အိုပက်က ရေနံစိမ်းဈေးတွေ ကျလာတာကို တုန့်ပြန်ဖို့ ဒီနှစ်နိုဝင်ဘာကစပြီး ရေနံထုတ်လုပ်မှုကို တနေ့ စည်နှစ်သန်းလျော့ချဖို့ ဩဂုတ်လက ဆုံးဖြတ်ခဲ့ပါတယ်။ နိုဝင်ဘာလည်း နီးလာပြီဖြစ်ပြီး ကျောင်းတွေလည်းပြန်ဖွင့်၊ အလုပ်တွေကလည်း ရုံးပြန်တက်ဖို့ ဆော်ဩလာကြတဲ့အတွက် ဆီဈေးတွေလည်း တက်လာတာ ကယ်လီဖိုးနီးယားမှာ တဂါလံကို ၇ဒေါ်လာနားမှာ ဝဲနေပါပြီ။ ပရီမီယံဆိုရင် ၇.၁၉ အောက်ကို မဆင်းတော့တာတောင် ရက်အတော်လေး ကြာနေပါပြီ။
ရကပွဲကလည်း ၁လပဲ လိုတော့တာကြောင့် ဆီဈေးတက်လေ၊ လူထုကြပ်တည်းလေ၊ သူတို့အတွက် မဲနည်းလေဖြစ်ပြီး လျှပ်စစ်ကားအားသွင်းခတွေလည်း ၂ဆကနေ ၃ဆလောက်ထိ တက်ကုန်တဲ့အတွက် ဘိုင်ကြီးတို့တတွေ ဆင်ကြံကြံရပါတော့တယ်။ ဆင်ကြံဆိုပေမယ့် သူတို့လုပ်တတ်တာက ထရမ့်လက်ထက်က အရေးပေါ်အခြေအနေမှာသုံးဖို့ ဝယ်စုထားတဲ့ ဗျူဟာမြောက်အရံရေနံတွေ ထုတ်ရောင်းတာတခုပဲ ဖြစ်တော့ လာမယ့်လမှာ ရေနံစည် ၁၀သန်း ထုတ်ရောင်းမယ်လို့ ဘိုင်ကြီးက စွမ်းအင်ဌာနကို ညွှန်ကြားလိုက်ပါတယ်။
ဒီနှစ်အစောပိုင်းက ဓါတ်ဆီဈေးတွေ တက်တုန်းကလည်း တနေ့ကို စည်တသန်းနှုန်းနဲ့ ၆လ ထုတ်ရောင်းဖို့ ဘိုင်ဒင်ကြေငြာခဲ့ပါတယ်။ အမေရိကန်တွေအတွက်က နဲနဲ တြုပ်အတွက်က များများ ဖြစ်နေခဲ့တာရော ပြည်တွင်းလိုအပ်ချက်က အများကြီး များနေတာရောကြောင့် ဆင့်ပါးစပ် နှမ်းပက်သလောက်ပဲဖြစ်ခဲ့ပါတယ်။ ဆီဈေးကလည်း စထုတ်ပေးခါစက သတင်းအရှိန်နဲ့ တဂါလံ ၁၀ပြားလောက် ခဏကျပြီး ၆ဒေါ်လာနားမှာ တင်းခံနေခဲ့တာပါ။
ဗျူဟာမြောက်အရေးပေါ်သိုလှောင်ထားတာတွေကုန်မှ တခုခု ထဖြစ်ခဲ့ရင် ဘယ်လိုလုပ်မယ်ဆိုတာလည်း မဲရဖို့ အာဏာရဖို့တခုတည်းသာကြည့်သူတွေက ဘာမှ ပြင်ဆင်ထားမယ် မထင်ပါဘူး။ ကြည့်ဖတ်ရတဲ့ မိန့်ခွန်းကိုတောင် အပေါစားဟာသမဖြစ်အောင် ဘယ်လိုလုပ်ရမယ်မှန်း မသိတဲ့သူတွေကို မျက်စိမှိတ်ထောက်ခံသူတွေ အတင်းကြီး မရမက ကြံဖန်ဂုဏ်တင်ပေးနေသူတွေလည်း ရှိနေတာပါပဲ။
ဆီဈေးတက်တာ ဘိုင်ကြီးတို့က အိုပက်တို့ ပူတင်းတို့ကို အပြစ်တင်သလို နျူဆမ်ကလည်း ရေနံကုမ္ပဏီတွေ အမြတ်ကြီးစားတယ်လို့ စွပ်စွဲပြီး သူတို့ရဲ့ အမြတ်တွေကို ပြည်နယ်သားတွေဆီ ပြန်ပေးသင့်ကြောင်း အသံကောင်းဟစ်ကာ ဥပဒေရေးဆွဲဖို့ အမတ်တွေကို တိုက်တွန်းလိုက်ပါတယ်။ ထုတ်လုပ်သူတွေအပေါ် တိုးလာတဲ့အခွန်တိုင်းက စားသုံးသူဆီ ရောက်လာလိမ့်မယ်ဆိုတာ မသိလောက်အောင် ဒီမိုကရက်ခေါင်းဆောင်တွေ မ အကြပေမယ့် နိုင်ငံရေးပါတီကို မိရိုးဖလာ ကိုးကွယ်ရာဘာသာတခုလို မေးခွန်းမထုတ် ထိန်းကျောင်းခြင်းမပြုပဲ စိုက်လိုက်မတ်တတ် တရားသေ စွဲကိုင် ထောက်ခံကြသူတွေ များနေသ၍ ပြည်သူ့အကျိုးဆိုတာ ဘာ၊ ပြည်သူလိုလားတာက ဘာဆိုတာ သိအောင်တောင် ကြိုးစားကြမှာ မဟုတ်ပါဘူး။
တြုပ်ကွန်/နစ်ပါတီဟာ တြုပ်ပြည်ပြင်ပမှာ ရဲဌာနတွေ ဖွင့်လှစ်လာနေတာ ဒီမိုကရေစီဘိုးတော် အမေရိကန်က နယူးယောက်တခုနဲ့ ကနေဒါက တိုရွန်တိုမှာ ၃ခု အပါအဝင် နိုင်ငံပေါင်း ၃၀မှာ ၅၄ခု ရှိသွားပြီဖြစ်တယ်လို့ နယူးယောက်ပို့စ်က တင်ပြထားပါတယ်။ အဲဒီလိုဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်ပမှာ နေထိုင်ကြတဲ့ တြုပ်နိုင်ငံသားတွေကို စောင့်ကြည့်ဖို့နဲ့ အာဏာရှင်ဆန့်ကျင်သူတွေကို ပြည်တွင်းမှာပဲ နှိပ်ကွပ်နေတာကနေ နယ်ချဲ့လာတာ ဖြစ်ပါတယ်။
မြန်မာပြည်မှာတောင် အာဏာရှင်လက်ထက်မှာပဲ တြုပ်ပြည်က ပေါ်ပေါ်ထင်ထင် နိုင်စားလို့ ရခဲ့တာဖြစ်လို့ အမေရိကန်လိုနိုင်ငံမျိုးမှာ တြုပ်ကင်ပေတိုင်တွေ လာအခြေစိုက်တာဟာ ဘယ်လိုမှ ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ သူတို့နိုင်ငံသားလဲ မဟုတ်၊ စစပီကို ထိခိုက်နေတာမျိုး မဟုတ်ရင်တောင် ကမ္ဘာတလွှားက သူတို့အကျိုးစီးပွားတွေကို တဖက်တလမ်းက ထိခိုက်လာသူတွေပါ ပါမလာဘူးလို့ ဘယ်သူမှ အတပ်မပြောနိုင်ပါဘူး။ အထူးသဖြင့် တရားရေး၊ အုပ်ချုပ်ရေး စတာတွေမှာ ခြတွေ စိုးမိုးနေရင် မဖြစ်နိုင်တာ ဘာမှ မရှိပါဘူး။ ဒါဟာ ပါတီနိုင်ငံရေးနဲ့ မဆိုင်ဘူးဆိုတာကိုလည်း မျက်မွှေးတဆုံးများကို သတိပေးချင်ပါတယ်။
ယမန်နှစ် နှောင်းပိုင်းတုန်းက အမေရိကန်နိုင်ငံ မိန်းပြည်နယ်နေရှင်နယ်ဂါ့ဒ်တွေထဲက ကဗကကဆအထိုးမခံဖို့အတွက် ကင်းလွတ်ခွင့် လျောက်ထားသူတပ်သားတွေကို တုပ်ကွေးရာသီလာတော့မှာဖြစ်လို့ တုပ်ကွေးကကဆ ထိုးပေးတယ်ဆိုပြီး ကဗကကဆတွေ လိမ်ထိုးပေးလိုက်တာကို ဖော်ထုတ်တွေ့ရှိထားပါတယ်။ အဲဒီလို ကဗကကဆ အထိုးခံလိုက်ရသူတွေထဲမှာ ဘာသာရေးယုံကြည်ချက်နဲ့ ကင်းလွတ်ခွင့်လျောက်ထားသူ တဦးလည်း ပါနေပါတယ်။ လက်ရှိဖယ်ဒရယ်ဥပဒေတွေအရ ကျန်းမာရေးအရရော ဘာသာရေးအရပါ ကင်းလွတ်ခွင့် လျောက်ထားနိုင်ပါတယ်။
ကဗကကဆ မရည်ရွယ်ပဲ အထိုးခံလိုက်ရသူ မက်သျူးဘိုးချတ်က တပ်ထိပ်တန်းအရာရှိတွေက တပ်ဖွဲ့ဝင်တွေကို ကဗကကဆကို အတင်းအကျပ်ဖိအားပေး ထိုးပေးနေတာဖြစ်လို့ အခုလို သူကင်းလွတ်ခွင့် ရှိနေလျက်သားနဲ့ အထိုးခံလိုက်ရတာ မှားယွင်းတယ်ဆိုတာထက် တမင်တကာ လုပ်တာလို့ပဲ ယူဆရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘိုးချတ်က သူ့အနေနဲ့ တပ်ထဲမှာ ယုံကြည်ရသူရှိသေးရဲ့လားလို့ သံသယဝင်လာပြီး အခုတော့ တပ်က ထွက်လိုက်ပြီဖြစ်ပါတယ်။ လူသစ်အဝင်နည်းနေပြီး ရှိတဲ့ထဲက အရည်အချင်းရှိသူတွေ ထွက်ကုန်ရင် ဘာဖြစ်လာမလဲဆိုတာလောက်တော့ စဥ်းစားမိကြမယ်ထင်ပါတယ်။
ကဗကကဆတွေနဲ့ ပတ်သက်တဲ့ နောက်သတင်းတခုကတော့ အဲဒီကကဆကြောင့် ဆုံးပါးသွားရတဲ့ သူတွေကို ရင်ခွဲစစ်ဆေးထားတဲ့ အစီရင်ခံစာတွေကို ပြည်သူကို အသိမခံပဲ ထိန်ချန်ထားတယ်လို့ ခရော့စ်ရိုဒ်က ဂျိုရွှာဖိလစ်က တင်ပြထားပါတယ်။ စဒစီကတော့ အဲဒီကကဆတွေရဲ့ လုံခြုံစိတ်ချရမှုကို စောင့်ကြည့်လေ့လာတာနဲ့ ပတ်သက်ပြီး တလွဲကြေငြာချက်တွေပဲ ထုတ်နေကြောင်း နောက်ဆုံးထွက်ရှိလာတဲ့ အီးမေးလ်အသစ်တွေက ဖော်ပြနေပါတယ်။
မိရှီဂန်က ရကပွဲဆော့ဖ်ဝဲကုမ္ပဏီတခုဖြစ်တဲ့ ကွန်နက်ခ်ကော့ပ်ရဲ့ စီအီးအို ယူဂျင်းယုကို အယ်လ်အေကောင်တီမဲရုံဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူတယ်ဆိုတဲ့အမှုနဲ့ စစ်ဆေးဖို့ အယ်လ်အေကောင်တီဒီအေရုံး ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးသွားပါတယ်။
ရာဇဝတ်မှု/သားတွေအပေါ် သိပ်ကို ပျော့ပြောင်းသက်ညှာလွန်းတဲ့ အယ်လ်အေဒီအေ ဂက်စ်ကွန်က အခုလို ဖမ်းဆီးတာနဲ့ ရကပွဲမှာ မဲကလဖန်ထိုးတာတွေနဲ့ မပတ်သက်ဘူးလို့ ချက်ချင်းထွက်ဖာပါတယ်။ နယူးယောက်တိုင်းမ်စ်ကလည်း တြုပ်လူမျိုး ယူဂျင်းယုဟာ စစပီနဲ့ ပတ်သက်နေတယ်လို့ ပြောနေကြတာကို အကာအကွယ်ပေးတဲ့ အငြင်းအဖာဆောင်းပါးတပုဒ် ချက်ချင်းထထုတ်ပြန်ပါတယ်။ ကွန်စပီရေစီကြောင့်ပဲ အဖမ်းခံရသလိုလို တခမ်းတနားရေးပြီး တုန့်ပြန်တာပါ။
စုံစမ်းထောက်လှမ်းတဲ့သူတွေကတော့ ကွန်နက်ခ်က ကောင်တီနဲ့ ချုပ်ထားတဲ့ ကန်ထရိုက်ကို ဖောက်ဖျက်ပြီး ဒေတာတွေကို တြုပ်ပြည်မှာ သွားထားတာကို တွေ့ရှိထားတယ်လို့ ဆိုပါတယ်။ ကွန်နက်ခ်ကတော့ တြုပ်ပြည်မှာရှိတဲ့ သူတို့လက်အောက်ခံကုမ္ပဏီလေးကတဆင့် တက်စ်တင်းစမ်းသပ်မှုတချို့လုပ်တာပါလို့ပြောပြီး ဒေတာအတုပဲ သုံးတာပါလို့လည်း ဆိုပြန်ပါတယ်။ အခုလို စုံစမ်းစစ်ဆေးမှုတွေ ဖြစ်လာရတာလည်း နှစ်ဆယ်နှစ်ဆယ်ရကပွဲတုန်းက ဖြစ်ခဲ့တဲ့အလွဲတွေကို စုံစမ်းနေတဲ့ ထရူးသည်ဗုတ်က လိုက်နေတာကြောင့်လည်း ဖြစ်ပါတယ်။