မနေ့က ရုရှားကနေ ဥရောပကို ဓါတ်ငွေ့ပို့ဖို့ ဆောက်ထားတဲ့ နော်စထရင်မ်ပိုက်လိုင်း ၂ခုဟာ ဒိန်းမတ်နိုင်ငံပိုင် ကျွန်းတကျွန်းနားမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ဂြိုလ်တုက မြင်ရတဲ့ထဲမှာတော့ မိုင်ဝက်ကျော်ကျယ်တဲ့နေရာမှာ ပူစီပေါင်းတွေ တက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ပေါက်ကွဲအားတခုချင်းစီက တီအန်တီပေါင် ၁၀၀အားလောက် ရှိနိုင်ပြီး ငလျှင်လှုပ်သွားတာ မဟုတ်တဲ့အတွက် တမင်ဖောက်ခွဲပစ်တာလို့ပဲ ယူဆရတော့မှာပါ။
တမင်ဖောက်ခွဲတယ်ဆိုရင်လည်း ရုရှားက ကိုယ့်ထမင်းအိုး ကိုယ်ရိုက်ခွဲဖို့ သိပ်မဖြစ်နိုင်သလို ယူကရိန်းလို ဆင်းရဲတဲ့ နိုင်ငံငယ်လေးကလည်း အဲဒီလို လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီပိုက်လိုင်းကို ဂျာမဏီက စောင့်ရှောက်နေတာဖြစ်ပြီး ဆောင်ဝင်းတော့မယ့်အချိန်မှာ ဥရောပနိုင်ငံတွေက ဖောက်ခွဲပြီး ကိုယ့်ဒုက္ခကိုယ်ရှာတာလည်း ဖြစ်ဖို့ ဝေးပါတယ်။
တပ်ကာကတော့ ဘိုင်ကြီးနဲ့ သူ့အစိုးရအဖွဲ့ဝင်တို့က ရုရှားနယ်ချဲ့တာကို တားမြစ်ဖို့ ဒီပိုက်လိုင်းတွေ ရှင်းပစ်သင့် ရှင်းပစ်ရမယ်လို့ ပြောထားတာတွေကို ပြန်ကိုးကားသွားပါတယ်။ ဒါပေမယ့် ကိုယ်လုပ်တာကိုယ် ဝန်ခံရဲတဲ့ ဇ ကလည်း မရှိနေတော့ ဘယ်သူ့လက်ချက်ဆိုတာ တရားဝင်သိရဖို့တော့ မလွယ်ပါဘူး။ စစ်ကို တားချင်ရင် ကိုယ့်ပြည်သူကို ဒုက္ခပေးစရာ မလိုသလို ဘာသဘာဝပတ်ဝန်းကျင်ကိုမှ ဖျက်ဆီးစရာ မလိုဘူးဆိုတာ ထရမ့်က ကောင်းကောင်းပြခဲ့ပြီးပြီပဲ။
နိုင်ငံခြားဝန် ဘလင်ကန်က ပိုက်လိုင်းတွေ တိုက်ခိုက်ခံရတယ်ဆိုတာ အတည်မပြုနိုင်ဘူးလို့ ဆိုသလို အိမ်ဖြူပြန်ဝန်မက ဒီပိုက်လိုင်းတွေက အရင်အပတ်ထဲက ဘာမှ ပို့မနေပါဘူးလို့ ဆိုပါတယ်။ မပို့နေ၊ အလုပ် လုပ်မနေရင် ပူစီပေါင်းတွေ၊ အမြှုပ်တွေက ရေမျက်နှာပြင်ပေါ် တက်လာစရာ ရှိပါ့မလား။
သဘာဝဓါတ်ငွေ့တွေ ရေထဲရောက်ကုန်တော့ သေလိုက်မယ့် ပျက်စီးလိုက်ကြမယ့် ရေသတ္တဝါတွေ၊ ရေအောက်ကအပင်တွေရယ်၊ ပိုဆိုးတာက ဓါတ်ငွေ့က မက်သိမ်း၉၀ရာနှုန်းဆိုတော့ ပတ်ဝန်းကျင်မှာ ဘယ်လောက်ကြာကြာ ပြဿနာပေးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ နွားချေးမှာတောင် မက်သိမ်းပါလို့ဆိုပြီး ဗီဂန်လုပ်ဖို့ တိုက်တွန်းနေကြတဲ့ ဂလိုဘယ်လစ်လစ်ဗြဲတွေ ခုကျတော့လည်း အပေါက်တွေ ပိတ်လို့ပါပဲ။
မက်သိမ်းက ကာဗွန်ဒိုင်အောက်ဆိုက်ပြီးရင် ဒုတိယအကြီးဆုံး ကလိုင်းမိတ်ရန်သူလို့ ဆိုထားတာဖြစ်ပါတယ်။ ဒိန်းမတ်က စွမ်းအင်ဝန်ကြီးကတော့ ဂက်စ်လိုင်းကို ပိတ်ပစ်တာမဟုတ်တော့ နောက်ထပ် ဘယ်လောက်တောင် ထွက်နေဦးမယ်မသိဘူးလို့ ဆိုပါတယ်။ ဒီပိုက်လိုင်းက နော်ဝေးဂျီယန်ပင်လယ်က ဂက်စ်ကို ဒိန်းမတ်ကိုဖြတ်ပြီး ဘော်လ်တစ်ဒေသကနေ ပိုလန်ကို အောက်တိုဘာ ၁ရက်နေ့မှာ စတင်ပို့ဆောင်ဖို့ စီစဥ်ထားတာပါ။
ခုလို ဖောက်ခွဲဖျက်ဆီးခံရတဲ့အတွက် ဒီပိုက်လိုင်းတွေကနေ ဥရောပကို ဂက်စ်တင်ပို့ဖို့ ဒီဆောင်းတွင်းမှာတော့ ဖြစ်နိုင်ဖို့ မလွယ်တော့ပါဘူး။ တကယ်တော့လည်း ပြည်တွင်းက ပိုက်လိုင်းတွေကို ပေါက်ကွဲ/ဖောက်ခွဲစရာ မလိုပဲနဲ့ ဘိုင်ကြီးလက်မှတ်တခုနဲ့ ပိတ်ပစ်ခဲ့လို့ ပြည်တွင်းရော တကမ္ဘာလုံးမှာပါ ဒုက္ခပင်လယ်ဝေနေခဲ့တာကိုကြည့်ရင် တကမ္ဘာလုံးမှာ လောင်စာ ပိုရှားပါးအောင် တမင်လုပ်တယ်ဆိုတဲ့ ကိစ္စက အများကြီး ဖြစ်နိုင်ခြေ ရှိသွားပါပြီ။ ဘာပဲဖြစ်ဖြစ်လေ လောင်စာရှားလို့ ဒုက္ခများမယ့်ထဲမှာ အာဏာရှင်တွေ ပါမှာမှ မဟုတ်တာပဲ။