မေ ၂၅ ရက် ၂၀၂၂

မနေ့က တက္ကဆက်စ်ပြည်နယ် မက္ကဆီကိုနယ်စပ်နားက လူဦးရေ ၁၆,၀၀၀ လောက်ပဲရှိတဲ့မြို့ကလေးက မူလတန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်လို့ အနည်းဆုံး ဆရာ/မ ၂ဦးနဲ့ စာသင်ခန်း တခန်းထဲက ၄တန်းကျောင်းသား/သူ ၁၉ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ပစ်ခတ်သူက ၁၈နှစ်အရွယ် လက်တီနိုလူငယ်ဖြစ်ပြီး နောက်တခန်းထဲကို ဝင်မလို့ လုပ်နေတုန်းမှာ ဆရာမက တံခါးသော့ချလိုက်လို့ ဝင်မရခဲ့ပါဘူး။ ပစ်ခတ်သူ ဆယ်လ်ဗေဒို ရာမို့စ်ဟာ ကျောင်းကို မလာခင်ကလည်း သူ့အဖွားကို ပစ်ခတ်သွားပြီးမှ ကျောင်းဖက်ကို မောင်းလာပြီး ကျောင်းထဲ ဝင်ပစ်သွားတာလို့ ဆိုကြပါတယ်။ သူ့ကို သေနတ်သံကြားလို့ အပြေးလာတဲ့ ဘော်ဒါပက်ထရိုလ်ရဲက နောက်လာမယ့် ပစ်ကူမစောင့်တော့ပဲ ပစ်သတ်ခဲ့လိုက်ပါတယ်။ ပစ်ခတ်သူက အေအာ-၁၅နဲ့ သေနတ်တို ပေါင်းနှစ်လက် ယူဆောင်လာတာပါ။​

ကနေ့ထပ်မံရရှိတဲ့ သတင်းတွေအရ​ ပစ်ခတ်သူဟာ လစ်ပ်စ်ဆိုတဲ့ တချို့အသံတွေ မှန်အောင် မထွက်နိုင်တဲ့သူ ဖြစ်ပါတယ်။ အဲဒါမျိုးက နဂိုထဲက အမှားတွေနဲ့ ကြီးပြင်းလာလို့ သော်၎င်း၊​ မေးရိုးအနေအထား ပုံမှန်မဟုတ်လို့သော်၎င်း၊ လျှာပြဿနာ တခုခုကြောင့်သော်၎င်း ဖြစ်နိုင်ပါတယ်။ အကျဥ်းချုံးပြောရရင်တော့ သူဟာ ငယ်ငယ်ထဲက လှောင်ပြောင်မှုများကြားထဲ ကြီးပြင်းလာရသူဖြစ်လို့ သူ့ကိုယ်သူ နာအောင်လုပ်တာမျိုုး၊ အတန်းဖော်တွေနဲ့ ရန်ဖြစ်တာတွေ ရှိတဲ့အပြင် မိခင်ကို အော်ဟစ်ဆဲဆိုနေတာက ကြီးလာလေ ဆိုးလေဖြစ်နေကြောင်း အိမ်နီးချင်း တွေ အတန်းဖော်တွေက ပြောပြကြပါတယ်။ သူက အရင်ကလည်း ကားတစီး၊ အဖော်တဦးနဲ့ လေသနတ်ကိုင်ကာ တွေ့ရာလူ လိုက်ပစ်တတ်ပြီး (သူများ) လူသတ်တဲ့အကြောင်းလည်း ပြောတတ်တယ်လို့လည်း ဆိုကြပါတယ်။

အရင်ဖြစ်ခဲ့တဲ့ အစုအပြုံလိုက်ပစ်ခတ်မှုတွေမှာလည်း ပစ်ခတ်သူ လူငယ်တွေက ဘူလီအလုပ်ခံခဲ့ရသူများဖြစ်ပြီး အတန်းဖော်များနဲ့ အဆင်မပြေသူ၊ စိတ်ရောဂါ ရှိတတ်ပြီး သွေးဆူလွယ်သူ၊ လူသတ်တဲ့အကြောင်း ပြောလေ့ရှိသူ စသဖြင့် ပုံစံတွေက ဆင်လှပါတယ်။ နယ်စပ်နဲ့ နီးပြီး မူးယစ်ဆေး လက်နက် အကဖက် ခိုးဝင် ဘာမဆိုလွယ်လွယ်ရနေတဲ့ ဘိုင်ဒန်ခေတ် နယ်စပ်အပွင့်နဲ့ နီးတာကလည်း အကြောင်းတခု ဖြစ်နိုင်ပါတယ်။ ကျောင်းတွေကလည်း ဒီဖက်တွေမှာက ကျောင်းထဲကိုဝင်ဖို့ ကျောင်းတက်ချိန်မှာ ဆရာ/မတွေက ကလေးတွေကို အတန်းထဲအထိ ပို့ပေးပြီး မိဘတောင် ရုံးခန်းက တဆင့် အဝင်အထွက်မှတ်တမ်း၊ တွေ့မယ့်သူ၊ အခန်းနံပါတ်၊ ကြာချိန် စတာတွေ ဖြည့်ပြီးမှ လက်မှတ်ထိုးဝင်/ထွက် ရတာပါ။ အဲဒီကျောင်းကတော့ မြို့ငယ်လေးက ကျောင်းဖြစ်လို့ပဲလား၊ လက်ဝါးရိုက်ထားတာပဲ​ ရှိလို့လားတော့မသိ၊ ကျောင်းထဲ လွယ်လွယ်ဝင်ပစ်လို့ ရနေတာက မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်မဖြစ်အောင် တားချင်ရင် အရင်ဖြစ်ခဲ့တာတွေက သင်ခန်းစာ ယူရမှာ၊ ဖော်မြူလာထုတ်၊ ကြိုတားသင့်တာတား၊ အားလုံး စုပေါင်းလုပ်ဆောင်ရမယ့် ကိစ္စပါ။

ကလေးတွေကို လုံခြုံစေချင်ရင် ကျောင်းတွေမှာ စစ်ပြန်တွေထဲက သင့်တော်သူတွေကို ကျောင်းတွေမှာ လက်နက်ကိုင်အစောင့် ပေးထားရင်လည်း ရနေတာပါပဲ။​ ကုန်ကျစရိတ်ကတော့ ကျောင်းတွေကို ကပ်ပိုးခေါင်းစဥ်နဲ့ ချပေးထားတဲ့ ဘတ်ဂျက်တွေ ခုထိ ခေါင်းစဥ်မျိုးစုံနဲ့ ဖြောင်လို့ မကုန်ပဲ ကျန်နေတာတွေ အများကြီး ရှိနေသေးတာကို လုံခြုံရေးခေါင်းစဥ်နဲ့ ပြောင်းသုံးလို့ရအောင် လုပ်ပေးလိုက်ရင် အဆင်ပြေမှာပါ။ ယူကရိန်းကို ဘီလီယံ ၄၀ပေးထားပြီး ကိုယ့်ကလေးတွေအတွက် လေကလွဲလို့ ဘာမှမလာတာလည်း ထောက်ပြစရာပါပဲ။

ဘိုင်ကြီးတို့ကတော့ ကိုယ်ချစ်တဲ့သူတွေ အသက်ဆုံးရှုံးရတာကိုမှ အားမနာ ဘာဖြစ်တာလဲတောင် မစောင့်တော့ပဲ သေနတ်ထိန်းချုပ်ဖို့ ဝင်တွန်းသွားပါတယ်။ ဒီမိုကရက်တွေ ဖော်မြူလာက အစုအပြုံလိုက် သတ်မှုတွေမှာ ပစ်တဲ့သူက လူဖြူဖြစ်ပြီး သေနတ်ဥပဒေ တင်းကြပ်တဲ့ ပြည်နယ်မှာဆိုရင် လူမျိုးရေးကြောင့်လို့ တံဆိပ်တပ်ပြီး အမုန်းပိုပွားအောင် လုပ်မယ်၊ သေနတ်ဥပဒေ တင်းကြပ်တဲ့ ပြည်နယ်မှာ ပစ်တဲ့သူက လူဖြူမဟုတ်ရင် ဘိုင်ဒန်တို့က စကားထဲ ထည့်မပြောပါဘူး။ သေနတ်ဥပဒေ မတင်းကြပ်တဲ့ ပြည်နယ်မှာ ဘယ်သူပဲပစ်ပစ် သေနတ်က တရားခံပါ။ ပစ်သူက လူဖြူလည်းဖြစ်နေရင်တော့ ဘိုင်ကြီးတို့ အမြတ်ထုတ်လို့ အကောင်းဆုံးပါပဲ။ ၁၇နာရီပဲ ကြာကြာ ၁၇ဘဝပဲကြာကြာ ရောက်အောင်လာဦးမှာပါ။ သူတို့တွေးတဲ့ ပုံစံအရဆိုရင် မုဒိမ်းမှုတွေကို တားဆီးဖို့ (ဖြစ်နိုင်ခြေရှိတဲ့) ကျားတိုင်းကို သင်းထားရမယ့် သဘောပါပဲ။

မျောက်ရောဂါကလည်း ထွက်လာတဲ့ ပုံစံ၊ အချိန်နဲ့ တကယ်ဖြစ်တဲ့အရေအတွက်နဲ့ မီဒီယာက ညာသံပေးတာတွေကြည့်ရင် စဥ်းစားစရာတွေ အများကြီးရှိပါတယ်။ အချိန်အလိုက်ကြည့်မယ် ဆိုရင် ဂိတ်စ်က အရင်/လက်ရှိပိုးက ဘာမှမဟုတ်သေးဘူး၊ ဒီထက်ကြီးတာ လာနိုင်တယ်လို့ စကားဦးသန်းထားတာရယ်၊ ဘိုင်ကြီးက တြုပ်ကြိုးဆွဲနေတဲ့ ဟူး ဒါရိုက်တာကို သူ့သဘောနဲ့သူ အဖွဲ့ဝင် နိုင်ငံတွေအပေါ် အရေးပေါ်လူထုကျန်းမာရေးအခြေအနေ ကြေငြာပိုင်ခွင့်အပြင် မလိုက်နာတဲ့နိုင်ငံတွေကို ဆန်ရှင်အပါအဝင် အပြစ်ပေးအရေးယူခွင့်တွေ ရက်ရက်ရောရော ပေးချလိုက်တာရယ်၊ တကမ္ဘာလုံး ပျှမ်းမျှ တနိုင်ငံတယောက်လောက်ပဲ ဖြစ်သေးတဲ့အချိန်မှာ စောင့်ကြည့်ဖို့ လေ့လာဖို့ထက် အရေးပေါ်အစည်းအဝေးခေါ်တာရယ်၊ အဲဒီ ၂၀၀ ဆိုတဲ့ထဲမှာလည်း အတည်မပြုရသေးတာတွေ ပါနေတာရယ်၊ ပိုးစတင်တယ်ဆိုတဲ့ တိုက်က တာဝန်ရှိသူက ဥရောပမှာ တွေ့နေတယ်လို့ ပြောနေတာတွေက ငါတို့ဆီကလိုလည်း မဟုတ်ဘူးလို့ ပြောတာရ​ယ်၊ ထရမ့်ကို အပုတ်ချဖို့နဲ့ သူ့အီးမေးလ်ကိစ္စကို အာရုံလွှဲဖို့အတွက် ရုရှားလုပ်ဇတ် ကို မီဒီယာမှာ ဖွဖို့ မီးစိမ်းပြခဲ့တဲ့ ကလင်တန်သတင်းကို အမ်အက်စ်အန်ဘီစီ၊ အေဘီစီ၊ စီဘီအက်စ်၊ အန်ဘီစီတို့က မတင်ပြကြပဲ မျောက်သတင်းကျမှ အာတွေ့နေကြတာတွေ၊ ကျောက်ဆိုတာနဲ့ လူမှာဖြစ်တတ်တာနဲ့ ပုံမှားရိုက်ပြီး ကကဆေးကအစ စကားစလာတာတွေ အများကြီးပါပဲ၊ လိုရင်းကတော့ ရမ်းမယုံ ရမ်းမကြောက်ကြဖို့ပါ။ အရင်တခါကလည်း ဘာမှ မဖြစ်ပါဘူး၊ ဘာအကာအကွယ်မှလည်းမလိုဘူး၊ လာပါလည်ပါ တစာစာလုပ်နေရာကနေ တနိုင်ငံလုံး ပိတ်ဟယ် ဆို့ဟယ်ဖြစ်သွားတာ ဘာမှ မကြာလိုက်ဘူးလေ။ မေ့မပစ်ကြနဲ့ဦး။ ရွေးကောက်ပွဲကလည်း နီးလာပြီ၊ သင်းတို့ရှုံးဖို့လည်း များနေပြီဆို သတိသာထား။ (အဲဒီရောဂါအကြောင်း ပညာရှင်ရေးထားတာ အချိန်ရမှ ပြန်ပြီး ဘလော့မှာ တင်ထားပေးမယ်။)

စီအာတီနဲ့ လိင်ကိစ္စတွေ မူလတန်းကျောင်းတွေမှာ သင်တာကို သိသွားလို့ ကန့်ကွက်ကြတဲ့ မိဘတွေကို အိမ်ဖြူက ထလရကို အကြမ်းဖက်တွေလို လိုက်စုံစမ်းခြိမ်းခြောက်ဖို့ ညွှန်ကြားခဲ့တာကို တွေ့ရှိခဲ့ပြီးနောက်ပိုင်း တက္ကဆက်စ်က နိုင်ငံလုံးဆိုင်ရာ ကျောင်းဘုတ်အဖွဲ့များအသင်း (ပညာရေးဘုတ်)နဲ့ အဆက်ဖြတ်လိုက်ပါတယ်။ အဲဒီလိုထွက်တာ တက္ကဆက်စ်က ၂၃ခုမြောက် ပြည်နယ် ဖြစ်ပါတယ်။ ဘိုင်ဒန်တို့က ဘယ်လောက်အထိ လုပ်ခဲ့လဲဆိုရင် ကျောင်းဘုတ်အဖွဲ့ အစည်းအဝေးတွေမှာ နေရှင်နယ်ဂါ့ဒ်တွေပါ လွှတ်ဖို့ တောင်းဆိုတဲ့အထိပါပဲ။ ထရမ့်လက်ထက်ကလည်း နေရှင်နယ်ဂါ့ဒ်တွေ စေလွှတ်ဖို့ တောင်းဆိုခဲ့ဖူးပါတယ်၊ ကျောင်းက မိဘဆရာအစည်းအဝေးကိုတော့ မဟုတ်ဘူး၊ ဂျော့ဖလွိုက်ဂယက်နဲ့ တပြည်လုံး ဆူပူ လုယက် ဖျက်ဆီးတာတွေ ဖြစ်ခဲ့တုန်းက။ အဲဒါနဲ့တင် ဘယ်သူက ပြည်သူအကျိုး ကြည့်လဲ သိနိုင်ပါတယ်။

တောင်ပိုင်းနယ်စပ်မှာ ခုနောက်ပိုင်း စစ်တပ် တပ်စု တစုစာလောက်ရှိတဲ့ ခိုးဝင် ၃၂ဦးဟာ ပျောက်ကြားဝတ်စုံတွေဝတ်ပြီး မက္ကဆီကိုနယ်စပ်ကနေ အရီဇိုးနားပြည်နယ်ထဲကို ကူးဖြတ်လာကြတယ်လို့ မြင်းနဲ့ ကင်းလှည့်တဲ့ နယ်ခြားစောင့်တပ်တွေက တွေ့ရှိထားပါတယ်။ ခိုးဝင်တွေ၊ မူးယစ်မှောင်ခို၊ လူကုန်ကူး၊ လိင်ကုန်ကူး၊ စတာတွေနဲ့ ပတ်သက်ပြီး နယ်ခြားတံတိုင်းဆောက်တာကို တာဝန်မဲ့ ရပ်ပစ်ခဲ့၊​ ကိုယ့်တိုင်းပြည်တွင်းဝင်လာတဲ့သူတွေဟာ သမိုင်းဆိုးမရှိကြောင်း၊ ရောဂါကင်းကြောင်း၊​ အကြမ်းဖက်တွေနဲ့ မပတ်သက်ကြောင်း စတဲ့ ပုံမှန် စစ်ဆေးရမယ့်အဆင့်တွေကို ကျော်လွှားပစ်ပြီး ထောက်ပြတဲ့ ဝန်ထမ်းတွေ၊ အစောင့်တပ်တွေကို ပြဿနာရှာတဲ့ ဘိုင်ဒန်အစိုးရက ဘိုင်ဒန်ရော ကာမလာရောက တက္ကဆက်စ်ဂါဗာနာ ဂရက်ဂ်အက်ဘော့ဆီ တခါဖူးမှ ဖုံးခေါ်အခြေအနေမေးမြန်းတာ မရှိခဲ့ပဲ တက်ခါစက ပြည်ထဲရေးဝန်က တခါခေါ်ဖူးတာသာ ရှိကြောင်း၊ အက်ဘော့က ပြောဆိုသွားပါတယ်။ ထရမ့်လက်ထက်က ပြာပြာ နီနီ ဘယ်ဂါဗာနာကိုမဆို ဘယ်သူ့ကိုမဆို ဖုံးခေါ်၊ လိုအပ်တာမေး၊ ဖြည့်စည်းပေးခဲ့တာ ကိုမိုတို့ကအစ ဝန်ခံခဲ့ရတာပါ။

အရင်က အီရတ်မှာ အိုင်းစက်လုပ်ခဲ့သူ အီရတ်ကီတယောက်က ၄၃(ဘုရှ်အငယ်)ကို သူ့အိမ်မှာပဲ လုပ်ကြံဖို့ လက်မရွံ့တွေကို နယ်စပ်ကနေ ခိုးသွင်းလာတဲ့အကြောင်း အိုဟိုင်းအိုးက တောင်ပိုင်းခရိုင် တရားရုံးကိုတင်တဲ့ စာရွက်စာတမ်းတွေကို ကိုးကားပြီး ဖော့ဘ်စ်က တင်ပြထားပါတယ်။ အီရတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဲဒီအဖွဲ့မှာ တဦးက အိုင်စက်ဘဏ္ဍာရေးဝန်ကြီးရဲ့ အတွင်းရေးမှုးဖြစ်ပြီး သေနတ်နဲ့ ကားတွေ ဘယ်လိုရှာရမလဲဆိုတာ ဆွေးနွေးတိုင်ပင်ကြတယ်လို့ ဆိုပါတယ်။ အိုဟိုင်းအိုးဒေသခံ အုပ်စုခေါင်းဆောင်က တဦးကို တသောင်းခွဲယူပြီး သွင်းလာ၊ သက်သေခံအတုတွေ ဖန်တီးပေးထားတယ်လို့ ယူဆထားကြတဲ့အတွက် ဘိုင်ဒန့်လက်အောက်က နယ်စပ်ကိုင်တွယ်မှုက မေးခွန်းထုတ်စရာတွေ ဖြစ်နေပါတယ်။  

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: