ဖောက်ချိတို့ဌာနက ပြည်သူ့ပိုက်ဆံနဲ့ ထောက်ပံ့ပေးထားတဲ့ အီကိုကျန်းမာရေးမဟာမိတ်အဖွဲ့က ပီတာဒက်စ်ဇက်က စိနပိုးမွေးတဲ့နေရာနဲ့ ပူးပေါင်းလုပ်နေတာ ကြာပါပြီ။ အစပိုင်းမှာ အဲဒီပိုးက သဘာဝကလာတာပါလို့ -င်ပိတ်ငြင်းနေခဲ့တာပါ။ ထပ်ထွက်လာတဲ့ သတင်းတွေအရ အဲဒီလူက ရုရှားနဲ့လည်း နောက်ဆူးပိုးတမျိုးဖြစ်တဲ့ မားစ်ကို စမ်းသပ်ရာမှာ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သူတို့ရဲ့ သုတေသနစာတမ်း တစောင်ကို ကိုးကားပြီး နေရှင်နယ်ပါ့လ်စ်က တင်ပြထားပါတယ်။ ဖောက်ချိနဲ့ ဘဒင်တို့ဒီမိုကရက်တွေနဲ့ တဂိုဏ်းထဲဆိုတော့ ပြည်တွင်းရေနံတွေ ပိတ်ခိုင်းပြီး ရုရှားဆီက ဝယ်ချင်တာ၊ ယူကရိန်းကို မကျုးကျော်အောင် ထိထိရောက်ရောက်မလုပ်ခဲ့တာ၊ ဒီမိုကရက်/ခြစားတွေ တက်တိုင်း ရုရှားက တခြားနိုင်ငံတွေကို ကျူးကျော်သိမ်းပိုက်တာ အဲဒါတွေက ဆက်စပ်နေနိုင်ပါတယ်။
တောင်ကာရိုလိုင်းနားက ဒီမိုကရက်အမတ် ခရစ်စတယ်လ်မက်သယူးစ်က လာမယ့်ရွေးကောက်ပွဲမှာ သူတို့နိုင်ဖို့အတွက် သူတို့လူတွေကို ရီပါဘလစ်ကန်အယောင်ဆောင်ပြီး ရွေးကောက်ပွဲဝင်တာတို့၊ မဲရုံကြီးကြပ်သူလုပ်တာတို့အပြင် မဲရုံထဲမှာ ညအိပ်နေပြီး သူတို့အတွက် တိတ်တိတ်ပုံး လှုပ်ရှားပေးကြမယ့်သူတွေ စီစဥ်သင့်တယ်လို့ ပြောနေတဲ့ အသံဖိုင် ပေါက်ကြားလာပါတယ်။ ညစ်နည်းပေါင်း၁၀၁ဆိုရင်တောင် လောက်မယ်မထင်ပါဘူး။ ဘာပေါ်လစီမှ မပြနိုင် ပြည်သူအပေါ် ဘယ်လိုရိုးသားမှုမှမရှိ၊ ပြည်သူ့အတွက် ဘာလေးမှ မလုပ်ပေးချင်ကြတဲ့သူတွေမို့လို့ ပြည်သူက မရွေးချင်တာကို မသိတာလား၊ ဂရုမစိုက်တာလား၊ မဲရအောင် မှန်ကန်တဲ့နည်းနဲ့ မလုပ်တတ်တာလား၊ မေးစရာတွေ အများကြီးပါ။ ခေါင်ကစပြီး ကိုယ်ကျင့်တရားပျက်နေကြတော့လည်း ဆန်းတော့ မဆန်းပါဘူး။
တက္ကဆက်စ် ရီပါဘလစ်ကန်အမတ် မေယာဖလော်စ်ရဲ့ ကျမ်းကြိမ်ပွဲအပြီး ဓါတ်ပုံရိုက်ရာမှာ ဖလောစ်ရဲ့ သမီးလေးကို ပလိုးစီက တဒေါင်နဲ့ တွတ်လိုက်တဲ့အပေါ်မှာ ပလိုးစီရဲ့ ဒုဝန်ထမ်းချုပ်က မတောင်းပန်တဲ့ အပြင် ပလိုးစီက ကလေးတွေကို ဓါတ်ပုံထဲ မပါမှာစိုးလို့ပါလို့ ပြောပါတယ်။ အဲဒီဗီဒီယိုကို ကြည့်လိုက်မိသူတိုင်း အဲဒီလူပြောတာ ဟုတ်မဟုတ် ထင်ထင်ရှားရှား သိနိုင်ပါတယ်။ ပေါ့စေချင်လို့ ရှင်းပြခါမှ ခိုးထုတ်ခိုးထည် ဖြေပြနေသလိုပါပဲ။
ကနေ့ပြုလုပ်တဲ့ နယူးယောက်ဂါဗာနာ ပဏာမရွေးကောက်ပွဲမှာ ဘရောင့်စ်ကောင်တီက ရီပါဘလစ်ကန်အဖြစ် မှတ်ပုံတင်ထားသူတဦး မဲသွားပေးခဲ့ပါတယ်။ သူ့ကို ဒီမိုကရက်တွေအတွက် လုပ်ထားတဲ့မဲကို ပေးခဲ့လို့ သူက မှားနေတယ်လို့ သွားပြောတာမှာ ရီပါဘလစ်ကန်တွေအတွက် မဲမရှိဘူးလို့ မဲရုံလုပ်သားက ပြန်ဖြေခဲ့ပါတယ်။ တခြားလူတွေက ပေးတဲ့အတိုင်း ဗုတ်ခဲ့ဖို့ များပါတယ်။ အဲဒီလူက နယူးယောက်ပို့စ်ကို သတင်းပေးခဲ့လို့ ပို့စ်ကလူတွေ သွားပြီး စုံစမ်းတဲ့အခါမှ မနက်က ရီပါဘလစ်ကန်မဲမရှိပေမဲ့ အခုရောက်ပါပြီလို့ ပြောပါတယ်။ နေရာတိုင်းမှာ ဘူလီအလုပ်ခံနေရပေမယ့် သူတို့က အရင် အော်ပြနေတော့ ပြောစရာစကားတောင် ရှာမတွေ့အောင်ပါပဲ။
ဖြစ်နိုင်တဲ့အကြောင်းတခုက အဲဒီရွေးကောက်ပွဲမှာ သူတို့သိပ်ကြောက်တဲ့ ဂျူလီယာနီရဲ့သား ရီပါဘလစ်ကန်ဘက်က ဝင်ပြိုင်မှာဖြစ်ပါတယ်။ ဂျူလီယာနီက သူ့သားအတွက် မဲဆွယ်သွားတုန်း ဆူပါမားကက်တခုထဲမှာ အဲဒီကဝန်ထမ်းက ကျောကိုရိုက်ပြီး ဆဲသွားပါတယ်။ ဂျူလီယာနီက နိုင်ငံရေးအမုန်းနဲ့ လက်ရောက်ကျူးလွန်တာမျိုး ထပ်မဖြစ်အောင် တရားစွဲသွားမယ်လို့ ပြောပေမယ့် နယူးယောက်က လက်ဝဲစွန်းရှေ့နေချုပ်က ထရမ့်ကိုရော ထရမ့်နဲ့ပတ်သက်တဲ့သူတွေကိုပါ အသားလွတ်လိုက်ပြဿနာရှာနေတာဆိုတော့ ဘယ်လောက်အထိ ပေါက်မလဲတော့ မသေချာပါဘူး။
နယူးယောက်မြို့မှာ ရဲစုံထောက် ၁၀၀ ဇွန်လထဲမှာ အနားယူလိုက်ကြပြီး နောက်ထပ် ၇၅ဦးက ရှေ့လမှာ အနားယူကြမှာဖြစ်ပါတယ်။ သူတို့က တိုင်ပတ်နေတဲ့ တရားစီရင်ရေးနဲ့ များပြားလွန်းတဲ့ ကန့်သတ်မှုတွေကြောင့် အလုပ်လုပ်ရတာ စိတ်ကုန်လာကြတယ်လို့ ဆိုပါတယ်။ အတွေ့အကြုံလဲရှိ ဒေသလည်းကျွမ်းတဲ့ စုံထောက်တွေ အနားယူသွားရင် ဖြစ်လာတဲ့ ရာဇဝတ်မှုတွေ စုံစမ်းဖော်ထုတ်ဖို့ ပိုခက်လာမှာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ခုထိ စုံထောက် ၂၅၀အနားယူသွားကြပြီဖြစ်လို့ ကျန်ရှိတဲ့ ၅၆၀၀က လွန်ခဲ့တဲ့နှစ်၂၀ကနဲ့စာရင် ၂၀၀၀လောက် လျော့သွားတာဖြစ်ပါတယ်။
၂၀၂၁ ဒီဇင်ဘာတုန်းက နယူးယောက်စီးတီးကောင်စီက အမြဲတမ်းနေထိုင်သူတွေအပြင် အလုပ်ဗီဇာနဲ့ နေသူတွေကိုပါ မြို့ရွေးကောက်ပွဲတွေမှာ မဲပေးနိုင်မယ့်Our City, Our Vote ဘေလ်ကို တခဲနက် မဲပေးခဲ့ကြပေမယ့် စတေတန်အိုင်းလန်းဆူပရင်းမ်ကုတ်က နိုင်ငံသားမဟုတ်သူတွေမဲပေးတာ ခြေ/ဥနဲ့ မညီဘူးလို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ လူဦးရေ ၈သန်းသာသာရှိတဲ့ နယူးယောက်မြို့မှာ ၁၀ရာနှုန်းက နိုင်ငံသားမဟုတ်သူတွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၂လအတွင်းမှာ ၄၃ပြည်နယ်က ပါတီကူးပြောင်းကြသူ ၁.၇သန်းမှာ တသန်းကျော်ဟာ ရီပါဘလစ်ကန်ဘက် ကူးပြောင်းလာကြတယ်လို့ သိရပါတယ်။ ရီပါဘလစ်ကန်ဘက်ကို အများဆုံးကူးပြောင်းတာတွေက မြို့အကြီးနဲ့ အလတ်တွေရဲ့ ပတ်ဝန်းကျင်က မြို့လေးတွေမှာ ဖြစ်ပါတယ်။ ဒီမိုကရက်ဖက်ကို ကူးပြောင်းသူက ၆သိန်း၃သောင်း ရှိပါတယ်တဲ့။
ဆွီဒင်က အသားတုစက်ရုံတခုက လူသားတုဘာဂါအသားပြားကို ဟောလိုးဝင်းအတွက်ဆုပြီး ထုတ်လုပ်လိုက်ပါတယ်။ ပုံသဏ္ဍာန်ရော အရသာပါတူအောင် လုပ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီအသားက ပြီးခဲ့တဲ့အပတ်က ကန်းစ်လိုင်းယန်းစ်ပွဲတော်မှာ ငွေတံဆိပ်ရသွားပါတယ်။
ဘယ်သူစားဖူးလို့များ ယှဥ်ပြောနိုင်ရတာပါလိမ့််။ ကြိုက်သွားကြလို့ အသားတုနဲ့အားမရပဲ အစစ်စားချင်တယ်ဆိုရင် ဘယ်လိုများလုပ်ကြမလဲ။
ဆန်ဖရန်စစ္စကိုက အထက်တန်းကျောင်းတခုမှာ သမိုင်းဝင်ဂျော့ဝါရှင်တန်ပုံ နံရံဆေးရေးပန်းချီကို ဖုံးအုပ်ဆေးသုတ်ပစ်ဖို့ မဲပေးခဲ့ကြတဲ့ ကျောင်းဘုတ်အဖွဲ့ကို မိဘတွေ ကျောင်းခရိုင်အတွင်း နေထိုင်သူတွေက တရားစွဲခဲ့လို့ ၃နှစ်ကြာ တရားရင်ဆိုင်အပြီးမှာ ဘုတ်အဖွဲ့အဟောင်း ရှုံးသွားပါတယ်။ ဘုတ်အဖွဲ့ဝင် အသစ်တွေက အဲဒီနံရံဆေးရေးပန်းချီကို ဆက်ထားဖို့ မဲပေးခဲ့ကြပါတယ်။ အဲဒီပန်းချီက ၁၉၃၆မှာ ရုရှားလူမျိုး ဗစ်တာအာနော်တော့ဗ်က ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဝုခ်ကျောင်းသားတွေက အဲဒီပန်းချီကားမှာ ကျွန်တွေပါနေလို့ ဖျက်ပစ်ချင်တာလို့ အကြောင်းပြပါတယ်။