ဇူလိုင် ၁၈ရက် ၂၀၂၂

အမေရိကန်မှာ ကလေးနို့မှုန့် ရှားပါးပြတ်လပ်မှု ဖြစ်နေခဲ့တာ လအနည်းငယ်ရှိသွားပြီ ဖြစ်ပါတယ်။ ဘိုင်ဒန်အစိုးရက လေယာဥ်တွေနဲ့ ဥရောပနဲ့ ဩစတေးလျက နို့မှုန့်တွေကို သယ်ယူလာပြီး ဖြန့်ဖြူးပေးခဲ့တယ်လို့ ဂုဏ်ဆာခဲ့ကြပေမယ့် အဲဒါက ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းတာ မဟုတ်တော့ နို့မှုန့်ရှားပါးမှုက လျော့မသွားပါဘူး။ ဆိုင်တွေမှာ တင်နေကျ နို့မှုန့်တွေရဲ့ ၂၈.၃ရာနှုန်းက ပစ္စည်းပြတ်နေပြီး မေလနှောင်းပိုင်းမှာ ၂၃.၇ရာနှုန်း ပစ္စည်းပြတ်တာနဲ့စာရင် ပိုဆိုးလာပါတယ်။ သယ်ယူလာတဲ့ နို့မှုန့်တွေကို ပြည်သူတွေ အလကားမရပေမယ့် နယ်စပ်က ခိုးဝင်တွေအတွက်တော့ အလျှံပယ် ပို့ပေးနေတာပါ။ ခိုးဝင်အတွက်ဆိုရင် နို့မှုန့်မပြောနဲ့ ကိုယ်ဝန်ဖျက်ချချင်ရင်တောင် အစိုးရစားရိတ်နဲ့ ဖျက်ချလို့ရတဲ့ ပြည်နယ်ကို ပို့ဆောင်အကုန်ခံပေးဖို့ အိုက်စ်ယာယီဒါရိုက်တာ တေးဂျွန်ဆန်က အိုက်စ်အန်ဖို့စ်မန့်ဌာန ခေါင်းဆောင် ကိုရီပရိုက်စ်ဆီ ပို့တဲ့မီမိုမှာ ဖော်ပြထားပါတယ်။

ဝယ်ယူသူတွေကလဲ အရင်လို တပေါင်ဗူးတွေ မဝယ်နိုင်ကြတော့ပဲ အထုတ်လေးတွေနဲ့ လက်လီ ဝယ်နေကြတယ်လို့ သိရပါတယ်။ တံဆိပ်စုံတင်တာမျိုး မရှိတော့ပဲ ပြည်နယ်အစိုးရနဲ့ စာချုပ်ထားတဲ့ တံဆိပ်ကိုသာ ရောင်းချကြတာကြောင့် ကိုယ့်ကလေးသောက်နေကျတံဆိပ်မရရင် ပြဿနာ တက်လာနိုင်ပါတယ်။ အခြေအနေသိပ်ဆိုးလာရင် အစိုးရက ဦးစီးပြီး ဖြန့်ဖြူးမယ်လို့ ဘိုင်ဒန် ပြောထားခဲ့တာလဲရှိတော့ ဈေးကွက်ယန္တယားကြီးရပ်အောင်လုပ်ပြီး ပြည်သူ့ဆိုင်ခွဲတမ်းစာအုပ် လေးတွေနဲ့ အစိုးရအပေါ် မှီခိုနေရအောင် လုပ်မယ့်အကြံ မဟုတ်ဘူးလို့ ဘယ်သူအာမခံနိုင်ပါ့မလဲ။

ဘိုင်ဒန်ဆော်ဒီကို ရေနံတိုးထုတ်အောင် ခယဖို့ သွားတဲ့ခရီးစဥ်မှာ နိုင်ငံအကြီးအကဲတွေ လာရောက် လည်ပတ်ရင် လုပ်နေကျဖြစ်တဲ့ အိမ်ရှင်နိုင်ငံမှာ အထိန်းသိမ်း/အပြစ်ပေးခံနေရတဲ့ ဧည့်ခေါင်းဆောင် နိုင်ငံက နိုင်ငံသားတွေကို နှစ်နိုင်ငံချစ်ကြည်ရေးရှေ့ရှုပြီး ပြန်လွှတ်ပေးဖို့ ဆော်ဒီကို ဖိအား မပေးနိုင် ခဲ့ပါဘူး။ ဆော်ဒီမှာ အမေရိကန် ဓါးစာခံ အနည်းဆုံး ၄ဦးရှိပြီး သူတို့လွတ်မြောက်ဖို့ သူတို့အမျိုးတွေက ဝါရှင်တန်ကို သွားရောက်တောင်းဆိုခဲ့ကြပါတယ်။  ဆော်ဒီမင်းသားသတ်ခိုင်းလို့ သေခဲ့ရတယ်လို့ ယုံကြည်ရတဲ့ ဝါရှင်တန်ပို့စ် ဂျာနယ်လစ် ခါရှောက်ဂီရဲ့ မိသားစုကို တောင်းပန်မှာလားလို့  သတင်းထောက်တယောက်က လှမ်းအော်မေးတာကို မင်းသားက နှုတ်ခမ်းတွန့်ပြပြီး ဘိုင်ဒန်က ကလေးကလားမေးခွန်းလို့ နှပ်ပစ်ခဲ့ကြပါတယ်။

အရင်ကတော့ ဘိုင်ဒန်ပဲ ခါရှောက်ဂီကိစ္စနဲ့ ဆော်ဒီကို အပယ်ခံနိုင်ငံဖြစ်အောင် လုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ သွေးစွန်းလက်နဲ့ နှုတ်ဆက်တာကို မကျေနပ်သံတွေ ဆူလာတဲ့အခါကျမှ မင်းသားကို ခေါရှောက်ဂီကိစ္စ သူပြောခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လိုပြောခဲ့လဲဆိုတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အမေရိကန်သမ္မတတယောက်အနေနဲ့ နှုတ်ပိတ်ပြီး မနေနိုင်ပါဘူးလို့ ပြောတာပါ။ ပြောတယ်လို့ အမှတ်ယူလို့ ရတာထက် ဘာမှ မပိုပါဘူး။ ဟိုကလည်း အမေရိကန်က ခြောက်ပြစ်ကင်းမဟုတ်ကြောင်း စာရင်းတို့ထားတာတွေ တန်းစီရွတ်ပြတော့တာပေါ့။ ရေနံတော့ နဲနဲတိုးထုတ်ပေးမယ်လို့ ဆိုပါတယ်။ မစိုးမပို့ တိုးထုတ်ပေးဖို့ အာဏာရှင်ကို ဘိုင်ဒန်တို့ ဘာတွေ လိုက်လျောလိုက်ရတယ်ဆိုတာတော့ မသိရပါဘူး။

ပြီးခဲ့တဲ့ ၂နှစ်အတွင်းမှာ လော့ဒေါင်းတွေလုပ်ခဲ့ကြတာကနေ ကားတွေမှာသုံးတဲ့ ဆီမီးကွန်ဒပ်တာ ချစ်ပ်တွေ ရှားပါးလာတဲ့အတွက် ကားထုတ်နှုန်းတွေကျ၊ ဈေးတွေတက်လာတဲ့အပြင် နောက်ပိုင်း ထုတ်လုပ်တဲ့ ကားတွေမှာ ထိုင်ခုံအပူပေးတာ၊ လက်နဲ့ထိရတဲ့ စခရင်ထည့်ပေးတာ၊ ဘလိုင်းစပေါ့ အချက်ပေးတာ၊ တခြားကားနဲ့ နီးလွန်းလာရင် အချက်ပေးတာ စတာတွေ ပါဝင်တဲ့ လုပ်ဆောင်ချက် တွေကို မထည့်ပေးကြတော့ဘူးလို့ သိရပါတယ်။ အရင်ပါနေကျဟာတွေ အခုဆို သပ်သပ်ထပ်ပေးမှ ထည့်ပေးတော့မှာပါ။ ဥရောပက ကားတွေမှာလည်း ထိုင်ခုံအနွေးပေးတာကို တနှစ်ဘယ်လောက်နှုန်း ပေးမှ သုံးလို့ရမယ်လို့ တွေ့လိုက်ပါတယ်။ ကပ်ပိုးက ဈေးကွက်စီးပွားရေးကိုပါ ယိုင်နဲ့သွားအောင် လုပ်လိုက်သလိုပါပဲ။

တက္ကဆက်စ်ပြည်နယ် ယူဗောလ်ဒီမြို့က နှုတ်ထွက်သွားရတဲ့ ရဲအကြီးအကဲနေရာကို ဝင်လာသူ ရဲဒုဗိုလ်ကလည်း ထပ်မံစစ်ဆေးတွေ့ရှိချက်တွေအရ အခင်းဖြစ်တဲ့နေက အမိန့်ပေးခဲ့သူဖြစ်ပြီး သူ့ရဲ့​ဦးဆောင်မှုအောက်မှာ ရဲတွေ အလုပ်လုပ်ပုံ မဟုတ်တဲ့အတွက် မြို့ဝန်က ရဲဗိုလ် ပါဂါ့စ်ကို တာဝန်တွေ ခေတ္တရပ်ဆိုင်းထားလိုက်ပါတယ်။ ဗီဒီယိုတွေထဲမှာ ရဲတွေက ပစ်ခတ်သူရားမို့စ်ရှိနေတဲ့ စာသင်ခန်းသော့ ပျောက်နေတာကိုပဲ ပြောနေကြကာ သော့ခတ်ထား/မထားတောင် သွားမကြည့်ခဲ့ကြဘူးလို့ ဘော်ဒီကမ်မရာမှတ်တမ်း တွေမှာ တွေ့ရပါတယ်။ ရားမို့စ်ကို ရှင်းပစ်နိုင်ခဲ့တဲ့ နယ်ခြားစောင့်တပ်က ရဲတွေလို ဘော်ဒီမှာ ကင်မရာ တပ်စရာမလိုတာကြောင့် အဲဒီအခန်းကို ဘယ်လိုဝင်ခဲ့တယ်ဆိုတာ ခုထိ မသိရသေးပါဘူး။ သေသူတွေအတွက် တရားမျှတမှု မရသေးပေမယ့် ဘိုင်ဒန်တို့ကတော့ လူကောင်းတွေ သေနတ်ကိုင်တာ ကန့်သတ်ဖို့ ဥပဒေမူလီ ထပ်ကြပ်လိုက်ပြီးပါပြီ။ သူတို့အမြတ်က ပြည်သူ့အရှုံးဖြစ်နေပြန်ပါတယ်။

ရေနံကိစ္စမှာ အရေးပေါ်ကိစ္စအတွက် လှောင်ထားတဲ့ ရေနံတွေကို ထုတ်ရောင်းခဲ့တာက ဓါတ်ဆီဈေး တဂါလံ တမတ်လောက် ယာယီကျခဲ့ပါတယ်။ အဲဒီထဲမှာ ပြည်တွင်းအတွက်က နဲနဲဖြစ်ပြီး ကျန်တာတွေ ပြည်ပကို ရောင်းပစ်ခဲ့ပါတယ်။ ရေနံအတွက် အာဏာရှင်လူသတ်ကောင်ကို ဘောသွားမခဲ့ပေမယ့် ပြည်တွင်းက ရေနံလုပ်ငန်းရှင်တွေနဲ့တွေ့ဖို့ ဘိုင်ဒန်တို့ ရှောင်ဖယ်နေကြတာပါ။ လောင်စာရှားတော့ မီးပေးတာကအစ အကန့်အသတ်တွေ ရှိလာတော့မယ်လို့ ကြေငြာထားပါပြီ။ မြန်မာပြည်ကို အမှီလိုက်နေသလိုပါပဲ။

နှို့မှုန့်ကိစ္စမှာ လေယာဥ်နဲ့ သွားယူလာပေးတာက ဆူသံတွေ ညံနေတုန်းလေးမှာပဲ ဖြစ်ပါတယ်။​ ရှိသမျှစက်ရုံ အကုန်လည်နိုင်ဖို့ အက်ဖ်ဒီအေအလုပ်သွက်အောင် တွန်းပေးရင်း လိုအပ်တဲ့ ကုန်ကြမ်း လုပ်အား စတာတွေရအောင် ကူညီပေးတာတွေ ရှိမနေပါဘူး။

အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေ ဖြစ်တိုင်းမှာလည်း အကြောင်းရင်းတွေက ရာဇဝတ်သားတွေကို ထိထိရောက်ရောက် မကိုင်တွယ်တာ၊ ဖြစ်လာနိုင်တဲ့ သတိပေးချက်တွေအပေါ် ပေါ့လျော့တာနဲ့ ရဲထဲ တရားစီရင်ရေးထဲမှာ ခြတွေ၊ နိုင်ငံရေးအရ ထည့်ထားတဲ့သူတွေကို သွင်းထားကြတဲ့ အဓိက ပြဿနာကို မရှင်းပဲ အကြမ်းဖက်တွေကို အမြန်ဆုံး ရှင်းပေးမယ့် လူကောင်းတွေ လက်နက်ကိုင်ဖို့ မလွယ်အောင် အတင်းလိုက်ကန့်သတ်နေကြပါတယ်။

နယ်စပ်ပြဿနာကို အကြောင်းပြုပြီးတော့ ဒီဘက်ခြမ်းမှာရော ဟိုဘက်ခြမ်းမှာပါ ဝမ်းနည်းစရာ အဖြစ်ဆိုးတွေ အများကြီး ဖြစ်နေပေမယ့် ဘိုင်ဒန်တို့တပါတီလုံးက လာကို မကြည့်ပဲ ရှောင်နေကြတာပါ။

လောင်စာနဲ့ ပို့ဆောင်မှု ကုန်ကြမ်းအခက်အခဲရှိနေတဲ့ အပေါ်မှာ ဓါတ်မြေဩဇာကန့်သတ်တာတွေ အစားအစာထုတ်စက်ရုံကြီးတွေ မီးထလောင်နေကြတာတွေ၊ ကြက်မွေးမြူရေး ခြံအကြီးစားတွေ မီးလောင်နေကြတာတွေက ပြဿနာကြီးကြီးထဲကို အမြန်ဆုံးရောက်အောင်သွားဖို့ အချိန်းအချက် ပြုထားကြသလိုပါပဲ။ ဒါပဲလားဆိုတော့ အကြီးအကျယ် ပိတ်ဆို့ ဆန္ဒပြသူတွေကြောင့်

ပနားမားတူးမြောင်းကို ပိတ်ထားလိုက်ရတာပါ။ အဲဒီလူတွေရဲ့ တောင်းဆိုချက်က ဆီဈေးချပေးဖို့ပါတဲ့။ လက်မဲအုပ်စုရဲ့ စနက်မှ ကင်းရဲ့လားလို့ ထင်မိပါတယ်။ နဂိုကမှ ပို့ဆောင်ရေးအကျပ်အတည်းကြောင့် ပစ္စည်းရှားရတဲ့ထဲ ပနားမားတူးမြောင်းပိတ်သွားရင် ဖားရှိအိုးထဲက ရေကနွေးတာထက်တော့ ပိုလာလောက်ပြီ ထင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: