ဟန်းတားလက်ပ်တော့ပ်ထဲက ဟန်းတားရဲ့ အသံဖိုင်ထွက်လာပါတယ်။ ၂၀၁၈ ဒီဇင်ဘာ ၃ရက်နေ့က အသံဖိုင်ထဲမှာ ဟန်းတားက သူ့ဖခင်ဂျိုးကို ဘယ်လောက်ပိုင်ကြောင်း ကြွားထားပါတယ်။ အဖေက သူ့နိုင်ငံရေးထိမှာတို့ဘာတို့ တွေးမှာမဟုတ်ဘူး၊ ငါကသာ ဒီကိစ္စငါ့အတွက် အရေးကြီးတယ်လို့ ပြောလိုက်ရင် အဖေက ငါဖြစ်ချင်တယ်ဆိုတာကို သူ့ပလက်ဖောင်ထဲ ကြံဖန်ပြီး ထည့်ပေးမှာ အသေအချာပဲ၊ ငါပြောစေချင်တာဆိုလည်း ဘာဖြစ်ဖြစ် သူက ပြောပေးမှာပဲ၊ အဖေက ကမ္ဘာပေါ်က ဘယ်သူ့ထက်မဆို ငါ့ကိုပို အလေးထားတယ်၊ မင်းသိသမျှ လူတွေထက်ကောင်းတဲ့သူ၊ အဖေက ဒီလောက်ကောင်းတယ် ဆိုပေမယ့် အဖေ့ထက်ကောင်းတာကတော့ ငါပေါ့၊ ဘာလို့လဲဆိုတော့ ငါ ၂နှစ်သားထဲက အဖေက ငါကသူ့ထက်သာတယ်လို့ တချိန်လုံး ပြောနေခဲ့တာလေလို့ သူ့မိတ်ဆွေ ဗြိတိသျှအနုပညာသမား ဖိလစ်ပါဟိုရန်ကို ကြွားထားပါတယ်။ အဲဒီအသံဖိုင်ရက်စွဲက ဂျိုးက ၂၀၂၀သမ္မတရွေးကောက်ပွဲကိုဝင်မယ်လို့ မကြေငြာခင်လေးမှာ ဖြစ်ပါတယ်။
နောက်မိတ်ဆွေဟောင်းတဦးကလည်း ဟန်းတားက သူ့ဖခင်ရဲ့ အနီးဆုံးအကြံပေးလို့ ဆိုပါတယ်။ အဲဒီအသံဖိုင်ထဲမှာပဲ ဟန်းတားက ဟိုရန်ကို သူက သူ့ဖခင်ဂျိုးရဲ့ နိုင်ငံရေးဘဝမှာ ပါဝင်ပတ်သက်နေတယ်လို့ ပြောထားပါတယ်။ နိုင်ငံရေးမှာ (အဖေနဲ့ပတ်သက်ပြီး) ငါ့လို ပါဝင်နေဖို့ဆိုရင် ငါက သူလုပ်နေတာတွေကို ယုံကြည်ရမယ်ဆိုတာ ဟိုးတုန်းထဲက သဘောပေါက်ထားပြီး အဲဒီပလက်ဖောင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ သုံးကို သုံးရမယ်၊ မဟုတ်ရင် အဲဒီပလက်ဖောင်က မင်းကို စီးနေလိမ့်မယ်ဆိုတာ ငါသိနေတယ်လို့ ဆိုပါတယ်။ ဟန်းတားလုပ်နေတာတွေက ဟန်းတားရော ဂျိုးကိုပါ ငွေကြေးအကျိုးအမြတ် ရစေတာပါ။
ဟန်းတားက သူ့တရားဝင်သမီးနာယိုမီဆီပို့တဲ့ ၂၀၁၉ ဇန်နဝါရီက စာထဲမှာ ငါ့လို မင်းတို့အားလုံး လုပ်နိုင်ပြီး ငါတို့မိသားစုကြီးတခုလုံးကို အနှစ် ၃၀ကျော်ထောက်ပံ့လာနိုင်ဖို့ မျှော်လင့်တယ်၊ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ ငါ့အဖေလိုတော့ မင်းဆီက တဝက်မတောင်းပါဘူးလို့ ရေးထားပါတယ်။ တရားဝင်ဆိုတာက သူ့အကိုဘိုဆုံးပြီး မရီးကိုခိုးစား ဖတဆိုးတူမလေးကိုပါ လက်သရမ်းနေချိန်မှာပဲ ဖော်ချွတ်ကခြေသည်တဦးနဲ့ သမီးလေးတယောက် ထပ်ရခဲ့ပါတယ်။ ဒီအန်အေပြနိုင်လို့ ကလေးထောက်ပံ့ကြေးပေးရပေမယ့် တမိသားစုလုံးက အသိအမှတ်မပြုလို့ မိခင်နာမည်ပဲ ပေးထားရတာပါ။ ဇကတော့ မျိုးနဲ့ရိုးနဲ့ပါပဲ။ မကောင်းမြစ်တာဆိုပေမယ့် ကိုယ်တိုင်က မကောင်းနေတော့လည်း သားသမီးကို လမ်းညွှန်ဖို့ ခက်ပါတယ်။