လူဆိုး၊ သူခိုး၊ မုဒိမ်းကောင်၊ ဘိန်းစား စတာတွေအပေါ် အင်မတန်မှ အလိုလိုက်တဲ့ ဘိုင်ကြီးအစိုးရဟာ ဆေးလွန်သေဆုံးနှုန်း မတရားတက်လာတာကို ကုစားဖို့အတွက် ဒေါ်လာ ၃.၆သန်း အသုံးပြုပြီး ကန်တပ်ကီကျေးလက်ပိုင်းက ဆေးသမားတွေ စုနေတဲ့ နေရာတွေမှာ မူးယစ်ဆေးအပါအဝင် တခြား တိုတိုထွာထွာလေးတွေ ရယူနိုင်တဲ့ စက်လေးတွေ ထားရှိပေးလိုက်ပါတယ်။ အဲဒီလိုထားပေးရတာက ဆေးသမားတွေ ဆေးသုံးကြတဲ့အပေါ် လူတွေ မကောင်းမြင်နေကြတာကို လျော့ချဖို့နဲ့ ကုသမှုခံယူပြီး ပြန်ကောင်းစေဖို့လို့ ဆိုပါတယ်။
ဆန်ဖရန်တို့ အယ်လ်အေတို့မှာတော့ ဆေးထိုးအပ်ပါ အခမဲ့ လွယ်လင့်တကူရနိုင်အောင် ထားပေးထားတာပါ။ ချစ်တာလား နှစ်တာလားဆိုတာတော့ ကိုယ့်သားသမီးဆေးစွဲနေရင် ဆေးဖြတ်ခိုင်းမလား၊ အိမ်ကဘီဒိုထဲ မူးယစ်ဆေးအပြည့်အစုံ ထည့်ပေးထားမလား၊ စဥ်းစားကြည့်ကြပေါ့။ ဒါပေမယ့် ဘိုင်ကြီးက ဟန်းတားကို အဲဒီလို ပျိုးထောင်လာတာဆိုတော့ ဟန်းတားဆေးသမားဖြစ်တာ ဆန်းတော့ မဆန်းပါဘူး။
ဘိုင်ကြီးအစိုးရက ပြည်သူပြည်သားတွေဘဝ အဆင်ပြေသာယာစေဖို့ ကြိုးပမ်းနေတဲ့ထဲမှာ ပြောစမှတ်ပြုရတာတခုက တပြည်လုံးမှာရှိတဲ့ ဖက်ဒရယ်အစိုးရပိုင်မြေတွေပေါ်က နာမည်ထဲမှာ squaw ပါဝင်နေတဲ့ နေရာ ၆၅၀ကို နာမည်ပြောင်းတာပဲ ဖြစ်ပါတယ်။ အဲဒီစာလုံးက ဌာနေလူနီအမေရိကန်အမျိုးသမီးကို ရည်ညွှန်းတာဖြစ်ပေမယ့် နှိမ်ပြီးခေါ်တဲ့စကားလုံးလို့ ယူဆနေကြတာ ဖြစ်ပါတယ်။ အရင်က အဲဒီလို ယူဆကြတာမဟုတ်ပဲ ပုံမှန်အသုံးအနှုန်းတခုပဲ ဖြစ်ပါတယ်။ နောက်ပိုင်း စန်းစန်းတင့်လာကြတော့မှသာ နာမည်တွေပေါ်မှာ ပြဿနာကို အရင်ဖန်တီးပြီးတော့မှ အပေါ်ယံကြိုက်လေးတွေနဲ့ ချွေးသိပ်တာပါ။ တကယ့် ကာယကံရှင်တွေရဲ့ စီးပွားရေး၊ လူမှုရေး အကျိုးအမြတ် ဘာမှ မပါပါဘူး။ ကွန်ပက်ရှင်နိတ် ဖြစ်ချင်ယောင်ဆောင်ပြီး မဲချူနည်း တမျိုးပါပဲ။ နောက်လဲ အများကြီး ထပ်ပြင်စရာတွေ လာဦးမယ်လို့ ဆိုပါတယ်။
နယူးယောက်ဂါဗာနာ ကေသီဟိုကူးလ်က သူ့ကမ်ပိန်းကို ငွေ ၃သိန်းလောက် လှူထားတဲ့ ကုမ္ပဏီကို ကဗစ်တက်စ်တွေလုပ်ဖို့ ဘာလေလံမှမခေါ်ပဲ ကန်ထရိုက်ပေးလိုက်ပါတယ်။ တချို့ကုမ္ပဏီတွေက လူတယောက်ကို ကဗပိုးရှိ/မရှိ စစ်ဆေးခ ၅ဒေါ်လာ ယူတဲ့အချိန်မှာ နယူးဂျာစီက ဒစ်ဂျစ်တယ်ဂက်ဂျက်စ်ဖောင်ဒါဖြစ်တဲ့ ချာလီတေဘီလီဆိုတဲ့ အဲဒီလူက ၁၃ဒေါ်လာ ယူပါတယ်။ လူဦးရေ ၁၀သန်ကျော်ရှိပြီး အများစုက နယူးယောက်မြို့ကြီးမှာ ဖြစ်တဲ့အတွက် သူ့ဝင်ငွေက ကဗ စစ်ခကတင် ၆၃၇သန်း ရနေတာပါ။ အဲဒီလူ့ဇနီးကလည်း ဟိုကူလ်ကမ်ပိန်းကို တယောက်ချင်းအမြင့်ဆုံး ကန့်သတ်ချက်ဖြစ်တဲ့ ၆၉,၇၀၀ လှူထားတာပါ။ ကုမ္ပဏီကလှူတာက ဒီဇင်ဘာ ၂၉, ၂၀၂၁နဲ့ မတ် ၂၅, ၂၀၂၂ တွေမှာ ဖြစ်ပါတယ်။
စစ်တဲ့ပစ္စည်းတွေပို့တဲ့ တြုတ်ကုမ္ပဏီနဲ့ပါ လက်ဝါးရိုက်ထားလိုက်ရင် အမြတ်ပိုကြမ်းဦးမှာပါ။ ဘယ်အက်ဖ်ဒီအေမှလည်း ကဗတက်စ်ကစ်တွေကို စစ်ဆေးနေတာမှ မဟုတ်တာ။ နျူဆမ်လည်း နှာခေါင်းစည်းကို တြုတ်ပြည်ကနေ မချိမဆန့်ဈေးနဲ့ ၁ဘီလီယံဖိုး တိတ်တိတ်လေး မှာခဲ့တာပဲလေ။
ဘာလို့ တင်ဒါမခေါ်တာလဲဆိုတော့ ကဗအကြောင်းပြပြီး ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေအရ ပုံမှန်လုပ်ထုံးလုပ်နည်း တော်တော်များများကို လိုက်နာစရာ မလိုအပ်လို့ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ကေ့စ်တွေ ဘယ်လောက် ကျသွားသွား အရေးပေါ်အခြေအနေဆိုတာကြီးကို ကနေ့အထိ လက်မလွှတ်နိုင်ဖြစ်နေကြတာပါ။ တက်စ်ကစ်တွေရော၊ နှာခေါင်းစည်းတွေရော၊ ကကဆရော အစိုးရက ဘာလို့ စရိတ်ခံချင်နေကြတာလဲဆိုတာ ဆက်စပ်စဥ်းစားနိုင်မယ် ထင်ပါတယ်။
ပြီးခဲ့တဲ့လက နယူးယောက် လောင်းအိုင်းလန်း နသာကောင်တီက မိလ္လာစနစ်ထဲမှာ ပိုလီယိုပိုး တွေ့တယ်လို့ ပြောပြီး ခုတော့ ဟိုကူလ်က အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါပြီ။ တယောက်ဆိုလည်း တယောက်ပဲတဲ့၊ risk ယူလို့ မဖြစ်ဘူးတဲ့၊ ကကဆမထိုးရသေးရင် သွားထိုးကြပါတဲ့။ ရော့ခ်လန်းကောင်တီမှာ တဦးတော့ ပိုးတွေ့တယ်လို့ ပြောပါတယ်။ ပိုးက မိုးပေါ်က ကျလာသလားတော့ မသိ။ တခုရှိတာက ကဗကကဆတွေက ထိုးပါများတော့ ကခအားကျစေပြီး ဟိုးတုန်းက ကြုံလာခဲ့ရတဲ့ ပိုးတွေ ကအစ ပြန်ကြွလာတာပါ။ အဲဒါကြောင့် ရေယုံကကဆတွေလည်း အတင်းထိုးရောင်းနေတာလေ။ ခုလည်း ပိုလီယို ကကဆ တွန်းရောင်းပြန်ပြီ။ ကကဆနဲ့ အရေးပေါ်နဲ့ အရသာတွေ့နေပုံပါပဲ။ ဘယ်သူတွေ အကျိုးရှိမလဲဆိုတာတော့ စဥ်းစားကြည့်ကြပေါ့။
ဒီလိုလူတွေက ကေ့စ်တွေတက်ရင် ပျော်မလား၊ ကေ့စ်တွေကျရင် ပျော်မလား၊ ပြည်သူကို ကြောက်နေစေချင်မလား၊ ပုံမှန်လို ခံစားစေချင်မလား၊ အစိုးရအသုံးစာရိတ်ရော လျော့ဖို့ ကြိုးစားကြဦးမှာလား၊ ပြည်သူအကျိုးရှိမယ့် ကျန်းမာစေမယ့် နည်းလမ်းတွေကို ပြန့်စေချင်မလား၊ ထိန်ချန်ဖုံးဖိ ထားချင်မလား၊ မန်ဒိတ်တွေ တွေးကြည့်ရင် အရှင်းလေးရယ်ပါ။ အဲဒါကိုမှ ပြည်သူကို ဂရုစိုက်လွန်းလို့လို့ ထင်နေရင်လည်း —————-။