ဇွန်လ ၇ ရက် ၂၀၂၂

နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့က အဘောရှင်းဆန့်ကျင်သူတွေ ဖွင့်ထားတဲ့ ကိုယ်ဝန်သည်တွေကို အကူအညီပေးတဲ့ ရုံးခန်းကို အဘောရှင်းတက်ကြွလှုပ်ရှားသူတွေက မီးလောင်ဗုံး ပစ်သွင်းတိုက်ခိုက် ခံခဲ့ရလို့ တော်တော်လေး မီးလောင်ပျက်စီး သွားပါတယ်။ မြောက်ကာရိုလိုင်းနားပြည်နယ် အက်ရှ်ဗေးလ်မြို့က ကိုယ်ဝန်သည်တွေကို ကျန်းမာရေးစောင့်ရှောက်/တိုင်ပင်/ကူညီပေးနေတဲ့ ပရိုလိုက်ဖ်ရုံးခန်းကိုလည်း အဘောရှင်းသမားများက မှန်တွေခွဲပြီး ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီအေတွေတော်တော်များများက အမွှေစိန်တို့နဲ့ မကင်းကြတော့ ဖမ်းဖို့ ဖော်ထုတ်ဖို့ကို ကြိုးစားကြမယ် မထင်ပါဘူး။ တပါတီ တဖွဲ့နဲ့ ပတ်သက်သူတွေ ဘာလုပ်လုပ် အဖမ်းမခံရပဲ ကျန်တပါတီကလူတွေ အပြစ်မလုပ်တာတောင် အမှုဆင်အဖမ်းခံနေရတာ ကြုံဖူးကြားဖူးကြပါလိမ့်မယ်။ ရိုးဗီဝိဒ်က ပြန်လှန်ခံရမယ့် အနေအထားဖြစ်နေတော့ ဒီတနွေလုံး သောင်းကျန်းကြလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဂျော့ဖလွိုက်တုန်းကလိုပဲ နေမှာပေါ့။

စတိတ်ဖမ်းအာမခံကုမ္ပဏီက သူတို့အေးဂျင့်တွေကို ပိုက်ဆံထုတ်ပေးပြီး ထရန်တွေကိစ္စ ရှေ့တန်းတင်နေတဲ့ ဂျန်ဒါကူးလ်ပရောဂျက်က ကလေးဖတ်တဲ့ စာအုပ်တွေ ဝယ်ခိုင်းကြောင်း၊ ပြီးတော့ ကျောင်းတွေ၊ စာကြည့်တိုက်ေတွကို မိဘတွေမသိအောင် သွားလှူရကြောင်း၊ စာအုပ်ေတွက သူငယ်တန်းအရွယ်လောက်အထိ ငယ်တဲ့ကလေးတွေကို ပစ်မှတ်ထားတာဖြစ်ကြောင်း စတိတ်ဖမ်းဝန်ထမ်းတဦးက လက်ထောက်ချထားတယ်လို့ ကွန်ဇူမာရီဆာ့ချ်က အမှုဆောင်ဒါရိုက်တာ ဝေလ်ဟိုင်းလ်ဒ်က အဲပေါ့ခ်တိုင်းမ်စ်ကို ပြောသွားပါတယ်။

အဲဒီလိုလုပ်ကြတာက ကုမ္ပဏီကြီးတွေကိုယ်တိုင်က လက်ဝဲလမ်းလိုက်နေတာ ဖြစ်နိုင်သလို ဒီမိုကရက်တွေ လုပ်ထားတဲ့ အီးအက်စ်ဂျီစည်းမျဥ်းတွေနဲ့ ကြည့်ရင် ရာထူးတိုးတာလည်း အသားရောင်နဲ့သတ်မှတ်၊ ဘာလိင်ကိစ္စမှ နားမလည်သေးတဲ့ ကလေးလေးတွေကို လိင်တူကြိက်ချင်၊ လိင်ပြောင်းချင်အောင်ပဲ ပေါင်ကြားလက်စင်တွေနဲ့ ဖုံးလွှမ်းထားမှ၊ ချေးငွေ၊ ခွင်ရဖို့ အခွင့်အလမ်းတွေ များတာကြောင့် ဖြစ်ပါတယ်။ အဲဒီလိုတွေ လုပ်နေတာက အရင်းရှင်စနစ်စစ်စစ် မဟုတ်တော့ပေမယ့် အခုလို စတလွဲတွေလုပ်လို့ စီးပွားရေးမအောင်မြင်ရင် အရင်းရှင်စနစ်မကောင်းလို့လို့ ပုံချကြဦးမှာပါပဲ။

အီလွန်က အက်ပ်စတိန်းရဲ့ ဖောက်သည်စာရင်းကို ဒိုင်နိုဆောတို့ ယူနီကွန်းတို့လိုပဲ သူ့တသက် ဘယ်တော့မှ မတွေ့ရတော့မယ့် အရာတခုအဖြစ် တွိသွားပါတ​ယ်။ အရင်ကလည်း အဲဒီစာရင်းထဲက ဘာလို့တယောက်မှ မပေါ်သေးတာလဲလို့ တွိထားဖူးပါတယ်။ အီလွန်တွိထားသလိုပဲ နေရှင်နယ် ပါ့ဘလစ်ရေဒီယိုက နယူယောက်မြို့ခံသတင်းထောက် အဒမ်ဒေဗစ်ဆန်က အက်ပ်စတိန်းနဲ့ အတူသွားလာခဲ့တဲ့သူတွေက အနည်းဆုံး ကလေးတွေကို မုဒိမ်းကျင့်တာကိုတော့ မျက်မြင် ကြုံတွေ့ခဲ့ကြမှာပါ၊ အဲဒါတောင်မှာ တရားရုံးတွေက (ပြစ်မှုထင်ရှားတယ်လို့ သက်သေမပြနိုင်ခင်အထိ) အပြစ်မရှိဘူးလို့ ယူကြတယ်၊ အမှန်က သူတို့အားလုံးက အပြစ်ရှိတယ်လို့ ယူရမှာလို့ ဆိုပါတယ်။

ဒေဗစ်ဆန်က ၂၀၂၀ကစပြီး ဘရုတ်ကန်းဆိုတဲ့ အက်ပ်စတိန်းနဲ့ပတ်သက်တဲ့ ပေါ့ဒ်ကက်စ် စလွှင့်ခဲ့တာမှာ အက်ပ်စတိန်းရဲ့ သားကောင်တွေ ဖြစ်ခဲ့ဖူးသူများ သူ့ကို လာဆက်သွယ်ပြီး သူတို့ကြုံခဲ့ရတာတွေ ပြောပြခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဥပဒေနဲ့ ငြိစွန်းနိုင်ခြေရှိလို့ အခုအချိန်မှာ သူဘာမှ ပြောပြလို့ မရသေးကြောင်း၊ ပိုက်ဆံရှိ အာဏာရှိသူတွေ လုပ်ချင်တိုင်းလုပ်လို့ ရနေတာ သူသိပေမယ့် ဘယ်လောက်ဆိုးတယ်ဆိုတာတော့ ခုမှ သိလာရတာဖြစ်ကြောင်း၊ တရားရုံးတွေရော၊ ဂျာနယ်လစ်တွေ၊ ရှေ့နေတွေ စတဲ့ စနစ်ကြီးတခုလုံးက အဲဒီလူတွေ အပြစ်မကျအောင် ဝိုင်းလုပ်ပေးနေကြသလိုပဲလို့ ရေးထားပါတယ်။

တကယ်တော့ ဒေဗစ်ဆန်က ခုအချိန်ဖွင့်ပြောလို့ မရသေးဘူးဆိုတာ ဥပဒေကြောင့်ဆိုတာထက် ပိုဆိုးနေနိုင်တာ နောက်သတင်းတပုဒ်က ပြနေပါတယ်။ အက်ပ်စတိန်းနဲ့လည်း ဆက်နွယ်နေတဲ့ ဘေလ်ကလင်တန်ရဲ့ အကြံပေး အသက် ၅၉နှစ်ရှိ မာ့ခ်မစ်ဒယ်လ်တန်ဟာ အာကန်ဆောပြည်နယ် လစ်တယ်ရော့ခ်က သူ့နေအိမ်နဲ့ မိုင် ၃၀အကွာမှာ ပုံမှန်မဟုတ်တဲ့ သေခြင်းမျိုးနဲ့ မေ ၇ရက်နေ့က သေဆုံးခဲ့ကြောင်း တွေ့ရှိရပါတယ်။ ကျန်ရစ်တဲ့ သူ့မိသားစုက မာ့ခ်မစ်ဒယ်လ်တန် သေဆုံးပုံ၊ အလောင်းတွေ့တဲ့/အမှုဖြစ်တဲ့နေရာတဝိုက်က ဓါတ်ပုံတွေနဲ့ အသေးစိတ်အချက်အလက်တွေကို ဖရီးဒမ်းအော့ဖ်အင်ဖော်မေးရှင်းအက်အရ ထုတ်ပြန်ပေးနိုင်တာတွေကို တားမြစ်ပေးဖို့ တရားသူကြီးကို လျောက်ထားတိုက်တွန်းလိုက်ပါတယ်။ ဘာတွေများ ပါနေလို့ပါလိမ့်။

အာကန်ဆောမီဒီယာကုမ္ပဏီတခုရဲ့ ထုတ်ပြန်ချက်မှာတော့ မစ်ဒယ်လ်တန်ဟာ သစ်ပင်တခုကနေ မီးသွယ်တဲ့ကြိုးနဲ့ ကြိုးဆွဲချထားတာတွေ့ရသလို ရင်ဘတ်မှာလည်း သေနတ်ဒဏ်ရာ တွေ့ရတယ်လို့ ဆိုပါတယ်။ မိသားစုကစွဲတဲ့ အမှုထဲမှာတော့ ဆူဆိုက်လုပ်တာပါလို့ ဖော်ပြထားပါတယ်။ မစ်ဒယ်လ်တန်ဟာ သမ္မတကလင်တန်ဆီမှာ ၁၉၉၀ကနေ ၁၉၉၅အထိ အကြံပေးလုပ်ခဲ့ပြီး အဲဒီနောက်ပိုင်း စီးပွားရေးလုပ်ခဲ့ကြောင်း၊ သူက ကလင်တန်နဲ့ အက်ပ်စတိန်းတို့ကြား ဆက်ဆံရေး ပိုခိုင်မာလာအောင် ကူညီခဲ့သူလို့ ယုံကြည်ရကြောင်း ယူအက်စ်ဆန်းဂျာနယ်က ရေးသားထားပါတယ်။

ယူကေက ဒေးလီးမေးလ်ကလည်း အက်ပ်စတိန်းက ကလင်တန်လက်ထက် အိမ်ဖြူကို ၁၇ကြိမ်ရောက်ခဲ့တာမှာ အနည်းဆုံး ၇ကြိမ်က မစ်ဒယ်လ်တန်က ခွင့်ပြုပေးခဲ့တာဖြစ်ပြီး ကလင်တန်ဟာ အပ်ပ်စတိန်းရဲ့ လိုလိတာအိတ်စပရက်စ်နဲ့ ပျံသန်းခဲ့ဖူးသူ ဖြစ်ပါတယ်။ မစ်ဒယ်တန်သေဆုံးတာကို မီဒီယာကြီးတွေက ရေငုံနေကြပြီး ရဲတွေကလည်း စုံစမ်းဆဲပါလို့ပဲ ကြိုပိတ်ထားကြပါတယ်။ နောက်အင်တာဗျူးတခုမှာတော့ ပယ်ရီကောင်တီရဲချုပ်က ကျည်ဆံက ရှေ့ကဝင်ပြီး နောက်ကထွက်တာလေ၊ သွေးလဲသိပ်မထွက်တော့ ကိုယ်တိုင်ပစ်တာပဲပေါ့၊ ပြီးတော့မှ သစ်ပင်ဆီသွား၊ စားပွဲကိုဆွဲ၊ အနားက မီးကြိုးနဲ့ ပတ်ပြီး သေကြောင်းကြံတာလို့ ဆိုပါတယ်။ အံ့ဖွယ်သူရဲပါပဲ။ တွဒ်တာမှာတော့ အဲဒါကို လှောင်နေကြပါတယ်။

စီအန်အန်က ဘော့စ်အသစ် ခရစ်လစ်ခ်ထ်က သတင်းတွေကို သတင်းလိုပဲ တင်ပြကြဖို့ ပါတီစွဲနဲ့ ဘက်မလိုက်ကြဖို့ တဆိတ်ကို တအိတ်မလုပ်ကြဖို့ ဘရိုင်ယန်ဆက်တလာ၊ ဂျင်မ်အကော့စတာ အပါအဝင် လက်ဝဲစွန်းတင်ဆက်သူတွေကို သတိပေးလိုက်ပါတယ်။ အဲဒီလိုမလုပ်နိုင်ဘူးဆိုရင်တော့ အလုပ်ဖြုတ်ခံရကောင်းခံရနိုင်တယ်လို့ ဆိုပါတယ်။ ခရစ်စ်က ငါတို့ဟာ အမှန်ကိုပြောသူတွေဖြစ်ရမယ်၊ ပြည်သူကို သတင်းပေးတာကိုပဲ အားစိုက်လုပ်ပြီး လူတွေကြောက်အောင် ပြူးပြူးပြဲပြဲတွေ မလုပ်ကြဖို့လိုတယ်လို့ ဝန်ထမ်းတွေတီပို့တဲ့ မီမိုမှာ ဖော်ပြထားပါတယ်။ နောက်တခုက စီအန်အန်က ကြားဖြတ်သတင်း ဘရိတ်ကင်းနယူးစ်ကို ဘုံးဘောလအောသုံးနေတာကြောင့် ဘာတွေကိုမှ ဘရိတ်ကင်းနယူးစ်နဲ့ အကျုံးဝင်တယ်ဆိုတဲ့ ဂိုက်လိုင်း ချပေးထားလိုက်တယ်လို့ သိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: