ရုရှားရဲ့ ကျူးကျော်ဒဏ်ခံနေရတဲ့ ယူကရိန်းကို ရုရှားနဲ့ ထိပ်တိုက်တွေ့မှာကို ရှောင်ရှားဖို့ နေတိုးအဖွဲ့ဝင်အဖြစ် မပေးနိုင်ပေမယ့် ဥရောပသမဂ္ဂကိုတော့ အလျှင်အမြန်ဝင်ခွင့်ပေးဖို့ မျှော်လင့်ထားကြတာပါ။ အခုတော့ အဲဒီလိုဝင်ခွင့်ပေးဖို့ကို ပြင်သစ်နဲ့ ဂျာမဏီတို့က ကန့်ကွက်ဟန့်တားခဲ့လို့ အီးယူကိုလည်း ဝင်ခွင့်ရဖို့ မသေချာတော့ပါဘူး။ ဂျာမန်ဝန်ကြီးချုပ်က အီးယူကိုဝင်ဖို့ ဖြတ်လမ်းမရှိဘူး၊ ဝင်ခွင့်ပြုဖို့ ဖြတ်သန်းရမယ့် လုပ်ငန်းစဥ်က လအနည်းငယ်ဖြစ်မလား၊ နှစ်အတန်ကြာဖြစ်မလားဆိုတာထက် ယူကရိန်းကို ဖြတ်လမ်းနည်းနဲ့ ဝင်ခွင့်ပေးလိုက်ရင် အရင်လျောက်ထားတဲ့နိုင်ငံတွေအတွက် မတရားရာကျမယ်လို့ အကြောင်းပြပါတယ်။ ပြင်သစ်သမ္မတကလည်း ဂျာမန်ဝန်ကြီးချုပ်ပြောတာကို သဘောတူပြီး ယူကရိန်းက အီးယူကို ဝင်မယ်ဆိုရင် ဆယ်စုနှစ်များစွာအထိ ကြာနိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။ ဒါပေမဲ့ မက်ခရွန်ရဲ့ မဲဆွယ်ပွဲမှာ ပြောခဲ့သလို ယူကရိန်းက စင်ပြိုင်ဥရောပလူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတခု ဖြစ်နေမှာပါလို့ ဆိုပါတယ်။
ဂျာမဏီနဲ့ ပြင်သစ်တို့ဟာ လက်ဝဲယိမ်းအစိုးရတွေ ထုံးစံအတိုင်း ဥရောပနိုင်ငံဖြစ်ပြီးသားကို အနှစ်မပါတဲ့ ဘူးရှစ်တွေနဲ့ နှစ်သိမ့်ပြီး အာဏာရှင်တွေ အမျက်တော်ရှမယ့် အရေးကြီးတဲ့ အပိုင်းတွေကို မခိုင်လုံတဲ့အကြောင်းပြချက်တွေပေးပြီး ငြင်းကြတာပါ။ အခုလိုအချိန်မှာ ယူကရိန်းကို အရင်ကြားဖြတ်ဝင်ခွင့်ပေးဖို့ ဘယ်နိုင်ငံမှ ကန့်ကွက်မယ်မထင်ပါဘူး။ အနောက်ကမ္ဘာက ဒီမိုကရေစီနိုင်ငံတွေဆိုတာနဲ့ လွပ်လပ်မှုမြတ်နိုးသူတွေကို ကူမယ်လို့ အသေတွက်လို့ မရတာကို ပြောချင်တာပါ။
ဘိုင်ဒန်အစိုးရက WHO ရဲ့ စည်းမျဥ်းတွေကို ပြင်ဆင်ပြီး WHO ညွှန်ချုပ်ကို ယူအန်အဖွဲ့ဝင် နိုင်ငံတွေမှာ လူထုကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်နေကြောင်း တဖက်သတ် ကြေငြာခွင့် ပေးဖို့နဲ့ အဲဒီလိုကြေငြာဖို့ အထောက်အထားက သူ့ကြိုက်ရာ ရွေးချယ်ခွင့်ရှိစေဖို့ တွန်းအားပေး နေပါတယ်။ အဲဒီညွှန်ချုပ်က တရုပ်အိတ်ထောင်ထဲ ရောက်နေတာ ကပ်ပိုးနဲ့ ပတ်သက်တဲ့ ကိုင်တွယ် ပြောဆိုပုံကြည့်ရင် သိနိုင်ပါတယ်။ ယူအန်ကလည်း တရုပ်၊ ရုရှား စတဲ့ အာဏာရှင်တွေ ချယ်လှယ်နေကြတာ ဆိုတော့ ဘိုင်ဒန်တို့က တရုပ်ခိုင်းတာ လုပ်နေရသလားလို့ မေးစရာဖြစ်လာပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးကို သူတို့လိုသလို ထိန်းချုပ်ချင်တိုင်း အာဏာရူးတွေပေါင်းပြီး အကြံအဖန်လုပ်ဖို့ လွယ်သွားတော့မှာပါ။
ဘိုင်ဒန်အစိုးရက အမေရိကန်ပေါ်လစီ အစဥ်အလာအတိုင်း ဆိုရှယ်လစ်တိုင်းပြည်တွေနဲ့ ဆက်ဆံလေ့မရှိတာကို ပြောင်းပြန်လှန်ပြီး ဆန်ရှင်တွေ ဖြေလျော့ပေးလိုက်ပါတယ်။ ဗင်နီဇွဲလားအပေါ် ၁၅နှစ်ကြာ ထားရှိခဲ့တဲ့ စွမ်းအင်ဆန်ရှင်ကို ဖြေလျော့ပေးလိုက်သလို ကျူးဘားနိုင်ငံအပေါ် ထားရှိတဲ့ ငွေကြေး၊ ခရီးသွားနဲ့ ရွှေ့ပြောင်းဥပဒေတွေကိုလည်း ဖြေလျော့ပေးလိုက်ပါတယ်။ ဗင်နီဇွဲလားက ဆန်ရှင်ကို ဖြေလျော့ပေးရတာက ရုရှားဆီက ဝယ်နေတဲ့ စွမ်းအင်ကို အစားထိုးဖို့ ဖြစ်ပေမယ့် ကျူးဘားနဲ့ပတ်သက်တဲ့ ဆန်ရှင်ကတော့ သူ့ကမ်ပိန်းကတိကဝတ်တွေ ဖြည့်စည်းဖို့ လို့ ဆိုပါတယ်။ ပြဿနာက နိုင်ငံတခုကို ငွေကြေး၊ ခရီးသွား၊ ရွှေ့ပြောင်းဆန်ရှင်လုပ်ကြတာက အာဏာရှင်လူတစုကိုပဲ ပစ်မှတ်ထားလေ့ရှိတာ ဖြစ်လို့ လွတ်လပ်မှုကို မြတ်နိုးသူတွေ၊ ကျူးဘားအစိုးရကို ဆန့်ကျင်သူတွေအတွက် အကျိုးရှိပါ့မလားဆိုတာ မေးစရာရှိပါတယ်။
ဘိုင်ဒန်အစိုးရနဲ့ ဒီမိုကရက်တွေက ကလေးနို့မှုန့်ပြတ်လပ်မှုအပေါ် အခွင့်ကောင်းယူပြီး ဥပဒေသစ်နှစ်ခု ထုတ်ပြန်လိုက်ပါတယ်။ တခုက ကလေးနို့မှုန့်တင်သွင်းဖို့နဲ့ နောက်တခုက ကလေးနို့မှုန့်ဆပ်ပလီမန်တယ် အပရိုပရီယေးရှင်းစ်အက် ဖြစ်ပါတယ်။ တန်နက်စီက ရီပါဘလစ်ကန်အမတ် တီမိုသီဘာချက်က သူ့အနေနဲ့ ပထမဥပဒေဟာ လိုအပ်တာဖြစ်လို့ ထောက်ခံမဲပေးခဲ့ပေမယ့် ဒုတိယဥပဒေက စား/သောက်/ဆေးကြီးကြပ်ကို ၂၈သန်း ပေးတာမှာ ၂၃သန်းက အုပ်ချုပ်ရေးနဲ့ ဝန်ထမ်းလစာတွေ ဖြစ်နေတဲ့အတွက် လက်ရှိအကြပ်အတည်းကို ပြေလည်စေမှာမဟုတ်ပဲ ဗျူရိုကရက်တွေကိုပဲ တန်ခိုးထွားစေမှာကြောင့် သူထောက်ခံမှု မပြုနိုင်ပါလို့ ဆိုပါတယ်။
အဆိုပါဥပဒေနှစ်ခုစလုံးကို အောက်လွှတ်တော်က မဲခွဲအတည်ပြုပြီးဖြစ်ပေမယ့် ဆီးနိတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ မသိရသေးပါဘူး။ စား/သောက်/ဆေးကြီးကြပ် အလုပ်ကောင်းကောင်းမလုပ်လို့ ဖြစ်လာရတဲ့ အကြပ်အတည်းကို အဲဒီအဖွဲ့အစည်းကိုပဲ ငွေပုံပေးတာ ဟန်မကျဘူးလို့ ဝေဖန်နေကြပါတယ်။ ဒီယုန်မြင်လို့ ဒီခြုံထွင်တယ်ပဲပြောပြော ဒီမိုကရက်နဲ့ ဗျူရိုကရက်တွေ အမြတ်ထွက်တာက ဗျူရိုကရက်တွေ အင်အားကောင်းလေ၊ နိုင်ငံရေးအရ သူတို့ဖြစ်ချင်တဲ့ဖက်ကို မောင်းပေးလို့ရသလို သူတို့ဩဇာမခံတဲ့သူ တက်လာရင်လည်း ဒုက္ခတွေ့အောင် ဖန်တီးလို့ ရနေတာပါ။ နောက်တချက်ကလည်း သူတို့ခြေလှမ်းတွေမြင်လို့ ကန့်ကွက်ကြသူများကိုလည်း အကြပ်တွေ့လို့ ဒေါပွနေကြတဲ့ ပြည်သူတွေနဲ့ လှည့်ရန်တိုက်ပေးလို့ ရတာပေါ့လေ။
ဘတ်ဖဲလိုးပစ်ခတ်မှုမှာ ပစ်ခတ်သူလို့ သံသယရှိသူက နယူးယောက်လို သေနတ်ကိုင်ခွင့် တင်းကြပ်ထားတဲ့ ပြည်နယ်မှာ ဘယ်လိုလုပ်ပြီး ကျည်အများကြီးနဲ့ သေနတ်ရအောင် လုပ်သွားဖို့ မိနစ်ပိုင်းပဲကြာတယ်ဆိုတာကို မပစ်ခတ်ခင်မှာ အင်တာနက်မှာ တင်ထားခဲ့ပါတယ်။ နယူးယောက်ဥပဒေအရ ကျည်၃၀ပါတဲ့ကဒ် ထည့်လို့ရတဲ့ သေနတ်တွေကို ကိုင်ခွင့်မရှိတဲ့ အတွက် AR-15 ဆိုရင် ကျည်ပိုကဒ်ကို ထည့်လို့မရအောင် လုပ်ထားမှသာ လိုင်စင် ချပေးတာပါ။ အဲဒီလို လုပ်ထားခြင်းအားဖြင့် ၁၀တောင့်ပါကျည်ကဒ်ပဲ ထည့်လို့ ရပါတော့တယ်။
အဲဒီသေနတ်သမားက သူကိုင်ဆောင်ထားတဲ့ AR-15 မှာ ကျည်ပိုကဒ်ထည့်မရအောင် တားထားတဲ့ဘားကို လွန်နဲ့ဖောက် ဖျက်ပစ်ပြီး အတောင့်၃၀ပါတဲ့ ပုံမှန်ကျည်ပိုကဒ် ပြန်တပ်ထားတာပါ။ သူ့တွက်ကိန်းက အဲဒီလို ပုံမှန်ကဒ်ထည့်လိုက်တဲ့အတွက် သူ့ကို ပြည်သူတွေထဲက ပြန်ပစ်ရင်တောင် တရားဝင်က ၁၀တောင့်ပဲရပြီး သူ့မှာ အတောင့် ၃၀ရှိတဲ့အတွက် သူနိုင်မှာပဲလို့ပါ။ သူတွက်တဲ့အတိုင်းပဲ အဲဒီက ရဲလူထွက်အစောင့်က သူ့ကို ပြန်လည်ပစ်ခတ်ရင်း ကျည်ထိသေဆုံးသွားပါတယ်။
သေနတ်ထိန်းချုပ်တဲ့ဥပဒေတွေ သုံးမရတာ အဲဒါကြည့်ရင် သိမှာပါ၊ လူကောင်းက ဥပဒေဘောင်ထဲကပဲ နေပေမယ့် လူဆိုးက ဥပဒေကို လိုက်နာလိမ့်မယ်လို့ ထင်နေတာကိုက လုံးဝမှားနေတာပါ။ ဘာပဲဖြစ်ဖြစ် ဒီမိုကရက်တွေအတွက် အမြတ်ထွက်တာက ဒီဝမ်းနည်းစရာ အဖြစ်ကို အကြောင်းပြုပြီး သေနတ်အသစ်ဝယ်တိုင်းဝယ်တိုင်း ရှည်လျားရှုပ်ထွေးတဲ့ လိုင်စင်အသစ်ထပ်လျှောက်ဖို့ လိုအပ်တဲ့ ဥပဒေကို ပြဌာန်းဖို့ ကော်ရီဘွတ်ကာဦးဆောင်တဲ့ အဖွဲ့က ဥပဒေကြမ်း တင်သွင်းလိုက်ပါတယ်။ သူတို့ပြုသမျှဥပဒေက အုပ်ချုပ်သူတွေ အာဏာကြီးဖို့နဲ့ ပြည်သူတွေပိုအာဏာမဲ့စေဖို့ဆိုတာ ကြည့်ရင်တော့ မြင်မှာပါပဲ။
ဒီမိုကရက်တွေက ဆီမီးကွန်ဒတ်တာတွေကို ပြည်တွင်းမှာထုပ်လုပ်စေချင်တယ်လို့ ပြောပေမယ့် တကယ်တန်းတွန်းနေတာကတော့ ဆီးမီးကွန်ဒတ်တာထုတ်ရာမှာ ပါဝင်တဲ့ PFAS ဓါတုပစ္စည်းကို ပတ်ဝန်းကျင်အတွက် မကောင်းဘူးဆိုပြီး တားမြစ်လိုက်တာကြောင့်
ပြည်တွင်းမှာ ထုတ်လို့မရအောင် ဟန့်တားလိုက်သလို ဖြစ်နေတာပါ။ PFAS က ဒေတာစန်တာတွေကို အေးအောင်လုပ်ပေးရာမှာသုံးသလို ဆီမီးကွန်ဒတ်တာထုတ်ရာမှာလည်း သုံးပါတယ်။ ချစ်ပ်တွေကို ပိုသေး ပိုမြန်အောင် လုပ်လေလေ PFAS ပိုလိုလေလေဆိုတော့ အဲဒါကို ဘန်းလိုက်တာဟာ လက်ရှိပြတ်လပ်နေတဲ့ ချစ်ပ်ဈေးကွက်ကို ပိုဆိုးစေမှာဖြစ်သလို အရာရာဈေးကြီးတာကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက်လည်း ပိုအခက်တွေ့စေမှာပါ။
အခုလို ပတ်ဝန်းကျင်အကြောင်းပြ ဘန်းနေပေမယ့် လတ်တလောရီပို့တွေမှာ ရေထဲမှာ PFAS ပါဝင်မှုက မဖြစ်စလောက် တွေ့ရတယ်ဆိုနိုင်ရုံလေးသာဖြစ်ပြီး အဲဒါဟာလည်း လွန်ခဲ့တဲ့အနှစ် ၂၀အတွင်း ထုတ်လုပ်မှုဖက်မှာ လုပ်ခဲ့တဲ့ အပြောင်းအလဲတွေကြောင့် တဖြည်းဖြည်း ကျဆင်းလာတာ ဖြစ်ပါတယ်။ ၂၀၂၀မှာ တရုပ်ပြည်က တကမ္ဘာလုံးက ဆီမီးကွန်ဒတ်တာတွေရဲ့ ၃၅ရာနှုန်းနဲ့ အကြီးဆုံးတင်ပို့သူ ဖြစ်နေပြီး အမေရိကန်က ၄.၈၉ရာနှုန်းပဲ တင်ပို့နေတာ ဖြစ်ပါတယ်။ ပြည်ပက တင်သွင်းရမှု မှာတော့ တရုပ်ပြည်က ၁၀.၅ရာနှုန်းဖြစ်ပြီး အမေရိကန်က ၁၂.၂ရာနှုန်းဖြစ်ပါတယ်။
ဟစ်ပန်းနစ်တွေအကြား ဘိုင်ဒန်ကို ထောက်ခံမှုမှာ မနှစ်က ၅၅ရာနှုန်းရှိခဲ့ရာက ဒီနှစ်မှာတော့ ၂၆ရာနှုန်းသာ ကျန်တော့တဲ့အတွက် လူဖြူတွေထောက်ခံမှု ၃၂ရာနှုန်းထက်ကို နည်းသွားတာ ဖြစ်ပါတယ်။
စွမ်းအင်အရာရှိတွေက ရုပ်ကြွင်းစွမ်းအင်ထုတ်လုပ်တဲ့စက်ရုံတွေကို ဘိုင်ဒန်အစိုးရက အလျင်စလို ပိတ်ပစ်ခဲ့တာကြောင့် လာမယ့်နွေရာသီမှာ အနောက်အလယ်ပိုင်းနဲ့ အနောက်ပိုင်းအမေရိကနေရာအများစုမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေဖြစ်လိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ အပူလှိုင်းကျတဲ့အချိန်နဲ့ လေသိပ်မတိုက်တဲ့အခါတွေမှာ လေအားလျှပ်စစ်လည်း ထုတ်လို့မရတဲ့အတွက် အပိတ်ခံရတဲ့ စက်ရုံတွေထုတ်တဲ့အားကို ဖြည့်စည်းပေးဖို့ မဖြစ်နိုင်တဲ့အပြင် ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံတွေကလည်း အိုမင်းနေကြပြီဖြစ်လို့ မကြာခဏ ပျက်လေ့ရှိတာပါ။ သဘာဝဓါတ်ငွေနဲ့ လျှပ်စစ်ထုတ်တဲ့ တက္ကဆက်စ်က စက်ရုံကလည်း အပူလှိုင်းကျရင် မလည်နိုင်ပြန်ပါဘူး။ အမေရိကန် အနောက်ဖက်ကမ်းမှာလည်း မိုးခေါင်မှုတွေ ရှိနေတဲ့အတွက် ရေအားလျှပ်စစ်ကလည်း အကန့်အသတ်ဖြစ်နေပြန်ပါတယ်။ ဆိုလာစနစ်တွေကျတော့လည်း ဆပ်ပလိုင်းချိန်းအကျပ်အတည်းမှာ မိနေတဲ့အတွက် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေတာဆိုတော့ လက်စ်ဂိုးဘရန်ဒန်ပါပဲ။