာပါ။ မာသာဘုတ်နဲ့ ချစ်ပ်စ်တချို့က လွဲရင် ပြည်တွင်းမှာ ထုတ်လုပ်တာ နည်းသွားတဲ့အတွက် တိုင်းပြည်ဝင်ငွေလည်း ထိခိုက်ကုန်ပါတယ်။  

ဝင်ငွေလျော့သွားပေမယ့် အသုံးစရိတ်တွေ အမြဲတိုးလာနေတာကြောင့် အဲဒီလိုအပ်ချက်ကို ဖြည့်စီးဖို့ ဂျပန်တွေ ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းလာရပါတယ်။ သူတို့ဘွန်းတွေကို ပြည်ပမှာ ဝယ်သူ မရှိတာကြောင့် ပြည်တွင်းလုပ်ငန်းရှင်ကြီးတွေကို အတိုးမဲ့ ချေးငွေအဖြစ် မဝယ်မနေရ ပြန်ရောင်းရပါတော့တယ်။ မန်ဒိတ်တမျိုးပါပဲ။ မန်ဒိတ်ကြိုက်သူတွေ သတိထားကြပါ။ အဲဒီလိုရောင်း၊ ပိုက်ဆံတွေ ထပ်ရိုက်ပြီးတော့ ၂ ရာခိုင်နှုန်း အတိုးပေးတဲ့ အမေရိကန်ရဲ့ ဘွန်းကို ပြန်ဝယ်ပါတယ်။ အမေရိကန်ကြွေးမြီ ၂ဘီလီယံပေါ်မှာ ၂ရာခိုင်နှုန်း အတိုးနဲ့ဆိုတော့ အမေရိကန်ပြည်သူတွေက ဂျပန်ကို တနှစ်ကို အတိုးတင် ၄၀ဘီလီယံ ပေးနေရတာပါ။

အတိုးတင်မက ဂျပန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်က တနှစ်ကို ၄၇ဘီလီယံရှိပါတယ်။ အဲဒီစရ်တ်ထဲက ဘီလီယံ ၄၀လောက်က အမေရိကန်က တာဝန်ယူထားတာအပြင် ရောင်းချတဲ့ လက်နက်တွေအပေါ်မှာလည်း လျော့စျေ’တွေ ပေးရတာဆိုတော့ တနှစ်တနှစ် ဂျပန်ကို ဘီလီယံ ၁၀၀ လောက် ပေးနေရတာပါ။ ဘာပြန်ရလဲဆိုတော့ တရုပ်အတွက် အဟန့်အတားတခု ဖြစ်တဲ့အပြင် တိုင်ဝမ်ကို အကာအကွယ်ပေးဖို့လည်း ဂျပန်က အရေးပါနေတဲ့အတွက် အဲဒီလို ပေးနေရတာ တန်တယ်လို့ မြင်ကြပါတယ်။

အကြွေးပေါ် အကြွေးဆင့်လာတာချင်းမှာ ဂျပန်နဲ့ အမေရိကန် တူလာနေတာဖြစ်ပါတယ်။ ကွာခြားတာက ဂျပန်က ဂျီဆဲဗင်းနိုင်ငံတွေမှာ တဦးချင်းဝင်ငွေအပေါ် အခွန်ကောက်မှု အမြင့်ဆုံးဖြစ်တဲ့အပြင် တိုင်းပြည်ရဲ့ အကြွေးနဲ့ ဂျီဒီပီ အချိုးချရင် အကြွေးက ဂျီဒီပီရဲ့ ၂.၅၃ဆ ဖြစ်နေတာပါ။ အမေရိကန်ရဲ့ ကြွေးမြီက ဂျီဒီပီရဲ့ ၁.၃ဆ ရှိပါတယ်။ ဒီလောက်များတဲ့ကြွေးမြီကို ကျုံ့လာတဲ့ လူဦးရေ/စီးပွားရေးနဲ့ ဆပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ခုတကြိမ်သာ ဂျပန်ကို မကူနိုင်တော့ဘူးလို့ ပြောခဲ့ပေမယ့် မနှစ်က တတိယနဲ့ စတုတ္ထ ၃လပတ်တွေမှာတင် ဂျပန်ဗဟိုဘဏ်ကို ၇ ထရီလီယံဒေါ်လာနဲ့ ကယ်ထားခဲ့တာပါ၊ အဲဒါ ၆လတောင် မရှိတတ်သေးခင်မှာ ပြောင်သွားပြီဆိုတော့ အခြေအနေက ထင်တာထက် အများကြီး ပိုဆိုးနေနိုင်ပါတယ်။

ဂျပန်သွားပြီဆိုရင် အရှေ့ဖျားမှာ တိုင်ဝမ်ကို ကာကွယ်ဖို့နဲ့ တရုပ်ကို ထိန်းထားနိုင်မယ့် မဟာမိတ် လျော့သွားနိုင်တဲ့အပြင် အမေရိကန်ရဲ့ ကြွေးမြီ ဝယ်မယ့်သူ မရှိတော့လို့ ဖက်ဒရယ်ရီဆာ့ဗ်ကပဲ ပြန်ဝယ်ပြီး ငွေရိုက်ထုတ်ကြဦးမှာပါ။

အဲဒီကျလို့ ဆီတဂါလံ ၁၀ဒေါ်လာဖြစ်ကုန်တဲ့အခါ ပြဿနာကို ခါးစီးပြီး တင်းကျပ်တဲ့ အသုံးစရိတ်နဲ့ ဘတ်ဂျက်လိုငွေပြမှုလျော့ချပြီး ဖြေရှင်းမလား၊ အလုပ်အကိုင်တွေ ဖန်တီးပေး၊ စက်ရုံတွေ ပြည်တွင်း ပြန်လာရေး၊ လုပ်ငန်းရှင်တွေအတွက် အခွန်အတုတ်တွေ ကြိုးနီစနစ်တွေ ဖယ်ရှားပေးပြီး စီးပွားရေး ယန္တယား မြန်ဆန်သွက်လက်စေဖို့ လုပ်ပေးမလား၊

ဒါမှမဟုတ် အစိုးရဘတ်ဂျက်မရှိတာ အကြောင်းပြပြီး ရဲဘတ်ဂျက်တွေလျော့၊ လူဆိုးတွေကို ထောင်ခါ၊ သူတို့လုပ်တာမဟုတ်ကြောင်းထောက်ပြသူတွေကို ထောင်ထဲ ထည့်မလား၊ သူတို့လုပ်ပုံကိုင်ပုံကို လူတွေ မကြိုက်တော့ရင် အာဏာလက်လွှတ်ရမှာစိုးလို့ အဓိကရုဏ်းတွေ ဆူပူမှုတွေ ဖန်တီးပြီး အာရုံလဲလွှဲ၊ အမုန်းနဲ့လဲ ရှူးတိုက်၊ အချောင်သမားတွေအတွက် စွန့်ကြဲစာလေးပေးပြီး မဲဆွယ်ကြဦးမလား၊ ကပ်ရောဂါတခုခုပဲ ထပ်ဖန်တီးဦးမလား၊ သူတို့လုပ်တတ်တာ ဒါတွေပဲဆိုတော့ အဲဒီထဲကပဲ ထပ်လာဦးမှာပါပဲ။ ဘိုင်ဒန်တို့ရဲ့ ဧရာမအသုံးစရိတ်ဘေလ်ကလည်း ရီပါဘလစ်ကန်တွေအားလုံးအပြင် မန်ချင်ကြောင့် အတည်ဖြစ်မသွားခဲ့တာပါ။ အတည်များဖြစ်သွားရင် ခုလောက်ဆို ဆီတဂါလံ ၈ဒေါ်လာလောက်တော့ ရောက်နေလောက်ပါပြီ။

ဂျပန်စီးပွားရေး ပြန်ခေါင်းမထောင်လာတော့တာ နှစ်ပေါင်းများစွာ ဆက်တိုက် ကလေးမွေးနှုန်းကျတော့ တိုင်းပြည်လူဦးရေနဲ့စာရင် အလုပ်လုပ်နိုင်သူ အများကြီး နည်းသွားတာကြောင့်က အမျာားကြီး ပါပါတယ်။ အနောက်နိုင်ငံတွေအကူအညီ ယူနေရတဲ့ နိုင်ငံငယ်လေးတွေမှာဆိုရင် ကိုယ်ဝန်ဖျက်ချတဲ့ ပရောဂျက်၊ သန္ဓေတားပစ္စည်းထဲ့တဲ့ ပရောဂျက်တွေကို စပွန်ဆာတာ၊ အားပေးတာအပြင် မျိုးမပွားမယ့် လိင်တူကြိုက်၊ လိင်ပြောင်းတွေကိုပါ အတင်းရှေ့တန်းတင်လာတာ​၊ အဲဒါတွေ လုပ်ပေးမှ အထောက်အပံ့ပေးမယ်လို့ ချည်နှောင်ထားတာတွေ နှစ်ချီနေပါပြီ။​ အဲဒါကြောင့်လည်း တကမ္ဘာလုံးမှာ လူဦးရေတိုးနှုန်းက အများကြီး နည်းသွားပါပြီ။ မြန်မာနိုင်ငံမှာတောင် သန်း ၆၀လောက်ရှိမယ်လို့ မှန်းတာကနေ တကယ်စာရင်းကောက်လိုက်တော့ သန်း ၅၀ပဲ ရှိနေတာပါ။ ရွှေ့ပြောင်းလုပ်သားတွေ၊ ဒုက္ခသည်တွေကို ထည့်တွက်ရင်တောင် သန်း ၆၀ ရှိပါ့မလားဆိုတာ စဥ်းစားသင့်ပါတယ်။

အမေရိကန်မှာ ကလေးတွေကိုပါ ငယ်ငယ်ထဲက သားကြောဖြတ်/ သားအိမ်ထုတ်ထားတာတွေ မတရား အားပေးလာကြပါပြီ။ အဲဒီလိုဖြစ်လာဖို့ ကျောင်းတွေမှာ မိဘသဘောတူညီချက်မလိုပဲ ဆေးထိုးခံဖို့၊ ကိုယ်ဝန်တားဆေးပေးဖို့၊ ကိုယ်ဝန်ဖျက်ချဖို့၊ လိင်ပြောင်းဟော်မုန်းပေးဖို့၊ လိင်ပြောင်းခွဲစိတ်ကုခံဖို့တွေကို ဒီမိုကရက်တွေက အတင်းတွန်းလာပါပြီ။​ ကိုယ်ဝန်တားဆေးအားကိုးနဲ့ ကိုယ့်ကိုယ်ကို သိပ်မထိန်းသိမ်းကြတော့တဲ့အပြင် သူတို့ပေးတဲ့ဆေးက ဒီအရွယ်လေးတွေအတွက် စိတ်မချရဆုံး၊ အမှားနိုင်ဆုံးနည်းဖြစ်တော့ ရလာတဲ့ ကိုယ်ဝန်တွေကို မိဘမသိအောင် ဖျက်ချကြဖို့ ကယ်တင်ရှင်ကြီးများနေရာကို ဝင်ယူကြပြန်ပါတယ်။ ကလေးတွေကလည်း အဲဒီလိုလုပ်တာမှ ခေတ်မှီသလို ခေါင်းဆေးခံထားရတာပါ။ ဘဏ္ဍာရေးဝန်ကြီး ဂျက်နက်ယဲလန်ကတောင် စီးပွားရေးတက်ဖို့ ကိုယ်ဝန်ဖျက်ချတာကို အားပေးရမယ်လို့ ပြောနေတော့ သူတို့ရဲ့ တကယ့်အကြံက ဘာလဲဆိုတာ သံသယဝင်စရာ ဖြစ်နေပါတယ်။

အာဏာရှင်တွေနဲ့ အလွမ်းသင့်လှတဲ့ ကမ္ဘာ့ရွာသမားတွေနဲ့ မတူကွဲပြားစွာပဲ ဂျက်မားတို့ အီလွန်မတ်စ်တို့က ကမ္ဘာ့လူဦးရေ (လျော့နည်းလာမှု) ပြဿနာက အကြီးကြီးသက်ရောက်မှု ရှိလာနိုင်တယ်ဆိုတာကို ထောက်ပြထားကြပါတယ်။ ကုလကမဟုတ်တဲ့ လူဦးရေပညာရှင်တွေကလည်း မားတို့ မတ်စ်တို့လိုပဲ မြင်ပါတယ်။ ကိုယ္ဝန်ဖျက်ချတာတို့/ လိင်တူ/ပြောင်း အားပေးတာတို့ စတဲ့ လက်ဝဲအာဂျင်ဒါတွေကို သတိထားကြဖို့ပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: