မေ ၁၇ ရက် ၂၀၂၂

ဒီကနေ့ကျင်းပတဲ့ မြောက်ကာရိုလိုင်းနားကိုယ်စားပြု ဆီးနိတ်တနေရာအတွက် ရီပါဘလစ်ကန်ပါတီရဲ့ ကိုယ်စားလှယ်အဖြစ် ထရမ့်ထောက်ခံမှုပေးထားတဲ့ လက်ရှိအောက်လွှတ်တော်အမတ် တက်ဒ်ဘတ်ဒ်က ပြိုင်ဖက် ၁၃ဦးကို ဖြတ်ကျော်အနိုင်ရသွားပါတယ်။

ဒီနေ့ဟာ ပြည်နယ် ၅ခုအတွက် ပဏာမရွေးကောက်ပွဲနေ့ဖြစ်ပြီး စိတ်ဝင်စားစရာအကောင်းဆုံး ပြိုင်ပွဲကတော့ ပင်ဆယ်လ်ဗေးနီးယားကိုယ်စားပြု ဆီးနိတ်တနေရာအတွက် ဖြစ်ပါတယ်။​ ထရမ့်ထောက်ခံတဲ့ နှလုံးခွဲစိတ်ကုဆရာဝန် ဒေါက်တာအော့ဇ်နဲ့ တခြား ထင်ရှားတဲ့ရီပါဘလစ်ကန်တွေ ထောက်ခံကြတဲ့ စီးပွားရေးသမား ဒေးဗစ်မက်ကောမစ်နဲ့ နိုင်ငံရေးသတင်းဝေဖန်သူ ကေသီဘာနက်တို့ ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒေါက်တာအော့ဇ်က အပြာရင့် အော်ပရာဝင်းဖရေးနဲ့ အင်မတန်ခင်မင်သူအဖြစ် ထင်ရှားတာကြောင့် လူတချို့က စိတ်မချကြပေမယ့် သူပြောတဲ့စကားတွေကို နားထောင်ရသလောက်တော့ ယုတ္တိရှိရှိတွေးတတ်သူ၊ တိုင်းပြည်ကို ကောင်းစေချင်သူ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

ထရမ့်ကတော့ အစ္စလာမ်ဘာသာဝင် ဒေါက်တာအော့ဇ်ကို လူချင်းခင်မင်တာ၊ အတွေးအခေါ်သဘောကျတာ၊ အစွမ်းအစရှိတာတွေအပြင် နိုဝင်ဘာရွေးကောက်ပွဲမှာ ဒီမိုကရက်ကိုယ်စားလှယ်ကို နိုင်နိုင်ခြေရှိတာအပေါ် အဓိကထားရွေးတယ်လို့ ဆိုပါတယ်။ လောလောဆယ်အထိတော့ မက်ကောမစ်က အနည်းငယ်သာနေပါတယ်။ တကယ်လို့ ဒေါက်တာအော့ဇ်မနိုင်ရင်တောင်မှ ဆယ်လီတွေထဲက ရီပါဘလစ်ကန်အဖြစ် ရဲရဲဝံ့ဝံ့ ထွက်ပေါ်လာသူဖြစ်လို့ မရှုံးဘူးလို့ ဆိုရမှာပါ။

အီလွန်မတ်စ်က တွဒ်တာမှာ စပမ်ဘော့တွေ (စက်နဲ့ဖန်တီးထားတဲ့ အကောင့်တုတွေ)က အက်စ်အီးစီကို တင်တဲ့ဖိုင်မှာ ဖော်ပြထားသလို သုံးစွဲသူစုစုပေါင်းရဲ့ ၅ရာနှုန်းအောက်သာ ရှိတယ်လို့ သက်သေမပြနိုင်မချင်း ဝယ်ယူဖို့ကို ရှေ့မတိုးဘူးလို့ ဆိုပါတယ်။ သူတွေ့ရှိထားတာက စပမ်ဘော့အကောင့်တွေက အကောင့်စုစုပေါင်းရဲ့ ၂၀ရာနှုန်းတောင် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဆိုရှယ်မီဒီယာဆိုတာ သုံးစွဲသူများလေ တန်ဖိုးရှိလေ ဖြစ်တဲ့အတွက် တကယ့်သုံးစွဲသူက နည်းနေရင် သူနဂိုကမ်းလှမ်းထားတဲ့ ၄၄ဘီလီယံအောက် လျှော့ပြီး ဝယ်ဖို့လည်း ဖြစ်နိုင်တယ်လို့ ပြောသွားပါတယ်။

စပါ့ခ်တိုရိုဆိုတဲ့ အောဒစ်ကုမ္ပဏီက စစ်ဆေးတွေ့ရှိရသလောက် ဘိုင်ဒန်ရဲ့ ပိုးတပ်စ်တွဒ်တာအကောင့်မှာ တွေ့ရတဲ့ ဖော်လိုဝါပေါင်း ၂၂.၂သန်းရဲ့ ရဲ့ ၄၉.၃ရာနှုန်းဟာ စပမ်ဘော့အကောင့်တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ တကယ့်ဖော်လိုဝါက ၁၁သန်း ကျော်ကျော်လောက်ပဲ ရှိတဲ့သဘောပါ​။ အိုဘားမားတုန်းက ဖော်လိုဝါ သန်း၆၀ကျော် ရှိသလို ရွေးကောက်ပွဲမှာလည်း မဲသန်း၆၀ ရခဲ့တာပါ။ ထရမ့်မှာ ဖော်လိုဝါ သန်း ၈၀ကျော်ရှိခဲ့ပြီး ရွေးကောက်ပွဲမှာလည်း အနည်းဆုံး ၇၄သန်းကျော် ရခဲ့ပါတယ်။ ဘယ်သွားသွား လူမရှိတဲ့ဘိုင်ဒန်က ဖော်လိုဝါလည်း ၁၁သန်းပဲ​ရှိပြီး မဲကျတော့မှ ၈၁သန်းရတယ်ဆိုတာ ပုံမှန်ဦးနှောက်ရှိသူတိုင်း ယုံကြည်လောက်တဲ့ ကိစ္စမဟုတ်ပါဘူး။

ဘီအယ်လ်အမ်ပူးတွဲတည်ထောင်သူ ပက်ထရိစ်ကူးလာစ်က ဖလော်ရီဒါက ပတ်ခတ်ခံရလို့ သေဆုံးသွားတဲ့ လူမည်းလူငယ်လေးတွေအတွက် တည်ထောင်ထားတဲ့ ထရေဗွန်မာတင် ဖောင်ဒေးရှင်းကို ၂သိန်းပဲ လှူခဲ့ပေမယ့် သူ့ကလေးတွေဖခင်ရဲ့ ဖျော်ဖြေရေးနဲ့ အဝတ်အထည် ကုမ္ပဏီကိုတော့ ခေါင်းစဥ်မျိုးစုံအောက်မှာ တသန်းနီးပါး ပေးခဲ့တယ်လို့ နယူးယောက်ပို့စ်က သတင်းပို့ထားပါတယ်။ သူမအကိုကလည်း လုံခြုံရေးကုမ္ပဏီတခု တည်ထောင်ထားပြီး အဲဒီကိုလည်း အဖွဲ့ကရတဲ့ အလှူငွေတွေကနေ နောက်ထပ် ၈သိန်း ၄သောင်း ပေးထားတာပါ။ သူမဟာ ပြီးခဲ့တဲ့ ၅နှစ်အတွင်း စုစုပေါင်း ၃.၂သန်းတန် အိမ် ၅လုံး ဝယ်ယူခဲ့ပြီး ဝယ်ယူခဲ့တဲ့ နေရာတွေက လူဖြူ ကြေးရတတ်တွေအနေများတဲ့ ရပ်ကွက်တွေမှာချည့် ဖြစ်နေတာပါ။ နောက်ဘီအယ်လ်အမ်ခေါင်းဆောင် တဦးဖြစ်သူ ရှာလိုမြာ ဘိုးဝါးစ်ရဲ့ ဘိုးဝါးစ်အတိုင်ပင်ခံ ကုမ္ပဏီကို ပေးတာကတော့ ၂သန်းကျော်ဆိုတော့ အများဆုံးလို့ ပြောလို့ရပါတယ်။

အမေရိကန်တွေ ငွေဖောင်းပွမှု၊ အထွေထွေအခွန်အခတိုးတက်မှု၊ ရာဇဝတ်မှု တိုးပွားလာမှု၊ ကုန်စည်ပြတ်လပ်မှု စသည်တို့ဒဏ် ခံနေရချိန်မှာ ပလိုးစီဦးဆောင်တဲ့ ဒီမိုကရက် လွှတ်တော်အမတ်တွေက ယူအက်ဖ်အိုအကြောင်းကို လွှတ်တော်မှာ ကြားနာစစ်ဆေးသွားဖို့ ပြင်ဆင်နေပါတယ်။ ယူအက်ဖ်အိုတွေအကြောင်းပြောဖို့ သူတို့အတွက် ဒီထက်ကောင်းတဲ့အချိန် မရှိတော့ပါဘူး။ မကျေနပ်ချက်တွေများလာတဲ့ ပြည်သူတွေကို အာရုံလွှဲဖို့ တခုခုတော့ လုပ်ရမယ်လေ။ နိုဝင်ဘာကလည်း နီးလာပြီမဟုတ်လား။

အာရုံလွှဲဆိုလို့ ဘတ်ဖဲလိုးမြို့က ပစ်ခတ်မှုဟာ အရင် အစုအပြုံလိုက် ပစ်ခတ်မှု အများစုလိုပဲ ပစ်ခတ်တဲ့သူမှာ စိတ်ရောဂါရှိတာ၊ ပစ်ခတ်မယ့်အကြောင်းကို အကြိမ်ကြိမ် ကြိုတင် ခြိမ်းခြောက်ထားကြတာတွေကို အရေးတယူ မလုပ်ခဲ့ပဲ ဖြစ်လာတဲ့အထိ ထိုင်စောင့်နေခဲ့သလို ဖြစ်နေတယ်လို့ ဖတ်လိုက်ရပါတယ်။ အဲဒီ ပစ်ခတ်သူလို့ သံသယရှိသူက အရင်အမှုတွေမှာလည်း စိတ်ကျန်းမာရေး ပုံမှန်မဟုတ်လို့ အမှုပိတ်သိမ်းခဲ့ရတာပါ။ အဲဒီလိုလူကို စိတ်ကျန်းမာရေး ကုသမှုလည်းမပေး၊ ခြိမ်းခြောက်တာကိုလည်း လစ်လျူရှုထားခဲ့ပြီးမှ အခုလိုတွေဖြစ်တော့မှ လူဖြူကြီးစိုးရေးဝါဒီလို့ တံဆိပ်ကပ်ကြတာက တော်တော်ကလေးကလားနိုင်တဲ့ကိစ္စပါ။ နိုးခရိုက်စစ်ဂွန်းတူဝေ့စ် ဆိုတဲ့ ဒီမိုကရက်တွေရဲ့ ကြွေးကြော်သံအတိုင်း အပြစ်မဲ့သူတွေ အများကြီး အသေခံပြီးတော့မှ သေနတ်ကို ပုံချလိုချ၊​ စိတ်မမှန်တဲ့လူကို လူဖြူကြီးစိုးရေးဝါဒီလို့ အမုန်းမှိုင်းတိုက်လိုတိုက်နဲ့ဆိုတော့ ပြဿနာတွေ ဝမ်းနည်းစရာတွေက လျော့သွားပါဦးမလား။ ဖြစ်စေချင်တာက အဲဒီလိုလူကို ကုသမှုမပေးတဲ့သူ၊ ခြိမ်းခြောက်တာကို လစ်လျူရှုထားသူနဲ့ သေနတ်ရလာတဲ့ ဆို့စ်တွေကို လိုက်လံစစ်ဆေး အရေးယူဖို့ပါ။

ပြီးခဲ့တဲ့အပတ်ကသတင်းမှာ ဝါရင့်ရီပါဘလစ်ကန်အမတ် လင်ဇီဂရမ်က ဇန္နဝါရီ ၆ရက်ကိစ္စမှာ ထရမ့်အပေါ် အပြစ်ပုံချခဲ့ပြီး ဘိုင်ဒန်တက်မှာ အတည်ဖြစ်သွားပြီးနောက် အကောင်းဆုံးပုဂ္ဂိုလ်ပဲလို့ ပြောထားတဲ့ အသံဖိုင်ထွက်လာပါတယ်။ မက်ကောနယ်ရော လင်ဇီဂရမ်ရောက ပြီးခဲ့တဲ့ ဆီးနိတ်ရွေးကောက်ပွဲမှာ အခြေအနေမလှလို့ ထရမ့်ဆီက အကူအညီတောင်းခဲ့ကြရသူတွေဖြစ်ပြီး တိုင်းပြည်ဒီလိုအနေအထားအထိ လက်ဝဲဖက်ကို ရောက်လာတာ အဲဒီလို နိုင်ငံရေးလုပ်စားသူတွေ၊ သာပေါင်းညာစားတွေကြောင့် ဖြစ်ပါတယ်။ အောက်လွှတ်တော်မှာတော့ အဲဒီလို အသံထွက်လာတာ ကယ်လီဖိုးနီးယားက အမတ် ကယ်ဗင်မက်ကာသီဖြစ်ပါတယ်။

ထရမ့်လက်ထက်မှာ လွှတ်တော်က မချိမဆန့် အသုံးစရိတ်ဘေလ်တွေ တင်လိုက်တိုင်း ဝါရင့်အမတ်ကြီးများက သမ္မတထရမ့်ကို သွားပြီး အယုံသွင်းကြပါတယ်။ ကွန်ဆာဗေးတစ်မှန်ရင် ဘတ်ဂျက်ကို စီစီစစ်စစ် သုံးကြပြီး ဘတ်ဂျက်လိုငွေပြမှု လျော့ချကြပါတယ်။ သူတို့ကတော့ အဲဒီလိုမဟုတ်တာ တွေ့ရမှာပါ။ သူတို့တဦး နှစ်ဦးထဲတော့ မဖောက်ပါဘူး။ ရိုင်နိုရီပါဘလစ်ကန်တွေက သမားရိုးကျနိုင်ငံရေးကိုပဲ နှစ်သက်ကြပါတယ်။ အမေရိကပထမဆိုတဲ့ ထရမ့်ထောက်ခံတဲ့ မာဂါရီပါဘလစ်ကန်တွေကတော့ တကယ်အလုပ်ဖြစ်တဲ့ နိုင်ငံရေး စီးပွားရေးပေါ်လစီတွေကိုပဲ ထောက်ခံကြတာပါ။

ကယ်လီးဖိုးနီးယားက ဒီမိုကရက်အမတ် ကေတီပေါ်တာက ကိုယ်ဝန်ဖျက်ချတာနဲ့ ငွေဖောင်းပွမှုဟာ ဆက်နေတာဖြစ်လို့ ကုန်ဈေးနှုန်းတွေတက်၊​ ဆီဈေးတွေ တက်လာချိန်မှာ အမျိုးသမီးတွေအနေနဲ့ ပါးစပ်ပေါက် ဘယ်နှစ်ပေါက်ကို ကြွေးထားမယ်ဆိုတာကို ဆုံးဖြတ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ ငွေဖောင်းပွမှုနည်းအောင် အစိုးရက တတ်နိုင်သလောက် လုပ်ဆောင်ပေးရမယ်ဆိုတာထက် ရှိပြီးသားလူတွေကိုတောင် ကုန်ဈေးနှုန်းတက်လို့ ရှင်းပစ်ရမယ့် အတွေးမျိုးပါပဲ။​ ဗိုက်ထဲကကလေးတွေပြီးရင်တော့ လူအိုတွေဖက် လှည့်လာတော့မှာပေါ့။

အကြမ်းဖက်တွေ တိုးပွားလာနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘိုင်ဒန်အစိုးရက ဆိုမာလီမှာ အမေရိကန်တပ်တွေ ပြန်ပို့ထားဖို့ လုပ်နေပါတယ်။ သမ္မတထရမ့်လက်ထက်က ဆိုမာလီကနေ တပ်တွေ ပြန်ရုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အာဖဂန်ကတပ်တွေ ကသုတ်ကယက် ရုပ်လိုက်တာ ဟိုမှာကျန်ခဲ့တဲ့ အမေရိကန်တပ်သားတွေ အသတ်ခံရသလို၊​ ကျန်ခဲ့တဲ့ အမေရိကန်တပ်တွေကို ကူခဲ့တဲ့သူတွေ အန္တရာယ်တွေ့ကုန်တာပါ။ အဲဒီအရည်အချင်းမျိုးနဲ့ ဆိုမာလီကို တပ်တွေ လွှတ်ဦးမယ်ဆိုတာက ရွေးကောက်ပွဲနီးလာပြန်ပြီဆိုတော့ ထရမ့်လုပ်ခဲ့သမျှကို မှားကြောင်း ပြချင်တာကြောင့်များ ဖြစ်နေမလားလို့ ထင်စရာြဖစ်နေပါတယ်။  

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: