ဇွန် ၂၄ ရက် ၂၀၂၂

ဒီကနေ့မှာ ဆူပရင်းမ်ကုတ်က ရိုးဗီဝိဒ်ကို ပြန်လှန်ပေးလိုက်တဲ့နောက်ပိုင်း တပြည်လုံးမှာ ဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲလုပ်ကြဖို့ ဒီမိုကရက်တွေ တာစူနေကြပါတယ်။ အရင်ရေးခဲ့သလိုပဲ​ ရိုးဗီဝိဒ်ဖြတ်ထုံးဟာ ဖက်ဒရယ်ဖြတ်ထုံးဖြစ်တာကြောင့် တနိုင်ငံလုံးမှာ ဖျက်ချတာအကျုံးဝင်မယ်လို့ အဓိပ္ပါယ်ရတဲ့အတွက် အခြေခံဥပဒေနဲ့ မကိုက်ညီနေတာပါ။ အခုတော့ အဲဒီဆုံးဖြတ်ချက်ကို မူလထဲက ဖြစ်သင့်တဲ့အတိုင်း ပြည်နယ်တွေဆီ ပြန်လွှဲပေးလိုက်တဲ့အတွက် ပြည်နယ်လွှတ်တော်တွေက ပြည်သူ့ကိုယ်စားလှယ် တွေက ဆုံးဖြတ်ပေးရတော့မှာဖြစ်ပါတယ်။

အများယောင်တိုင်း လိုက်မယောင်ပဲ အဲဒီထဲမှာ ဒေါသထွက်စရာ ဆန္ဒပြစရာ ကိုယ့်လွတ်လပ်မှုကို အစိုးရက​ ဝင်စွက်နေတာ ဘာများပါနေလဲလို့ အရင်စဥ်းစားကြဖို့ လိုပါတယ်။ ဆန္ဒပြတယ်ဆိုတာလည်း ဂဖလွိုက်တုန်းကလိုပဲ ရရ မရရချဆိုတဲ့မူနဲ့ ဖျက်လိုဖျက်ဆီးလုပ်ကြတဲ့အထိ တွန်းလာရင် နဂိုထဲက ဈေးနှုန်းကြီးမြင့်မှု ငွေဖောင်းပွမှုဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် လဲရာသူခိုးထောင်း ဖြစ်ကြဦးမှာပါ။

ကလင်တန်လက်ထက်က ဘဏ္ဍာရေးဝန်လုပ်ခဲ့သူ လယ်ရီဆမ်းမားစ်က လက်ရှိငွေဖောင်းပွမှု ၈.၆%ကို ကျဆင်းဖို့အတွက်ဆိုရင် အလုပ်လက်မဲ့နှုန်းက ၅နှစ်ဆက်တိုက် ၅ရာနှုန်းအထက် ရှိနေမှ ထပ်မတက်မှာ ဖြစ်မယ်လို့ ဆိုပါတယ်။ ၂နှစ်အတွင်း ကျဖို့ဆိုရင်တော့ အလုပ်လက်မဲ့နှုန်းက ၇.၅ရာနှုန်းဖြစ်ရမှာဖြစ်ပြီး တနှစ်အတွင်း ကျချင်ရင်တော့ အလုပ်လက်မဲ့နှုန်းဟာ ၁၀ရာနှုန်းအထိ ဖြစ်လာရမယ်လို့ ဆိုတာပါ။ လောလောဆယ် ယူအက်စ်ရဲ့ အလုပ်လက်မဲ့နှုန်းက ၃.၆ရာနှုန်းပါ။

လာရီက ဖက်ဒရယ်ရီဆာ့ဗ်ဟာ အကောင်းမြင်လွန်းနေပြီး ဒီအတိုင်းသွားရင် ရီဆက်ရှင်ဟာ ၂နှစ်အတွင်း မဖြစ်မနေ ရောက်လာမယ်လို့ ပြောပါတယ်။  ဘဏ်တွေနဲ့ စီးပွားရေးပညာရှင်တွေက သတိပေးနေကြပေမယ့် ဘဒင်နဲ့ သူ့ဘဏ္ဍာရေးဝန် ဂျက်နက်ယဲလန်တို့ကတော့ ရှောင်လို့ရပါသေးတယ် လို့ ငြင်းနေကြဆဲပါ။ ရှောင်ဖို့ ဘာလုပ်နေလဲဆိုတော့လည်း ဘာမှပြစရာ မရှိပြန်ပါဘူး။ မနေ့က ဆီးနိတ်ဘဏ်ကော်မီတီ ကြားနာမှုမှာ ဘူးရှစ်တွေဖြေနေတာကို ဝိုင်းထောက်ကြတော့မှ ဖက်ဒရယ်ရီဆာ့ဗ်ဥက္ကဌက အစိုးရက ငွေဖောင်းပွမှုကို လျှော့တွက်ခဲ့တယ်လို့ ဝန်ခံသွားပါတယ်။

အမျိုးသမီးအားကစားသမားတွေကို အကာအကွယ်ပေးတဲ့ တိုင်တယ်လ်နိုင်း စတင်ခဲ့တဲ့ အနှစ် ၅၀ပြည့်နှစ်ပတ်လည်မှာ ဘိုင်ကြီးတို့အဖွဲ့က စကားလုံးတွေ ကလဖန်ထိုးပြီး ဒေါင်းယောင်ဆောင်တဲ့ကျီး တွေကို အကာအကွယ်ပေးတဲ့ ဥပဒေအဖြစ် တွန်းလာကြတဲ့အတွက် မူလဥပဒေရဲ့ ရည်ရွယ်ချက်ရော အနှစ်သာရပါ အစော်ကားခံလိုက်ရသလို ဖြစ်သွားပါတယ်။ ဘိုင်ကြီးတို့ဖွင့်ဆိုချက် အရ မ’ယောင်ဆောင်တဲ့ ကျားတွေကို မ’အားကစားပွဲတွေမှာ ဝင်ပြိုင်ခွင့်ပေးမှ အဲဒီကျောင်းက ဖက်ဒရယ်ဖန်းဒင်းရမှာ ဖြစ်ပါတယ်။ ကျားယောင်ဆောင်တဲ့ မ’ တွေလည်း အလားတူပါပဲ။

နိုင်ငံငယ်လေးတွေကလည်း ဟားဟား ငါတို့နဲ့မဆိုင်ဘူးလို့ တွေးရင် မကြာခင် ကိုယ့်အိမ်တံခါး လာခေါက်တော့မှာပါ။ ဟူးက သားဆက်ခြားမှ၊ ယူနီဆက်ဖ်က ကလေးပိစိတွေကို လိင်ကိစ္စတွေ သင်ပေးမှ၊ ယူနက်စ်ကိုတို့ ယူအန်တို့ ဟူးတို့ ကမ္ဘာ့ဘဏ်တို့က လိင်တူချစ်သူတွေမှ သူတို့ကြိုက်တဲ့ လူမျိုး/ဘာသာကိုးကွယ်သူမှ နေရာပေးရမယ်၊ ဒါမှ ထောက်ပံ့ကြေးရမယ်၊ ချေးငွေရမယ်လို့ ချည်လာကြတော့မှာပါ။ ချည်လည်း လာနေပါပြီ။ ပိုဆိုးလာဖို့ပါပဲ။

ဘိုင်ကြီးရဲ့ ကျန်းမာရေးဒုဝန် ဒေါင်းယောင်ဆောင်သောကျီးက ကလေးတွေ လိင်ပြောင်းခွဲစိတ်ကုသမှုနဲ့ လူပျို/အပျိုဖော်ဝင်တာကို ဟန့်တားတာက အသက်ကယ်တဲ့၊ ကျန်းမာရေးအရလည်း လိုအပ်တဲ့၊ အသက်အရွယ်နဲ့လည်း သင့်လျော်တဲ့ အရေးကြီးတဲ့ လုပ်ငန်းစဥ်တခုဖြစ်တယ်လို့ ဆိုပါတယ်။ ဘာသိပ္ပံအထောက်အထားမှ မပြနိုင်ပဲ ငါ့စကားနွားရပြောတာကတော့ လူပိန်းတိုင်း တတ်ကြတာပါ။

နယူးယောက်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် သေနတ်တိုလေးတွေ လျှို့ဝှက်ကိုင်ဆောင်ခွင့်ကို လက်ရှိလိုင်စင်ရှိပြီးသူတောင်မှ လူတွေအများကြီးထဲမှ မင်းကမှ ဘာလို့ သေနတ်ကိုင်ဖို့လိုတာလဲ၊ ဘာခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရလို့လဲ စတဲ့အချက်တွေ ပြနိုင်မှ ကိုင်ဆောင်ခွင့်ပေးဖို့ တင်းကြပ်လိုက်တဲ့အပေါ် ဆူပရင်းမ်ကုတ်က ဒီလိုလုပ်တာဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ အဲဒီလိုဆုံးဖြတ်လိုက်တဲ့အပေါ်မှာ နယူးယောက်ဂါဗာနာနဲ့ မြို့ဝန်တွေ ပေါက်ကွဲနေကြပြီး အခုချက်ချင်း လမ်းတွေပေါ်မှာ ပစ်ကုန်ကြတော့မှာလိုလို မှိုင်းတိုက်နေကြပါတယ်။ အန္တရာယ်ဆိုတာ ကြိုမြင်နိုင်တာမျိုး မဟုတ်သလို လက်နက်ရှိတာကလည်း ကိုယ့်တယောက်ထဲကိုပဲ ကာကွယ်ရမယ်လို့ သတ်မှတ်ထားလို့မှ မရတာ။

လက်ရှိပစ်ခတ်မှုတွေရဲ့ အဓိကအကြောင်းတွေက ဒီမိုကရက်တွေကိုပဲ မဲပေးကြမယ့် ကြမ်းတမ်းရာဇဝတ်သားတွေကို မဲပေးခွင့်ဆုံးရှုံးမှာစိုးလို့ ထောင်ထဲမထည့်ပဲ မစ်ဒီမီနော်လောက်နဲ့ ပြီးအောင် တွန်းနေကြတာရယ်၊ နယ်စပ်ဖွင့်ပြီး မှောင်ခို ဈေးကွက် ထွန်းကားနေတာရယ်၊ အမုန်းပွားအောင် ပြည်သူချင်းကြား အိုးမဲသုတ်ရန်တိုက် ပေးနေတာရယ် စိတ်ရောဂါတွေကြောင့်ရယ် ပါဝင်ပါတယ်။ မူးယစ်မှောင်ခိုနဲ့ လိင်/အရောင်/နာမ်စား ကွန်ဖြူးရှင်းတွေကလည်း စိတ်ရောဂါဖြစ်နှုန်းကို ဆိုးရွားစွာ ထိခိုက်စေတာပါ။

အမေရိကန်မှာ သေနတ်ထိန်းချုပ်မှု အတင်းကျပ်ဆုံး လက်ဝဲအရောက်ဆုံးဖြစ်တဲ့ ရှီကာဂိုမြို့မှာ ပစ်ခတ် သတ်ဖြတ်မှုတွေ အပတ်တိုင်းတက်နေတဲ့အပြင် လက်ဝဲပေါ်လစီတွေနဲ့ စီးပွားရေးလုပ်လို့ အဆင်မပြေ တော့တဲ့အတွက် မြို့က ၂၉ဘီလီယံပိုင်တဲ့အချမ်းသာဆုံးကန်ဂရစ်ဖင်က သူ့ရဲ့ ၂၂ဘီလီယံကုမ္ပဏီကို ရှီကာဂိုကနေ ပိတ်သိမ်းပြီး ပိုမိုလွတ်လပ်လုံခြုံတဲ့ ဖလော်ရီဒါကို ပြောင်းတော့မယ်လို့ ကြေငြာ လိုက်ပါတယ်။ သူ့ဝန်ထမ်းတွေ သေနတ်ထောက် အလုခံရတာတွေ ကြုံနေရသလို နောက်တဦး ကလည်း အလုပ်ကို အသွားမှာ ဓါးထိုးခံခဲ့ရပြီး အခိုးခံရတာကတော့ မရေမတွက်နိုင်အောင် ပါပဲလို့ ကန်ဂရစ်ဖင်က ဆိုပါတယ်။ ရှီကာဂိုမှာ သူ့ကုမ္ပဏီအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုရှိသူ ရှာလို့မရတာလည်း ပါတယ်လို့ ဖော်ပြထားပါတယ်။

အခုလို ကုမ္ပဏီကြီးတခု ထွက်သွားတဲ့အတွက် ပြည်သူတွေအများကြီး အလုပ်ပြုတ်ကြမယ့်အပြင် မြို့နဲ့ ပြည်နယ်က ရနေတဲ့ အခွန်တွေလည်း လျော့နည်းသွားတော့မှာပါ။ ကယ်လီဖိုးနီးယားကနေလည်း ကုမ္ပဏီကြီးငယ်တွေရော နေထိုင်သူတွေပါ တစတစ ပြောင်းကုန်ကြပြီဖြစ်လို့ ကြီးသထက်ကြီးလာတဲ့ အစိုးရအသုံးစာရိတ်တွေကို ကျန်တဲ့ ကုမ္ပဏီတွေ ပြည်သူတွေက ခံကြရတော့မှာပါ။ ကုမ္ပဏီတွေ ဆိုတာလည်း ဝန်ထမ်းတွေနဲ့ စားသုံးသူတွေ အဓိကပါဝင်တာဖြစ်လို့ နောက်ဆုံးမတော့ ပြည်သူ့ခေါင်းပေါ်ပဲ ကျလာမှာပါပဲ။ ရှီကာဂိုက ၂၀၂၀နဲ့ယှဥ်ရင် ၂၀၂၁ထဲမှာ ရာဇဝတ်မှု ၃၆ရာနှုန်း တက်လာတာပါ။ ဒါက ရာဇဝတ်မှုပဲ ရှိပါသေးတယ်၊ ကယ်လီဖိုးနီးယားလိုဆို ၉၅၀အောက်ခိုးရင် ဖမ်းလို့တောင် မရပါဘူး၊ ကျန်တဲ့ ခိုးမှု၊ ဖောက်ထွင်းမှုစတာတွေကို မစ်ဒီမီနော်ထဲ ထည့်လိုက်ရင် ရာဇဝတ်မှုလို့ ခေါင်းစဥ်တပ်လို့ မရတော့အောင် လုပ်ထားတော့ တကယ့်ပြဿနာတွေက အဲဒီနံပါတ်ထက် အများကြီး ကြီးနေနိုင်ပါတယ်။

တက္ကဆက်စ်ပြည်နယ် ယူဗော်လ်ဒီမြို့ ရော့ဘ်စ်မူလတန်းကျောင်း ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ ဆရာမက အပစ်ခံရပြီးနောက် ရဲဖြစ်တဲ့ သူ့ခင်ပွန်းဆီ ဖုံးခေါ်ခဲ့ပါတယ်။ သူ့ခင်ပွန်းက ရောက်ရာနေရာက အပြေးပြန်လာပြီး ကျောင်းထဲဝင်လာတာ သူ့ဇနီးစာသင်ခန်းနားက ဟောလ်ဝေးအရောက်မှာ ကျောင်းခရိုင်ရဲမှုးအမိန့်နဲ့ တားဆီး ခံခဲ့ရတဲ့အပြင် သေနတ်ပါ အသိမ်းခံလိုက်ရပြီး ကျောင်းပြင် ခေါ်ထုတ်ခံခဲ့ရတယ်လို့ သိရကြောင်း ပြည်နယ်ဆီးနိတ် ကြားနာမှုမှာ ပြည်နယ် လူထုလုံခြုံရေး ဒါရိုက်တာ ဗိုလ်မှူးကြီး စတီဗင်မက်ဂရောက အစစ်ခံ သွားပါတယ်။ အရင်က အရေးမယူခဲ့ကြတဲ့ ကျောင်းခရိုင်ရဲမှူးကိုတော့ ခေတ္တအနားပေးထားတယ်လို့ ဆိုပါတယ်။ နိုင်ငံရေးရည်ရွယ်ချက်အတွက် ဇတ်မနာ နာအောင်လုပ်တတ်ကြတဲ့သူတွေက ခေတ်တိုင်း နေရာတိုင်းမှာ ရှိတတ်တယ်ဆိုတာ မမေ့ကြဖို့ လိုပါတယ်။

ဒီမိုကရက်တွေ အစိုးရအာဏာကြီးထွားအောင် လုပ်နေတဲ့ထဲမှာ ပြည်တွင်းအခွန်လည်း ပါဝင် နေပါတယ်။ ပြည်တွင်းအခွန်က ရိုမေးနီးယားနိုင်ငံဖွား နှစ်နိုင်ငံနိုင်ငံသားခံယူထားပြီး ရိုမေးနီးယားမှာ အနေများတဲ့ စီးပွားရေး သမားတဦးကို အခွန်အချိန်မှီ မဆောင်ခဲ့မှုနဲ့ ဒဏ်ငွေ ၅သောင်းချမှတ်ပါတယ်။ အဲဒီကနေ အယူခံရုံးရောက်တဲ့အခါ အယူခံရုံးက ဒဏ်ငွေကို အချိန်မှီမဆောင်ခဲ့တဲ့ ဖောင်အရေအတွက် နဲ့ ချရမယ့်အစား အဲဒီလူမှာရှိတဲ့ ဘဏ်အကောင့် အရေအတွက်နဲ့ ချမှတ်ခဲ့တာကြောင့် ဒဏ်ကြေးက ၂.၇၂သန်းအထိ ရောက်ရှိသွားပါတယ်။ အဲဒီအမှုကို ပြည်သူအဆင်ပြေဖို့ထက် အခွန်ရဖို့ ပိုအလေးထား တဲ့ ဘဒအစိုးရက မကြားနာဖို့ ပြောထားပေမယ့် ဆူပရင်းမ်ကုတ်က လက်ခံကြားနာဖို့ သဘောတူ လိုက်ပါတယ်။

နှစ်နိုင်ငံနိုင်ငံသား ခံယူထားသူတွေကြား ဖြစ်လေ့ရှိတဲ့အတိုင်း တခြားနိုင်ငံမှာရခဲ့တဲ့ ဝင်ငွေကို ဒီမှာလည်း ပြန်ဖိုင်လ်လုပ်ရတယ် ဆိုတာကို သဘောမပေါက်လိုက်တာလို့ ဆိုပါတယ်။ နောက်တကြောင်းဖြစ်နိုင်တာကလည်း ရိုမေးနီးယားဟာ ဥရောပမှာ ခရစ်ယာန်တန်ဖိုးတွေကို အလေးထားတဲ့ ကွန်ဆာဗေးတစ်အဖြစ်ဆုံးနိုင်ငံတခုဖြစ်ပြီး အနောက်အုပ်စုဝိုင်းတွန်းနေကြတဲ့ အသားအရောင်၊ နယ်ခြားမဲ့၊ လိင်တူ/လိင်ပြောင်း စတာတွေကို လက်မခံတဲ့အတွက် ဘဒင်တို့က အမျက်တော်ရှနေကြတာပါ။

ယူကရိန်းဘက်က တိုက်ပွဲဝင်ပေးနေတဲ့ အမေရိကန်တွေထဲမှာ ၂ဦးကျဆုံးသွားပြီဖြစ်ပြီး ၂ဦးဖမ်းမိ ထားတယ်လို့ သိရပါတယ်။ ရုရှားပြန်ဝန်က ကာကိဗ်မှာ ဖမ်းမိတဲ့ အမေရိကန် ၂ဦးဟာ ယူကရိန်း စစ်တပ်က မဟုတ်ပဲ ကြေးစားစစ်သား မာစန်နရီတွေ ဖြစ်ကြတဲ့အတွက် ဂျနီဗာကွန်ဗန်းရှင်းက သတ်မှတ်ထားတဲ့ စစ်သုံ့ပန်းအခွင့်အရေးနဲ့ အကျုံးမဝင်ဘူးလို့ ဆိုပါတယ်။ အဲဒီအမေရိကန် ၂ဦးကို ပြန်လွှတ်ပေးဖို့ ဘိုင်ဒန်အစိုးရက အပြောကလွဲလို့ လက်တွေ့ကြိုးစားနေတာ ခုထိ မတွေ့ရသေးပါဘူး။

ရုရှားက သူ့ကို အရေးယူမယ့် ဥရောပနိုင်ငံတွေကို လောင်စာ လုံးဝမရောင်းတော့ဖို့ ပြင်ဆင်နေပါတယ်။ အီးယူက အရာရှိတွေက ရည်ရှည်မှာ ပတ်ဝန်းကျင်ကို မထိခိုက်စေမယ့် ကျောက်မီးသွေးကို ယာယီအစားထိုးသုံးဖို့ စီစဥ်နေကြပါတယ်။ ဥရောပမှာ အရင်ကလည်း ကျောက်မီးသွေးသုံးတဲ့အတွက် စက်ရုံတွေ ရှိပြီးသားပါ။ ဒါပေမယ့် ပိတ်ထားတဲ့စက်ရုံတွေ ပြန်လည်ပတ်ဖို့ လူ၊ နည်းပညာ၊ စက်ပစ္စည်း၊ စားရိတ်စကကအစ နည်းမှာမဟုတ်တဲ့အတွက် လောင်စာဈေးကတော့ ကျစရာ အကြောင်းမရှိပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: