ကျန်းမာရေးသတင်းလေးများ

အသက်ကြီးတဲ့ လူအချို့မှာ ဖြစ်တတ်ကြတဲ့ သတိမေ့/သူငယ်ပြန် ဒီမန်းရှားရောဂါကို မဖြစ်ခင် ၁၀စုနှစ်လောက်ထဲက သိရှိနိုင်ကြောင်း သုတေသနတွေ့ရှိချက်တချို့ကို ထုတ်ပြန်ထားပါတယ်။ ဒီမန်းရှားမရှိသူ လူပေါင်း ၆၀၅ဦးကို ၁၃နှစ်ကြာ  သုတေသန ပြုထားတာမှာ အသက် ၃၅-၅၄ကြားလူလတ်ပိုင်းတွေအနေနဲ့ တပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက် အိပ်မက်ဆိုး ပုံမှန်မက်နေတယ်ဆိုရင် တခြားသူတွေထက် ဒီမန်းရှားဖြစ်နိုင်ခြေ ၄ဆရှိတယ်လို့ ဆိုပါတယ်။

နောက်သုတေသနတခုမှာတော့ အသက် ၈၀အထက် ဒီမန်းရှားမရှိသူ ၂၆၀၀ကို ၅နှစ်ကြာ လေ့လာခဲ့ရာမှာ အိပ်မက်ဆိုး ပုံမှန်မက်လေ့ရှိသူတွေက တခြားသက်တူရွယ်တူတွေထက် ဒီမန်းရှားဖြစ်နိုင်ခြေ ၂ဆ တက်သွားကြောင်း သိရှိရပါတယ်။ အိပ်မက်ဆိုး ပုံမှန်မက်တိုင်း ဒီမန်းရှားဖြစ်လိမ့်မယ်လို့ ကျိန်းသေပေါက် မပြောနိုင်ပေမယ့် ဖြစ်နိုင်ခြေများတာကြောင့် ကြိုတင်စစ်ဆေးကာကွယ်မှုတွေ ပြုလုပ်ဖို့ အကြံပြုထားတာပါ။

နောက်သတင်းတပုဒ်မှာလည်း အမျိုးသမီးတဦးဟာ သူ့အမျိုးသား ပါကင်ဆန်ရောဂါဖြစ်နေကြောင်း မသိရခင် ဆယ်စုနှစ်တခုလောက်ထဲက သူမအမျိုးသားခန္ဓာကိုယ်က (မကောင်းတဲ့)အနံ့တခု ရနေတာကို သတိထားမိကြောင်း၊ ဖြစ်မှန်းသိပြီးနောက်တော့ မြန်မြန်ဆန်ဆန် ဆုတ်ယုတ်လာတဲ့ ကျန်းမာရေးကြောင့် ကုသဖို့ မမှီတော့တဲ့အတွက် သူမအမျိုးသား အသက်ဆုံးရှုံးခဲ့ကြောင်း၊ ဒါပေမယ့် တခြားသူတွေမှာ အဲဒီအနံ့ရှိတာကို စောစောစီးစီး သိနိုင်အောင် သုတေသန ပြုလုပ်ရာမှာ သူမ ကူညီနေပါကြောင်း၊ သိရပါတယ်။

အဆိုပါသတင်းနှစ်ပုဒ်လုံးမှာ ရလိုက်တဲ့ သင်ခန်းစာက ကိုယ်နဲ့ ကိုယ့်မိသားစုမှာ ပုံမှန်မဟုတ်တာတွေ ဆက်တိုက် တွေ့လာရ၊ သိလာရပြီဆိုရင် သတိထား စစ်ဆေးပြီး ကျန်းမာရေး ပုံမှန်လမ်းကြောင်းပေါ် ပြန်ရောက်အောင် ပြုပြင်ယူသင့်တယ်ဆိုတာပါပဲ။

ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နောက်သတင်းတပုဒ်က အမေရိကန်မှာ ဆစ်ဖလစ်လိုမျိုး လိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါတွေ အရမ်းကို ထောင်တက်နေပါတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တနှစ်အတွင်း ဆစ်ဖလစ် ဖြစ်ပွားနှုန်းက ၂၆ရာနှုန်း တက်သွားခဲ့တဲ့အတွက် ထိန်းချုပ်ရခက်တဲ့အဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။ ဂနော်ရီယားတို့ ဆစ်ဖလစ်တို့က နှစ်တိုင်း မြင့်တက်နေပြီး ၁၉၉၁နောက်ပိုင်း အမြင့်ဆုံးဖြစ်နေပါတယ်။ အိပ်ချ်အိုင်ဗီကလည်း အလားတူမြင့်တက်နေတာမှာ မနှစ်က ၁၆ရာနှုန်းတက်သွားခဲ့တာပါ။

တာဝန်ရှိသူတွေက အိမ်မှာ ပိုးရှိ/မရှိ စမ်းနိုင်တဲ့ တက်စ်ကစ်လေးတွေ ဖြန့်ပေးနိုင်ရင် စောစောသိနိုင်ပြီး ပြန့်ပွားမှု ကာကွယ်နိုင်မှာကြောင့် အဲဒီလိုနည်းလမ်းတွေ ရှာကြံနေတယ်လို့ ဆိုပါတယ်။ ကလေးတွေကို အရွယ်မရောက်သေးခင်ထဲက လိင်ကိစ္စကို စိတ်ဝင်စားလာအောင် ဇောင်းပေးတွန်းနေတော့ ပြန့်ပွားနှုန်းက ကျဆင်းလာဖို့ မလွယ်လောက်ဘူးထင်ပါတယ်။

လက်ဝဲဒီမိုသမားတွေ စနစ်တကျ တွန်းလာနေတဲ့ ကလေးတွေပေါ် လိင်စစ်ဆင်ရေးရဲ့ အကျိုးဆက်တခုဖြစ်တဲ့ လူပျို/အပျိုဖော်ဝင်တာကို ဟန့်တားရာမှာ ပေးတဲ့ လူပရွန်ဆိုတဲ့ ဆေးဟာ သုံးစွဲမှု ရပ်လိုက်ပြီးနောက်မှာတောင် ခန္ဓာကိုယ်က မူလအတိုင်း ပြန်မဖြစ်တော့တာကို ဆက်စ်နဲ့ မယ်ရစ်တယ်သရပီဂျာနယ်မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ကျား/မဟော်မုန်းဟာ ကြီးကောင်ဝင်တဲ့အရွယ်မှာ စတင်ထုတ်လုပ်တာဖြစ်ပြီး မျိုးပွားအင်္ဂါတွေ ဖွံ့ဖြိုးမှုကို အစပိုင်းမှာ နှိပ်ကွပ်ထားခဲ့ရင် အဲဒီအရွယ်ကျော်လွန်သွားတဲ့အခါမှာ (နှိပ်ကွပ်ဟန့်တားမှု ရပ်တန့်လိုက်ရင်တောင်) အရင်ဖွံ့ဖြိုးခွင့်မရခဲ့တဲ့ အစိတ်အပိုင်းတွေက ပြန်ဖွံ့ဖြိုးလာတော့မှာ မဟုတ်ပါဘူး။  

ဒါ့အပြင် ကျား/မဟော်မုန်းကိုထုတ်လုပ်ပေးတာက ဦးနှောက်ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့အတွက် ကြီးကောင်ဝင်တာ ဟန့်တားတဲ့ ဟော်မုန်းထိုးလိုက်တဲ့အခါ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတချို့ကိုပါ သွားထိခိုက်စေတဲ့အပြင် ဘဝတလျောက်လုံးအတွက် အရေးပါတဲ့ အရိုးသိပ်သည်းမှုနဲ့ ဟော်မုန်း အပြောင်းအလဲတွေကြောင့် ဖြစ်ရတဲ့ စိတ်ခံစားမှုတွေကိုပါ တသက်လုံးအတွက် ကမောက်ကမ ဖြစ်ကုန်စေတာပါ။ ဒါပေမယ့် ဒီမိုကရက်ခေါင်းဆောင်တွေက အဲဒီလို ဆိုးကျိုးတွေကို မသိကျိုးကျွံပြုပြီး ခုဆေးဖြတ်ရင် ခုပုံမှန်ပြန်ဖြစ်ပါတယ်၊ ရေရှည်ဆိုးကျိုး မရှိပါဘူးလို့ ငြင်းဆိုနေတာပါ။

အောက်စ်ဖို့ဒ်တက္ကသိုလ် လူမှုဗေဒဌာနက ပါမောက္ခ ဒေါက်တာမိုက်ကယ်ဘဂစ်ဂ်က ကလေးသူငယ် လိင်ပြောင်းတာမှာ နိုင်ငံတကာက လက်ခံသုံးစွဲနေတဲ့ ဒတ်ချ်လုပ်ထုံးရဲ့ ဇစ်မြစ်နဲ့ အထောက်အထား ဆိုတဲ့ ဆောင်းပါးမှာ သူ့ရဲ့ လေ့လာတွေ့ရှိချက်တွေကို ရေးသားထားပါတယ်။ ဒတ်ချ်လုပ်ထုံးဟာ အမ်စတာဒမ်နဲ့ အူထရက်ချ်က ဆရာဝန်တွေက ၁၉၉၅ဝန်းကျင်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ လိင်ပြောင်းဟော်မုန်းတွေကို ကလေးအသက် ၁၆-၁၈လောက်မှ စပေးတာဖြစ်ပြီး လိင်အင်္ဂါဖြတ်တောက်တာတွေကိုတော့ ၁၈နှစ်ကျော်မှ လုပ်ပေးတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ၁၂နှစ်တောင် မပြည့်သေးတဲ့ ကလေးငယ်တွေမှာ မိဘမသိအောင် လိင်ပြောင်းကြဖို့ ဥပဒေတွေ၊ ထောက်လှမ်းရေးရော၊ တရားရေးဘက်ကပါ အရှိန်အဟုန်နဲ့ တွန်းလာနေကြတာပါ။

တကယ်တမ်းမှာ ကြီးကောင်ဝင်လာတဲ့ ကလေးတော်တော်များများဟာ ပြောင်းလဲလာတဲ့ စိတ်ရော ကိုယ်ရောနဲ့ အသားမကျနေသေးတာ သဘာဝကျသလို ဆန့်ကျင်ဖက်လိင်ဖြစ်ကြည့်ရင်များ ပိုကောင်းမလားလို့ စိတ်ကူးပုံဖော်ကြည့်တတ်ကြတာလည်း သဘာဝပဲလို့ ဆိုရမှာပါ။ အဲဒီလို စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုလည်းမရှိ၊ ရုပ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုလည်း မရှိသေးတဲ့ အရွယ်လေးတွေကို အချိန်တခုစောင့်ပြီး ကိုယ့်ကိုယ်ကို ပိုသိ ပိုနားလည်လာအောင် သဘာတွေကို ရှင်းပြပြီး စောင့်ရမယ့်အစား ဂျန်ဒါဒစ်ဖော်ရီးယားလို့ ရောဂါနာမည် တပ်ပေးလိုက်တဲ့အတွက် ကိုယ့်ကိုယ်ကို အသားမကျသေးတဲ့ လူငယ်တွေအမြင်မှာ ကြီးကောင်ဝင်တာကပဲ ရောဂါတခုလို ဖြစ်လာနေတာပါ။

သေချာ စဥ်းစားမယ်ဆိုရင် ကျား/မဖြစ်တည်မှုဆိုတာ ပေါင်ကြားထဲကဟာတွေ ခွဲစိတ်ပြုပြင်လိုက်တာနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။ ကျားအဖြစ် မွေးဖွားလာသူဟာ လူပျိုဖော်ဝင်တာကစပြီး မသေမချင်း ကျားဟော်မုန်းပဲ မပြတ်ထုတ်ပေးသွားမှာဖြစ်သလို မ အဖြစ် မွေးဖွားလာသူဟာလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဘယ်လောက်ပဲ ဟော်မုန်းတွေပေးပေး၊ ဘယ်လောက်ပဲ ခွဲစိတ်မှုတွေလုပ်လုပ် ကျားတဦးဟာ မ တဦးလို မျိုးဥကြွေတာ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်တာတွေ မလုပ်နိုင်ပဲ မတဦးဟာလည်း ကျားတဦးလို မျိုးစေ့လိုက်ချတာမျိုး မလုပ်နိုင်တာ ဖြစ်ပါတယ်။

ပိုဆိုးတာက ခွဲစိတ်ပြုပြင်ထားသူတွေအနေနဲ့ လိင်နဲ့ပတ်သက်တဲ့ စိတ်ကျေနပ်မှု/ပျော်ရွှင်မှုကို ကျားအနေနဲ့ရော မအနေနဲ့ပါ မရနိုင်တော့တာပါ။ ကိုယ့်ဗီဇနဲ့ မကိုက်တဲ့ ဟော်မုန်းတွေကိုလည်း အပြင်က ဘယ်လောက်ပဲ ထိုးသွင်းပေးပေး ခန္ဓာကိုယ်က ပြန်တိုက်ထုတ်ဖို့ ကြိုးစားတာပါပဲ။

အက်ဖ်ဒီအေရဲ့ ဒေတာတွေအရ ၂၀၁၃ကနေ ၂၀၁၉အတွင်းမှာ လူပရွန်ဟော်မုန်းဘလော့ကာကြောင့် လူပေါင်း ၆၃၇၉  သေဆုံးခဲ့ပြီး ဆိုးကျိုးဖြစ်ခဲ့တာပေါင်း ၄၁,၂၁၃ နဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ဖြစ်ခဲ့တာက ၂၅,၆၄၅ လို့ ဆိုပါတယ်။ အဲဒီလူပရွန်ဆိုတာက ကလေးငယ်တွေရဲ့ “ဂျန်ဒါဒစ်ဖိုးရီးယား”ကို ကုသရာမှာ အသုံးပြုတဲ့ ဟော်မုန်းဆေးတမျိုးပါ။

ဒီမိုကရက်တွေနဲ့ သူတို့ကို ကြိုးကိုင်နေတဲ့ ကမ္ဘာ့ရွာသမားတွေက ကလေးတွေအပေါ် ဆင်နွဲနေတဲ့ စစ်ကြီးက ဘိန်းစစ်ပွဲထက် အများကြီးဆိုးမယ်ထင်ပါတယ်။ ပညာရေး၊ ကိုယ်ကျင့်တရား၊ အတွေးအခေါ် အဖက်ဖက်က ဖြိုချနေတဲ့အပြင် ကိုယ့်ကိုယ်ကိုပါ ဘာမှန်းမသိတော့လောက်အောင် အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးနှက်နေပါပြီ။ အာဏာရဖို့ ပလန်ဒဲမစ်ကြီး ဖန်တီးပြီး လူ့အသက်ပေါင်း ဘဝပေါင်းများစွာကို ချနင်းရုံတင်မက ကပ်အကြောင်းပြပြီး ဂွင်ဖန်လုပ်စားသွားတာတွေလည်း မနည်းပါဘူး။ ကလေးဖျက်ချတာကိုလည်း ဂုဏ်ယူစရာတခုလို ပုံဖော်လှုံ့ဆော်နေတဲ့ အစိုးရမျိုး ပါတီ/ခေါင်းဆောင်မျိုးက ခုစာဖတ်နေသူတွေရဲ့ အသက်တွေကိုရော တန်ဖိုးထားလိမ့်မယ်လို့ ထင်နေသေးတာလား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: