မေ ၂၀ ရက် ၂၀၂၂

တွဒ်တာကို အီလွန်ဝယ်မယ်ဆိုတုန်းက အပြိုင်ကမ်းလှမ်းခဲ့တဲ့ တက်ခ်ကုမ္ပဏီတွေကို လိုက်ဝယ်တဲ့ ပရိုက်ဗိတ်အီကွတီဖမ်းတခုဖြစ်တဲ့ အော်လန်ဒိုဘရာဗိုပိုင်ရှင် သောမတ်စ်ဘရာဗို က စပမ်ဘော့အကောင့်တွေအကြောင်း သတင်းထွက်လာအပြီးမှာ သူ့ကမ်းလှမ်းမှုကို ရုပ်သိမ်းလိုက်တဲ့အတွက် တွဒ်တာရဲ့ မျှော်လင့်ချက်က အီလွန်မတ်စ် တဦးတည်းသာ ကျန်ပါတော့တယ်။ စပမ်ဘော့အကောင့်တွေက ၅ ရာနှုန်းအောက်သာရှိတယ်လို့ စီအီးအိုက ပြောထားပေမယ့် တကယ်တမ်းအနည်းဆုံး ၂၀-၂၅ရာနှုန်း ရှိနိုင်ပြီး ၅၀ရာနှုန်းထက်တောင် ပိုသွားနိုင်တယ်လို့ မတ်စ်က ဆိုပါတယ်။

ဘိုင်ဒန်ပိုးတပ်စ်အကောင့်က ဖောလိုဝါတွေထဲမှာ စပမ်ဘော့က ၅၀ရာနှုန်းနီးပါးပါနေတာ တွေ့ရှိထားတာရယ် အရင်က မတ်စ်တွဒ်တာကို ဝယ်ချင်အောင် လှော်ပေးနေခဲ့တဲ့ ဒေါ်စေက အခု နှာစေးနေတယ်ဆိုတာရယ် ပေါင်းလိုက်ရင် ဒေါ်စေက တွဒ်တာကို နမရွံ့ပိတ်များ ရေားင်းဖို့ကြိုးစားခဲ့သလားလို့ ထင်ရပါတယ်။ ဒေါ်စေနဲ့ ထရမ့် အိမ်ဖြူမှာ ဆွေးနွေးကြတုန်းက ထရမ့်က သူ့ဖော်လိုဝါတွေ နေ့ချင်းညချင်း ပြုတ်ကျသွားတာ ဘာကြောင့်လဲလို့ မေးခဲ့တုန်းက ဒေါ်စေက တွဒ်တာက စပမ်ဘော့/အကောင့်တုတွေကို ရှင်းထုတ်လိုက်လို့ပါလို့ ဖြေခဲ့တာပါ။ ဘိုင်ဒန်လဲတက်ရော ဖော်လိုဝါတွေ နေ့ချင်းညချင်း များလာလိုက်တာ အံ့ဩကို ယူရပါတယ်။

အဲဒီကိစ္စနှစ်ခုကို ယှဥ်ကြည့်ရင် တွဒ်တာက လိုတမျိုး မလိုတမျိုး ညစ်နေတာ တွေ့ရမှာပါ။ ထရမ့်ကတော့ မတ်စ်အနေနဲ့ တွဒ်တာကို ဝယ်ပြီး ဖရီးစပိချ်ကို ကာကွယ်တာ သဘောကျပေမယ့် အခုကမ်းလှမ်းထားတဲ့ဈေးက များလွန်းတော့ ဘယ်လိုမှ မဝယ်သင့်ဘူးလို့ ဆိုပါတယ်။ စပမ်ဘော့တွေများနေတာကို အီလွန်က သက်သေပြနိုင်ရင် (သို့) တွဒ်တာက ၅ရာနှုန်းထက် နည်းပါတယ်လို့ သက်သေမပြနိုင်ရင် အက်စ်အီးစီကို လိမ်တာအပြင် ကြော်ငြာထည့်တဲ့လုပ်ငန်းရှင်တွေကို လိမ်တာဆိုတော့ ဝိုင်းတရားစွဲခံရမယ့် အပေါက်ပါပဲ။

တက်ခ်ကုမ္ပဏီကြီးများက ဘယ်အစွန်းတွေဖက်က သိသိသာသာ ဘက်လိုက်နေတာတွေ အများကြီးရှိတဲ့ထဲက အခုထွက်ပေါ်လာတဲ့တခုက ၁၀ပတ်အောက်ကိုယ်ဝန်ကို ဖျက်ချချင်တဲ့ သူတွေဟာ ဆေးနှစ်ဖုံစားပြီး ဖျက်ချရတဲ့နည်းကို ဂူဂယ်မှာ လွယ်လွယ်ကူကူ ရှာတွေ့နိုင်သလို လူသိများသထက်များအောင် ကြော်ငြာနေကြပေမယ့် ပထမဆေးတလုံးသောက်ပြီး စိတ်ပြောင်းသွားကာ ဆက်လက် မဖျက်ချချင်တော့ပဲ ကိုယ်ဝန်ကို ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ချင်တဲ့သူတွေအတွက် နည်းလမ်းတွေ ရှာမရဖြစ်အောင် ဖုံးကွယ်ထားတယ်လို့ ဒေးလီးဝိုင်ယာက လီလာရို့စ်က တင်ပြထားပါတယ်။ ဆေးနှစ်ဖုံမှာ ပထမဆေးလုံးက ကိုယ်ဝန်ဆောင်ချိန်မှာထွက်တဲ့ ပရိုဂျက်စထရုန်းဟော်မုန်းကို ဟန့်တားတဲ့ဆေးဖြစ်လို့ အဲဒီလိုဟန့်တားလိုက်ခြင်းဖြင့် ပုံမှန်ရာသီပြန်လာသလိုမျိုး ဖြစ်စေပြီး လနုကိုယ်ဝန်ကို ပျက်ကျစေတာပါ။

စိတ်ပြောင်းသွားတဲ့ မိခင်လောင်းတွေက အေပီအာ လို့ခေါ်တဲ့ ကိုယ်ဝန်ဖျက်ချတာကို ပြောင်းပြန်လုပ်ပေးမယ့် အက်ဖ်ဒီအေအသိအမှတ်ပြုပြီး ဆရာဝန်တိုင်းလိုလိုက လွယ်လွယ်ပေးနိုင်တဲ့  ပရိုဂျက်စထရုန်းဟော်မုန်းဆေးဝါးတွေကို သောက်လိုက်ရုံပဲ ဖြစ်ပါတယ်။ စိတ်ပြောင်းသွားတဲ့ မိခင်လောင်းတွေက မွေးခဲ့တဲ့ ကလေးတွေတောင် ထောင်ဂဏန်းအတန်ငယ်ရှိနေပါပြီ။ အဲဒီလို လွယ်တာကို ခက်အောင် လုပ်ပြီး ဖြေဆေးမရှိသလိုလို၊ နောက်ဆုတ်လို့မရသလိုလို ထင်ယောင်ထင်မှားဖြစ်အောင် သတင်းပိတ်ဆို့ထားတာက စိတ်ဓါတ်ရော ကိုယ်ကျင့်တရားပါ စုတ်ပြတ်နိမ့်ကျလွန်းပါတယ်။

တက်ခ်ကုမ္ပဏီကြီးတွေက အဲဒီလို ပိတ်ဆို့ထားတာကြောင့် ပရိုလိုက်ဖ်အုပ်စုတွေက အေပီအာဟော့လိုင်းရှိတဲ့အကြောင်း၊ ဒေသခံဆရာဝန်နဲ့ ဆက်သွယ်ပေးပြီး ကလေးအသက်ကို ကယ်ဖို့ ကြိုးစားပေးမယ့်အကြောင်းတွေကို သိန်းပေါင်းများစွာအကုန်ခံပြီး စိတ်ပြောင်းသွားတဲ့ သူတွေဆီ ရောက်နိုင်ဖို့ လိုက်ကြော်ငြာနေရပါတယ်။ လိုက်ဖ်အက်ရှင်ဆိုတဲ့ ပရိုလိုက်ဖ်အဖွဲ့က ထည့်တဲ့ ကြော်ငြာတွေကို ဂူဂယ်၊ တွဒ်တာ၊ ပင်းထရက်စ်တို့က ပိတ်ပင် ငြင်းပယ်ထားတာပါ။ အနည်းဆုံးတော့ မိန်းမတွေမှာ ရွေးစရာရှိတယ်ဆိုတာကို သိစေချင်တာပါ၊ အခက်အခဲရှိရင် ကူညီပေးနိုင်အောင်ပါလို့ လိုက်ဖ်အက်ရှင်တည်ထောင်သူ လီလာရို့စ်က ဆိုပါတယ်။

ကလင်တန်ကမ်ပိန်းမန်နေဂျာ ရော်ဘီမွတ်ခ်ကို ရုရှားကိုလူးရှင်းနဲ့ပတ်သက်ပြီး အမှုရင်ဆိုင်နေရတဲ့ ကလင်တန်ကမ်ပိန်းရှေ့နေ မိုက်ကယ်ဆပ်စ်မန်ရဲ့အဖွဲ့က သက်သေအနေနဲ့ ထွက်ဆိုဖို့ ခေါ်လာရာမှာ ရော်ဘီမွတ်ခ်က အဲဒီအချိန်က ထရမ့်နဲ့ ရုရှားအကြောင်းသတင်းက အခြေအမြစ်မခိုင်မာမှန်း အားလုံးသိနေကြပေမယ့် မီဒီယာကို ချပြမလား ဆွေးနွေးကြရာ  ကလင်တန်က ချပြဖို့ သဘောတူခဲ့တယ်လို့ ထွက်ဆိုသွားပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ဟူးလူးက ဟေလာရီရဲ့ ဖန်တစီ စီးရီးစ်သစ်တွေကို မရိုက်တော့ဘူးလို့ ကြေငြာလိုက်ပါတယ်။ သူထောင်ထဲရောက်မှရိုက်မယ့် စီးရီးစ်ဆိုရင်တော့ ဝက်ဝက်ကွဲအောင်မြင်မှာ သေချာပါတယ်။

ဘတ်ဖဲလိုးပစ်ခတ်မှုလို ကြေကွဲစရာဖြစ်ရပ်တွေအပေါ် အမြတ်ထုတ်ရာမှာ အထူးကျွမ်းကျင်တဲ့ ဒီမိုကရက်ဂါဗာနာ ကေသီဟိုချုးလ် (နယူးယောက်)က ဂါဗာနာအာဏာနဲ့ အမိန့်နှစ်ခုကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ အမုန်းစကားပြန့်ပွားတာကို ထိန်းချုပ်ဖို့နဲ့ လူမျိုးရေးဦးတည်တဲ့ ပစ်ခတ်မှုတွေကို ကာကွယ်ဖို့လို့ ဆိုထားပေမယ့် အဲဒါတွေက သူအမိန့်မထုတ်လဲ တရားဝင်တဲ့ ကိစ္စတွေ မဟုတ်ပါဘူး။

ပိုဆိုးတာက သူ့အမိန့်အရ ရဲတပ်ဖွဲ့မှာ ပြည်တွင်းအကြမ်းဖက်ယူနစ်အသစ်ဖွဲ့စည်းပြီး သူမနဲ့ သူမအဖွဲ့သားတွေကို ထိုးနှက်တယ်လို့ ထင်ရတဲ့ ဆိုရှယ်မီဒီယာပို့စ်တွေကို လိုက်လံနှိမ်နှင်း ဖြုတ်ချဖို့ ပါနေတာပါ။ နဂိုကမှ နယူးယောက်မှာ ရာဇဝတ်မှုတွေ ခေါင်ခိုက်လာလို့ ဆပ်ဘ်ဝေး မြေအောက်ရထား စီးတဲ့သူ အရမ်းနည်းသွားတဲ့အတွက် မြို့ဝန်ကတောင် စီအီးအိုတွေကအစ လာစီးကြပါလို့ အတင်းဖိတ်ခေါ်နေရတဲ့အချိန်မှာ ရှိတဲ့ရဲအင်အားကို ဆိုရှယ်မီဒီယာကင်ပေတိုင် လုပ်ဖို့ သုံးဦးမှာဆိုတော့ နယူးယောက်ကလူတွေ ဘုရားသာ တကြပေတော့။

သေနတ်တွေအတွက်လည်း ဥပဒေသစ်တွေထပ်ထုတ်ပြီး ဥပဒေလိုက်နာတဲ့ လူကောင်းတွေကို ပိုချုပ်ချယ်လာပေမယ့် လူသတ်မယ်လို့ ကြံရွယ်ထားသူတွေက ကိုင်တဲ့သေနတ် တရားဝင်ဖို့ ဂရုစိုက်မယ် ထင်နေတာက မပြုံးပဲ ဝါးလုံးကွဲ ရီစရာဖြစ်နေတာပါ။

၂၀၁၉ နိုဝင်ဘာမှာ သမ္မတထရမ့်အပေါ် ပထမအကြိမ် အင်မ်ပိချ်လုပ်တုန်းက ဒီမိုကရက်တွေခေါ်တဲ့ သက်သေတဦးဖြစ်တဲ့ အမျိုးသားလုံခြုံရေးကောင်စီဝင်ဟောင်း ဖီယိုးနာဟေးလ်က သူ့ကိုယ်သူ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးပေါ်လစီကျွမ်းကျင်သူ၊ ထောက်လှမ်းရေးအသိုင်းအဝိုင်းရဲ့ ရုရှား၊ ယူကရိန်းအပါအဝင် အရင်ဆိုဗီယက်နိုင်ငံတွေနဲ့ ပတ်သက်တဲ့ အကြီးတမ်းကျွမ်းကျင်သူလို့ ညွှန်းဆိုခဲ့ပါတယ်။ သူမ အဲဒီအချိန်က အစစ်ခံခဲ့တဲ့ထဲမှာ ထရမ့်အစိုးရက ဘိုင်ဒန်ဒုသမ္မတဖြစ်စဥ်မှာ ဟန်းတားလဘ်စားတာတွေ အပါအဝင် ခြစားမှုတွေနဲ့ ပတ်သက်ပြီး ယူကရိန်းကို စုံစမ်းပေးဖို့ ဖိအားပေးခဲ့တာကို သဘောမတူခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

အခုအခါမှာ ဟန်းတားကိစ္စကလည်း အမှန်ဆိုတာ အများဝန်ခံလာရပြီဖြစ်သလို ထရမ့်နဲ့ ရုရှား အရှုပ်အရှင်းဘာမှမရှိတာလည်း ဒါဟမ်ပရုဘ်က သက်သေခံခဲ့ပြီးဖြစ်တာကြောင့် သူမကို သူမထွက်ဆိုခဲ့ချက်နဲ့ ပတ်သက်ပြီး မေးမြန်းကြပါတယ်။ သူမက ထရမ့်ဟာ ဆိုဗီယက်ဟောင်းဒေသနဲ့ ပတ်သက်ပြီး သူမတူအောင် စတူးပစ်ဖြစ်တာကြောင့် ပူတင်က သူခန့်မှန်းလို့လဲရ၊ ယူကရိန်းဘယ်နားမှာရှိတယ်ဆိုတာလဲသိ၊ နေတိုးအကြောင်းလည်း ကောင်းကောင်းနားလည်တဲ့ ဘိုင်ဒန်လက်ထက်အထိ စောင့်ပြီးမှ ယူကရိန်းကို ကျူးကျော်ခဲ့တာလို့ ဆိုပါတယ်။

ဖီယိုးနာဟေးလ်က ပူတင်ဟာ ထရမ့်ကို အရာရာရှင်းပြနေရတဲ့ (ငတုံးလို)လူမျိုးလို့ မြင်တယ်၊ အဲဒါကို ပူတင်မကြိုက်ဘူး၊ ပူတင်က သူမှန်းလို့ရတဲ့သူမျိုးပဲ လိုချင်တာလို့ ပြောသွားတဲ့အတွက် သူမက ပူတင်အကြောင်း ဒီလောက်သိနေတယ်၊ ပူတင့်ဖက်က တွေးနေတယ်ဆိုရင် သူမက ပူတင်အတွက် အလုပ်လုပ်နေတာလားဆိုတာ မေးစရာ ဖြစ်လာပါတယ်။ တကယ်တော့လည်း သူမတင်မက ဒီမိုကရက်အကုန်လုံးက အမေရိကန်ကောင်းစားမယ့် ကိစ္စတိုင်းကို ကဖျက်ယဖျက်လုပ်ကြပြီး ရန်သူတွေကိုမှ ကြက်ဥတိုက်​၊​ ဆီပုလင်းပေး၊ ဂုဏ်တင်လုပ်ကြတာ မဆန်းတော့ပါဘူး။

ယူကရိန်းဘယ်နားမှာဆိုတာ သိမှ ယူကရိန်းအကျိုး ဆောင်ရွက်နိုင်မှာလို့ ခပ်တိမ်တိမ်တွေးကြတာမျိုး မြန်မာတွေထဲမှာလည်း အများကြီးရှိပါတယ်။​ ထရမ့်က မြန်မာပြည်ဆိုတာ ဘယ်နားမှာရှိမှန်းတောင် မသိလို့ မြန်မာပြည်အတွက် မကောင်းဘူးလို့ ဆိုကြပါတယ်။ ဒီလိုပြောကြေးဟေ့ဆိုရင် တရုပ်သျှီက မြန်မာပြည် ဘယ်နားရှိမှန်း ကောင်းကောင်းသိတော့ မြန်မာပြည်အတွက် အများကြီးကျေးဇူးပြုနိုင်မယ်ဆိုတဲ့ သဘောဖြစ်နေမှာပါ။ မြန်မာပြည် ဘယ်နားရှိလဲဆိုတာ ထရမ့်သိ/မသိ မသေချာပေမယ့် သူ့လက်ထက်မှာ မြန်မာပြည်အပါအဝင် နိုင်ငံငယ်လေးတွေ အေးချမ်းလုံခြုံခဲ့တာကတော့ အမှန်တရားတခုပဲ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: