ဆူပရင်းမ်ကုတ်က လစ်ဘရယ်တရားသူကြီးစတီဗင်ဘရေယာက မနက်ဖြန်က သူတာဝန်ထမ်းဆောင်မယ့် နောက်ဆုံးနေ့ဖြစ်တယ်လို့ ဆိုင်းမဆင့်ဗုံမဆင့် ကြေငြာလိုက်ပါတယ်။ လက်ရှိဆူပရင်းမ်ကုတ်ရဲ့က အောက်တိုဘာအထိဆိုပေမယ့် လက်ဝဲတွေဖိအားပေးကြတာကြောင့် အများကြီး ပိုစောပြီး ထွက်ပေးလိုက်တာဖြစ်ပုံရပါတယ်။ သူ့နေရာမှာ မိန်းမဆိုတာ ဘာလဲတောင် မပြောနိုင်တဲ့ ကီတန်ဂျီဘရောင်းဂျက်ဆင် ဇူလိုင် ၁ရက်စပြီး ဝင်ပါမယ်။
မဲခွဲရင် ဒီမိုကရက်နဲ့ ဒီမိုကရက်ခန့်သူတိုင်းက ပါတီလိုင်းအတိုင်း မဲပေးကြတာဖြစ်လို့ မထူးခြားပေမယ့် အတွင်းရေးတွေ လုံခြုံမှုရှိ/မရှိက ထူးလာနိုင်ပါတယ်။ ဒီတာမ်းမကုန်ခင်မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ လာစရာရှိသေးတဲ့အတွက် မဲပေးတာမှာ မထူးခြားသော်လည်း ပိုအငြင်းသန်မယ့်ပုံရှိပြီး ဝုခ်ပိုဖြစ်တဲ့ ကီတန်ဂျီကို လက်ဝဲတွေက တက်စေချင်ကြတာဖြစ်ပါတယ်။ ဘိုင်ဒန်ကို အလယ်အလတ်သမားလို့ ထင်ပြီး မဲပေးခဲ့သူများ လက်ဝဲစွန်းတွေ ကြိုးဆွဲရာကနေရတာကို မြင်ရဲ့လားလို့ မေးပါမယ်။
ဇူလိုင်လလယ်မှာ ဆော်ဒီကိုသွားပြီး ရေနံတိုးထုတ်ဖို့ အာဏာရှင်မင်းသားကို ခယတောင်းပန်ဖို့ ပြင်နေတဲ့ ဘိုင်ဒန်ကို ပြင်သစ်သမ္မတမက်ခရွန်က ဂျီဆဲဗင်းဆမ်းမစ်မှာ လက်ကုတ်ပြီး “ခဏလောက် ဖြတ်ပြောပါရစေ၊ (ယူအေအီးခေါင်းဆောင်) အမ်ဘီဇီနဲ့ ဖုံးပြောဖြစ်တယ်၊ သူက ၂ခုပြောတယ်၊ ၁ က သူတို့ရေနံထုတ်နေတာ ထုတ်နိုင်သလောက်မိုင်ကုန်ပဲ၊ ၂ က ဆော်ဒီတွေကတော့ နဲနဲတိုးမယ်ဆို တိုးနိုင်သေးတယ်၊ တနေ့ကို စည်တသိန်းခွဲလောက်ပေါ့၊ ဒါပေမဲ့ ဒါကလည်း အနည်းဆုံး ၆လအတွင်း ဖြစ်လာနိုင်မှာ မဟုတ်သေးဘူး” လို့ပြောပါတယ်။
အဲဒီနှစ်နိုင်ငံက အိုပက်ထဲမှာ ရေနံပိုထုတ်နိုင်မယ့် နှစ်ခုတည်းသောနိုင်ငံတွေပဲ ဖြစ်တဲ့အတွက် လိုလာမယ့်ရေနံကို အမေရိကန်က ထုတ်ပေးရင်ထုတ်ပေး၊ မဟုတ်ရင် ရေနံအကျပ်အတည်းက အများကြီး ပိုဆိုးလာမယ်လို့ သဘောရပါတယ်။ မက်ခရွန်က ထပ်ပြောချင်သေးပုံရပေမယ့် ဘဒရဲ့ နေရှင်နယ်လုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလဗန်က ကြားဖြတ်ပြီး “သတိထားဦး၊ ငါတို့အထဲဝင်မှ ကောင်းမယ်၊ ကင်မရာတွေရှိနေတယ်”လို့ ဝင်ပြောလိုက်ပါတယ်။ ယူအေအီးကလည်း စာထုတ်ပါတယ်၊ သူတို့က အိုပက်နဲ့ သဘောတူထားတဲ့ ပမာဏရဲ့ အမြင့်ဆုံးနီးပါးကို ထုတ်နေတာပါ၊ အဲဒါကို ဒီသဘောတူညီချက်သက်တမ်းကုန်တဲ့အထိ လိုက်နာရမှာဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးက ဆိုပါတယ်။
ဘဒဖုံးခေါ်တာတောင် မကိုင်ခဲ့တဲ့ ဆော်ဒီမင်းသားကို သွားတွေ့တဲ့အခါ ထရမ့်တုန်းကလို မင်းခမ်းမင်းနားနဲ့ အကြီးအကျယ်ကြိုဆိုကြမှာလား၊ တိန့်စိန်စင်္ကာပူသွားတုန်းကလို အဝမှာ မျက်နှာငယ်နဲ့ ငုတ်တုတ်စောင့်ရမှာလား၊ ဟူစိန် ဆော်ဒီသွားတုန်းကလို ခါးကျိုးမတတ် ဦးရောခါးပါ ညွှတ်နေမှာလား၊ ဟူစိန်တရုပ်ပြည်မှာတုန်းကလို ကော်ဇောနီမခင်းပေးလို့ နောက်ပေါက်ကနေ တိတ်တိတ်လေး ဆင်းလာရမှာလား ကြည့်ရမှာပါပဲ။
သမ္မတထရမ့်ကို အကြီးအကျယ် တိုက်ခိုက်နေခဲ့တဲ့ လဇ်ချေနီက ဂျန်၆ကော်မီတီမှာ စစ်မေးသူ(ဆွဲချ) အဖြစ် တာဝန်ယူ ထားတဲ့အချိန်မှာ ထရမ့်ကို အပြစ်မဖြစ်ဖြစ်အောင် ထွက်ဆိုမယ့် လိုပြသက်သေ ကက်ဆီဒီဟပ်ချီဆန်ကို စစ်မေးအပြီးမှာ ဖက်ရမ်းနှုတ်ဆက်နေတာ တွေ့ရပါတယ်။ အဲဒီအပြုအမူက လဇ်ချေနီဟာ စစ်မေးသူအနေနဲ့ ဘက်မလိုက်ပါဘူးလို့ ပြောဖို့ ပိုခက်သွားစေတာပါ။
လဇ်ဟာ လာမယ့် ပဏာမရွေးကောက်ပွဲမှာလည်း ထရမ့်ထောက်ခံပေးထားတဲ့သူကို ရှုံးမှာ သေချာနေတာကြောင့် ဒီမိုကရက်ပါတီဝင်တွေကို ရီပါဘလစ်ကန်အဖြစ် (ခေတ္တဖြစ်ဖြစ်)ပြောင်းပြီး သူ့ကို မဲထဲ့ကြဖို့ ဆော်ဩနေရပါတယ်။ ဒီမိုကရက်တွေကလည်း ဂျန်၆ကိစ္စမှာ လိုလို့သာ သုံးနေတာ ဖြစ်ပေမယ့် ရီပါဘလစ်ကန်တွေနဲ့ မဲထည့်တဲ့အကြိမ်တွေအတွက် အစာမကျေဖြစ်နေကြတာကြောင့် သူ့တောင်းဆိုချက်ကို အဖက်တောင် လုပ်မယ့်ပုံ မရှိပါဘူး။ သူမပြိုင်မယ့်ပြည်နယ်မှာက ဒီမိုကရက်အကုန် ရီပါဘလစ်ကန်ဘက် ပြောင်းလာပြီး သူ့ကို မဲထည့်ရင်တောင် ထရမ့်ထောက်ခံပေးထားတဲ့သူကို နိုင်ဖို့က အဝေးကြီး လိုနေသေးတာပါ။
ကယ်လီဖိုးနီးယားက ဖရက်စနိုနားမှာ တူလဲကောင်တီရဲက ဝါရှင်တန်ပြည်နယ်က ၁၉နဲ့ ၂၅နှစ်ရှိ လူငယ်နှစ်ဦးက ဖန်တနိုင်းဆေးပြား တစ်သိန်းခွဲ (ကာလတန်ကြေး ဒေါ်လာ ၇သိန်းခွဲ) မိလို့ ကောင်တီက အမှုမစစ်ခင်ထားတဲ့ နေရာမှာ မူးယစ်ဆေးပိုင်ဆိုင်မှု၊ သယ်ဆောင်မှု၊ တရားမဝင်မူးယစ်ဆေးရောင်းမှုနဲ့ ချုပ်ထားဖို့ ပို့ဆောင်ခဲ့ပါတယ်။ ချုပ်ထားပြီး ၁၈နာရီအကြာမှာ တူလဲကောင်တီ တရားရုံး ကော်မစ်ရှင်နာ မစ်ကီဗာရစ်ဆီမိုက ဖမ်းမိထားသူနှစ်ဦးကို လွှတ်ပေးဖို့ တရားရုံးအမိန့် ထုတ်ပြန်ခဲ့တဲ့အတွက် တူလဲကောင်တီရဲမှူး မိုက်ခ်ဘိုဒရူးက အကြီးအကျယ်ဒေါပွခဲ့ပါတယ်။ ဘိုဒရူးက ကယ်လီဖိုးနီးယားရဲ့ တရားရေးစံနစ်ကြီးက ငါတို့အားလုံးကို ဒုက္ခရောက်အောင် လုပ်နေပြီလို့ ဖောက်စ်နယူးစ်ကို ပြောကြားသွားပါတယ်။ ဖမ်းမိတဲ့ဆေးပြားတွေက လူသန်းပေါင်းများစွာကို သေစေနိုင်တဲ့ ပမာဏဖြစ်ပါတယ်။ အဲဒါကိုတောင် လွှတ်ပေးတယ်ဆိုတော့ တရားရုံးက ဘာလဲဆိုတာ မေးစရာဖြစ်နေတာပါ။
တနင်္လာနေ့တုန်းက ဒါးလက်စ် တက္ကဆက်စ်မှာလည်း ဖန်တနိုင်းဆေးပြား တစ်သောင်းခွဲနဲ့ လက်နက်တွေ မိထားပြီး မာစက်ကောင်တီ ကယ်လီဖိုးနီးယားမှာ ဖန်တနိုင်းလို့ ယူဆရတဲ့ ဆေးပြား ၃၇ပေါင်မိထားပါတယ်။ လူလုပ်အိုပီရွိုက်ဖြစ်တဲ့ ဖန်တနိုင်းလ်ဟာ သဘာဝ မော်ဖင်းထက် အဆ ၅၀ကနေ ၁၀၀အထိ ပြင်းပြီး အလွန်အမင်း စွဲစေတတ်တာဖြစ်ပါတယ်။ ကနေ့တောင် ဆန်ဖရန်မှာ လူငယ်လေးတဦး လမ်းပေါ်မှာ ဆေးလွန်ပြီး သေမလိုဖြစ်နေတာကို ဖြတ်သွားတဲ့လူ၂ဦးက ကယ်ဆယ်ခဲ့လို့ အသက်ဘေးနဲ့ ဝေးခဲ့ရပါတယ်။
ဒီလောက်သေလွယ်တဲ့ဆေးကို လွှတ်ထားတာ၊ လက်နက်မှောင်ခိုတွေကို ဖော်ထုတ်တားမြစ်ခြင်း မပြုနေတာ၊ ကိုယ်ဝန်ဖျက်ချတာကို အားပေးတာ၊ လိင်တူ/လိင်ပြောင်းတာတွေ အတင်းတွန်းလာတာ၊ ကပ်ပိုးကြောင့် အသက်အန္တရာယ်မရှိတဲ့ ကလေးပေါက်စတွေကို ကကဆေးထိုးဖို့တွန်းလာတာ၊အဲဒါတွေအားလုံးက ကမ္ဘာမှာ လူတွေ သိပ်များနေတယ်လို့ အယူရှိကြတဲ့ ကမ္ဘာ့ရွာသမားတွေ ဒီမိုကရက်လက်ဝဲသမားတွေနဲ့ပဲ ပတ်သက်နေတာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပါဘူး။