အမေရိကန်မှာ ပိုဆိုးတဲ့ ငွေဖောင်းပွမှု အဆင့်နောက်တဆင့် လာတော့မယ် (ရော့စ်မက်ခ်ကစ်ထရစ်)

ငွေဖောင်းပွမှုဟာ ပြည်သူတွေကို အဆင့်၄ဆင့်နဲ့ ရိုက်ခတ်မှာဖြစ်ကြောင်း ပီတာဆဗက်ဘ်က ကနေဒါ စီးပွားရေးပညာရှင် ရော့စ်မက်ခ်ကစ်ထရစ်ကို ကိုးကားပြီး အဲပုခ်တိုင်းမ်စ်မှာ တင်ပြထားပါတယ်။ ပုံမှန် ၂ရာခိုင်နှုန်းအောက်နားမှာသာရှိတဲ့ ငွေဖောင်းပွမှုက စတီးမြူလပ်စ်ချက်တွေ ထုတ်ပေးရာကနေ စတင်ဖောင်းပွခဲ့ပါတယ်။ အဲဒီ ၄ဆင့်ကတော့

၁။ ငွေတံလျှပ်

ကပ်ပိုးကာလမှာ ပြည်သူတွေကို ထောက်ပံ့ပေးတယ်ဆိုတဲ့ လိုလိုမလိုလို မဲရအောင် ဖားပေးတဲ့ တနည်းပြောရရင် သောက်ပျင်းတွေ မွေးထုတ်ပေးတဲ့ ချက်ခ်တွေက ဘယ်အရင်းအမြစ်ကမှ လာစရာမရှိတဲ့အတွက် ဖက်ဒရယ်ရီဆာ့ဗ်ကပဲ ရိုက်ထုတ်ရတာဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ငွေလည်ပတ်မှုများလာတဲ့အတွက် စတော့ဈေး အိမ်ဈေးတွေလည်း တက်လာတာကြောင့် ပြည်သူတွေဟာ သူတို့ ပိုချမ်းသာလာတယ်လို့ အထင်ရောက်ကုန်ကြပါတယ်။ ဈေးကွက်ထဲကို လေစက္ကူတွေ ရိုက်ထည့်လိုက်တာကြောင့် မဝေးတဲ့အနာဂတ်မှာ ဈေးတွေတက် ဝင်ငွေတွေ ကြုံ့ကုန်တော့မယ့် ဒုက္ခကို မမြင်တော့ ချိတ်မမြင်ပဲ အစာပဲမြင်တဲ့ငါးတွေလို ပျော်ပျော်ကြီး သုံးကြ စွဲကြပါတယ်။ အဲဒီတော့ ဝယ်လိုအားတွေတက်ပြီး စီးပွားရေးပြန်တက်သလို ထင်ရပါတယ်။

၂။ လက်တွေ့မှာ

နောက်လအနည်းငယ်မှာတော့ ဈေးကွက်ထဲက ပစ္စည်းတွေ တန်ဖိုးတွေက များ/တက်မလာပဲ ငွေစက္ကူတွေပဲ များလာတာကြောင့် ပစ္စည်းတွေရဲ့ တကယ့်တန်ဖိုးက ကျဆင်းလာတဲ့အတွက် ပြည်သူတွေဟာ ပစ္စည်းတခုလိုချင်ရင် အရင်ထက် ငွေစက္ကူပိုပေးမှ ရနိုင်တဲ့အနေအထား ဖြစ်လာပါတယ်။ အဲဒါက ဈေးတက်တယ်/ ငွေကြေးဖောင်းပွတာ ဖြစ်ပါတယ်။ ငွေဖောင်းပွမှု ၈.၆ရာနှုန်း ဖြစ်လာပြီး လောင်စာဈေး ၂ဆတက်သွားချိန်မှာ ပြည်သူရဲ့ ဝင်ငွေက နေရင်းထိုင်ရင်း ၁၀ရာခိုင်နှုန်း လခလျှော့ခံရသလို ဖြစ်သွားပါတယ်။ ကုန်စည်တွေလည်း ဈေးကွက်ထဲမှာ ရှိသေးပေမယ့် ဈေးမြင့်ပြီး ရှားပါးမှုတွေ စပြီး မြင်လာရပြီ ဖြစ်ပါတယ်။

၃။ အပြင်းအထန်ဈေးဆစ်မယ်

ဝင်ငွေလျော့လာသလို ဖြစ်လာတဲ့ ပြည်သူတွေဟာ ငွေဖောင်းပွမှုကို ကာမိဖို့ လခတိုးတောင်း(သို့) အလုပ်ပိုလုပ်လာကြရပါတယ်။ ဒါပေမယ့် ကုမ္ပဏီတွေဖက်ကလည်း စားရိတ်စကတွေ တက်လာတဲ့ အပြင် အရင်နှစ်က ဝင်ငွေကောင်းခဲ့ရင်တောင် အဲဒီဝင်ငွေက ငွေတံလျှပ်တန်ခိုးနဲ့ဆိုတော့ တကယ့်ဝင်ငွေမြင့်လာတာမဟုတ်ကြောင်း စီးပွားရေးပညာရှင်တွေ သိနှင့်ကြပါတယ်။ ကုမ္ပဏီရဲ့ ဝန်ထမ်းဘတ်ဂျက်ကလည်း ၁၀ရာနှုန်းတိုးလာတာမဟုတ်တာကြောင့် လခတိုးပေးဖို့ ငြင်းဆန်ကြတဲ့အခါ ရနေကျလခနဲ့ ဝယ်နိုင်တာလေးတွေ နဲသွားကြလို့ စိတ်ဖိစီးလာကြတဲ့ ဝန်ထမ်းတွေရဲ့ ဆန္ဒပြတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်ပါတယ်။

ကုမ္ပဏီတွေဖက်က မတတ်သာလို့ တိုးပေးရပြီဆိုရင် အဲဒီစားရိတ်စကကို ကာမိဖို့အတွက် သူတို့ရဲ့ ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေကိုပါ ဈေးတက်ရပါတော့တယ်။ အဲဒီမှာ တိုးရလာတဲ့ ဝင်ငွေနဲ့ မကာမိအောင်ပဲ ကုန်ဈေးနှုန်းတွေ ထပ်တက်ကုန်ကြပါတယ်။ ကုန်ဈေးနှုန်းတက်တာကို ကာမိဖို့ ပိုက်ဆံတိုးပေးနေရသ၍ ငွေဖောင်းပွမှုက လျော့မှာ မဟုတ်ပါဘူး။ အလားတူပဲ ကုန်ဈေးနှုန်း ကြီးမြင့်ရာက ဖြစ်လာတဲ့ လူထုဒေါသကို နည်းမှန်လမ်းမှန်နဲ့ မဖြေရှင်းပဲ တနပ်စားဉာဏ်နဲ့ အလကားပေးတဲ့ ရီဘိတ်တွေ ထောက်ပံ့ကြေးတွေ အစိုးရက ထပ်ပေးလာပြီဆိုရင် အဲဒီက ပိုပိုဆိုးတဲ့သံသရာထဲကို ဆွဲခေါ်သွားပါလိမ့်မယ်။

၄။ လခလျှော့ကြပြီ

အဲဒီလိုတိုးပေးတဲ့ ပိုက်ဆံတွေ၊ တက်လာတဲ့ စားရိတ်တွေ၊ ထောက်ပံ့ကြေးတွေကြောင့် ကုန်ဈေးနှုန်းက အကျမရှိပဲ ၁၀-၂၀ရာနှုန်းတွေ တက်နေပြီဆိုရင် တယောက်ယောက်ကတော့ အလံဖြူ ပြရတော့မှာပါ။ အဲဒီလို အခြေအနေမှာ ရီဆက်ရှင်က ကျိန်းသေရောက်လာမှာ/ပြီ ဖြစ်လို့ ကုမ္ပဏီတွေဖက်က ပိုဆိုးလာမယ့် အနေအထားကို ကြံ့ကြံ့ခံနိုင်ဖို့အတွက် လူလျှော့တာတွေ လခလျှော့တာတွေ စရိတ်ခြုံ့တာတွေ လုပ်လာကြတော့မှာ ဖြစ်ပါတယ်။

အခုရောက်နေတဲ့ အနေအထားက ဘယ်သူကအလံဖြူပြမလဲဆိုတာ လွန်ဆွဲဈေးဆစ်နေကြတဲ့ အဆင့်ပါ။ ပြည်သူတွေက အရင်လို အရမ်းမသုံးတော့ပဲ စီစစ်လာကြပေမယ့် ငွေဖောင်းပွမှုက ဆက်တက်ဆဲဖြစ်ပါတယ်။

အဖြေ

အမေရိကန်မှာ ငွေဖောင်းပွမှုကို ကုစားဖို့ တာဝန်အရှိဆုံးအဖွဲ့အစည်းက ဖက်ဒရယ်ရီဆာ့ဗ်ပါ။

အစိုးရကလည်း ထောက်ပံ့ကြေးပေးတဲ့လမ်းထက် အစိုးရအသုံးစာရိတ်တွေကို ကြပ်မတ်ဖြတ်တောက် လိုက်မယ်၊ လုပ်ငန်းရှင်တွေ လုပ်ရလွယ်အောင်နဲ့ စားရိတ်လျော့အောင် ရှိနေတဲ့ ကြိုးနီစံနစ်တွေ အပိုဆာဒါးဥပဒေတွေကို ပယ်ရှားပေးမယ်၊ ကုမ္ပဏီတွေ ဝန်ထမ်းတွေဖက်ကလည်း ခဏသည်းခံပြီး အကျပ်အတည်းကို အတူကျော်လွှားကြမယ်ဆိုရင် ငွေဖောင်းပွမှုကို တာမရှည်အောင် ထိန်းချုပ် နိုင်ပါလိမ့်မယ်။

ဒါပေမဲ့ ပြဿနာက ဒီမိုကရက်အစိုးရတိုင်းက အသုံးအင်မတန်ကြမ်းသလောက် ပိုက်ဆံရှာတော့ ပြည်သူ့အိတ်ထဲက နှိုက်တာတမျိုးပဲ တတ်ပါတယ်။ ခုထဲက အပြာရင့်ကယ်လီဖိုးနီးယားမှာ တဦးချင်းဝင်ငွေ တနှစ် ၂သိန်းခွဲအောက် ရတဲ့သူတွေကို ထောက်ပံ့ကြေးချက်ခ်တွေ ပို့ဖို့ ပြင်နေပါပြီ။ အဲဒီအတွက် ဘတ်ဂျက်က ဘီလီယံ ၃၀၀ ပါ။

ဝင်ငွေကောင်းတဲ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ တက်စ်လာ၊ အော်ရေကယ်လ်၊ ပလန်တဲ၊ အိတ်ချ်ပီ၊ ရှက်ဗရွန် စတာတွေရဲ့ ရုံးချုပ်တွေ ပြောင်းထွက်ကုန်ကြတဲ့ အတွက် လျော့လာတဲ့ အခွန်ဝင်ငွေထဲက အခုလို အသုံးစားရိတ်အကြီးကြီး ထပ်နှုတ်လိုက်ရင် လိုလာတဲ့ ပိုက်ဆံကို ပြည်သူတွေအပေါ် အခွန် အခတွေ တိုးတာနဲ့ပဲ အဆုံးသတ်ပါလိမ့်မယ်။ ၁၀၀၀ တကြိမ် ပေးပြီး ဟိုနား ၂ကျပ် ဒီနား ၁၀ နေ့တိုင်း အကြိမ်ကြိမ် မပြီးနိုင်မစီးနိုင် ပြန်ယူနေတာနဲ့ အလားတူပါပဲ။ အဲဒီသဘောတရားကို နားမလည်ရင် အရင် လက်ဝဲလမ်းလိုက်နေတဲ့ အနောက်နိုင်ငံတွေလို ရသမျှ ဝင်ငွေရဲ့ တဝက်လောက်က အစိုးရကို ပေးရပြီး ဝန်ဆောင်မှုက စုတ်ချာလိုက်လာတာနဲ့ ကြုံရတော့မှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: