ဘိုင်ဒန်ရဲ့ အာရှပစိဖိတ်ခရီးစဥ်က တောင်ကိုးရီးယားကို သွားလည်တာ ဘာမှ ရမလာခဲ့ပါဘူး။ တ/ကရယရဲ့ လုံခြုံရေးကို တာဝန်ယူထားရတဲ့နိုင်ငံက ချမ်းသာနေပြီဖြစ်တဲ့ နိုင်ငံဆီက ကျသင့်သလောက်တော့ ပြန်ရသင့်ပါတယ်။ အထူးသဖြင့်တိုင်းပြည်က ကြွေးတွေနစ်ပြီး ပြည်သူတွေ အကြပ်တွေ့နေချိန်မှာ တ/ကအနေနဲ့ မိတ်ဆွေကောင်း မဟာမိတ်ကောင်း ပီသဖို့ လိုပေမယ့် မတောင်းပဲတော့ ဘယ်သူမှ ပေးကြမှာ မဟုတ်ပါဘူး။ ထရမ့်လက်ထက်က အဲဒီလို နိုင်ငံတွေဆီက ရသင့်ရထိုက်တာ ရအောင် တောင်းနိုင်ခဲ့ပေမယ့် ဘောမရှိတဲ့ အိမ်ကျယ်ဘိုင်ဒန်ကတော့ လက်ဗလာနဲ့သာ ပြန်လာရပါတယ်။ ဂျပန်ကလည်း သူတို့ ပြဿနာနဲ့သူတို့၊ ဖိလစ်ပိုင်ကိုလည်း တရုပ်လက်မပါခင် ပြန်မဆွဲနိုင်လို့ စစ်စခန်းတွေပါ မထားတော့ဘူးဆိုရင် အာရှမှာ ချိန်ခွင်လျှာ တော်တော်ပြောင်းသွားနိုင်ပါတယ်။
ရဲရင့်ထက်မြက်တဲ့ ထရမ့်လက်ထဲမှာ နျူခလုတ်ထားရတာကို အီးထွက်မတတ် ကြောက်ပြနေခဲ့ကြတဲ့ ဒီမိုကရက်တွေက အခုလို ကဘောက်တိကပေါက်ချာတွေ ပြော/လုပ်နေလို့ ဘယ်သူ့ လေးစားမှုမှ ရမနေတဲ့ သူငယ်ပြန်အဖိုးအိုလက်မှာ နျူခလုတ်ရှိနေတာကိုတော့ နည်းနည်းမှ စိတ်ပူပင်ဟန် မရှိပါဘူး။ ထရမ့်ကို လုစ်လစ်ပ် (စကားမလုံဘူး)လို့ နာမည်ဖျက် စွပ်စွဲခဲ့ကြသူတွေက ထရမ့်လက်ထက်မှာ သူ့ကြောင့် ဘာလုံခြုံရေးစည်း ဘာစည်းညာစည်းမှ မပေါက်ခဲ့တာကို ပေါက်ခဲ့လေဟန် အကြိမ်ကြိမ် မှိုင်းတိုက်ခဲ့ကြပေမယ့် အခုအဖိုးကြီး ပါးစပ်ဝမ်းပျက်နေတာကိုတော့ နှာစေးနေကြပြန််ပါတယ်။
တိုင်ဝမ်ကို တရုပ်ကဝင်တိုက်ရင် အမေရိကန်က စစ်ရေးအရ ဝင်ပါရလိမ့်မယ်လို့ မဆင်မခြင် ပြောလိုက်တဲ့ ဘိုင်ဒန်ကို ထုံးစံအတိုင်း အိမ်ဖြူက အဲ သူက အဲဒီလိုသဘောမျိုးပြောတာ မဟုတ်ပါဘူးလို့ မုသားပေါ်မုသားထပ်ပြီး အဖာဇတ်လမ်း လုပ်ရပြန်ပါတယ်။ အခုလောက်ဆို အဘဂျိုးကို တော်တော် ဂုဏ်ယူနေကြလောက်ပါပြီ။ ။ ပိုဆိုးတဲ့ ပြဿနာက ဘာကို အတည်ယူရမယ်ဆိုတာကို မရှိတော့တာပါ။ အဲဒါ နိုင်ငံတကာဆက်ဆံရေးအတွက် အားသာချက်လို့ ထင်ရင်တော့ မွေးမြေက တပ်ကုန်းတွေ တွေးပုံ တူနေပါလိမ့်မယ်။
ကနေ့ထွက်လာတဲ့ သုတေသနတခုမှာ ဘေလ်ဂိတ်စ်ဖောင်ဒေးရှင်းက အီလွန် တွဒ်တာကို ဝယ်မယ့်သတင်းအပေါ်မှာ လက်ရှိလုပ်နေတဲ့ ကွန်တန့်မော်ဒရေးရှင်းတွေ ဆက်မလုပ်တော့ဘူးဆိုရင် တွဒ်တာမှာ ကြော်ငြာမထည့်ခြင်းဖြင့် သပိတ်မှောက်ကြဖို့ လက်မှတ်ထိုး တိုက်တွန်းခဲ့ကြတဲ့ အဖွဲ့ ၂၆ဖွဲ့ထဲက ၁၁ဖွဲ့ကို ငွေသန်းပေါင်း ရာနဲ့ချီပြီး လှူဒါန်းခဲ့တယ်လို့ ဘရေးဘတ်ကို ချပြသွားပါတယ်။
ဘေလ်ဂိတ်စ်ဖောင်ဒေးရှင်းက ၅နှစ်အတွင်း အများဆုံးအနေနဲ့ ၂၀၂၀မှာ သယ်နယူးဗန်းချားဖန်ဒ်ကို ထောက်ပံ့ထားခဲ့ပြီး အဲဒီဖန်ဒ်က လက်မှတ်ထိုးတဲ့ အဖွဲ့ ၄ဖွဲ့ဖြစ်တဲ့ သယ်စန်တာဖော်မီဒီယာဂျပ်စ်တစ်၊ သယ်မီဒီယာဒီမိုကရေစီဖန်ဒ်၊ သယ်နေရှင်နယ်ဟစ်ပန်းနစ်မီဒီယာကိုဝါလီးရှင်း နဲ့ အကောင့်တေးဘဲလ်တက်ခ် တို့ ဖြစ်ကြပါတယ်။ ဂိတ်စ်ဖောင်ဒေးရှင်းရဲ့ နောက်ထပ်လက်ဝေခံတခုဖြစ်တဲ့ သယ်တိုက်ဒ်စ်ဖောင်ဒေးရှင်းက နောက်ထပ် လက်မှတ်ထိုးတဲ့ အဖွဲ့ ၅ခုကို ပြန်ထောက်ပံ့ထားပြန်ပါတယ်။ အဲဒါတွေက ဖရီးပရက်စ်၊ အင်ဗေးဆေးဘဲလ်၊ နေရယ်ပရိုချွိုက်စ်အမေရိက၊ မီဒီယာမက်တားစ်၊ ဘီအယ်လ်အမ်ဂလိုဘယ်နက်ဝေါ့တို့ ဖြစ်ပါတယ်။ ဂိတ်စ်ဖောင်ဒေးရှင်းက ပိုက်ဆံရတဲ့ နောက်နှစ်ဖွဲ့ကတော့ အမ်ပါဝါးရင်းပစိဖိတ်အိုင်လန်းဒါးစ်ကွန်မြူနတီနဲ့ ရီပရိုအက်ရှင်တို့ ဖြစ်ပါတယ်။
ဒီမိုကရက်တွေက သူတို့ရဲ့ ရွှေမှုန်ကြဲဥပဒေတွေ အဖွဲ့အစည်းတွေကို နာမည်လှလှလေးတွေ ပေးပြီး နာမည်ထက် ပိုမတွေးကြမယ့်သူတွေကို လှည့်ဖြားတတ်ကြသလိုပဲ ဒီမိုကရက်တွေ၊ အာဏာရှင်တွေနဲ့ ဘုတ်ကျီးမြှောက်၊ ကျီးဘုတ်မြှောက်လုပ်နေကြတဲ့ ဂိတ်စ်တို့လို ဂလိုဘယ်လ်လစ်ကြီးများဟာလည်း အဖွဲ့နာမည်တွေ လှလှလေးတွေပေးပြီး ပြည်သူကို နောက်ကျောဓါးထိုးမယ့် လုပ်ရပ်တွေကို တနေ့တခြား နီးလာပြီဖြစ်တဲ့ သေတ္တာထဲ ဝင်ရမယ့်ရက်မတိုင်ခင် အကြီးကြီးပြောင်းအောင် ဘာကိုမှ မငဲ့ပဲ လုပ်နေကြတာ တွေ့ရမှာပါ။ ဖရီးစပိချ်ကို ကြောက်တဲ့သူဟာ ရိုးသားတဲ့သူ ဘယ်နည်းနဲ့မှ မဖြစ်နိုင်သလို ဖရီးစပိချ်ကို ပိတ်ပင်တာ/ပိတ်ပင်ဖို့ ဟန့်တားဖို့ ကြိုးစားတာဟာလည်း အာဏာရှင်လမ်းစဥ်ကို သွားနေတဲ့ လမ်းပါပဲဆိုတာ သမိုင်းတိုင်းမှာ သက်သေရှိပါတယ်။ မယုံဘူးဆိုရင် ဘယ်သူက ဘယ်သူကို ဝေဖန်သလဲ၊ ဘယ်သူ့ကိုတော့ ဘာလုပ်လုပ် မဝေဖန်ဘူးလဲဆိုတဲ့ ပေတံနဲ့တိုင်းရင် မှားဖို့အခွင့်အလမ်း နည်းပါတယ်။
ထရမ့်ရှေ့နေတွေ ထရမ့်ကို ကူခဲ့ သူ့လက်အောက်မှာ လုပ်ခဲ့သူတွေဆိုရင် ခုထိ ဘာအပြစ်မှ မယ်မယ်ရရ မရှိတာတောင် အကြောင်းကြောင်းနဲ့ အမှုဆင် လူအိပ်ချိန်မှာ ထလရအင်အားသုံး ဝင်ဖမ်း ထောင်ချပြီးမှ တော်တော်ကြီးကြာမှ အပြာရင့်ရောင်ဒီစီမှာ ရုံးတင်တာပါ။ အခု အပြစ်ရှိတာ သေချာသလောက်ဖြစ်နေတဲ့ ကလင်တန်ကမ်ပိန်းရှေ့နေ မိုက်ကယ်ဆပ်စ်မန် ကျတော့ သာသာယာယာပါပဲ။ ယှဥ်ကြည့်ရင် မြန်မာပြည်က အစိမ်းနဲ့ အနီတွေလို တွေ့မှာပါ။
ပလိုးစီရဲ့ အဘောရှင်းအပေါ် ရပ်တည်ချက်ကြောင့် သူမကို ဟိုလီကွန်မြူနီယံကို ပေးမတက်ဖို့ ကက်သလစ်ဘုန်းတော်ကြီးတွေရဲ့ ကန့်ကွက်ကြမှုက ပိုအရှိန်ရလာပြီဖြစ်ပါတယ်။ လက်ရှိပုတ်ရဟန်းမင်းကြီးက အရင်ပုတ်တွေနဲ့စာရင် ပိုလစ်ဘရယ်ဆန်ပေမယ့် လူဦးရေလျော့လာတဲ့ ပြဿနာကိုတော့ သတိပြုမိဟန်တူပါတယ်။
မျောက်ကျောက်ကို အကြောင်းပြုပြီး ဘယ်လ်ဂျီယံက ပိုးရှိသူများ ၂၁ရက် ကွာရင်တိုင်းလုပ်ဖို့ သတ်မှတ်လိုက်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။ ပြည်တွင်းမှာလည်း အရင်ပိုးလက်ကျန်က အားပျော့ဆဲဖြစ်ပေမယ့် ကူးတာတွေ ပြန်တွေ့လာရတယ်လို့ဆိုပြီး နှာခေါင်းစီးမန်ဒိတ်တွေ ကွက်ကျားစနေပါပြီ။ ချုပ်ချယ်တဲ့ အာဏာရှင်တွေဆိုတာက နေ့ချင်းညချင်း ဝုန်းဒိုင်းဆို ပြောင်းတာမဟုတ်ပါဘူး။ နှာခေါင်းစည်းလို အကြောက်တရား အသွင်းခံရထားရလို့ပဲဖြစ်ဖြစ် အပန်းမကြီးလို့ မဆန့်ကျင်ချင်လို့ လိုက်နာတာပဲဖြစ်ဖြစ် အဲဒီလိုလေးတွေကနေ တစစ ကြပ်လာတာမျိုးပါ။ ဒါလည်း သမိုင်းလေ့လာရင် သိမှာပါပဲ။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် အရမ်းမယုံပဲနဲ့ မေးခွန်းထုတ်တဲ့ အလေ့အထလေးကိုတော့ မွေးကြတာ အကျိုးရှိပါလိမ့်မယ်။