မေ ၁၈ ရက် ၂၀၂၂

အီလွန်က ဖရီးစပိချ်ကို ကာကွယ်ဖို့ တွဒ်တာကို ဝယ်ယူရန်ကမ်းလှမ်းခဲ့တဲ့အပေါ်မှာ ဘယ်အစွန်းများက တက်စ်လာဘက်ထရီထုတ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေကို တရုပ်ပြည်က တင်သွင်းနေရတဲ့အတွက် တရုပ်ကြိုးဆွဲရာ ကမယ့်သူလို သမုတ် ပြောဆိုနေကြပါတယ်။​ ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ မတ်စ်က တရုပ်ရဲ့ ကြီးထွားလာတဲ့ စီးပွားရေးအင်အားအကြောင်း သတိပေးလိုက်ပြီး အမေရိကန်က ဘယ်လိုလုပ်ရင် ကောင်းကောင်းပြိုင်နိုင်တဲ့ အခြေအနေဖြစ်လာမယ်ဆိုတာကို အော်လ်အင် ဆိုတဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောကြားသွားပါတယ်။

မတ်စ်က “အခုသက်ရှိထင်ရှားရှိနေကြသူအားလုံး ပထမဦးဆုံးအကြိမ် ကြုံတွေ့ရမှာက တရုပ်စီးပွားရေးက အမေရိကန် စီးပွားရေးအင်အားရဲ့ ၂ဆ၊ ၃ဆလောက် ရှိလာနိုင်တဲ့အတွက် အဲဒီလို အခြေအနေမျိုး ရောက်လာရင် ကမ္ဘာကြီးက အတော်ဂွကျနေလိမ့်မယ်၊ အဲဒါကြောင့် (အဲဒီလို ဖြစ်မလာခင်) အမေရိကန်တွေ အချင်းချင်း ရန်ဖြစ်မနေပဲ ကိုယ့်မျက်ခွက်ကို ကိုယ်ဆွဲထိုးနေတာမျိုးတွေကို ရပ်တံ့ဖို့လိုတယ်၊ အခုဖြစ်နေတာက အမေရိကန်တွေတော်တော်များများက ကိုယ့်မျက်ခွက်ကို ကိုယ် ပြန်ဆွဲထိုးနေကြတယ်၊ အဲဒါက တကယ့်ကို မိုက်မဲ ထုံအတဲ့လုပ်ရပ်၊ ငါတို့အားလုံးက တရုပ်နဲ့ ပြိုင်နိုင်အောင် ကြိုးစားနေရမှာ၊ ကုမ္ပဏီထောင်ထားတာက လူသားအကျိုးပြုပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေပေးဖို့၊ နိုင်ငံရေးတက်ကြွလုပ်ရှားဖို့မဟုတ်ဘူးလို့ ပြောသွားပါတယ်။

လောလောဆယ်မှာ အမေရိကန်က ၂၃ထရီလီယံတန်ဖို့းရှိတဲ့ စီးပွားရေးရှိပြီး တရုပ်က ၁၇.၇ထရီလီယံပဲ ရှိသေးပေမယ့် အမေရိကန်တွေက သူဌေးသားလို သုံးဖြုန်းနေချိန်မှာ တရုပ်တွေက ကမ္ဘာတလွှားမှာ ပြင်းပြင်းထန်ထန် စီးပွားရှာနေတာပါ။​ အလုပ်ခွင်မှာ ကျတော့လည်း အမေရိကန်တွေက အိမ်ကပဲ လုပ်ရဖို့၊ အလုပ်ချိန်လျော့ဖို့ ရပိုင်ခွင့်တိုးဖို့၊ အရည်အချင်းထက် အသားအရောင်/လိင်စတာပေါ်မှာ ရာထူးတိုးဖို့၊ ဘာအကြောင်းပြ ညာအကြောင်းပြနဲ့ ပိတ်ရက်ရဖို့၊ အလုပ်ရှင်ကို တရားစွဲဖို့တွေပဲ ပြောနေတဲ့အချိန်မှာ တရုပ်တွေက ကျားကုတ်ကျားခဲ ကြိုးစားကြတာကို မတ်စ်က ယှဥ်ပြလေ့ရှိပါတယ်။ ကွန်ကွန်တွေကောင်းတယ်လို့ ပြောတာမဟုတ်ဘူးနော်၊​ တရုပ်အများစုရဲ့ အလုပ်အပေါ်မှာထားတဲ့စိတ်ဓါတ် ကောင်းတာကို ပြောချင်တာပါ။ ဘယ်အလုပ်ရှင်မဆို အဲဒီလိုပဲ ရွေးမှာပါ။

မတ်စ်က လက်ဝဲတွေ မောင်းလာတဲ့ အီးအက်စ်ဂျီ (သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဂါးဗားနန့်စ်) ကားလ်ချားကိုလည်း ဝေဖန်နေခဲ့တာပါ။ သူတဦးတည်းတော့ မဟုတ်ပါဘူး၊ ဆော့ဖ်ဝဲလုပ်ငန်းရှင်တဦးဖြစ်တဲ့မာ့ခ်အန်ဒါဆန်ကလည်း ဆုရှယ်လီးကွန်ရှပ်စ်ဖြစ်တယ်ဆိုတဲ့ အီးအက်စ်ဂျီကုမ္ပဏီတွေက ငါတို့ဆီဝယ်နေရတဲ့ ရန်လိုတဲ့အာဏာရှင်နိုင်ငံတွေကို ပစ်ဖို့ လက်နက်တွေ လိုလိုလားလားထုတ်ပေးနေတယ်ဆိုတာကို ဝေဖန်လိုက်ပါတယ်။ မတစ်ကလည်း အီးအက်စ်ဂျီစည်းမျဥ်းတွေက ရူးတဲ့ဖက်ကို ရောက်လာနေပြီလို့ ဝေဖန်ခဲ့ပါတယ်။ အဲဒီလိုတွေ ကြုံတွေ့လာရတဲ့မတ်စ်က အရင်က တခါမှ ရီပါဘလစ်ကန်ကို မဲမထည့်ခဲ့ဖူးပေမယ့် အခုကစပြီး ရီပါဘလစ်ကန်အဖြစ် ခံယူကာ ရီပါဘလစ်ကန်ပဲ မဲထည့်တော့မယ်လို့ ဆိုပါတယ်။

လား၂၀၀၀ ရုပ်ရှင်က ဝင်ငွေ ၁၀သန်းကျော်သွားပြီဖြစ်လို့ ရုပ်ရှင်ရုံတွေက သူတို့ဆီမှာ လာပြကြဖို့ ဖိတ်ခေါ်နေကြပြီဖြစ်ပါတယ်။ အစောပိုင်းက ရုံ၃၀၀မှာ တစောင်ကို ဒေါ်လာ ၂၀နဲ့ ပထမဆုံး တကြိမ်စီပြခဲ့ပေမယ့်  ဒီသောကြာကစပြီး ရုံ ၄၀၀မှာ ပုံမှန်ရုပ်ရှင်တွေလို တနေကုန်ပြသွားမှာဖြစ်ပြီး ဈေးကလည်း ပုံမှန်ရုပ်ရှင်ဈေးပဲ ဖြစ်မယ်လို့ ထုတ်လုပ်သူ ဒီဇူဇာက ဆိုပါတယ်။ တချို့နေရာတွေမှာ မနက်ဖြန် ကြာသပတေးနေ့ကစပြီး ပြနေပါပြီ။ ဘယ်နားမှာ ပြလဲသိချင်ရင် လား၂၀၀၀ မှတ်တမ်းတင်ရုပ်ရှင် ရှိုးတိုင်းမ်စ်အန်တစ်ကက်လို့ ရှာပြီး ဇစ်ကုဒ်ထည့်လိုက်ရင် အချိန် နေရာတွေ သိရမှာပါ။ မသိသေးသူများအတွက် အကျဥ်းရေးပြရမယ်ဆိုရင် ပထမအကြိမ်တုန်းက ထရမ့်နိုင်ခဲ့တဲ့ ပြည်နယ် ၅ခုဖြစ်တဲ့ အရီဇိုးနား၊ ဂျော်ဂျာ၊ ပင်ဆယ်လ်ဗေးနီးယား၊ မိရှီဂန်နဲ့ ဝစ်ကွန်ဆင်တို့မှာ ဘဒင်တို့ ဘယ်လိုကလဖန်ထိုးသွားတယ်ဆိုတာ ဗီဒီယိုမှတ်တမ်းတွေ၊ ဆဲလ်ဖုံးဒေတာတွေ၊ အင်တာဗျူးတွေနဲ့ ရိုက်ပြထားတာပါ။

သည်ထရမ့်မီဒီယာအန်ဒ်တက်ခ်နော်လော်ဂျီဂရု (TMTG+)အမည်နဲ့ နက်ဖလစ်၊ ဒစ္စနေပလပ်စ်၊ ဟူးလူးတို့လိုမျိုး အွန်လိုင်းကနေ ရုပ်ရှင်ကြည့်လို့ရမယ့် အစီအစဥ်ကို ဗီဒီယိုအွန်ဒမန်းကနေ ကြည့်လို့ရအောင် ထုတ်လုပ်သွားဖို့ ပထမခြေလှမ်းအနေနဲ့ တီအမ်တီဂျီပလပ်စ်အတွက် ကွန်တန့်အကွီစီးရှင်းပရော်ဖက်ရှင်နယ်နဲ့ ကွန်တန့်ဒီဗဲလုပ်မန့်မန်နေဂျာ စတဲ့ နှစ်နေရာ ငှားနေတယ်လို့ သိရပါတယ်။ သူတို့ရဲ့ စထရင်းမ်င်းဆားဗစ်က ဇတ်ညွန်းနဲ့ရော၊ ဇတ်ညွှန်းမဲ့ရော၊ အော်ရဂျင်နယ်ကွန်တန့်ရော အကုန်လုံးကို ကျယ်ကျယ်ပြန့်ပြန့် ပြသသွားမယ်လို့ ဆိုပါတယ်။

ဘိုင်ဒန်အစိုးရက အတိုက်အခံလုပ်သူတွေကို နှုတ်ပိတ်ဖို့ တိတ်တိတ်လေး ဖွဲ့စည်းလိုက်တဲ့ ဒစ်စ်အင်ဖော်မေးရှင်းဂါးဗားနန့်ဘုတ်ကို ဝေဖန်သံတွေညံလာပြီးတဲ့နောက် ရှေ့မဆက်ပဲ ရပ်ဆိုင်းထားလိုက်တယ်လို့ တနင်္လာနေ့က ဝါရှင်တန်ပို့စ်က သတင်းထုတ်ပါတယ်။ အဲဒီဘုတ်ကို ဒါရိုက်တာလုပ်မယ့် နီနာဂျန်ကိုဝဇ်ကို ထုတ်ပယ်ခြင်းမပြုပေမယ့်လည်း အလုပ်ရှိတော့မှာ မသေချာတဲ့အတွက် အင်္ဂါနေ့မှာ နှုတ်ထွက်စာအသင့် ပြင်ဆင်ထားပြီးဖြစ်ပါတယ်။

အီလွန်မတ်စ်က ကယ်လီဖိုးနီးယားနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ ဆန်းသစ်တီထွင်မှုတွေအပေါ် ရန်လိုတဲ့ တပါတီပြည်နယ်ဖြစ်တယ်လို့ ဝေဖန်သွားပါတယ်။ ကယ်လီဖိုးနီးယားဟာ အရင်က အခွင့်အရေးတွေအပြည်နဲ့မြေဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ ဥပဒေအနှောင်အဖွဲ့တွေ၊ ဥပဒေနဲ့ ထိန်းချုပ်ဖို့စောင့်နေတဲ့ အေဂျင်စီတွေ များလွန်းပြီး တရားစွဲမယ့်သူလည်း ပေါလွန်းတယ်၊ မင်းကိုယ်တိုင် ဂါဗာနာဖြစ်နေရင်တောင် မင်းဘာမှအလုပ်မဖြစ်အောင် လုပ်ထားတာတွေက နေရာတိုင်းမှာ အပြည့်ပဲလို့ ဆိုပါတယ်။ မတ်စ်ကတော့ အဲဒီလိုတွေ ဖြစ်ရတာက တပါတီထဲက အမြဲစိုးမိုးနေပြီး အရွေးချယ်ခံတွေကလည်း လူထုကို တာဝန်ခံတာထက် သူတို့ရွေးကောက်ပွဲအနိုင်ရအောင် ငွေလုံးငွေရင်းနဲ့ လှုထားကြသူတွေအတွက်ပဲ အလုပ်လုပ်ပေးဖို့ စိတ်အားထက်သန်နေကြတယ်လို့ ဝေဖန်သွားပါတယ်။ ကြာလာရင်တော့ ကယ်လီဖိုးနီးယားပြည်သူတွေက စိတ်ကုန်လာပြီး အပြောင်းအလဲကို လိုချင်လာကြလိမ့်မယ်၊ ရီပါဘလစ်ကန်တွေ နိုင်ဖို့ ဇီးရိုးရာနှုန်ူးဖြစ်နေတယ်ဆိုတာ ဟုတ်ကိုမဟုတ်သေးဘူးလို့ လည်း ပြောသွားပါတယ်။

တရုပ်အိတ်ထောင်ထဲ ရောက်နေတဲ့သူတွေ ဝါရှင်တန်မှာ ကြီးစိုးနေတဲ့ အကျိုးဆက်က ကမ္ဘာကို ထိခိုက်စေမယ်ဆိုတာ ဖိလစ်ပိုင်ရွေးကောက်ပွဲကို ကြည့်ရင် မှန်းလို့ရမှာပါ။ နာမည်ပျက်နဲ့ ဆင်းသွားရတဲ့ မားကို့စ်ရဲ့ သားက သမ္မတနေရာနိုင်သွားပြီး ဒုသမ္မတဖြစ်လာမှာက လက်ရှိသမ္မတဒူတားတေးရဲ့ သမီးပါ။ ဒူတားတေးက မူးယစ်မှောင်ခိုစတဲ့ ရာဇဝတ်သားတွေအတွက် အလုပ်ရှုပ်ခံမနေပဲ မှတ်လောက်သားလောက်အောင် အဆုံးစီရင်ပစ်တာတွေအတွက် နာမည်ကြီးပါတယ်။ ဒါပေမယ့် လာ်ဘ်မစားခဲ့တဲ့အတွက် ပြည်သူက သိပ်မဆန့်ကျင်ကြဘူးလို့ သိရပါတယ်။

ဒူတားတေးက အစက ဝါရှင်တန်နဲ့ အလွမ်းသင့်အောင်နေပြီး တရုပ်ကို ခပ်ကြမ်းကြမ်း တုန့်ပြန်ခဲ့ပေမယ့် အိုဘားမားလက်ထက် တောင်တရုပ်ပင်လယ်မှာ တရုပ်နဲ့ ထိပ်တိုက်ထိတွေ့မှုတွေ ဖြစ်ခဲ့တဲ့အချိန်မှာ တရုပ်ကြောက် အိုဘားမားက ဘာမှအကူအညီမပေးခဲ့တာကြောင့် အမေရိကန်ကို အားကိုးလို့ မရတော့ဘူးဆိုတာ သဘောပေါက်သွားခဲ့ပါတယ်။ ထရမ့်လက်ထက်မှာ ဖိလစ်ပိုင်နဲ့ဆက်ဆံရေး တိုးတက်လာသလို တရုပ်ကြီးလည်း အရင်လို မသောင်းကျန်းရဲတော့ပေမယ့် ဘိုင်ဒန်တက်လာတဲ့အခါမှာတော့ ဒူတားတေးဟာ တရုပ်နဲ့ ပြေလည်ဖို့ပဲ ကြိုးစားပါတော့တယ်။ မားကို့စ်သားကလည်း ဒူတားတေးရဲ့ တရုပ်နဲ့ပတ်သက်တဲ့ပေါ်လစီဟာ လက်တွေ့ကျပြီး အလုပ်ဖြစ်တဲ့အတွက် အဲဒီအတိုင်းပဲ ဆက်သွားမယ်လို့ ဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: