ဇွန် ၂၁ရက် ၂၀၂၂

နိုင်ငံရေးမဲဆွယ်ရာမှာ မူပြစရာ ခိုင်ခိုင်မာမာမရှိတဲ့အတွက် လူပိန်းကြိုက်ဖြစ်တဲ့ အသားရောင်နဲ့ လိင်ကို ဦးစားပေးမဲဆွယ်ကြတဲ့ ဒီမိုကရက်တွေအတွက် လာတီနိုတွေကြားမှာ သူတို့ကိုထောက်ခံမှု အကြီးအကျယ်ကျဆင်းနေခဲ့တာကို ကုစားဖို့ အပြင်းအထန်ကြိုးစားနေပါတယ်။ လာတီနိုတွေ အလုပ်များတဲ့ တပိုင်တနိုင်စီးပွားရေးလုပ်တာတို့ အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင် ပေါများအောင် လုပ်ပေးတာတို့တော့ မဟုတ်ပါဘူး။ အမွှေစိန်က စပန်းနစ်စကားပြောတဲ့ မီဒီယာချန်နယ်တွေ လိုက်ဝယ်နေတာပါ။

လာတီနိုတွေက ထရမ့်ရဲ့ ပထမအကြိမ်ရွေးကောက်ပွဲမှာ ဘော်ဒါဝေါဆောက်မယ်၊ မက္ကဆီကိုကို ပေးခိုင်းမယ်ဆိုတာကို နားလည်မှုလွဲခဲ့ကြလို့ ဟေလာရီကို ပုံပေးခဲ့ကြပေမယ့် ထရမ့်ရဲ့ ၄နှစ်တာက သူတို့လို တပိုင်တနိုင်စီးပွားရေးသမားတွေ၊ အခြေခံလူတန်းစားတွေအများကြီး အကျိုးရှိတာတဲ့အပြင် နယ်စပ်လုံတဲ့အတွက် နယ်စပ်နဲ့နီးတဲ့ဒေသတွေမှာ ရာဇဝတ်မှုနည်းပါးတာ သိလာကြလို့ ထရမ့်ရဲ့ ဒုတိယရွေးကောက်ပွဲမှာ လာတီနိုမဲတွေ အများကြီး တက်လာခဲ့တာပါ။ အခုလို ဘိုင်ဒန်ရဲ့ ပြည်ဖျက်စီမံကိန်းကို ကြုံလိုက်ရတော့ အနှစ် ၁၅၀ကျော် ရီပါဘလစ်ကန်တွေ တခါမှ မနိုင်ခဲ့တဲ့နေရာတွေမှာတောင် နိုင်လာပါပြီ။  

စပန်းနစ်ရှ်စကားပြောတဲ့ ချန်နယ်တွေဝယ်ပြီးရင် ဘာလုပ်မလဲဆိုတော့ သတင်းအမှားတွေနဲ့ ဝါဒဖြန့်မှိုင်းတိုက်တော့မှာပေါ့။ ၂၀၁၅ကစပြီး ဝါဒဖြန့်မှိုင်းတိုက်ခဲ့လို့ တကမ္ဘာလုံးမှာ ခုထိ ထရမ့်မုန်းနေတာတွေ အများကြီး။ လူဆိုတာ ကိုယ်ယုံချင်တာယုံကြတာဆိုတော့ မှားနေတယ်ဆိုလည်း ကြိုက်ကြမှာမှမဟုတ်တာ။ ခုတခါကတော့ သိပြီးသားအကြောင်းတွေထက် မသိစေချင်တဲ့အရာ၊ ဥပမာ ဒီမိုကရက်တွေ ခြစားတာတွေ တလွဲလုပ်တာတွေ၊ ရာဇဝတ်မှုတွေကို ဖုံးဖိထားကြပြီး ရီပါဘလစ်ကန်မကောင်းကြောင်းတွေကို သာသာထိုးထိုး လွှင့်ကြဖို့ များပါတယ်။ ကပ်အသစ် ဖန်တီးတဲ့အခါ အကြောက်မှိုင်းနဲ့ ညာသံပေးခြောက်ဖို့မှာလည်း သုံးကြဦးမှာပေါ့။

လား ၂၀၀၀ ရုပ်ရှင်က ဘယ်လောက်ထိရောက်သလဲဆိုတော့ လူနီပါလို့လိမ်တဲ့လူဖြူမလဇ်ဝါရန်က ဆဲလ်ဖုံးတွေရဲ့ တည်နေရာပြသမိုင်းဒေတာကို မတိကျပါဘူးဆိုပြီး ဘန်းဖို့လုပ်ပါတယ်။ မတိကျရင် သူတို့ကြောက်နေစရာအကြောင်းရှိပါ့မလား၊ လိုက်ရောပိတ်ပင်နေစရာ လိုပါ့မလား၊ စီစီတီဗီတွေက မြင်ရတာတွေနဲ့ သွားကိုက်နေပါ့မလား။ အေးလေ၊ လိမ်တဲ့သူက မကောင်းမှုအားလုံးရဲ့ တံခါးကို ဖွင့်လိုက်ပြီပဲ။ တက္ကဆက်စ်ဂျီအိုပီကို အဲဒီမှတ်တမ်းရုပ်ရှင်ပြအပြီးမှာ သူတို့ရဲ့ ၂၀၂၂ အတွက် ပလက်ဖောင်က ဘဒင်ကြီးက တရာမဝင်ပါဘူးလို့ သတ်မှတ်လိုက်တာပါ။

ဟူစိန်က ပြည်သူတွေကိုသာ ရေနံ/ဓါတ်ငွေ့မသုံးစေချင်ပေမယ့် မုန်တိုင်းဝင်လို့ မီးပျက်မှာကို ကာကွယ်ဖို့အတွက် သူ့ရဲ့ နယူးအင်္ဂလန်က စံအိမ်ကြီးအတွက် မြေအောက်မှာ စုစုပေါင်းဂါလံ ၂၅၀၀ဆန့် ဧရာမဂက်စ်တန့်ခ်ကြီး ၃ခု တပ်ဆင်မယ်လို့ သိရပါတယ်။ ဧရာမဆိုတာက တမိသားစုထဲနေတဲ့ လူနေအိမ်အတွက် ကြီးမားတာအပြင် တပ်လေ့တပ်ထမရှိကြတာကြောင့် ဖြစ်ပါတယ်။ သူ့အိမ်သူတပ်တာ မနာလိုလို့ ပြောနေတာမဟုတ်ပါဘူး။ ပြည်သူကိုတော့ ဖော့ဆွိုင်းဖြူရယ်လ်မကောင်းဘူး မသုံးကြနဲ့လို့ လိုက်ပိတ်ပင်ပြီး သူတို့အတွက်ကျ တဖြဲနဖြဲသုံးနေတာကို ထင်ရှားစေချင်တာပါ။ နေတို့လေတို့ကပါဝါတွေ ဘာလို့မသုံးပဲ ဓါတ်ငွေ့မှ ဓါတ်ငွေ့ဖြစ်နေတာကတော့ ငါလုပ်သလိုမလုပ်နဲ့ ငါပြောသလိုလုပ်ဆိုတဲ့ အာဏာရှင်အကျင့်ပါပဲ။

ကလိုင်းမိတ်သံတမန် ဂျွန်ကယ်ရီလည်း တကမ္ဘာလုံးပတ်ပြီး ဖော့ဆွိုင်းဖြူရယ်လ်မသုံးဖို့ လေယာဥ်စီးလုံးနဲ့ ပျံလိုက်ရတာ အဲဒီမှာတင် တော်တော်လေး ဆီကုန် စားရိတ်ထောင်းနေပါပြီ။ အပေါက်နဲ့ အလမ်းမတည့်တာတွေပြောပါတယ်။ ရီပါဘလစ်ကန်တွေကတော့ သင်းလေယာဥ်တစီးနဲ့ ကမ္ဘာပတ်ပြီး အရေမရအဖတ်မရတွေ လုပ်နေတာကို ဟန့်တားမယ့် ဥပဒေကြမ်း ထုတ်ဖို့ ကြိုးစားနေပါတယ်။

အမေရိကန်မှာ ကနေ့ဟာ တရားဝင်နွေရာသီစတဲ့နေ့ ဖြစ်ပါတယ်။ နွေကာလမှာ ကျောင်းတွေပိတ်လို့ ခရီးသွားလာကြတာ များသလို ဆီဈေးကလည်း တနှစ်တာအတွင်း အမြင့်ဆုံးကို တက်တတ်ပါတယ်။ ကယ်လီဖိုးနီးယားမှာ ဂျူလိုင် ၁ရက်ဆိုရင် လောင်စာဆီခွန် ၅.၆ရာနှုန်း ထပ်တက်ဦးမှာဖြစ်လို့ နွေဈေးတက်မှာပေါင်းလိုက်ရင် အနည်းဆုံးနေရာမှာတောင် ရိုးရိုးဆီကို ၇ဒေါ်လာကျော်သွားဖို့ နီးနေပါပြီ။ ပြည်နယ်ဒီမိုကရက်တွေက ဆီဈေးဘာကြောင့်ကြီးရတယ်ဆိုတာကို ခုမှ စုံစမ်းစစ်ဆေးရေးလုပ်ဖို့ ကော်မီတီဖွဲ့လိုက်ပါတယ်တဲ့။ ပြီးရင်ဆီကုမ္ပဏီကြီးတွေကိုပဲ ဘလိမ်းဂိမ်းလုပ်ကြဦးမှာပေါ့။

ဘိုင်ကြီးအစိုးရကတော့ ဂက်စ်ခွန်ဟောလီးဒေးတို့ ရီဘိတ်တို့ လုပ်ပေးမယ်စီစဥ်နေပါတယ်။ အကြောင်းရင်းကို ကုသချင်ရင် လက်ထဲမှာအဆင်သင့်ရှိနေလျက်နဲ့ အစိုးရအာဏာပိုထွားစေမယ့် မလိုအပ်ပဲ လက်ဝင်တဲ့ အလေအလွင့်များတဲ့ကိစ္စတွေဖြစ်တဲ့ ဂက်စ်တက်စ်ဟောလီးဒေးတို့ ရီဘိတ်တို့ကို လုပ်တာက တော်တော်တုံးတာမဟုတ်ရင် တော်တော်ယုတ်တာလို့ပဲ ပြောပါမယ်။

ဂျစ်ရှ်လင်မက်ဆွဲလ်က အများဆုံးထောင်ဒဏ် နှစ်၅၀ကျနိုင်တာကနေ ၄နှစ်၃လထိ လျှော့ချပေးဖို့ လျောက်ထားတဲ့ထဲမှာ သူ့ကို လုပ်ကြံဖို့ ခြိမ်းခြောက်နေကြတယ်ဆိုတဲ့ ကောလဟလတွေအပြင် ကလိန်တန်တို့ ဖောင်ဒေးရှင်းရဲ့ “လူသားအကျိုးပြု”လုပ်ငန်းတွေမှာ သူမဘယ်လောက်တောင် ပါဝင်အကျိုးပြုခဲ့တယ်ဆိုတာကိုပါ တင်ပြထားပါတယ်။ လူသားအကျိုးပြုလုပ်ခဲ့တာတွေ ပြချင်တာလား၊ ကေလာရီတို့အကြောင်း လက်ထောက်ချနိုင်သူတွေ ကန့်လန့်ဖြစ်လာသူတွေ လက်စဖျောက်ခံရတာနဲ့ ခြောက်ချင်တာလား၊ ဝိတ်သုံးတာလားဆိုတာတော့ စောင့်ကြည့်ရမှာပါပဲ။

ဘိုင်ကြီးအစိုးရက တောင်ပိုင်းနယ်စပ်က ဆောက်လက်စတံတိုင်းမှာ လွတ်နေတဲ့နေရာတွေကို တိတ်တိတ်လေး လိုက်ဖြည့်နေတယ်လို့ သတင်းရပါတယ်။ ဘိုင်ဒန်တက်ခါစက နယ်ခြားတံတိုင်းက အရေးပါတဲ့နေရာတွေမှာ ပြီးလုနေပါပြီ။ ပစ္စည်းတွေလည်းအသင့်၊ ကန်ထရိုက်လည်း ပုဒ်ပြတ်ပေးပြီး ဖြစ်ပေမယ့် မဲလိုချင်ဇောတခုနဲ့ အကုန်ရပ်ပစ်ခဲ့တာပါ။ ဖြစ်နိုင်တာထဲက တခုကတော့ ၈၀ရာနှုန်းမက္ကဆီကန်တွေနေတဲ့ နယ်စပ်မြို့မှာတောင် အစဥ်အလာမဟုတ်ပဲ ရီပါဘလစ်ကန်တွေ နိုင်လာပြီဖြစ်တော့ လူတိုင်းကို ပေးမဝင်တော့ပဲ သူတို့မဲရမှာသေချာတဲ့ အချောင်သမားတွေ၊ ရာဇဝတ်ကောင်တွေ၊ လူကုန် လိင်ကုန် မူးယစ်ကုန်ကူးသူတွေနဲ့ အကြမ်းဖက်တွေပဲ ပေးဝင်မှာလားလို့ ထင်မြင်မိပါတယ်။ တက္ကဆက်စ်က သူတို့ဖမ်းမိတဲ့ခိုးဝင်တွေကို ဒီစီကို ဘတ်စ်တွေနဲ့ ပို့ပေးခဲ့သလို တက္ကဆက်စ်နဲ့ အီရီဇိုးနားတို့က ဘိုင်ဒန်နေတဲ့ပြည်နယ်ကိုပါ ပို့ပေးဖို့ သဘောတူထားကြပါတယ်။

ဘဒအစိုးရက ရီဆက်ရှင်မလာပါဘူး၊ စီးပွားပျက်ကပ်မဆိုက်ပါဘူးလို့ပဲ တွင်တွင်ငြင်းနေပေမယ့် ရှိနေတဲ့ အကြောင်းချင်းရာတွေနဲ့ အရေးယူကုစားမှုနတ္ထိနဲ့ဆိုတော့ ဒီတိုင်းဆက်သွားရင် စီးပွားပျက်ကပ်က ဆိုက်တော့မှာပါ။ အဲဒီလမ်းကြောင်းမှာ ဖြစ်လေ့ရှိတာတခုက ထုတ်လုပ်သူတွေဟာ ပစ္စည်းတွေကို ဈေးလျှော့ရောင်းပြီး ငွေဖော်အပြတ်ဖြတ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါမျိုးက ကုမ္ပဏီဝင်ငွေကြေငြာခါနီးမှာလည်း တားဂက်မှီအောင် လုပ်လေ့ရှိပါတယ်။

ရီဆက်ရှင်မတိုင်ခင်မှာ လုပ်ကြတာက ဈေးလျော့ရောင်းပြီး ငွေဖော်ပြီးရင် ရလာတဲ့ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံမှုမပြုတော့ပဲ ကျစ်ထားကြတော့မှာပါ။ ပြည်သူမှာ ဝယ်နိုင်တဲ့အနေအထားလည်း မရှိတော့လောက်ဘူးလို့ တွက်ကြတဲ့အခါ ရင်းနှီးမြှုပ်နှံနေလည်း အရှုံးပေါ်တာပဲ ရှိမှာလေ။ အဲဒီလိုဈေးချရောင်းကြတာတွေကြောင့် ပြည်သူတွေ သုံးစွဲမှုတက်လာတဲ့အတွက် ရေတိုမှာ တိုင်းပြည်စီးပွားရေး ပြန်နာလံထူလာသလိုလို ထင်ရပေမယ့် တကယ်တမ်းမှာ လုပ်ငန်းရှင်တွေက ရီဆက်ရှင်မှာ အသက်ဆက်ဖို့အတွက် ခါးပတ်တင်းကျပ်လိုက်တာပဲ ဖြစ်ပါတယ်။ လုပ်ငန်းရှင်ကြီးတွေက အဝယ် အထုတ် အဖြန့် အရောင်းတွေ မရှိတော့လို့ ဆက်နွယ်လုပ်ငန်း အားလုံးပါ ဒုက္ခရောက်ကြရင် တိုင်းပြည်စီးပွားရေးဟာ ဒုက္ခဆတိုးပွားတော့မှာပါလို့ ဂျိုရွှာဖိလစ်က သည်အဲပုခ်တိုင်းမ်းစ်မှာ တင်ဆက်ထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: