အမှောင်ခေတ်ဆိုတာ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုလို့ ရပါတယ်။ အရိုးရှင်းဆုံး တိုက်ရိုက်ဖွင့်ဆိုမယ် ဆိုရင်တော့ စွမ်းအင်မလုံလောက်မှုကြောင့် ဖြစ်ရတဲ့ အမှောင်ကျမှု ဖြစ်ပါတယ်။ ဒီမိုကရက်ဘိုင်ဒင်အို အစိုးရ ဖန်တီးတဲ့ စွမ်းအင် အကျပ်အတည်းက အမေရိကန်ကိုတင်မဟုတ်ပဲ ကမ္ဘာတလွှားကို ပြင်းထန်စွာ ရိုက်ခတ်လျက် ရှိပါတယ်။
အမေရိကန်ပြည်တွင်းမှာ အလျှံပယ်ထွက်နေတဲ့ လောင်စာကို ဘိုင်ဒန်တက်တက်လာချင်း ပိတ်ပင်လိုက်ပြီးနောက် ပြည်ပက တင်သွင်းလာရတဲ့အတွက် ပြည်တွင်းလောင်စာဈေးဟာ ပြည်ပဈေးကွက်တင်မကပဲ ပြည်ပနိုင်ငံရေးရာသီဥတုရဲ့ ကြမ်းတမ်းခက်ထန်မှု ဒဏ်တွေကိုပါ ခံစားလာရပါတယ်။ လွတ်လပ်တဲ့ ကမ္ဘာကြီးရဲ့ ခေါင်းဆောင်နေရာကို ယူထားတဲ့ ကမ္ဘာ့စစ်အင်အား စီးပွားရေးအင်အား အကြီးဆုံးဆိုတဲ့ အမေရိကန်နိုင်ငံဟာ ခြစားဘိုင်ဒန်နဲ့ ငို့ဘခေါင်းဆောင်များ လက်ထက်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုအပြင် တမင်ဖန်တီးယူထားတဲ့ လောင်စာမလုံလောက်မှုကြောင့် ပြည်သူတွေ နေ့စဥ်နဲ့အမျှ ဒုက္ခတွေ့နေကြတာပါ။
အခုအချိန်ဟာ အနောက်ကမ္ဘာမှာ နွေရာသီကုန်ဆုံးဖို့ နီးလာပါပြီ။ နွေရာသီ အပူပြင်းချိန်တွေမှာ စွမ်းအင်မနိုင်လို့ မီးအားပြတ်တောက်မှာကို ကာကွယ်ဖို့အတွက် အမေရိကန်တချို့နေရာတွေမှာ အိမ်တွင်းအပူချိန်ကို ၇၈ဒီဂရီဖာရင်ဟိုက်ထက် မနိမ့်စေဖို့ သတိပေးချက်တွေ ထုတ်ပြန်နေရပါပြီ။ စပိန်မှာက ၈၀ဒီဂရီအောက်ကို မချရဆိုတော့ မီဖို့ နီးတော့ လာနေပါပြီ။
ပူတဲ့အချိန်မှာ အေစီမရလို့ သေမယ့်ဦးရေက ဆောင်းတွင်းတွေမှာ အပူပေးစရာစွမ်းအင်မရှိလို့ သေနိုင်တဲ့ဦးရေနဲ့ယှဥ်ရင် အများကြီး နည်းမှာပါ။ မနှစ်က တရုတ်ပြည်မှာလို ရေခဲမှတ်အောက်ရောက်မှ အပူပေးစက်ဖွင့်ရမယ်လို့ သတ်မှတ်ထားရင် (သို့) အပူပေးစက်ဖွင့်လောက်အောင် စွမ်းအင်မတတ်နိုင်ကြရင် အဲဒီလောက်အေးတာ မခံနိုင်ကြမယ့်သူတွေ ဒုက္ခများကြပါလိမ့်မယ်။
သန်း၂၀သော အမေရိကန်အိမ်တွေမှာ စွမ်းအင်ဖိုးမပေးနိုင်ကြတော့တဲ့အတွက် မဝေးတော့တဲ့ကာလမှာ မီး/ဓါတ်ငွေ့ဖြတ်တောက်တာတွေနဲ့ ကြုံလာရတော့မှာဖြစ်ပါတယ်။ အမေရိကန်ပြည်သူတွေ တနှစ်အတွက် စွမ်းအင်ကုန်ကျစရိတ်ဟာ ၂၀၁၉တုန်းက ၈.၁ဘီလီယံရှိခဲ့ရာက ၂၀၂၂မှာ ၁၆ဘီလီယံကို ရောက်ရှိလာခဲ့တဲ့အတွက် ၃နှစ်တောင်မရှိသေးတဲ့ကာလမှာ ၂ဆတက်သွားတာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေကလည်း လူလျော့ဖို့နဲ့ စားရိတ်လျော့ချဖို့ ကြိုးစားနေရတဲ့အချိန်ဖြစ်လို့ အများစုရဲ့ ဝင်ငွေတွေ တိုးမလာပေမယ့် ဓါတ်ဆီ ဓါတ်ငွေ့ဈေး၊ စားသောက်ကုန်ဈေး၊ လျှပ်စစ်ဈေးတွေ အများကြီး တက်ကုန်တာဆိုတော့ မီတာခတွေ မပေးနိုင်ကြတော့တာ ဖြစ်ပါတယ်။
အမေရိကန်အိမ်တွေရဲ့ ၅၅ရာနှုန်းက ဓါတ်ငွေ့နဲ့ အိမ်အပူပေးကြတာဖြစ်ပြီး ဓါတ်ငွေ့ပဲသုံးသုံး၊ အပူပေးဆီပဲ သုံးသုံး ဒီနှစ်ဆောင်းတွင်းမှာ အိမ်အပူပေးစရိတ်တွေက အများကြီး တက်သွားလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ အခုတောင် ဘေလ်အလျင်မီအောင် မပေးနိုင်ကြတဲ့ အမေရိကန်တွေ ဆောင်းဝင်ရင် ပိုပြီး ဒုက္ခများကြဦးမှာပါ။ ရေခဲတဲ့ဒေသတွေမှာ ဆောင်းတွင်းအပူမပေးနိုင်တဲ့ ပြဿနာက လူတွေကိုတင်မဟုတ်ပဲ ပိုက်လိုင်းတွေ ကိုပါပျက်စီးစေနိုင်တဲ့အတွက် သက်ရောက်မှုက ကြီးပါလိမ့်မယ်။
အဲဒါကို ကုစားဖို့ ပြဿနာရဲ့ ရင်းမြစ်ဖြစ်တဲ့ ပြည်တွင်းလောင်စာ ထုတ်လုပ်မှုအပါအဝင် ခက်ခဲအောင် လုပ်ထားတဲ့ ဥပဒေတွေကို ဖျက်သိမ်းပစ်ဖို့ လိုအပ်သလို ငွေဖောင်းပွမှုကျဆင်းအောင် ကြီးမား၊ အာဏာဇောင်းထက်၊ အကုန်အကျများပြီး ပြည်သူ့အကျိုး ဦးထိပ်မထားတဲ့ အစိုးရဌာနတွေကို ကျစ်လစ်ထိရောက်အောင် ပြင်ဆင်ဖွဲ့စည်းသွားဖို့ လိုအပ်ပါတယ်။
ဒီမိုကရက်အစိုးရတွေကတော့ ပြဿနာရဲ့ အရင်းအမြစ်က သူတို့ဖန်တီးထားတာဖြစ်လို့ လူပိန်းကြိုက် ဘေလ် ဆိုင်းငံ့ပေးတယ် ဘယ်နှစ်လစာလျော်ပေးတယ် ဒါမျိုးတွေပဲ လုပ်လေ့ရှိပါတယ်။ ပြဿနာက စွမ်းအင်ကုမ္ပဏီကြီးတွေမှာလည်း စားရိတ်ကရှိတော့ သုံးစွဲသူဆီက ပိုက်ဆံမရရင် အစိုးရက ပေးရမှာပါ။ အစိုးရကပေးပြန်ရင် ပိုက်ဆံရိုက်ထုတ်ရဦးမှာဖြစ်လို့ ငွေဖောင်းပွတဲ့ သံသရာက ပိုဆိုးလာဖို့သာ ရှိပါတယ်။
ဂျာမဏီမှာတော့ လာမယ့်ဆောင်းတွင်းအတွက် ထင်းတွေ ဝယ်စုနေကြပြီလို့ ဆိုပါတယ်။ တိုင်းပြည်အတွက် အရေးပါတဲ့စွမ်းအင်ကို ရန်ဖက်အပေါ် သွားအားထားခြင်းရဲ့ ရလာဒ်ပါပဲ။ သမ္မတထရမ့်က ဒီအရေးတွေ ကြိုမြင်ခဲ့လို့ပြောတုန်းက ယူအန်က ဂျာမန်ကိုယ်စားလှယ်အဖွဲ့က ဟားခဲ့ကြတာ ဘယ်လောက်မှ မကြာသေးတဲ့အချိန်မှာ နဖူးတွေ့ဒူးတွေ့ ကြုံလာရပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခေါင်းဆောင်တွေ အရာရှိကြီးတွေက အစိုးရစားရိတ်နဲ့နေကြတာဆိုတော့ သာမန် ပြည်သူတွေရဲ့ အခက်အခဲတွေကို နားလည်စာနာနိုင်လိမ့်မယ်လို့ ပြောလို့မရပါဘူး။ ထင်းသုံးခြင်းရဲ့ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကိုလည်း ကလိုင်းမိတ်သမားများ ရေငုံနေကြဦးမှာပါ။
ဘိုင်ဒန်အစိုးရက ကိုယ့်ပြည်တွင်း လောင်စာလိုအပ်ချက်ကြီးနေတဲ့ကြားက ထရမ့်လက်ထက်က ဝယ်ယူဖြည့်တင်းထားတဲ့ ဗျူဟာမြောက်အရံရေနံတွေကို တရုတ်ကို ထုတ်ရောင်းလိုက်ပါသေးတယ်။ အီးအက်စ်ဂျီအမှတ်ပေးစနစ်အရ ဘဏ်တွေက ၂၀၂၅ဆိုရင် ဓါတ်ဆီကားတွေ ဝယ်ယူဖို့အတွက် ဘဏ်ချေးငွေ ထုတ်ပေးတော့မှာမဟုတ်ပါဘူး။ ကယ်လီဖိုးနီးယားမှာ ၂၀၃၅ဆိုရင် ဓါတ်ဆီကားအသစ် ရောင်းချခွင့် မရှိတော့ပါဘူး။ အဲဒီမတိုင်ခင်လည်း ဓါတ်ဆီကားတွေ ဝယ်ယူဖို့ တဆင့်ချင်း တင်းကျပ်သွားတော့မှာပါ။
လောင်စာဆီဈေးတက်လာတဲ့အခါမှာ လျှပ်စစ်ကားတွေ ပြောင်းသုံးဖို့ ဒီမိုကရက်တွေ တွန်းလာကြပြန် ပါတယ်။ ပေါင်မုန့်မစားနိုင်ရင် ကိတ်မုန့်စားဆိုတာလိုပါပဲ။ လျှပ်စစ်ကားဈေးက တော်ရုံလူ လက်လှမ်းမမီနိုင်သလို လက်လှမ်းမီတဲ့ လျှပ်စစ်ကားတွေ ကျတော့လည်း ရီဘိတ်ရနိုင်ခြေ မရှိပါဘူး။ တက်စ်လာကို အစီးရေ ၂သိန်းကျော်သွားထဲက ရီဘိတ်မပေးတော့တာပါ။ မကြာသေးမီက ပြဌာန်းလိုက်တဲ့ အင်ဖလေးရှင်းရီဒတ်ရှင်အက်ခ်အရ ပြည်တွင်းမှာ တပ်ဆင်တဲ့ တန်ဖိုးမြင့်လျှပ်စစ်ကားတွေသာ ရီဘိတ်အတွက် အကျုံးဝင်မှာဖြစ်ပြီး ၂၀၂၃မှာတော့ ဘက်ထရီတောင် အမေရိကန်မှာထုတ်မှ ရီဘိတ်ရနိုင်ခြေရှိမှာ ဖြစ်ပါတယ်။
ပြဿနာက ဘက်ထရီထုတ်ဖို့ ကုန်ကြမ်းက အမေရိကန်မှာ မထွက်တာပါ။ ဘက်ထရီထုတ်ဖို့ ကုန်ကြမ်းအဓိကထွက်တာက တရုတ်ပြည်ပါ။ ရေနံနဲ့ ဓါတ်ငွေ့အလျှံပယ်ထွက်တဲ့ တိုင်းပြည်မှာ ဓါတ်ဆီကား မထုတ်ရပဲ ရီနျူးရေးဘဲလ်အင်နာဂျီဆိုတဲ့ နေ၊ လေ၊ ဘက်ထရီစတာတွေ လှိုင်လှိုင်ထုတ်နေတဲ့ တရုပ်ကို အားကိုးနေရတာက ဘယ်လိုမှ ကျိုးကြောင်းဆီလျော်မှု မရှိနေပါဘူး။ တရုတ်က ပြည်တွင်းမှာ ရေနံထွက်သော်လည်း ပြည်တွင်းလိုအပ်ချက်က အများကြီးပိုများတဲ့အတွက် ပြည်ပက အသည်းအသန် တင်သွင်းနေရတာပါ။
အမေရိကန်ရဲ့ ဥရောပက မဟာမိတ်အများစုဟာလည်း သက်ချာတို့လို ခေါင်းဆောင်ကောင်းတွေ မရှိတော့တဲ့နောက်ပိုင်းမှာ ယူနိုက်တက်နတ်သင်းနဲ့ ဂလိုဘယ်လစ်များ ကမ္ဘာ့ချစ်တီးတရုပ်ကြီးတို့ရဲ့ ကြိုးဆွဲမှုအောက်မှာ လွတ်လပ်ကြွယ်ဝတဲ့ အရင်းရှင်နိုင်ငံအဖြစ်ကနေ လွတ်လပ်မှု ကြွယ်ဝမှုတွေ လျော့ပါးလာနေတဲ့ လက်ဝဲယိမ်းနိုင်ငံတွေအဖြစ် ပြောင်းလဲလာနေပြီဖြစ်ပါတယ်။
ကမ္ဘာ့ချစ်တီးကြိုးဆွဲထားတဲ့ ယူနိုက်တက်နတ်သင်းတို့ ဂလိုဘယ်လစ်တို့က ကလိုင်းမိတ်ချိန့်တို့ ဒိုင်ဗာစတီတို့ ထရန်စ်ဂျန်ဒါစတဲ့ အာဂျင်ဒါတွေကိုလည်း တဖက်က ကြိုးဆွဲနေသေးတာပါ။ ဘယ်အင်ဖလေးရှင်းကိုမှ ရီဒတ်မလုပ်တဲ့ အင်ဖလေးရှင်းရီဒတ်ရှင်အက်ခ်ဆိုပြီး လှည့်စားတင်လာတဲ့ ကလိုင်းမိတ်နဲ့ ဂလိုဘယ်လစ်ကြီးတွေ အကြိုက်ဘေလ်ကို လွှတ်တော်ကို ဖြတ်နိုင်ဖို့အတွက် အရင်အသုံးစားရိတ်တွေ ကလိုင်းမိတ်ဘေလ်တွေတုန်းက ကန့်ကွက်ခဲ့တဲ့ တဦးတည်းသော ဒီမိုကရက်ဆီနိတ်တာဖြစ်တဲ့ ဂျိုးမန်ချင်ကို ဘေလ်ဂိတ်စ်နဲ့ ရှုးမားပေါင်းပြီး ကျုံးသွင်းနေခဲ့ကြတာဖြစ်လို့ အခုတချီမှာ အောင်မြင်သွားတာဖြစ်ပါတယ်။
အဲဒီအင်ဖလေးရှင်းလျော့ကျရေးလို့ ချိုလိမ်ခေါင်းစဥ်တပ်ထားတဲ့ ဘေလ်အပါအဝင် ဒီမိုကရက်တွေ လုပ်နေသမျှဟာ ဒိစတိတ်ကို ဟော်မုန်းတွေ စတီးရွိုက်တွေ ကျွေးထားသလိုဖြစ်တဲ့အပြင် ကလိုင်းမိတ်အကြောင်းပြပြီး တရုတ်ကြီးကို တဖက်လှည့်နဲ့ လုပ်ကျွေးနေတာဖြစ်လို့ အဲဒါတွေအားလုံးကို တရုတ်စနက်များလားလို့တောင် ထင်ရပါတယ်။ အမှောင်ခေတ် မရောက်ချင်ရင်တော့ တရုတ်ကို နိုင်အောင် ကိုင်နိုင်သူလက်ထက်မှာမှ ဖြစ်နိုင်ပါလိမ့်မယ်။