ဖဇက ယူနီဗာဆယ်လ်ကကဆကို ထုတ်ဖို့ ကြိုးစားနေကြောင်း အဲပေါ့ခ်တိုင်းမ်စ်ရဲ့ ခရော့စ်ရုဒ်အစီအစဥ်ကနေ ဂျိုရွှာဖိလစ်က တင်ဆက်သွားပါတယ်။ အဲဒီကကဆအသစ်ဟာ လက်ရှိဖဇက ထုတ်လုပ်နေတဲ့ ဆူးပရိုတိန်းကကဆကို နောက်ထွက်လာမယ့် ပိုးအသစ်တွေကိုပါ တိုက်ခိုက်နိုင်အောင် ပြုပြင်ထားမယ်လို့ ဆိုပါတယ်။ ထုတ်ဖို့ကြိုးစားနေတာတော့ ဖဇတခုထဲ မဟုတ်ပါဘူး။ ဖောက်ချီကလည်း ၂၀၀၉ကထဲက ဒီလိုမျိုး စကားစထားဖူးပါတယ်။ အဲဒီဆေးထွက်လာရင် တနှစ်တခါ ထိုးရမယ့်ဆေးတွေခေါင်းစဥ်အောက်မှာ ဖြစ်ပါမယ်။
မကြာခင်က ကကဆ၂ကြိမ်ရော ဘုစ်တာတွေရောထိုးထားတဲ့ ဖောက်ချီခေတ်မှီသွားပါတယ်။ ဖြစ်စက သတင်းတွေထဲမှာ လက္ခဏာမရှိဘူးလို့ တွေ့လိုက်ပေမယ့် ပက်စ်လိုဗစ် ၅ရက်သောက်အပြီးမှာ လက္ခဏာတွေကနေ သက်သာသွားတယ်လို့ ဆိုပါတယ်။ အဲဒါကနေ ပျောက်ပြီး ၄ရက်မြောက်နေ့မှာ ပိုးပြန်တွေ့ပါတယ်။ အရင်ဆေးကိုပဲ နောက်ထပ် ၅ရက်ထပ်သောက်အပြီး လုံးဝကောင်းသွားတယ်လို့ ဆိုပါတယ်။ အရင်က ဆေးထိုးထားရင် မကူးဘူးလို့ ပြောခဲ့သလို ဆေးထိုးပြီး ကူးတဲ့သူတွေ များလာတော့ ဘုစ်တာထိုးထားရင် မကူးဘူးလို့ ပြောင်းပြောပါတယ်။ ဘုစ်တာထိုးထားတဲ့သူတွေကြား ကူးတာတွေများလာပြန်တော့ မသေအောင် ရောဂါမပြင်းအောင် ကာကွယ်ပေးပါတယ်လို့ ပြောင်းညာ ပြန်ပါတယ်။ တကယ်တော့ ဒီလိုမျိုးကွဲတွေအတွက် ပင်ကိုယ်ပြဿနာအခံရှိသူတွေ ကလွဲရင် ပုံမှန်လူတွေ မသေကြ၊ ရောဂါမပြင်းကြပါဘူး။
ကကဆဆိုတဲ့ အဓိပ္ပါယ်ကို ဖောက်ချိတို့ဌာနက မူလဖွင့်ဆိုထားတာက ရည်ရွယ်တဲ့ပိုးနဲ့ အလားတူဟာမျိုးနဲ့ ခန္ဓာကိုယ် ခုခံရေးစနစ်ကို ထိတွေ့စေခြင်းဖြင့် တကယ်ကြုံတွေ့တဲ့အခါ မကူးအောင် ကာကွယ်နိုင်ဖို့နဲ့ မပြန့်အောင် တားဆီးနိုင်ဖို့ပါ။ ကကဆထိုးဖို့ စိတ်သန်နေကြသူတွေကလည်း အဲဒီအဓိပ္ပါယ်ကြောင့်ပဲ သူတို့ကြောက်တဲ့ ပိုးကနေ ကာကွယ်လိမ့်မယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုကကဆတွေက မကူးဖို့လည်း မကာကွယ်သလို မပြန့်အောင်လည်း မတားဆီးနိုင်တဲ့အတွက် အဲဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီနေတာကို ထောက်ပြကြသူတွေ များလာပါတယ်။
အဲဒီတော့မှ ဖောက်ချီတို့ဌာနက တာဝန်ရှိသူတွေက ကကဆဖွင့်ဆိုချက်ကို ပြင်ဆင်ဖို့ အီးမေးလ်နဲ့ အပြန်အလှန်ဆွေးနွေးကြတာတွေကို ပေါက်ကြားလာတဲ့အီးမေးလ်တွေမှာ တွေ့ရပါတယ်။ ပြင်လိုက်တာက ၂၀၂၁ စက်တင်ဘာလောက်ကဖြစ်ပြီး ၂၀၂၁ဩဂုတ်ကအီးမေးလ်တွေက ခုမှ ပေါက်လာတာပါ။ အခုတော့ ကကဆကို ရောဂါတွေအပေါ် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်တုန့်ပြန်ပုံကို လှုံ့ဆော်ပေးဖို့ ပြင်ဆင်မှုလို့ ပြောင်းလဲဖွင့်ဆိုထားတာ တွေ့ရပါတယ်။ သူတို့က တိတ်တိတ်လေး ပြင်လိုက်ပေမယ့် ပြည်သူတွေဦးနှောက်ထဲက ကကဆအဓိပ္ပါယ်ကတော့ နောင်နှစ်များစွာအထိ ပြောင်းဦးမှာ မဟုတ်ပါဘူး။
သူတို့ဇောင်းပေးနေတဲ့ ကကဆက ဆူးပါတဲ့ပိုးတွေအားလုံးကို ကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။ ပညာရှင်တွေ ပြောကြတာက ဆူးပါတဲ့ကကဆတွေက အရင်သူတို့ပြောထားသလို (တခြားကကဆတွေလို) အရေပြားအောက်မှာ ၁-၂ရက်လောက်ပဲ နေတာမျိုးမဟုတ်ပဲ သွေးထဲ ဆဲလ်တွေထဲမှာ ၆လလောက်အထိ နေနိုင်ပြီး ဒီအန်အေကိုပါ ပြောင်းသွားအောင် လုပ်နိုင်တယ်လို့ တွေ့ကြတာပါ။ သွေးထဲမှာ ၆လရှိနေတဲ့သဘောက ခန္ဓာကိုယ်က ပုံမှန်မဟုတ်တဲ့ ဆူးပိုးကို တစိုက်မတ်မတ် တိုက်ဖျက်နေရတဲ့သဘောပါ၊
အဲဒါကြောင့် ကြာလာလေ ခုခံအားစနစ် လက်ပန်းကျလေဖြစ်ပြီး ပိုပြီး လွယ်လွယ်ကူကူ ကူးသွားနိုင်တာ၊ တခြားရောဂါ ဖြစ်လာနိုင်တာ ဖြစ်ပါတယ်။ ဘုစ်တာထိုးလိုက်သူတွေကတော့ ပို လက်ပန်းကျတော့ ခုခံအားက တက်မလာပဲ လျော့သွားတဲ့ ပုံစံမျိုး ဖြစ်ပါလိမ့်မယ်။ ဒီအန်အေပါ ပြောင်းသွားပြီဆိုရင်တော့ အော်တိုအင်မြူမ်း ရောဂါတွေ ဖြစ်လာပါတော့တယ်။ အဲဒါကို သတင်းသမားတဦးက ကိုယ့်ရဲ့ခုခံအားစနစ်ကိုပါ အစိုးရလက်ထဲ ဝကွက်အပ်လိုက်ရတယ်လို့ တင်စားပါတယ်။
ဘေလ်ဂိတ်စ်တို့ ဟူစိန်အိုတို့ ဖောက်ချီတို့ အားလုံးတူတဲ့အချက်က ပဒမစ်ကြီးလာတော့မယ်ဆိုတာ ခပ်စောစောထဲက ကြိုသိနေကြတဲ့အပြင် အမေရိကန်ကျဆုံးတာ သိပ်မြင်ချင်တဲ့ တြုပ်ကြီးနဲ့ပေါင်းပြီး ပြင်ဆင်နေခဲ့ကြတာပါ။ မကြာသေးခင်ကမှ ကဗက ဘာဟုတ်သေးလဲ၊ ဒီထက်အများကြီး ဆိုးတဲ့ဟာ လာဦးမှာဆိုပြီး ဟောကိန်းထုတ်ထားတဲ့ ဆေးပညာနောက်ခံဘာမှမရှိသူ သထိန်းကြီးက ပြောထားတာနဲ့ ဒီလို စွယ်စုံရကကဆထုတ်မှာက ဆက်စပ်နေမှာပါ။ စွယ်စုံရနာမည်တပ်ထားတော့ ဟုတ်တာ မဟုတ်တာ အပထား၊ ကကဆနာမည် တပ်ထားတာနဲ့ ကာကွယ်မှာပဲထင်ပြီး ပြေးတန်းစီကြဦးမှာပါပဲ။
အနာဂတ်အတွက် ကြိုပြင်တယ်ဆိုတာက သဘာဝကျပေမယ့် အနာဂတ်မှာ ဘာလာမယ်ဆိုတာကို အတိအကျကြီး သိနေတာကတော့ ယုံရခက်ကြီးပါ။ ဒီခြုံကို ထွင်ရတဲ့အကြောင်းကတော့ အနည်းဆုံး ၂ခုရှိပါမယ်၊ တခုက နှစ်စဥ်မထိုးမနေရဆိုရင် တကမ္ဘာလုံးကနေ ရလိုက်မယ့်ပိုက်ဆံတွေ မနည်းဘူး ဆိုတော့ ပတ်သက်သူ ဝိုင်းတွန်းသူအားလုံး လက်ဖျားငွေသီးနေကြမှာပေါ့။ နောက်တခုက အကန့်အသတ်မရှိတဲ့အာဏာတွေ ဆက်တိုက်ယူထားနိုင်ဖို့ပါ။ လူထိုးနဲသွားလိုက် (သို့) အာဏာလက်လွှတ်ရဖို့ ဖြစ်လာလိုက် လူကြောက်အောင် ပိုးတခုဖြန့်လိုက်နဲ့ ပဒမစ်ကြီးက တခုပြီးတခု ဆက်နေတော့မှာပါ။
ပဒမတခုတခုဆိုလည်း အကန့်အသတ်မရှိတဲ့ အာဏာတွေ ရတာဆိုတော့ အဲဒီအာဏာတွေနဲ့မှ တိုင်းပြည်ကို မြေလှန်ချင်ရင် အမြန်ဆုံးဖြစ်မှာပါ။ အခုပဲကြည့်လေ ပြဿနာ တခုပြီးတခု ပိုဆိုးလာတာပေမယ့် လူတွေရဲ့ အဒက်ပ်တေးရှင်းသဘာဝကြောင့် အိုးထဲကရေ မပွက်သေးသ၍ ကိုယ့်လည်ပင်းပေါ် ဓါးမဝဲသ၍ အချင်းချင်း ခွပ်ကောင်း ဆိတ်ကောင်းနေတုန်းပါပဲ။