ပြဿနာပေါင်း သောင်းခြောက်ထောင်ကြုံနေရတဲ့ တိုင်းပြည်မှာ ဘဘဂျိုး အရေးတကြီး လုပ်လိုက်တာကတော့ ကလေးတွေလိင်ပြောင်းလဲမှုလုပ်လို့လွယ်အောင် သမ္မတအာဏာနဲ့ လက်မှတ်ထိုးထုတ်ပြန်လိုက်တာပါ။ ပုံမှန်အားဖြင့် တိုင်းပြည်မှာ အရေးတကြီး/ချက်ခြင်း လိုအပ်နေတာမျိုး မဟုတ်ရင် လွှတ်တော်ကနေပဲ သွားတာက အဖြစ်သင့်ဆုံးနဲ့ ခြေ/ဥနဲ့အကိုက်ဆုံး ဥပဒေပြုနည်းပါ။ ဒါပေမယ့် ဒီလိုအရူးချီးပန်းဥပဒေမျိုးကို သူတို့ကြီးစိုးထားတဲ့အချိန်မှာတောင် မတင်နိုင်တာ၊ လွှတ်တော်မှာ အခြေအတင် ဆွေးနွေးကြမှာကို ရင်မဆိုင်ရဲတာက ပြည်သူထောက်ခံမှု မရနိုင်တဲ့အခြေအနေကို ဖော်ပြနေတာပါ။
အဲဒီအမိန့်ဥပဒေ ထုတ်ပြန်ရတဲ့အကြောင်းကိုတော့ ပြည်နယ်တွေမှာ လိင်တူ/လိင်ပြောင်းတွေကို မုန်းလို့ချမှတ်တဲ့ဥပဒေတွေကို ကာပြန်ဖို့ဖြစ်ပြီး ဘူလီတွေကို ဂျိုးက အမြဲရင်ဆိုင်နေကြဖြစ်တယ်လို့ ထိပ်တန်းအစိုးရအရာရှိက ဆိုပါတယ်။ သူတို့ပြောတဲ့ မုန်းတီးတဲ့ဥပဒေတွေဆိုတာ မူလတန်းကလေး တွေကို လိင်တူကြိုက်/လိင်ပြောင်းကိစ္စသင်ဖို့ မသင့်တော်တဲ့ အရွယ်ဖြစ်လို့ မိဘမသိပဲ သင်ရိုးမှာ မထည့်ရဘူးလို့ ပြဌာန်းကြတာပါ။
ဘိုင်ဒန်တို့လုပ်မယ့် ဂျန်ဒါအဖမ်းမင်းကဲဆိုတာက အပျိုဖော် လူပျိုဖော်မဝင်ခင်ကလေးတွေကို ဟော်မုန်းတွေပေး၊ ခွဲစိတ်မှုတွေ လုပ်လိုက်ရင် အသိဉာဏ်နဲ့ အတွေ့အကြုံ ရင့်ကျက်လာတဲ့အခါ ပုံမှန်လို ပြန်မဖြစ်တော့ပဲ မျိုးကန်းသွားမှာ ဖြစ်ပါတယ်။ ဆေးလိပ် အရက်တောင် သောက်ခွင့်မရှိတဲ့ အရွယ်လေးတွေကို အဲဒီလိုလုပ်တာ ကောင်းမကောင်း ပုံမှန်လူစိတ်ရှိသူဆို ရှင်းပြနေစရာမလိုပဲ နားလည်နိုင်ပါတယ်။
စား/သောက်/ဆေးကြီးကြပ်က ကပ်ပိုးကကဆေးကို ၆လအထက် ကလေးငယ်လေးတွေမှာ ထိုးနှံပေးဖို့ ထောက်ခံချက်ပေးလိုက်ပါတယ်။ သူတို့ ထောက်ခံချက်ပေးတယ်ဆိုတာက အပြာရင့်ပြည်နယ်တွေမှာ မထိုးမနေရ ဖြစ်သွားနိုင်တာပါ။ ဥရောပနိုင်ငံ(တချို့)တွေမှာ ကပ်ပိုးကကဆေးကို ဆိုးကျိုးဖြစ်နိုင်လို့ ၃၀အောက်တွေမှာ မထိုးရဘူးလို့ သတ်မှတ်ထားချိန်မှာ အမေရိကန်က အဲဒီပိုးကြောင့် အသက်အန္တရာယ် ဘာမှမရှိတဲ့ ကလေးပိစိလေးတွေကိုပါ ဈေးကွက်ချဲ့နေတယ်ဆိုတာက အသပြာအတွက် ဘာကိုမဆို စတေးရဲတဲ့ ရုပ်ဆိုးလွန်းတဲ့ အနေအထားတခုပါ။ ကိုယ့်မထိပြီးတာပဲလို့ တွေးနိုင်ရင်တော့လည်း အနေသာကြီးပေါ့၊ အလှည့်ကျလာရင်သာ နောင်တမရပါစေနဲ့လို့ ပြောပါမယ်။ စား/သောက်/ဆေးကြီးကြပ်က စားသောက်ကုန်စက်ရုံတွေ စစ်ဆေးဖို့သာ ကြန့်ကြာနေတာ၊ သူတို့အာရ်ကေရထားတာကျတော့ ကြွတက်နေကြတာ မြင်မကောင်းအောင်ပါပဲ။
ကလေးနို့မှုန့်ပြတ်လပ်ရတဲ့ အဓိကအကြောင်းရင်းတခုကတော့ လော့ဒေါင်းတွေကြောင့် ပုံမှန်ပြုလုပ်နေကြဖြစ်တဲ့ စား/သောက်/ဆေးကြီးကြပ်ရဲ့ စစ်ဆေးမှုပေါင်း ၁၅,၀၀၀လောက်ကို မလုပ်ခဲ့ကြတော့တဲ့အတွက်ဖြစ်တယ်လို့ ကနေ့ထုတ်ပြန်တဲ့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။ ကျန်းမာရေး၊ ပို့ဆောင်ရေး၊ စိုက်ပျိုး/မွေးမြူရေး၊ စားသုံးကုန်ရောင်း/ဖြန့်/ပို့တွေ၊ စာတိုက်၊ သန့်ရှင်းရေးဝန်ထမ်းတွေက အလုပ်ဆက်ဆင်းနေရပေမယ့် စား/သောက်/ဆေးကြီးကြပ်က ဝန်ထမ်းတွေ၊ စားသောက်ကုန်စက်ရုံ စစ်ဆေးသူတွေကတော့ အလုပ်မဆင်းကြတဲ့အတွက် မကြီးသင့်တဲ့ ပြဿနာတွေ ကြီးကုန်ကြတာပါ။
အက်ဘော့စက်ရုံမှာ ဘက်တီးရီးယားတွေ့တာကလည်း သူတို့အရင်ပြန်စစ်လို့တွေ့တာမဟုတ်ပဲ ကလေးတွေဖျား/နာဖြစ်ကြလို့ တိုင်တော့မှ သွားစစ်လို့တွေ့တာပါ။ အခုတော့ အဲဒီစက်ရုံက ရေလွှမ်းခံရလို့ ပိတ်ထားလိုက်ရပြန်ပါပြီ။ ၂၀၂၀မတိုင်ခင်က အစားအစာစက်ရုံတွေကို နှစ်တိုင်းစစ်ဆေးခဲ့ကြပေမယ့် အခုတော့ နို့မှုန့်စက်ရုံကိုတောင် ၃-၅နှစ်မှ တကြိမ်ပဲ စစ်တော့မယ်လို့ ပြောင်းပစ်ခဲ့ကြပါတယ်။ အစိုးရကိုယ်၌က အလုပ်မလုပ် အဖြေမရှာတဲ့အစိုးရဆိုတော့ အောက်ကဌာနတွေပါ အလုပ်မလုပ်ကြတော့တာ သိပ်တော့ မဆန်းပါဘူး။
သမ္မတထရမ့်ကို ဇန်၆နဲ့ ပတ်သက်ပြီး အင်မ်ပိချ်လုပ်တုန်းက ဒီမိုကရက်တွေနဲ့အတူ မဲပေးခဲ့တဲ့
ရီပါဘလစ်ကန်အမတ် ၁၀ဦးရှိတာမှာ ၄ဦးက အနားယူသွားပြီး တောင်ကာရိုလိုင်းနားက တောမ်ရိုက်စ်က ပဏာမရွေးကောက်ပွဲမှာတင် ပြုတ်သွားပြီဖြစ်ပါတယ်။ သူ့ပြိုင်ဖက်က မဲ ၅၁ရာနှုန်းရပြီး ရိုက်စ်က ၂၄.၅ရာနှုန်းပဲ ရခဲ့ပါတယ်။ အင်မ်ပိချ်မန့်ကော်မီတီကလည်း ဖွဲ့သာထားတာ အဲဒီနေ့က ဖြစ်တာတွေနဲ့ ထရမ့်နဲ့ ဘယ်လိုပတ်သက်လည်းမေးရင် အခုပြန်ဝန်အသစ်လို ဆိုင်ဆိုင်မဆိုင်ဆိုင် ရေးလာတာပဲ ဖတ်ပြမယ်ဆိုတာလို ဖြစ်နေဦးမှာပါ။
အဲဒီ ဇန်၆ကိစ္စကို မ/ကိုရီးယားလိုမျိုး ချန်နယ်အားလုံး ဝါဒဖြန့်တမျိုးထဲပြသလို လစ်ဗြဲမီဒီယာတွေက တနိုင်ငံလုံးမှာပြနေတဲ့ လက်ရှိရှိုးတွေရပ်ပြီး ရက်ဆက် ပြသနေတဲ့အတွက် နဂိုကမှ ကြည့်သူအများကြီး လျော့ကုန်တဲ့ လစ်ဗြဲချန်နယ်တွေမှာ ကြည့်ရှုသူပိုးစိုးပက်စက် ကျကုန်ပြီလို့ ဆိုပါတယ်။ ဝူပီဂိုးဘတ် ပါတဲ့ သယ်ဗျူးအစီအစဥ်လည်း မကြေငြာပဲ ရပ်ထားခံရတဲ့ထဲမှာ ပါသွားပါတယ်။
အမေရိကန်ပျှမ်းမျှဆီဈေးက ၅ဒေါ်လာကျော်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီးယားမှာ ၇ဒေါ်လာလောက်ဖြစ်လာနေတာကြောင့် ပြည်တွင်းမှာထုတ်လုပ်ဖို့ အစီအစဥ်ရှိသလားလို့ မေးမြန်းကြတဲ့အပေါ် ဘိုင်ဒန်ရဲ့ ကလိုင်းမိတ်သံတမန်ကြီး ဂျွန်ကယ်ရီက မရှိပါဘူး၊ ပြည်တွင်းမှာ လုံးဝထပ်တူးစရာအကြောင်းကို မရှိပါဘူးလို့ ဖြေကြားပါတယ်။ ရေနံဈေးကြီးတယ်ဆိုတော့ သူ့မှာ ပေါပေါများများရှိတဲ့ ကျောက်မီးသွေးကို စိနကတော့ ပြောင်းသုံးနေပါပြီ။ ပဲရစ်ကလိုင်းမိတ်စာချုပ်ကြီးက သုံးစားမရတာ ဒီတချက်နဲ့တင် ထင်ရှားနေပါတယ်။
အမေရိကန်နဲ့ အနောက်နိုင်ငံတွေကိုတော့ ကယ်ရီက မီးသွေးမသုံးသင့်ဘူးလို့ ပြောပါတယ်။ ဈေးချိုပေါများတဲ့ကိုယ့်ရှိတာမသုံးရ၊ ရန်သူဆီကဟာပဲ ဈေးကြီးပေးပြီး ခခယယ ဝယ်သုံးရမယ်ဆိုတဲ့ ဦးနှောက်က တော်ရုံစကေးနဲ့တော့ မဖြစ်နိုင်ပါဘူး။
လောင်စာဈေးတက်တာနဲ့ပတ်သက်ပြီး ဘိုင်ဒန်ရဲ့ ဖြေရှင်းပုံက ပိုး၊ ပူတင်၊ ရီပါဘလစ်ကန် စတာတွေကို လွှဲချပြီး ခုတော့ ရေနံကုမ္ပဏီကြီးတွေဆီ အမြတ်လျော့ယူဖို့ ပြင်းပြင်းထန်ထန် အပြစ်တင်စာ ပို့ပါတယ်။ အက်က်ဆွန်ရော ရှက်ဗရွန်ရောက ငါတို့က သမ္မတရုံးနဲ့ အမြဲဆက်သွယ်နေတယ်၊ လိုအပ်တာပြောတယ်၊ ထုတ်လုပ်မှုမှာ ၂၀၂၀တုန်းက ငါတို့ဝင်ငွေရဲ့ ၂ဆကို ပြန်ရင်းနှီးမြှုပ်နှံခဲ့တယ်၊ ပိုက်လိုင်းလိုမျိုး infrastructure ပိုင်းမှာ ပိတ်ပင်ထားတာတွေ၊ လုပ်ထုံးလုပ်နည်းပိုင်း ကျပ်ထားတာတွေ၊ အခွန်တိုးထားတာတွေက အစိုးရမှာ တာဝန်ရှိတယ်လို့ ပြန်တုန့်ပြန်ကြပါတယ်။ ဘိုင်ဒန့်စွမ်းအင်ဝန်ကြီး ကလည်း ဒီလောက်ဈေးများ ဘရာဇီးကလူတွေလည်း တဂါလံ ၅ဒေါ်လာ၊ ကနေဒါ ၆ဒေါ်လာ၊ ဂျာမဏီမှာ ၈ဒေါ်လာပေးနေရတာပဲ၊ ဘာဆန်းလို့လဲလို့ တာဝန်မဲ့ပြောပါတယ်။ ရှက်တတ်တဲ့ သမ္မတ/အစိုးရဆိုရင်တော့ တမျိုးဖြစ်မှာပါ။
ဗာဂျီးနီးယားပြည်နယ် လိုဒန်ကောင်တီမှာ အမွှေစိန်ထောက်ပံ့ထားတဲ့ အစိုးရဆွဲချရှေ့နေ ဘူတာဘီဘရပ်ဂျ်ကို ကောင်တီဆားကစ်တရားသူကြီး ဂျိမ်းစ်ပလောင်းမန်က အိမ်ဖောက်ခိုးမှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သံသယရှိသူ ကယ်ဗင်အန်ရစ်ခ်ဗဲလ်ကို စွဲတဲ့အမှုကနေ ဖယ်ရှားလိုက်ပါတယ်။ အကြောင်းကတော့ ဘီဘရပ်ဂျ်ဟာ ရုံးတော်ကိုရော အများပြည်သူတွေကိုပါ သတင်းအမှားတွေနဲ့ လမ်းလွဲအောင်လုပ်နေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
ဗဲလ်ကို ဖမ်းခဲ့တုန်းက ဝရမ်း ၅ခုရှိနေပါတယ်၊ ၃ခုက ပိုင်ဆိုင်မှုဖျက်ဆီးတာ၊ အိုင်ဒီအတုသုံးတာတွေ ပါဝင်တဲ့ မစ်ဒီမီနော်အဆင့်ဖြစ်ပြီး ဖယ်လိုနီအဆင့် ခိုးမှုက ၂မှုဖြစ်ပါတယ်။ ဗဲလ်ကျူးလွန်ခဲ့တာတွေက မတူတဲ့ ကောင်တီတွေမှာ မတူတဲ့ရက်တွေထဲ ကျူးလွန်ခဲ့တာဖြစ်ပေမယ့် အစိုးရရှေ့နေက တရက်ထဲမှာ တနေရာထဲမှာဖြစ်တာလိုလို ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို သူခိုးဂျပိုးအဆင့်က ရှေ့နေတို့ တရားသူကြီးတို့ကို ရေလောင်းနိုင်လောက်အောင် မတတ်နိုင်ကြပေမယ့် ဆင်ခြင်တုံတရား ဉာဏ်ပညာနဲပါးကြတဲ့အတွက် နိုင်ငံရေးအရ ပျူစောထီးတွေလို ခိုင်းတာလုပ်မယ့် လက်မရွံ့တပ်သားလေးတွေ ဖြစ်လာနိုင်တာပါ။
မိန်းပြည်နယ်က အကြီးဆုံးကောင်တီမှာ အမွှေစိန်က ထောက်ခံပေးထားတဲ့ ဂျက်ကလင်း ဆာတိုရစ်က ဒီမိုကရက်ပဏာမရွေးကောက်ပွဲမှာ လက်ရှိအစိုးရရှေ့နေကို ၆၅-၃၅% နဲ့ အနိုင်ရသွားပါတယ်။ ကြော်ငြာအား၊ စည်းရုံးရေးလူအင်အား၊ ကျောထောက်နောက်ခံ စတာတွေမှာ အကောင်ကြီးကြီးတွေ ထောက်ခံပေးထားတဲ့သူက နိုင်ကြတာများပါတယ်။ အစိုးရရှေ့နေက တရားဥပဒေစိုးမိုးရေးမှာ အဓိကကျတဲ့နေရာဖြစ်တဲ့အတွက် တိုင်းပြည်ကို မငြိမ်သက်စေချင်သူတွေအတွက် ထိန်းချုပ်လို့ လွှတ်ကောင်းတဲ့နေရာ ဖြစ်ပါတယ်။ တိုင်းပြည်မငြိမ်သက်လေ၊ လူထုဒုက္ခများလေ အစိုးရကို အားကိုးကြလေဖြစ်တာကြောင့် အဆုံးမှာ အစိုးရအာဏာပိုကြီးပြီး အစိုးရကို အိတ်ထဲထည့်ထားတဲ့ သူတွေ ခိုနီ ခိုပြာတွေ ဥပဒေအထက်က နေလို့ရကြတာပါ။
အဲဒီလိုမျိုး တရားဥပဒေစိုးမိုးရေးအတွက် အခရာကျတဲ့ အစိုးရရှေ့နေလိုနေရာမျိုး၊ ရဲဘတ်ဂျက်ဖြတ်တဲ့ကိစ္စ၊ မီဒီယာကို ချုပ်ကိုင်ပြီး ပြည်သူကို သူတို့သိစေချင်တာပဲ သိစေချင်တဲ့အတိုင်း ပေးသိဖို့ စတာတွေအတွက် အမွှေစိန်က ပွင့်လင်းလူ့အဖွဲ့အစည်းကနေ ၁၈ဘီလီယံသုံးထားတာပါ။ ပြည်သူ့အကျိုးအတွက် အဲဒီလောက် အကုန်ခံထားတာမျိုး ဖြစ်နိုင်ပါ့မလားဆိုတာတော့ ထမင်းစားကြီးသူတိုင်း သိမယ်ထင်ပါတယ်။ သူ့ထက်ချမ်းသာတဲ့ ဒုတိယအမွှေစိန်တို့ ဇကာပေါက်တို့ ကလည်း သူ့လမ်းစဥ်လိုက်လာပြီဆိုတော့ ပြည်ဖျက်ဖို့အရင်းအနှီးက မနည်းလှဘူးလို့ ဆိုရမှာပါ။ ဒီတခါရွေးကောက်ပွဲမှာ သူတို့အရေးမလှနိုင်တာသိလာတော့ အကုန်လုံးတပ်လှန့်ထားပုံရပါတယ်၊ တွဒ်တာရော ဖဘရော အကြီးအကျယ်ဆင်ဆာဖြတ်၊ အကောင့်ပိတ်တာတွေ ဖောဖောသီသီ ပြန်လုပ်လာနေကြပါပြီ။