တန်နက်စီပြည်နယ် ဂိုင်းလ်စ်ကောင်တီ ရဲဌာနက လမ်းပေါ်မှာ ခေါက်ထားတဲ့ငွေစက္ကူတွေကိုတွေ့ရင် မကောက်ယူကြဖို့ ကောင်တီသူ/သားတွေကို သတိပေးထားပါတယ်။ ဓါတ်ဆီဆိုင်တွေမှာ ကျနေတဲ့ ပိုက်ဆံခေါက်တွေထဲမှာ မက်သ်/ဖန်တနိုင်းလ်မူးယစ်ဆေးအဖြူမှုန့်လေးတွေကိုတွေ့တာ ၂ကြိမ်ရှိပါပြီ။ အဲဒီမူးယစ်ဆေးက နဲနဲလေး ရှူမိရုံနဲ့တင် နှလုံးခုန်မြန်လာ၊ သွေးတိုးလာနိုင်ပြီး အဲဒီထက်ပိုလာရင် ဆေးလွန်သေနိုင်တာကြောင့် အခုလို သတိပေးတာဖြစ်ပါတယ်။ အဆိုပါမူးယစ်ဆေးဟာ အနံ့၊ အရသာမရှိတာကြောင့် ခွဲခြားဖို့မလွယ်သလို ထိမိရင်လည်း အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒီလဟာ အမေရိကန်ရဲ့ အယ်လ်ဂျီဘီတီအေတူဇီဂုဏ်ပြုလဖြစ်တာကြောင့် မက္ကဆီကိုက ၆၀၀၀လောက်ရှိတဲ့ ခိုးဝင်လောင်းတွေကို သယ်ဆောင်လာတဲ့ ကားတန်းကြီးဟာလည်း အဆိုပါအုပ်စုကိုကိုယ်စားပြုတဲ့ အရောင်စုံအလံတွေ တလူလူလွှင့်ပြီး ချီတက်လာပြီလို့ဆိုပါတယ်။ ဒီဖက်ဘော်ဒါပက်ထရိုလ်က ငြင်းရင် သူတို့ရဲ့ ကွဲပြားမှုကို ခွဲခြားတာပါဆိုပြီး ပြဿနာရှာဖို့ အကြောင်းတခုရသွားပြန်တာပေါ့။ ခိုးဝင်တွေအတွက်ကတော့ အမြတ်ချည့်ဖြစ်ပြီး ကိုယ့်အလုပ်ကိုယ် တိတိကျကျ လုပ်ချင်တဲ့ ဘော်ဒါပက်ထရိုတွေကတော့ အခက်တွေ့ကြဦးမှာပါ။ တိုက်ဆိုင်တာက အဲဒီအချိန်ဟာ ဘိုင်ကြီးနဲ့ တောင်အမေရိကနိုင်ငံတွေ အစည်းအဝေးလုပ်နေကြတာမှာ ကျူးဘား၊ ဗင်နီဇွဲလားနဲ့ နီကရားဂွားတို့ကို မဖိတ်လို့ မက္ကဆီကိုသမ္မတက ဘိုင်ကြီးကို နှပ်ပစ်လိုက်တဲ့အချိန် ဖြစ်နေတာပါ။
ဗင်နီးဇွဲလားဆိုလို့ ကိုယ့်ပြည်တွင်းမှာ အလျှံပယ်ထွက်နေတဲ့ရေနံကို -င်ယားပြီးပိတ်ပစ်ခဲ့တဲ့ ဘိုင်ကြီးက ရုရှားကနေ အစားထိုးသွင်းနေရာကနေ ဗင်နီဇွဲလားက ပြောင်းသွင်းမယ်လို့ ကြေငြာပြီး မကြာခင်မှာပဲ ဗင်နီဇွဲလားနဲ့ အီရန်တို့ကြား ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ စာချုပ်ချုပ်လိုက်ပါတယ်။ ဒါ့အပြင် ဗင်နီဇွဲလားက အီရန်ဆီက ရေနံစည် ၈သိန်းတင်ဆောင်နိုင်တဲ့ ရေနံတင်သင်္ဘော ၄စီးဝယ်ယူဖို့ မှားထားတဲ့ထဲက ဒုတိယမြောက်အစီးကို လက်ခံရယူခဲ့ပါတယ်။ အဲဒီရေနံတင်သင်္ဘောဆောက်တဲ့ ကုမ္ပဏီက အီရန်စစ်တပ်နဲ့ ပတ်သက်မှုရှိတဲ့အတွက် အမေရိကန်က ဆန်ရှင်လုပ်ထားတာဖြစ်ပါတယ်။ ကွန်မြူနစ်ဗင်နီဇွဲလားက ရေနံကို ဆန်ရှင်လုပ်ထားတဲ့ အီရန်ကုမ္ပဏီကဆောက်တဲ့ သင်္ဘောနဲ့ သယ်လာပြီး အမေရိကန်ကိုရောင်းရင် အိမ်ကျယ်ဘိုင်ကြီးတို့ ဘယ်လိုတုန့်ပြန်မလဲ သိချင်မိပါတယ်။
အမေရိကန်စစ်တပ်ရဲ့ ကြံ့ခိုင်ရေးစစ်ဆေးမှုစံအသစ်တွေ ထုတ်ပြန်လိုက်တာမှာ ကျားနဲ့ မကြား ကြံ့ခိုင်မှုအဆင့်အတန်း ခွဲခြားသတ်မှတ်ထားတယ်လို့ တွေ့ရပါတယ်။ အရင်က G I Jane ရုပ်ရှင်ထဲမှာလို တိုက်ပွဲဝင်ဖို့လိုအပ်တဲ့ ကြံခိုင်မှုစံက ဆိုင်ရာတပ်/တိုက်ပွဲအတွက် တမျိုးထည်းဖြစ်ပြီး အဲဒီအဆင့်ကို သွားချင်တဲ့ ကျား/မမရွေး မည်သူမဆို သတ်မှတ်ကြံခိုင်စွမ်းရည်ရှိရတာဖြစ်ပါတယ်။ တတန်းတစားထဲ ထားရှိခြင်းဖြင့် ဒီအဆင့်ရောက်လာသူ အမျိုးသမီးများကိုလည်း ညှာနေစရာမလိုသလို အမျိုးသမီးဖြစ်နေတဲ့အတွက် မထီမဲ့မြင် အပြုခံရဖို့လည်း အခွင့်အများကြီး နည်းသွားပါတယ်။ ကြံ့ခိုင်မှုအဆင့် မမှီသူတွေအတွက် တခြားအဆင့်/တာဝန်တွေ အများကြီးရှိတာကိုလည်း မေ့မထားသင့်ပါဘူး။
အခုလို ခွဲခြားသတ်မှတ်လိုက်တာဟာ ဒီမိုကရက်တွေ ဇောင်းပေးနေတဲ့ ဒိုင်ဗာစတီနဲ့အင်ကလူးရှင်း အတွက် ဖြစ်ပြီး တကယ့်တိုက်ပွဲမှာ ကြံ့ခိုင်မှု စံနှိမ့်ထားတဲ့ အမျိုးသမီးတွေပါ အင်ကလူးရှင်းပေါ်လစီနဲ့ ပါလာရင် ရန်သူတွေ လက်ခမောင်းခတ်ကြဦးမှာပါပဲ။ အမေရိကန်စစ်တပ်ကို အသားအရောင်နဲ့ လိင်အသားပေးလုပ်လာတာ အိုဘားမားခေတ်က စခဲ့တာဖြစ်ပြီး ဘိုင်ဒန့်လက်ထက်မှာတော့ တိုက်ပွဲအတွက်လိုအပ်တဲ့ စွမ်းရည်တွေအားလုံးကို အဆင့်နှိမ့်/အသားမပေးတော့ပဲ ဘယ်လိုနာမ်စားသုံး၊ လိင်တူကြိုက်/လိင်ပြောင်းတွေအပေါ် ဘယ်လိုစန်းစန်းတင့်ဖြစ်ပေးရမယ် ဆိုတာတွေကို အလျင်အမြန်အကောင်အထည် ဖော်နေတာပါ။ ဒါ့အပြင် တပ်ထဲဝင်တာ/ ရာထူးတိုးတာတွေကအစ အရောင်နဲ့လူတွေ လိင်တူကြိုက်/မိန်းမတွေ ဦးစားပေးလုပ်နေတဲ့သူတွေက အမေရိကန်ကို ချစ်ပါတယ်ဆိုတာ ကျိန်ပြောရင်တောင် ယုံဖို့ခက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲနှစ်မှာ ဟိုပိုးအကြောင်းပြ အစစပိတ်ပင်ထားတဲ့ကြားက ဂျော့ဖလွိုက်သေတာ အကြောင်းပြပြီး ပလိုးစီနှပ်ကြောင်းပေးခဲ့တဲ့အတိုင်း ဆူပူမှုတွေ ဆက်လာလိုက်တာ တပြည်လုံး လနဲ့ချီ ခံခဲ့ရသလိုပဲ ၂၀၂၂ ရွေးကောက်ပွဲနှစ်မှာလည်း အဘောရှင်းသမားတွေကို မပြီးနိုင်မစီးနိုင် ဆူပူမှုတွေလုပ်ဖို့ ရှူးမားတို့ နှပ်ကြောင်းပေးနေခဲ့တာပါ။ တရားသူကြီးကာဗာနာကို မင်းထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ရလိမ့်မယ်လို့ ရှူးမားပဲ ခြိမ်းခြောက်ခဲ့တာဖြစ်တော့ အခုလို ကာဗာနာကို လုပ်ကြံဖို့ စူးရောက်တွေ ထွက်လာတဲ့အကြောင်းရင်းက ရှူးမားတို့တစုပဲ ဖြစ်ပါတယ်။ ဒီတယောက်မိလည်း နောက်ထပ် ထပ်ထွက်လာဦးမှာပါပဲ။
အခုဆိုရင် မိခင်လောင်းတွေကို စောင့်ရှောက်မှုပေးတဲ့ ပရိုလိုက်ဖ်စင်တာ ၄ခုကို မီးလောင်ဗုံးပစ် ဖောက်ခွဲဖျက်ဆီးခဲ့ကြပြီး နောက်ထပ်အနည်းဆုံး ၁၂ခု ရိုက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။ အက်ဖ်ဘီအိုင်က အကြမ်းမဖက်ဖို့ ပြောထားပေမယ့် အဘောရှင်းသမားများက အကြမ်းဖက်တဲ့နည်းကို ပစ်ပယ်မထားဘူးလို့ ဆိုပါတယ်။ ခုထိ အကြမ်းဖက်နေသမျှကိုတော့ ဘိုင်ဒန်ရဲ့ တရားရေးဌာနရော အက်ဖ်ဘီအိုင်ကပါ မမြင်ချင်ယောင်ဆောင်နေကြသလိုပါပဲ။
အဘောရှင်းသမားတွေက ဆူပရင်းမ်ကုတ်အပြင်က လမ်းတွေ ယာဥ်ဝင်ပေါက်တွေကို ပိတ်ဆို့ဆန္ဒပြနေကြပြီး ဆူပရင်းမ်ကုတ် ပိတ်လိုက်ရတဲ့အထိ စီစဥ်နေကြတဲ့ ဇူမ်းအစည်းအဝေးကို တက်ကြွလှုပ်ရှားသူ ၃၄ဦးလောက်ပဲ တက်ခဲ့တဲ့အတွက် ၆၀လောက်တက်တဲ့ အရင်အစည်းအဝေးတွေနဲ့စာရင် တော်တော်နည်းသွားတာ ဖြစ်ပါတယ်။ အဲဒီထဲက တက်ကြွလှုပ်ရှားသူတချို့က ဆူပရင်းမ်ကုတ်ကိုယ်၌က တရားမဝင်ဘူးလို့ ထင်နေကြတာပါ။ ဘယ်သူတွေက ဘယ်လိုဦးနှောက်ဆေးပေးလိုက်သလဲ သိချင်မိပါတယ်။ ယာဥ်ဝင်ပေါက်တွေ ပိတ်ထားတဲ့အတွက် တရားသူကြီးတွေက ရုံးလာရင် ခြေလျှင်လျောက်ဝင်ရမယ့်အနေအထား ဖြစ်ပါတယ်။ ပလိုးစီတို့ ရှူးမားတို့လို ဒီမိုကရက်တွေကို အဲဒီလိုလုပ်မိရင် ဘဝပျက်သွားနိုင်တာနဲ့ ယှဥ်ကြည့်စေချင်ပါတယ်။
အီရီဇိုးနားပြည်နယ် မာရီကိုပါကောင်တီမှတ်တမ်းရုံးက ပြောရေးဆိုခွင့်ရှိသူ မေဂန်ဂေလ်ဘတ်ဆန်က ၂၀၂၀တုန်းက နောက်ကျမှရောက်လာတဲ့ မဲ၂သောင်းကို စစ်ဆေးစီစစ်မှုမပြုပဲ စကန်နာထဲ ထည့်လိုက်တယ်လို့ ဝန်ခံလိုက်ကြောင်း အီရီဇိုးနားဆန်းတိုင်းမ်စ်မှာ ဖော်ပြထားပါတယ်။ သူမအဆိုအရ အဲဒီမဲတွေက နောက်ကျတယ်ဆိုတာထက် ရွေးကောက်ပွဲနေ့က စကန်လုပ်လို့ မပြီးလို့ နောက်နေ့ဆက်လုပ်ရတာလို့ဆိုပြီး မစစ်ဆေးတာကိုတော့ ဝန်ခံသွားပါတယ်။ မစစ်ဆေးတဲ့မဲကို ထည့်ရေတာက တရားမဝင်တာ တာဝန်ရှိသူတိုင်း သိသင့်တဲ့ကိစ္စဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ရာဇဝတ်မှုနဲ့ အကျုံးဝင်နိုင်တယ်လို့ ဆိုကြပါတယ်။
ပင်ဆယ်လ်ဗေးနီးယားပြည်နယ် လေဟိုင်းကောင်တီမှာ မနှစ်ကပြုလုပ်ခဲ့တဲ့ ပြည်နယ်အဆင့်တရားရေးရွေးကောက်ပွဲတုန်းက ရလာတဲ့ ရက်စွဲမပါတဲ့မဲတွေကို ထည့်ရေဖို့ ဆူပရင်းမ်ကုတ်က ဆုံးဖြတ်ပေးခဲ့ပါတယ်။ အဆိုပါဆုံးဖြတ်ချက်က ကွန်ဆာဗေးတစ်တရားသူကြီး၃ဦး ဖြစ်တဲ့ အလိတို၊ သောမတ်စ်နဲ့ ဂေါ်ဆပ်ချ်တို့က ကန့်ကွက်နေတဲ့ကြားထဲက ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်က အဲဒီပြည်နယ်က တခြားရွေးကောက်ပွဲတွေကိုပါ သက်ရောက်မှုရှိမှာဖြစ်ပေမယ့် မကြာသေးမီက ပြုလုပ်သွားတဲ့ ဒေါက်တာအော့ဇ်နဲ့ မက်ကောမစ်တို့ အကြိတ်အနယ်ယှဥ်ပြိုင်ခဲ့ရတဲ့ ဆီးနိတ်နေရာရွေးကောက်ပွဲအတွက်တော့ မမှီတော့ပါဘူး။ အဲဒီပွဲမှာ ထရမ့်ထောက်ခံတဲ့ ဒေါက်တာအော့ဇ်က မဲ၉၀၀ကျော်အသာနဲ့ အနိုင်ရသွားပါတယ်။
ကယ်လီဖိုးနီးယားမှာရှိတဲ့ အမေရိကန်မှာ ဖားမားဂျွန်တံဆိပ်နဲ့ အကြီးဆုံးဝက်သားထုတ်လုပ်တဲ့ စမစ်သ်ဖီးလ်ဒ်စက်ရုံဟာ စရိတ်စကကြီးမြင့်မှုနဲ့ ကြိုးနီစနစ်တွေ၊ ဥပဒေစည်းမျဥ်းတွေ များလွန်းတာကြောင့် ရှေ့နစ်ဆန်းကစပြီး စက်ရုံပိတ်သိမ်းတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ ကယ်လီဖိုးနီးယားက စက်ရုံတင်ပိတ်မှာမဟုတ်ပဲ ကယ်လီဖိုးနီးယားစက်ရုံကို ပို့ပေးနေတဲ့ ယူတာနဲ့ အီရီဇိုးနားက စက်ရုံ/ဝက်မွေးမြူရေးခြံတွေပါ ပိတ်ပစ်မှာဖြစ်ပြီး Midwest မှာပဲ ချန်ထားတော့မှာဖြစ်ပါတယ်။ ကယ်လီးဖိုးနီးယားစက်ရုံက သမဂ္ဂတွေကြီးစိုးတာကြောင့် လုပ်ခ ပိုဈေးကြီးပြီး အခွန်အခလည်းကြီးမားပါတယ်။ ဒါ့အပြင် ပြည်နယ်ရဲ့ Prop 12 နဲ့အညီ ဝက်အခွင့်အရေးတွေဖြစ်တဲ့ ချောင်ချောင်ချိချိ နေနိုင်ထားနိုင်ဖို့ စရိတ်ကြီးမြင့်တာကြောင့် အဲဒီစရိတ်နဲ့ ထွက်လာတဲ့ ထုတ်ကုန်တွေကို ပြည်ပနဲ့ တခြားပြည်နယ်တွေကို ပို့ဖို့ စီးပွားရေးအရ တွက်ခြေမကိုက်ဘူးလို့ သိရပါတယ်။