ဟူစိန်အိုကို သူတို့လင်မယားရဲ့ နက်ဖလစ်စီးရီးမှာ နောက်ခံစကားပြောကောင်းလို့တဲ့ အမ်မီဆု ပေးလိုက်ပါတယ်။ ဆုရမယ့်သာရတာပါ၊ အဲဒီစီးရီးက တဆီဆန်တောင်မခံလိုက်ပါဘူး၊ ထွက်ပြီး မကြာခင်မှာပဲ ကြည့်မယ့်လူမရှိလို့ ကန်ထရိုက်ကို ကန်ဆယ်လ်လုပ်လိုက်ပါပြီ။ စကားပြောကောင်းတာကတော့ လူလိမ်တိုင်းဆိုတော့ သိပ်တော့ မဆန်းဘူးပေါ့လေ။
သူ့အကြောင်းနဲ့ သူ့ဖခင်အကြောင်း ရေးခဲ့တဲ့ နှစ်အုပ်ကို ပြန်ဖတ်တာမှာလည်း ဂရမ်မီ နှစ်ကြိမ်ရခဲ့တဲ့ ဟူစိန်ကို လွှတ်ကြည်ညိုနေတဲ့ အေပီသတင်းဌာနက ဟူစိန်ဟာ အမ်မီ၊ ဂရမ်မီ၊ အော်စကာ၊ တိုနီ စတဲ့ အီဂေါ့တ် ဆုလေးမျိုးရဲ့ တဝက်ကို ရောက်နေပြီလို့ မွှန်းပါတယ်။ အဲဒါကို သံယောင်လိုက်တာကတော့ ဟူ့စိန်ဘောမမီဒီယာများဖြစ်ကြတဲ့ စီဘီအက်စ်၊ အေဘီစီ၊ နယူးယောက်တိုင်းမ်စ်တို့ ဖြစ်ပါတယ်။ အော်စကာကလည်း ရသင့်နေတာပါပဲ၊ သူ့သရုပ်ဆောင်မှုအောက်မှာ တိုင်းပြည်တဝက်နီးပါး ခုထိမျောနေကြတုန်းပဲလေ။
နောက်ခြစားတဦးဖြစ်တဲ့ အရင်က နယူးယောက်ဂါဗာနာ အန်ဒရူးကိုမိုလည်း အမ်မီရဖူးပါတယ်။ ကပ်ပိုးနဲ့ပတ်သက်ပြီး နေ့တိုင်း တီဗွီမှာ ထွက်အာနေတာ ကောင်းလွန်းလို့လို့ ဆိုပါတယ်။ သင်းလည်း ခုထိလူအိုရုံအသေစာရင်း မပြသေးပါဘူး။ ပြည်နယ်အစိုးရကလည်း ဒါမျိုးကို စစ်ဖို့ မကြိုးစားပါဘူး၊ ထရမ့်လို နိုင်ငံရေးပြိုင်ဖက်တွေကိုသာ အသေဖိနှိပ်ဖို့ ကြိုးစားကြတာပါ။
ဟူစိန်တကယ်ရသင့်တဲ့ဆုက ဒဗိုက်ဒါအင်ချိဖ်ပါ၊ တိုင်းပြည်ကို မကွဲကွဲအောင် သွေးခွဲကောင်းလွန်းလို့ သူ့လက်ထက်ကစပြီး ကန်ဆယ်လ်ကားချားလ်တွေ အရှိန်အဟုန်နဲ့ တက်လာသလို လူမျိုးရေးသပ်လျှိုမှုလည်း အဆိုးဆုံးဖြစ်လာခဲ့တာပါ။ ခုလည်း သူ့ရဲ့ တတိယသက်တမ်းမှာ ငယ်ပါတပည့် ဘိုင်ကြီးက ဒဗိုက်ဒါအင်ချိဖ်ရာထူးကို ပြောင်မြောက်စွာ ဆက်ခံနေဆဲပါ။ ကောင်းတဲ့ဖက်မှာ အဖြစ်မရှိကြတဲ့ ဆရာတပည့်နှစ်ဦးက သွေးထိုးသပ်လျိုရာမှာတော့ ပြိုင်စံရှားပါပဲ။