ဆီဈေးတွေကျဖို့ ဘိုင်ကြီးက ဆီဆိုင်တွေကို အရင်းအတိုင်း ရောင်းပေးဖို့ တွိခဲ့တဲ့အပေါ် အမေဇုန်ရဲ့ ဂျက်ဖ်ဘေဇိုက “အဲဒီလို ကလေးကလားတွေ တွိနေတာထက် ငွေဖောင်းပွမှုက အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာ၊ အိမ်ဖြူက ပေါ်တင်ကြီး လှည့်ဖြား(လိမ်)နေတာမဟုတ်ရင် စီးပွားရေး အခြေခံသဘောတရားတွေကို နားမလည်လို့ပဲဖြစ်မယ်” လို့ ပြန်တွိလိုက်ပါတယ်။ ဒါတောင် သူတို့က ၃.၅ထရီလီယံအသုံးစရိတ်ထပ်တိုးဖို့ လုပ်ချင်ကြတာ၊ မအောင်မြင်ပေလို့ပဲ၊ အဲဒါကြီးသာ အောင်မြင်သွားရင် ငွေဖောင်းပွမှုက ခုထက် အများကြီး ပိုဆိုးလိမ့်မယ်လို့လည်း နောက်တွိတခုမှာ ဘေဇိုက ဆိုပါတယ်။
အဲဒီတွိကိုပဲ ဆီဆိုင်ပေါင်း ရာချီပိုင်ပြီး ရေနံချက်စက်ရု့တွေပါပိုင်တဲ့ နယူးယောက်ဘီလျှံနာ ဂျွန်ကက်ဆီမတိဒစ်က ငါတို့ကိုလာဘလိမ်းလုပ်နေတာ ဟာသပဲ၊ ငါတို့က ဝန်ထမ်းလခတွေ၊ ရေဖိုးမီးဖိုးစတဲ့ နေ့စဥ်လည်ပတ်နေရတဲ့စားရိတ်တွေ ရှိတယ်၊ ဈေးတက်တက် ကျကျ၊ ငါတို့အမြတ်စ ပြားဂဏန်းပဲကွာတာလို့ ဆိုပါတယ်။ ဆီဈေးလည်းကျ၊ ငွေဖောင်းပွမှုလည်းကျမယ့် နည်းလမ်းက တခုပဲရှိတယ်၊ ပြည်တွင်းရေနံထုတ်တာကို မကျပ်/မပိတ်ပင်ထားဖို့ပဲ၊ ငါတို့မှာ နှစ်၁၀၀လောက် အသာလေးသုံးလို့ရတဲ့ ရေနံတွေ ရှိသေးတယ်၊ အဲဒီဘုံဘိုင်ခေါင်းတွေသာ ပေးဖွင့်လိုက်လို့ ဖောက်စ်နယူးစ်ကို ပြောသွားပါတယ်။
ဒါပေမယ့် ဘိုင်ကြီးရဲ့တွိကို ဝမ်းသာအားရထောက်ခံသူရှိပါတယ်၊ တရုပ်အစိုးရမီဒီယာက “အရင်းရှင်စံနစ်ဆိုတာ ဂုတ်သွေးစုပ်ဖို့သက်သက်ပဲဆိုတာ နောက်ဆုံးတော့ ကန်သမ္မတ နားလည်လာပြီ၊ အရင်က သူမယုံခဲ့ဘူး” လို့ ချိုင်းနားဒေးလီးအယ်ဒီတာချုပ်က ဆိုပါတယ်။ အရင်က နားချခဲ့တာ မယုံပဲ ခုမှယုံသွားတယ်လို့ သူ့ကိုများ နှစ်ကိုယ်ကြား ပြောခဲ့လေသလားပါပဲ။
ဂျေပီမော်ဂန်က သုံးသပ်သူတွေက အခုရေနံစိမ်းဈေးက တစည်ကို ၁၁၁ဒေါ်လာနား ဝဲနေပေမယ့် ရုရှားက အနောက်နိုင်ငံတွေကို လက်တုန့်ပြန်ချင်လို့ သူ့ထုတ်လုပ်မှုကို လျော့ချဖြတ်တောက်လိုက်ရင် တစည်ကို ၃ဆတိုးပြီး ၃၈၀လောက်အထိ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ အခုတောင် တဂါလံ ၅ဒေါ်လာမို့ ဈေးကြီးလှပြီထင်နေသူများ ခုက ဘာမှမဟုတ်သေးဘူးဆိုတာ သိလာပါလိမ့်မယ်။
ဘိုင်ကြီးက မဒရစ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်တွေရော ကမ္ဘာသူ/သားတွေပါ ဆီဈေးကြီးတဲ့ဒဏ်ကို ဘယ်လောက်ကြာကြာခံနေရဦးမှာလဲလို့ မေးတဲ့အပေါ် ဘယ်လောက်ပဲကြာကြာပေါ့၊ အဓိကက ယူကရိန်းနဲ့ပွဲမှာ ရုရှားမနိုင်ဖို့နဲ့ ယူကရိန်းအပြင် တခြားနိုင်ငံတွေကိုပါ မကျူးကျော်ဖို့က လိုရင်းပဲလို့ ပြန်ဖြေပါတယ်။ ဟိုက ပြာပုံဖြစ်လုနေပြီ၊ ဒီကလေနဲ့ကူနေတုန်း။ လေဆိုပေမယ့် ပိုက်ဆံကတော့ သောက်သောက်လဲကုန်တာပါပဲ၊ ဟိုကလူတွေ ရတာနဲနဲ၊ ဝိုင်းတွန်းနေကြသူတွေ အိတ်ဖောင်းတာက အရင်လာမှာပါ။
ဘိုင်ဒန်ရဲ့အဖြေအပေါ် အမျိုးသားစီးပွားရေးကောင်စီဒါရိုက်တာ ဘရိုင်ယန်ဒီစ်က သမ္မတဒီနေ့ ပြောသွားတာက အမှန်ပါပဲ၊ ငါတို့ရဲ့ လစ်ဗြဲဝေါ်လ်အော်ဒါကိုသွားဖို့အတွက် ဒီလမ်းကြောင်းပေါမှာ နောက်မဆုတ်ပဲ ခိုင်ခိုင်မာမာရပ်တည်ဖို့လိုတယ်လို့ စီအန်အန်မှာ ပြောသွားပါတယ်။ ဒါဆို နယူးဝေါလ်အော်ဒါဆိုတာ လစ်ဗြဲဝေါ်အော်ဒါပေါ့၊ ကမ္ဘာ့ရွာကြီးက ကွန်မီရွာကြီးပေါ့။ အဲဒီကိုရောက်အောင် ငစဥ်းလဲတွေရဲ့ ကောက်ကျစ်မှုမျိုးစုံနဲ့ ပြည်သူ့ဒုက္ခမျိုးစုံကို ရင်းထားရတဲ့ လမ်းဖြစ်တော့ သူတို့စိတ်ကူးထဲက နိဗ္ဗာန်ဆိုတာလည်း ငရဲပန်းကို နတ်ပန်းထင်နေကြတာပါပဲ ဖြစ်မှာပါ။
ကန်လေတပ်မှာ နဂိုကမှ လေသူရဲတွေနဲနေရတဲ့ကြားထဲ ကကဆမဒကြောင့် နောက်ထပ် ၇၀၀ ထပ်လျော့ပါဦးမယ်လို့ သိရပါတယ်။ ရုရှားနဲ့ တရုပ်တို့ စစ်ရေးမြှင့်တင်နေချိန်ဆိုတော့ အချိန်ကိုက်ပဲလို့ ပြောရမှာပါ။ ပူတင်တို့ ရှီတို့ ငဒင့်ဂေါင်းလေးပွတ်ပြီး ဘောက်ဆူးတွေ ချကြဦးမှာပါပဲ။ ကကဆေးက အမျိုးသားတွေမှာ သုတ်ပိုးအရည်အသွေးနဲ့ အရည်အတွက် ခေါက်ချိုးလောက်ကျသွားတတ်သလို အမျိုးသမီးတွေမှာလည်း ကိုယ်ဝန်လနုစဥ်မှာဆိုရင် ပျက်ကျတာ၊ ကလေးသေတာ၊ သွေးဆင်းတာတွေ ဖြစ်တတ်တယ်လို့ အဲပုခ်တိုင်းမ်စ်ရဲ့ ဖက်ခ်မက်တားစ်အစီအစဥ်မှာ တင်ဆက်ထားပါတယ်။
ဖက်ဒရယ်ရီဆာ့ဗ်က အဓိကဒေတာထရက်ကာတခုက အမေရိကန်စီးပွားရေးက ဒုတိယ ၃လပတ်မှာ ၂.၁ရာနှုန်း ကျဆင်းမယ်လို့ မှန်းတာကြောင့် မူလကမှန်းတဲ့ ၁.၆ထက် အများကြီး ပိုကျနိုင်တယ်လို့ ဆိုပါတယ်။ ၃လပတ်ကွာတားနှစ်ခု ဆက်တိုက်ကျရင် ရီဆက်ရှင်ဖြစ်တယ်လို့ ဆိုတာရယ် ပထမ ၃လပတ်တုန်းက ၁.၆ရာနှုန်း ကျခဲ့တာရယ်ကို ထည့်တွက်ရင် အမေရိကန်က ရီဆက်ရှင်လာမှာကို စောင့်နေစရာမလိုတော့ပါဘူး၊ ရောက်နေပါပြီလို့ အတ္တလန်တာဖက်ဒရယ်ရီဆာ့ဗ်က ဂျီဒီပီနောင်းထရက်ကာကို ကိုးကားပြီး စီအန်ဘီစီက တင်ပြသွားပါတယ်။
လွှတ်တော်ထဲမှာ အသံအထွက်ဆုံးနှစ်ဦးဖြစ်တဲ့ အဲလိဇဘက်ဝါရန်နဲ့ အေအိုစီတို့က အဘောရှင်းနဲ့ပတ်သက်တဲ့ ဆူပရင်းမ်ကုတ်အမိန့်အပေါ် တန်ပြန်တဲ့အနေနဲ့ ပြည်နယ်တွေရဲ့ အာဏာစက်ကနေ ကင်းလွတ်တဲ့ ဖက်ဒရယ်မြေပေါ်မှာ ကိုယ်ဝန်ဖျက်ချတဲ့ နေရာလေးတွေ လုပ်ပေးဖို့ လှုံ့ဆော်နေကြပါတယ်။ သူတို့ပြောတဲ့ ဖက်ဒရယ်မြေဆိုတာက နေရှင်နယ်ပါ့ခ်လို့ သတ်မှတ်ထားတဲ့နေရာတွေဖြစ်တဲ့အတွက် အမျိုးသားပန်းခြံကြီးတွေသွားရင်း အဲဒီလိုဟာတွေ တွေ့လာဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာပါပဲ။ နေရှင်နယ်ပါ့ခ်တွေဆိုတာက ဒီမိုကရက်အစိုးရတွေတက်တိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အကြောင်းပြပြီး တကြိမ်ကို ဧကသိန်းချီ ချဲ့ထွင်တတ်ကြတာဆိုတော့ သူတို့အကြံက အေအိုစီတို့ပြောသလို ပြည်နယ်တွေထဲမှာ ပြည်နယ်အာဏာသက်ရောက်မှုမရှိတဲ့ နေရာလေးတွေ ဖန်တီးဖို့များ ဖြစ်နေမလားလို့ တွေးမိပါတယ်။
နယ်သာလန်မှာ နိုက်ထရိုဂျင်ထုတ်လွှင့်မှုကို တချို့နေရာတွေမှာ ၉၅ရာနှုန်းအထိ လျော့ချဖို့နဲ့ ဘာမသုံးရ ညာမသုံးရစတဲ့ ပတ်ဝန်းကျင်ဆိုင်ရာစည်းမျဥ်းတွေ တင်းကြပ်လာတာကြောင့် လယ်သမားတွေက မခံနိုင်ကြတော့ပဲ သူတို့ထရက်တာတွေနဲ့ အဝေးပြေးလမ်းတွေကို ပိတ်ဆို့၊ ဂျာမဏီနဲ့နယ်စပ်က လမ်းတွေကိုပိတ်၊ ဝန်ကြီးအိမ်နားမှာလည်း မီးပန်းတွေဖောက်၊ နွားချေးတွေဖြန့်ကြဲပြီး ဆန္ဒပြ ကုန်ကြပါပြီ။ သူတို့ပြောတဲ့အတိုင်းဆိုရင် လယ်သမားတွေက သူတို့မွေးထားတဲ့ မွေးမြူရေးသတ္တဝါ အားလုံး(သို့) အားလုံးနီးပါး ရှင်းပစ်ရမှာဖြစ်ပြီး အဲဒီရည်မှန်းချက်ရောက်ဖို့အတွက် ၂၅.၆ ဘီလီယံ လျာထားတယ်လို့ ဆိုပါတယ်။
နယ်သာလန်က အကြီးအကျယ်လယ်ယာလုပ်တဲ့တိုင်းပြည်ဖြစ်ပြီး တနှစ်ကို ၆၇.၇ဘီလီယံဒေါ်လာဖို့း ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပန်း၊ အသားနဲ့ နို့ထွက်ပစ္စည်းတွေ ထုတ်လုပ်နေတာပါ။ အဲဒါကလည်း လေ မြေ ရေပိုကောင်းဖို့ မလွဲမရှာင်သာတဲ့ အသွင်ကူးပြောင်းမှုလို့ ဆိုပါတယ်။ လယ်သမားတွေက ဒီတိုင်းဆိုရင်တော့ ဆက်မလုပ်နိုင်တော့ဘူးလို့ ဆိုကြပါတယ်။ လက်ဝဲပိုးဝင်သွားသူတွေက အာဏာငန်းဖမ်းတွေလိုပဲ ပြည်သူအဆင်ပြေဖို့ ထည့်စဥ်းစားလေ့မရှိကြတာ နေရာတိုင်းမှာပါပဲ။ ကမ္ဘာမှာ စားရေရိက္ခာပြဿနာတက်ဖို့ အရမ်းနီးနေတဲ့ အချိန်ကျမှ အခုလို ထကြပ်တာက ကမ္ဘာ့လက်မဲကြီးစနက်ရော ကင်းပါ့မလား။
သာမာန်ပြည်သူတွေပိုင်တဲ့လယ်ယာ မွေးမြူရေးလုပ်ငန်းတွေ အကြပ်ခံနေကြရသလောက် ဘေလ်ဂိတ်စ်က မြောက်ဒါကိုတာမှာ လယ်မြေ ဧက ၂၀၀၀ ဝယ်ယူခဲ့ပြီး စိနကလည်း အဲဒီပြည်နယ်မှာပဲ လယ်မြေဧက ၃၀၀ ဝယ်ယူသွားပါတယ်။ ပြဿနာက တရုပ်ဝယ်တဲ့နေရာက အမေရိကန်မှာ အဆင့်အမြင့်ဆုံး ဒရုန်းတွေထုတ်လုပ်ပြီး စစ်ဖက်ဆက်သွယ်မှုမှန်သမျှရဲ့ ကျောရိုးဖြစ်တဲ့ ဂရန်းဖော့ခ် လေတပ်စခန်းနဲ့ မိနစ်၂၀ပဲ ဝေးတာကြောင့် နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။
ဆူပရင်းမ်ကုတ်က အဘောရှင်းကိစ္စအပြီး ပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီ အီးပီအေက ဓါတ်အားထုတ်လုပ်တဲ့စက်ရုံတွေကို သူ့သဘောနဲ့သူ ဥပဒေမထုတ်ရဘူးလို့ ၆-၃နဲ့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ အီးပီအေက ဟူစိန်အိုလက်ထက်ထဲက ကလင်းပါဝါပလန်နာမည်နဲ့ ဥပဒေတွေထုတ်ဖို့ အဆိုပြုထားတာပါ။ ဒီဆုံးဖြတ်ချက်ကလည်း အဘောရှင်းကိစ္စလိုပဲ ခြေ/ဥပ ပြဌာန်းတဲ့အတိုင်း ဥပဒေကို လူထုက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်တွေကပဲ ပြဌာန်းစေလိုတာပါ။ ဒါပေမယ့် ဂျွန်ရောဘတ်စ်က အဆိုပြုတဲ့ ထရမ့်လက်ထက်က ချမှတ်ထားတဲ့ ရီမိန်းအင်မက္ကဆီကို ပေါ်လစီကိုတော့ ၅-၄နဲ့ ရပ်ပစ်ခဲ့ပါတယ်။ အဲဒီပေါ်လစီအရ မက္ကဆီကိုနယ်စပ်ကလာတဲ့ အဆိုင်လမ် ခိုလှုံခွင့် လျောက်ထားသူများဟာ လျှောက်လွှာတင်ပြီး မက္ကဆီကိုဖက်မှာ ပြန်စောင့်နေရမှာဖြစ်ပါတယ်။
တိုင်းပြည်မှာ ကုန်ဈေးနှုန်းကြီး၊ ငွေဖောင်းပွ၊ ရာဇဝတ်မှုတွေ ပေါရတဲ့ကြားထဲ ခိုးဝင်တွေ သန်းပေါင်းများစွာ ဝင်လာနေတဲ့အချိန်မှာ ဒီပေါ်လစီကို ရပ်ပစ်ခဲ့တာပါ။ ခိုးဝင်တွေက ဘယ်လောက်ပြင်ဆင်ထားကြလဲဆိုရင် မကြာသေးမီက ခိုးဝင်၅၀ကျော်သေသွားတဲ့ ကုန်ကားကြီးက အအေးခန်းကားကုမ္ပဏီတခုကကားလို နံပါတ်ရော ဆေးပါပုံမှားရိုက်ထားတာပါ၊ တခုပဲရှိတာက အအေးခန်းမပါပါဘူး၊ အရှင်လတ်လတ် အပြုတ်ခံရသူတွေလိုဖြစ်နေတဲ့ ကားထဲကအလောင်းတွေ အနံ့ဖုံးအောင် ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီးဖြူးထားတယ်လို့ ဆိုပါတယ်။
ထရမ့်လက်ထက်ဥပဒေကို ရပ်ပစ်ဖို့ ဦးဆောင်အဆိုတင်မဲခွဲသူက ဂျွန်ရောဘတ်စ်ဖြစ်ပြီး သူနဲ့အတူ ဘရက်ကာဗာနာက ဒီမိုကရက်၃ဦးနဲ့ ပူးပေါင်းခဲ့တဲ့အတွက် ၅-၄ဖြစ် အဆိုအောင်သွားတာပါ။ ဒီပေါ်လစီက မှန်/မမှန်၊ လက်တွေ့ကျ/မကျ၊ အကျိုးရှိ/မရှိဆိုတာထက် ရှေ့ဆုံးဖြတ်ချက် ၂ခုကြောင့် ဒေါပွနေကြမယ့် ဒီမိုကရက်တွေကို မျက်နှာချိုသွေးတာလို့ပဲ ထင်ပါတယ်။ ထရမ့်မုန်းတာလဲ ပါမှာပါ။
မျက်နှာချိုသွေးတယ်လို့ ပြောရတာက အသက်၂၀အရွယ် တက္ကဆက်စ်က လူငယ်လေးတဦးက ဆူပရင်းမ်ကုတ်ကို အကြမ်းဖက်မယ်လို့ ခြိမ်းခြောက်ခဲ့လို့ အဖမ်းခံခဲ့ရအပြီး နောက်တနေ့မှာပဲ ပြန်လွှတ်လိုက်ပါတယ်။ ကာဗာနာကို သတ်ဖို့သွားတယ်ဆိုတဲ့လူငယ်လေးကိုလည်း ထိထိရောက်ရောက် အရေးယူတယ်လို့ မကြားမိသေးပါဘူး။ ဆူပရင်းမ်ကုတ်တရားသူကြီးတွေထဲကမှ ဘာလို့ ကာဗာနာကို သွားပစ်မှတ်ထားတာလဲဆိုတော့ ဖြစ်နိုင်တာက ကြောက်တတ်လို့ ဖြစ်ပါမယ်။ ခြောက်တယ်ဆိုတာလည်း ကြောက်တတ်တဲ့သူကိုခြောက်မှ ထိရောက်မှာလေ။